May 16, 2012

သုံးရောင်ခြယ် အတွေး

တစ်နေ့ သူပြန်လာလိမ့်မယ်လို့ ဘာလို့ တွေးနေတာလဲ။
မုန်းလို့ ထားသွားတဲ့ သူ့ကို ဘာလို့ စိတ်စွဲနေရတာလဲ။
ချစ်တယ်လို့ ပြောထားပြီးပြီပဲ...ဘာလို့ သံသယရှိနေရတာလဲ။

တွေးနေပင်မဲ့ ပြန်မလာမှာကိုလည်း သိနေတယ်။
စိတ်ထဲ စွဲနေပင်မဲ့ သူမုန်းသွားခဲ့ပြီးဆိုတာ သိနေတယ်။
သံသယ ရှိနေပင်မဲ့ ငါ တကယ်ကိုး ချစ်ခဲ့တာပါ။

ကံတရားက အခွင့်အရေးပေးလို့ လိုရာဆုတောင်းပါဆို....။
တစ်ခေါက်လောက်တော့ မင်းနဲ့ ပြန်ဆုံချင်မိတယ်။

စိတ်ထဲ စွဲနေတဲ့၊ တွေးနေတဲ့၊ သံသယရှိနေတဲ့ အရာတွေ
မင်းနဲ့ အတူ ထည့်ပေးလိုက်ချင်လို့ပါ။

တစ်ချိန်ချိန်မှာတော့ ငါ့အနား ပြန်လာခဲ့ပါလို့ ပြောလိုက်ပါရစေ။


လေးစားစွာဖြင့်
ရီနိုမာန်

4 comments:

mstint said...

စစ်မှန်တဲ့မေတ္တာဆိုတာ ရောင်ပြန်ဟပ်လေ့ရှိပါတယ်။
ကဗျာလေးအားပေးသွားတယ် ရီနိုမာန်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

htawoo said...

သူ့ပြန်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...
ကံတရား အခွင့်ပေးသရွေ့ ထပ်ဆုံခွင့်ပါရစေ...
့htaw oo

htawoo said...

သူ့ပြန်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...
ကံတရား အခွင့်ပေးသရွေ့ ထပ်ဆုံခွင့်ပါရစေ...
့htaw oo

သိ င်္ဂါ ရ said...

သုံးရောင်ခြယ် အတွေး ...

Title နဲ့ တော့ အပ်စပ်ပါဘိ ...

Nice ... brother ...