December 16, 2011

ဆောင်းညစိတ်ကူး

ဒီနေ့တော့ ကျွန်တော့်ရဲ့ ဒိုင်ယာရီ စာအုပ်လေး အသက်ဝင် လာခဲ့ရပါပြီ။
ပိတ်ထားခဲ့တဲ့ ကာလတစ်ခုအတွက်  စာအုပ်လေးကို ကျွန်တော် ကိုယ်တိုင် သနားမိနေပါရဲ့။
ကိုယ့်ကိုကိုယ် ..... ငါတော်တော် ရက်စက်ခဲ့ပါလား လို့ မပြောမိယုံ ပါပဲ။

စာအုပ်လေးရေ..... မင်းအပေါ်မှာ တင်နေတဲ့ အကြွေးတွေ၊
မင်းကို ရက်ရက်စက်စက် ဆက်ဆံခဲ့တာတွေ၊ ငါ့ဘေးမှာ အမြဲရှိနေတက်တဲ့
မင်းကို ဂရုမစိုက်မိခဲ့တာတွေအတွက် .. ခွင့်လွှတ်ပေးပါလို့ ငါပြောပါရစေ။

စာအုပ်လေးရေ.... အမှန်တော့ မင်းကို ငါ ဘယ်လောက်ထိ ချစ်ခဲ့မိမှန်း
ငါကိုယ်တိုင် မသိလိုက်တဲ့ အထိပါပဲ။ ငါ့အနားက မင်းထွက်ပြေးတော့မဲ့ အချိန်ကျမှ
ငါ မင်းကို လက်လွှတ်ဆုံးရှူံးမခံနိုင်လောက်အောင် ချစ်သွားမိခဲ့ပြီ ဆိုတာကိုတော့
ဝန်ခံပါရစေ.....။

ငါ့မှာ မာနရှိတယ်။ မင်းမှာလည်း မာန ရှိမှန်း ငါသိတယ်။
အချိန်တွေသာ ကုန်သွားခဲ့တယ်။ ငါ့ မာနကတော့ ခုထိ မျောလွင့်နေတုန်းပဲ။

ဒီဇင်ဘာဆိုတဲ့ အချိန်ကိုရောက်ရင် ငါ ဘာတွေပဲ လုပ်လုပ်.....၊
ငါ ဘယ်ကိုပဲ သွားသွား.....၊ မင်းက ငါ့ရဲ့ အရိပ်တစ်ခုဆိုတာ .....
အလိုလို ငါနားလည်လာတယ်။ ဒါ မင်းအပေါ်မှာ ထားတဲ့ ငါ့ရဲ့ မာနပဲ ဖြစ်မယ်ထင်တယ်။

ပတ်ဝန်းကျင်မှာ အေးခဲနေခဲ့ပြီ စာအုပ်လေးရယ်.....။ မင်းရဲ့ ကိုယ်သင်းရနံ့လေးကတော့
ဆောင်းလေးအေးအေးလေးနဲ့အတူ ငါ့ရှေ့က ဖြတ်လျှောက်သွားတာကို တွေ့လိုက်ရတယ်။
မင်း ငါ့ကိုနှုတ်ဆက်သွားတာပဲ ဖြစ်မယ်လို့ တွေးမိလို့ တစ်ချက်လောက် ပြုံးပြလိုက်တာ
မင်းတွေ့မှ တွေ့ရဲ့လား.....။


လေးစားစွာဖြင့်
ရီနိုမာန်

2 comments:

desertraindrops said...

ရှိနေစဉ် ဂရုမစိုက်မိ အဝေးရောက်မှ သတိထားမိတတ်ပါတယ်။

ရီနိုရေ

ဆောင်းတွင်းအိပ်မက် ကယောက်ကယက် တဲ့နော် :))

ခင်မင်လျက်

မငုံ

မြသွေးနီ said...

လူတိုင်းမှာ ဒီဇင်ဘာအိပ်မက်တွေ ရှိကြတယ်...
အိမ်မက်ဆိုတာ ဘယ်အချိန်ပြန်စဉ်းစား စဉ်းစား အသက်ဝင်နေတတ်တာ ခက်တယ်..။