February 13, 2012

ကမ္ဘာကြီးက ကမ္ဘာကြီးကို.......။

နေရဲ့ အလင်းရောင်ကလည်း လင်းထိန်နေပါသည်။

လရဲ့ အလင်းရောင်ကလည်း ကြည်လင်အေးမြနေပါသည်။

လူသားရဲ့ စိတ်တွေကလည်း ရှင်းလင်းနေပါသည်။

သို့သော်...... ပန်းတွေပွင့်ဖို့အတွက် ကမ္ဘာကြီးကို နိုးရအုံးမည်။



လူယောင်္ကျားရဲ့ ပုံသဏ္ဍာန်က တည်ငြိမ်လှသည်။

လူမိန်းမရဲ့ ပုံသဏ္ဍာန်ကလည်း လှပကျော့ရှင်းနေသည်။

နှစ်ယောက်စလုံးရဲ့ စိတ်တွေကလည်း ပြတ်သားနေကြသည်။

ထိုသူနှစ်ဦး အဆင်ပြေဖို့ ကမ္ဘာကြီးကို ပုတ်နိုးခိုင်းရအုံးမည်။



ဝမ်းနည်းမှုတိုင်းမှာ မျက်ရည်တွေ ပါနေသည်။

ပျော်ရွှင်မှုတိုင်းမှာလည်း မျက်ရည်တွေ ပါနေပြန်သည်။

ရင်ခုန်မှုတိုင်းမှာလည်း မျက်ရည်တွေ ပါနေအုံးမည်။

သို့သော်... မျက်ရည်ပါတိုင်း မကောင်းဆိုတာကိုတော့ ကမ္ဘာကြီးကို အသိပေးရလိမ့်အုံးမယ်။


အတိတ်မှာ ကျန်ခဲ့တဲ့ ကိစ္စတွေကို သတိရနေမိသည်။

အနာဂတ်မှာ ဖြစ်လာမဲ့ ကိစ္စတွေကို စောင့်နေမိသည်။

ပစ္စုပ္ပန်မှာ ဖြစ်နေတဲ့ ကိစ္စတွေကို ဖြေရှင်းရအုံးမည်။

သို့သော်.... ပစ္စုပ္ပန်သည်သာ အဓိကဆိုတာ ကမ္ဘာကြီးက သင်ပေးလိမ့်အုံးမည်။


အနီရောင်ဟာ ရဲရင့်ခြင်းဟု ဆိုကြသည်။

အပြာရောင်ကို ငြိမ်းချမ်းခြင်းဟု ဆိုကြသည်။

အနက်ရောင်ကိုကျပြန်တော့ ပူဆွေးမှုဟု ဆိုကြပြန်သည်။

သို့သော် .... ကမ္ဘာကြီးက လူသားတိုင်းကို အဖြူရောင်အဖြစ် ဖန်ဆင်းပေးထားခဲ့သည်။


လေးစားစွာဖြင့်
ရီနိုမာန်

4 comments:

မြသွေးနီ said...

အို... ဘာပဲဖြစ်ဖြစ် တို့ကတော့ ကမ္ဘာကြီးထဲမှာ အဖြူရောင်နဲ့ အနက်ရောက်ကို အကြိုက်ဆုံးပဲ...။

နေ၀သန် said...

စာမရေးတာကြာပြီနော်....း)... ကျွန်တော်လည်း အဖြူရောင်ကိုပဲချစ်တယ်.. ပစ္စုပ္ပန်ကိုပဲ နှစ်သက်တယ်.. မျက်ရည်လွယ်တာကို မနှစ်သက်ဘူး..း)

ခင်မင်လျက်
နေ၀သန်

ဖြိုးဇာနည် said...

အကို တရားသဘောတွေတောင်ရေးနေပါလား အဟားဟာ့း့

ညီဘလော့လောကထဲကိုပြန်ဝင်လာပြီနော်အကိုရေ ညီ့ကို လမ်းပြန်ပြပေးပါအုံး ခင်တဲ့ ညီ

ဖြိုးဇာနည်

Sofar Away Fromu said...

ကဗျာက ကဗျာကို...
ကဗျာမှာလည်း မျက်ရည်တွေပါနေသည်
ကဗျာက ကဗျာကို...