July 25, 2010

ရီနိုမာန် ပြောတဲ့ ပုံပြင် - ၂

"သားတော်ကြီး ရာဇရေတမာ ရဲ့ နယ်မြေသစ်ရှာဖွေရေး အစီအစဉ်တော်ကြီးကိုလည်း ဖခမည်းတော် သိလိုလှတယ် သားတော်"

" မှန်လှပါ ဖခမည်းတော် .... သားတော် စီစဉ်ဆောင်ရွက်နေတဲ့ နယ်မြေသစ်ရှာဖွေရေး အစီအစဉ်တော်ကြီးကို ထာဝရဗိမာန် စီမံကိန်းလို့ ခေါ်တွင်စေပါတယ် ခမည်းတော် "

" အကျယ်တဝင့် လျှောက်တင်စေ .... သားတော်"

" သားတော်ရဲ့ ထာဝရဗိမာန်မှာ အမတော် မိုးခါးနဲ့ အမတော် မေသူတို့က ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကူညီပေးကြပါတယ်။ အခုဆိုရင် သားတော်ရဲ့ ထာဝရဗိမာန်ကို အဓိကပါဝင် ဆောင်ရွက်နေကြတဲ့ သူများကတော့ အရှေ့ပိုင်း မယ်တော် မကီး ၊ အနောက်ပိုင်း မယ်တော် မငုံ၊ တောင်ပိုင်း မယ်တော် မြရေလျဉ် နှင့် မြောက်ပိုင်း မယ်တော် မက်မက် တို့က သားတော်ရဲ့ ထာဝရဗိမာန် မှာ အထူးအထောက်အကူ ဖြစ်စေပါတယ် ဖခမည်းတော် "

" အိမ် .... ကောင်းလှပေတယ် သားတော်...... သားတော်ရဲ့ ထာဝရဗိမာန်ပိုမို အဆင်ပြေချောမွေ့စေရန် ဥာဏ်အမြော်အမြင် ကြီးမာလှတဲ့ သုခမိန်ကြီး ဦးလူထွေး က ထပ်လောင်း ပါဝင် ကူညီစေ..... "

သုခမိန်ကြီးလည်း မဆိုင်မတွ " အမိန့်တော် မြတ် အတိုင်းပါ အရှင်မင်းကြီး "

မင်းကြီးက " သုခမိန်ကြီး ရွာသားလေး ( ဝိုင်တီယူ ) " ........... " ဘုရား "

" အဘယ့်အရေးကြောင့် ညီလာခံ ဝင်ရောက်ခစားဖို့ ပျက်ကွက် နေရတာပါသလဲ မောင်မင်း "

" မှန်လှပါ .... ကျွန်တော်မျိုးကြီး ကျန်းမာရေး မကောင်း သောကြောင့် နန်းတွင်း သမာတော်ကြီး ဇူလိုင်ဒရင်း ရဲ့ ညွှန်ကြားချက် အရ ပြည်တော်ပြန်၍ အနားယူနေခြင်းကြောင့် ညီလာခံသို့ ဝင်ေ၇ာက်ရန်ပျက်ကွက် နေရခြင်းပါ အရှင်မင်းကြီး "

" အခြေအနေ ဘယ်နှယ့်ရှိစ သုခမိန်ကြီး "

" နန်းတွင်း သမာတော်ကြီး ဇူလိုင်ဒရင်း ရဲ့ ဆေးစွမ်းကြောင့် သော၎င်း၊ အရှင်မင်းကြီးရဲ့ ဘုန်းတန်ခိုး ကြောင့်သော၎င်း အကျွန်တော်မျိုးကြီး သက်သာလို့ နေပါပြီ အရှင်မင်းကြီး "

" ကောင်းလေစွ.... ကောင်းလေစွ .... "

ရုတ်တရက် ညီလာခံ ပြုလုပ်ရာ နန်းဆောင်သို့ တံခါးစောင့် လမင်းတာရာ ဝင်ရောက်ခစားလာပြီး......

" မှန်လှပါ အရှင်မင်းကြီး .... အရှင်မင်းကြီးအား ဖူးမြော်ခစားရန် အရှင်မင်းကြီးရဲ့ အဆွေတော် တရုတ်ပြည်မင်း မြစ်ကျိုးအင်း ရောက်ရှိနေကြောင်းပါ ဘုရား"

" ဟဲ့ ... ငမိုက်သား အဘယ့်အရေးကြောင့် စောင့်ဆိုင်းနေရတာလဲ ....... ငါကိုယ်တော် ရှေ့မှောက် အမြန်ဝင်ရောက် ခစားစေ "

" မှန်လှပါ ဘုရား "

ဤတွင် ကျွန်ုပ်၏ တစ်ခန်းရပ် ပုံပြင်အား ခေတ္တ ရပ်နားလိုက်သည်။

လေးစားစွာဖြင့်
ရီနိုမာန်

မောင်နှမများရဲ့ အမည်နာမများအား မပြောမဆိုပဲ နားလည်မှုဖြင့် ယူသုံးထားသောကြောင့် ဒီနေရာကနေ တောင်းပန်လိုက်ရပါ။

6 comments:

မြတ်မွန် said...

ဂွတ်၏..။:)))

ပုံ့မေ said...

အဟတ်... ရေတမာ့ထက် ဝါကြီးသွားပြီ

=P

သုခုမလေဒီ said...

အော် ..အမတော်က ဒီမှာ အရှေ့ပိုင်းမယ်တော် ဖြစ်နေတာကိုးး အဟိုးး။ ဒါကြောင့်ထင်တယ် သူအခု ထမ်းဆောင်ရတဲ့ တာဝန်တွေများနေတယ်။း))

~ဏီလင်းညို~ said...

ကိုရီနို.....

မျှစ်က....တရုတ်ပြေးမင်းဆိုပါလားဟရို့....း)
(တမင်တကာ စာလုံးပေါင်းမှားသွား၏......း)))

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

ပိုးဟပ်လေး said...

မယ်တော်ကြီး မက်မက်က စာမရေးနိုင်တာ ဘာကြောင့် များပါလဲလို့
အော့်ဟော် ဒါကြောင့်ကိုး.........

lamintayar said...

မင်း...... ပုံပြင်လေးတွေ ပြောတယ် .....း)) သီချင်းနော် အဲ.တာ ကောင်းပါတီ တံခါးစောင်.ရာထူးလေးဘာလေးတိုးဖို. ရှိဘူးလားဂျား))