July 23, 2010

ပေါက်တက်ကရ

ဖြစ်ရိုးဖြစ်စဉ် တစ်ခုနဲ့ ငါ့ရင်မှာ
ဗလောင်ဆူနေတဲ့ ငါ့နှလုံးသား
ဘာမှ မရှိတော့တဲ့ ငါ့ ခန္ဓာ
တောင်းတနေမိ အသွေးနဲ့အသား

လှပနေလိုက်တာ ပန်းကလေးတစ်ပွင့်လို
ဆူးခက်တွေ ကာရံနေတာ ငါမသိရပါလား

ဝိုင်းအုံးလာတဲ့ ပျားပိတုန်းများက
နေရောင်ရဲ့ အောက်မှာ တင့်တယ်ဖို့
စောင့်လို့ ကြိုနေကြပြီ

ငါ့ အတ္တတွေ စိန်စီဖို့
ငါ့စိတ်တွေ ငါ ခိုင်း
ငါ ရိုင်းနေပြီလားလို့ ငါတွေး
ငါ့ ကိုယ်ငါ မယိမ်းအောင်
ငါ ထိန်းရင်းနဲ့
ငါ ရူးနေပြီ...................

လေးစားစွာဖြင့်
ရီနိုမာန်

5 comments:

မြစ်ကျိုးအင်း said...

မအားမလပ်လို့ ခုမှရောက်ဖြစ်တယ်..
ကဗျာထဲကလိုပါဘဲ
လူတိုင်းဟာ တစ်နည်းနည်းနဲ့တော့ ရူးနေကြတာပါဘဲ
နေကောင်းတယ်မဟုတ်လား..
အဆင်ပြေတယ်ပါစေဗျာ..

Myue Myue said...

ပိတုန်းပါအေ.. ပုတုန်းရယ်လို့ပဲ.. :)

noblemoe said...

အင်းထူးနေပါတယ် အင်ဒိုကပြန်လာပြီး တင်တဲ့ပိုစ့်တွေက ထူးနေပါတယ်လို့ ထင်ထားတာ ခုတော့ဝင်ခံလိုက်ပီပေါ့ ရူးနေပြီတဲ့ ဟီးဟီး
အော်ဒီလိုပါပဲလေ လူတိုင်းတစ်ယောက်တစ်မျိုးရူးကြတာပါပဲ။ ရူးမှထူးတာတဲ့ ကြားဖူးတဲ့စကားပါ။
သာယာချမ်းမြေ့ပါစေနော်
မိုး

ချော(အစိမ်းရောင်လွင်ပြင်) said...

ပေါက်တတ်ကရ ကဗျာလေးကို လာဖတ်သွားပါတယ်..
ဖတ်ပြီး လူပါရူးချင်သွားမိတယ်..း)