July 18, 2010

သွေး အလှူ

ရခဲလှတဲ့ ကျနော်ရဲ့ လူ့ဘဝ သက်တမ်း ၂၉နှစ် အတွင်းမှာ ပကာသန လုံးဝမပါပဲ ပြုလုပ်နိုင်ခဲ့တဲ့ အလှူနှစ်ခုအဖြစ် သွေးလှူတဲ့ အလှူကိုပဲ မှတ်တမ်းတင်ရမှာပါ။ ပထမဆုံး အကြိမ်တုန်းက ကိုဇူလိုင်ဒရင်း ရဲ့ အကူအညီနဲ့ သွေးလှူနိုင်ခဲ့ပါတယ်။ ခု ဒုတိယ အကြိမ်မှာတော့ ကိုမိုးကုတ်သားကို အကူအညီတောင်းပြီး ကျနော့်ရဲ့ ဒုတိယအကြိမ်မြောက် သွေးလှူခြင်း အလှူအထမြောက်ခဲ့ပါတယ်။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်တို့တွင် ကူညီပေးကြတဲ့ ကိုဇူလိုင်နှင့် ကိုမိုးကုတ်သားတို့အား ဒီနေရာကနေ ကျေးဇူးတင်ပါကြောင်း နှင့် ကျနော်ပြုခဲ့သော ကုသိုလ်အားလုံးအတွက် ကျွန်တော် မောင်နှမများ အားလုံး မုဒိတာ ပွားနိုင်ကြပါစေလို့ .......

ခင်မင်လေးစားစွာဖြင့်
ရီနိုမာန်

11 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

သာဓုပါရှင်
မုဒိတာပွားမိပါတယ်...

JulyDream said...

ကျွန်တော့် အကူအညီရယ်လို့တော့ မဟုတ်ပါဘူးဗျာ။ ဘာပဲဖြစ်ဖြစ် ပထမအကြိမ်ကနေ ဒုတိယအကြိမ်... အဖြစ် လှူဒါန်းနိုင်ခဲ့တာကိုပဲ ကျေးဇူးတင်မိပါတယ်။ အချိန်ရရင် ရသလို ကျန်းမာရေး ကောင်းရင် ကောင်းသလို... ဆက်လက်ပြီး သွေးလှူဒါန်းပါအုံးလို့ တိုက်တွန်းပါရစေ...

Sein Lyan Tun said...

ပီတိဖြစ်ပါတယ်။

Sein Lyan Tun said...

ပီတိဖြစ်ပါတယ်။

Sein Lyan Tun said...

ပီတိဖြစ်ပါတယ်။

မိုးခါး said...

သာဓု သာဓု သာဓုပါ ဘရားသား ..း)))

ဇွန်မိုးစက် said...

မွန်မြတ်တဲ့ အလှူအတွက် သာဓုခေါ်ပါတယ် ရီနိုရေ။

သာဓု...သာဓု...သာဓု!

:))

Maung Myo said...

သာဓု ၃ ကြိမ် လာခေါ်သွားတယ် အစ်ကိုရေ ။

သူကြီးမင်း (တုံးဖလား) said...

သာဓုတွေ များစွာ ခေါ်ဆိုသွားပါကြောင်း။ အသက်သည်သွေး သွေးသည်အသက်တဲ့။ သွေးလှူရင် အသက်လှူတာနဲ့ အတူတူမို့ အမှန်အကန် သာဓုခေါ်သွားပါတယ်။

neking said...

သာဓုခေါ်သွားပါတယ်အကိုရေ...အလှူတွေထဲမှာ...
မြင့်မြတ်ပါတယ်...

ဧပရယ်လ်ပူး@ပူးတေ said...

သူများတွေ သွေးလှူနိုင်တာကို အားကျမိပါတယ်.... သာဓုလဲ ခေါ်ပါတယ်... ကိုယ်တိုင်က လှူလို့မရလို့ပါ....