July 15, 2010

ရီနိုမာန် ပြောတဲ့ ပုံပြင် (၁)

မင်းကြီးသည် ဘယ်ဖက်၌ ခစားနေသော မိဖုရားခေါင်းကြီး ဘက်သို့ လှည့်ပြီး

"
မိဖုရားခေါင်ကြီး စူဠာကောင်းကင်ပြာ "
"
မှန်လှပါမာင်တော် "

"
မယ်တော်ကြီး မေတ္တာရောင်ပြန် ရဲ့ ကျန်းမာရေး အခြေအနေကို သိလိုတော်မူလှ တယ် မိဖုရားခေါင်းကြီး "


" မှန်လှပါမာင်တော်၊မာင်တော်ဘုရားရဲ့ မယ်တော် အပေါ်ထားတဲ့မတ္တာစတနာ မှန်ကန်တာကြောင့် ညီလာခံသို့ ဝင်ရောက်ခစားနိုင်ခြင်း မရှိသေးသည်မှလွဲ၍ ပုံမှန် အနေအထားသို့ပန်လည်ရောက်ရှိ နေကြောင်းပါမာင်တော် "

" အိမ်...
ငါကိုယ်တော် ကြားရတာ သက်သာတော်မူလှပေတယ် "

မင်းကြီးသည် ပလ္လင်ပေါ်မှ ညီလာခံကို ဝင်ရောက်ခစား လာကြတဲ့သူများကို တစ်ချက်ဝေ့ကြည့်ပြီး...

"
အမတော်ကြီး မနော်ဟရီဒေဝီ ကိုလည်း မမြင်ပါ့လား အမတော် ထိပ်ထားအိန္ဒြာ "


" မှန်လှပါမာင်တော် မင်းကြီး .... အမတော်ကြီး မနော်ဟရီဒေဝီ ဟာဆိုရင် သားတော်ကြီး ရာမဇက် နှင့် သားတော်ငယ် လက္ခဏခေတ်နေ တို့ရဲ့ဝရာဝစ္စဗျာများနေသာကြောင့် ညီလာခံ အဝင်နောက်ကျနရခြင်းပါ ..... မောင်တော် "

"
ကဲ ... ကဲ ရှိစေတော့ အမတော် ထိပ်ထားအိန္ဒြာ .... ကိုယ်တော် ပွဲတော်တည်တဲ့ အချိန်တော့ စုံစုံလင်လင်မင်လိုတော်မူတယ် အမတော် "

မင်းကြီးရဲ့ ပွဲတော်စာ အတွကဒိုင်ခံ စီစဉ်ဆာင်ရွက်ပေးနေသော ညီမတော် မေလေးကလျာ အား....

"
ညီမတော် မေလေးကလျာ ..... ပွဲတော်စာများပင်ဆင်ပြီးပါပကော "


" မှန်လှပါ အကိုတော်.... ညီမတော် မေလေးကလျာ အကိုတော် မင်းကြီး စိတ်တိုင်းကျ ဂတွင်းတွေ့စေမယ် ဟင်းအမယ်မျိုးစုံ စီစဉ်ထားကြောင်းပါ အကိုတော်"

"
ငါကိုယ်တော် ဂတွင်းမတွေ့မှာကိုတော့ စိုးရိမ်တော် မမူပေဘူး... ယုံကြည်တော်မူပေးတယ် ငါ့နှမ "

မင်းကြီးလည်း ရုတ်တရက် သတိရသွားသော ဟန်ဖြင့်....

"
ဟဲ့..... ဘဏ္ဍာထိန်းကြီး ဝဏ္ဍဘိုဘို "


" အမိန့်တော် ရှိပါ အရှင်မင်းကြီး "


"မျောက်ကျွန်းကို အပိုင်စားထားတဲ့ ငါ့ရဲ့ အဆွေတော်ကြီး မင်းကနောင်ဖိုးစိန် ရဲ့မွေးနေ့တော် အတွက် ဘာများ ပြင်ဆင်ထားသတုန်း “


“ မှန်လှပါ အရှင်မင်းကြီး …. ကျွန်တော်မျိုးကြီး လက်ဆောင်ပနာ အပြည့်ပါတဲ့ လှည်း ၇စင်းနှင့် အတူ ကညာပျို ၇ ဦးတို့ကို အရှင်မင်းကြီးရဲ့ အဆွေတော် အတွက် ပြင်ဆင်ထားပြီး ဖြစ်ကြောင်းပါ ဘုရား “


“ အိမ်…. ကောင်းလေစွ ကောင်းလေစွ…. အချိန်အခါ မလင့်စေရန် ဒီညီလာခံ အပြီး တောင်စွယ် နေကွယ်တာနဲ့ အမြန်စေလွှတ်စေ… “


“ မှန်လှပါ အမိန့်တော်မြတ်အတိုင်း နားခံလျှက်ရှိကြောင်းပါ ဘုရား” ဘဏ္ဍာထိန်းကြီး ဝဏ္ဍဘိုဘိုလျှောက်လို့ အပြီးမှာတော့…..


သုခမိန်ကြီး ကိုရင်နော် ခစားလျှက်ပါ အရှင်မင်းကြီး “


လက်ဆောင်ပနာများနှင့်တကွ ကညာပျို ၇ ဦးတို့အား သုခမိန်ကြီးမှ လမ်းခရီးတစ်လျှောက်လုံး စောင့်ရှောက်စေပြီး ငါကိုယ်တော်ရဲ့ မွေးနေ့ဆုတောင်း စာချွန်လွှာကို မျောက်ကျွန်းကို အပိုင်စားတဲ့ မင်းကနောင်ဖိုးစိန် ထံ သုခမိန်ကြီး ကိုယ်တိုင် ဆက်သစေ… “


“ လွန်ဆန်ဖို့ ခွန်အားမရှိကြောင်းပါ အရှင်မင်းကြီး “ သုခမိန်ကြီးရဲ့ လျှောက်တင်ချက်အပြီးမှာတော့…….


ညီတော် သက္ကဆောင်ချမ်းမိုး ……. ညီတော်ရဲ့ တူတော်နှစ်ပါးဖြစ်တဲ့ သားတော်ကြီး နန္ဒနေဝသန် နဲ့ သားတော်ငယ် သူရိယခရေတွန် တို့ဆီက အမှာတော်များရှိရင် မနှေးအမြန် သံတော်ဦး တင်စမ်း ညီတော်”


“ မှန်လှပါ နောင်တော်မင်းကြီး … မင်းညီမင်းသားတို့ တက်အပ်တဲ့ အဌာရသ ပညာရပ်ကို သင်ကြားဖို့ စေလွတ်ထားတဲ့ သားတော်နှစ်ပါးဆီမှ အမှာတော် ရှိကြောင်းပါ နောင်တော်….. သားတော်ကြီး နန္ဒနေဝသန် ဟာ ခမည်းတော် မယ်တော်နှင့် တိုင်းသူပြည်သားတို့ အပေါ်သံယောဇဉ် ကြီးတာကြောင့် လွမ်းဆွတ်နေကြောင်း အမှာတော်ပါပါတယ် နောင်တော် “


သားတော်ငယ် သူရိယခရေတွန် ကတော့ ရောက်ရောက်ချင်းမှာ မပျော်မွေ့ပင်မဲ့ တူတော်ငယ်ရဲ့ ပင်ကိုစရိုက်အတိုင်း ရောက်တဲ့ နေရာမှာ ပျော်အောင်နေတက်တဲ့ အတွက် ပူပင်စရာမရှိကြောင်းပါ နောင်တော်…”


“ ကောင်းလေစွ ညီတော်…. ခြေမြန်တော်များ ဖြစ်ကြတဲ့ မြင်းစိုင်းကိုဂျေး နှင့် ဝန်သိုငချမ်းကောင် တို့ကိုစေလွှတ်၍ သားတော်နှစ်ပါး အတွက် ငါကိုယ်တော်ရဲ့ စာချွန်လွှာကို ပေးအပ်ဖို့ အမြန်ဆုံး စေလွှတ်စေ ညီတော် “


အမိန့်တော် မြတ်အတိုင်း ပါ နောင်တော် “


ဤတွင် ကျွန်ုပ်၏ တစ်ခန်းရပ် ပုံပြင်အား ခေတ္တ ရပ်နားလိုက်သည်။


လေးစားစွာဖြင့်

ရီနိုမာန်


မောင်နှမများရဲ့ အမည်နာမများအား မပြောမဆိုပဲ နားလည်မှုဖြင့် ယူသုံးထားသောကြောင့် ဒီနေရာကနေ တောင်းပန်လိုက်ရပါ။

9 comments:

Sein Lyan Tun said...

ဖွချက်ကယ်။

Sein Lyan Tun said...

ဘယ်သူက မင်းကြီးတုန်း

သယ်ရင်းက မင်းကြီးပေါ့.. ဟုတ်လား..

ဗာမသိတဲ့တိုင်းပြည်ကြီးကို အုပ်စိုးတဲ့ ဗာယားနသီး မင်းကြီး... ဟိဟိ

မိဖုရားခေါင်ကြီးတော့ ကွမ်းထုပ်ပျောက်တာထက်ဆိုးပြီး မျက်လုံးပြူးမျက်ဆန်ပြူး...


ကောင်းလေစွ ကောင်းလေစွ




စတာနော်.. အတည်..

ဧပရယ်လ်ပူး@ပူးတေ said...

ဖတ်လို့ကောင်းတယ်... ကိုရီနိုက မင်းကြီးလား... ဆက်ရေးဦးနော်... ပုံပြင် (၂) (၃) (၄) တွေ မျှော်နေမယ်...
မိဖုရားခေါင်ကြီး စူဠာကောင်းကင်ပြာ ကိုလဲ အိမ်နီးချင်း woodlands နိုင်ငံမှ ဘုရင်မကြီး ပူးတေက သတိရကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်လို့....နှစ်နိုင်ငံချစ်ကြည်ရေးအတွက် တနိုင်ငံလုံးကို woodlands နိုင်ငံသို့ အလည်လာဖို့ ဖိတ်မန်တက ပြုပါတယ်လို့ စာချွန်တော် ပါးလိုက်ပါတယ်...

:D

ခင်မင်စွာဖြင့်

ဘုရင်မကြီး ပူးတေ
republic of woodlands

ဟားဟား ဒီကလဲ ဝင်ပေါ ကြည့်တာ... အဲ စာလုံးပေါင်းမှားပြီး ရရစ်ကျန်ခဲ့တယ်... ဝင်ပြောကြည့်တာလို့ ရေးတာနော်...

မြူးမြူး said...

:)

ဇွန်မိုးစက် said...

:))

ကိုရင်နော်ခင်လေးငယ် said...

အလိုရယ်တဲ့ အလေ..
ရီနိုရယ်တဲ့ မင်းကြီး..
မကြောက်ရယ်တဲ့ မရွှံ
အကျွန့်ကို ခိုင်းရဲတယ်
ဂယ်ပါပဲကွယ် တကယ်တကယ်
အတွန့်တော် မတက်ဝံ့ပါဘု
“ဂလု” ဟူ၍သာ သွားကိုဖြဲလိုက်တယ်
မုတ်ဆိတ်တော် ပျားစွဲသွားလေခြင်း..။

း)

အဟွတ်..
မောင်ဖိုးစိန်ရေ လာလရော့..
ခရီးကဝေးသမို့ လမ်းမှာ ခုနှစ်ညခုနှစ်ရက် ကြာသွားသကွယ်... အဟယ်ဟယ်ဟယ် ဟဲ့..း))

အချိန်မရလို့ဗျာ.. များများရေးချင်သေးတာ.. ရီနိုမင်းကြီးရေ..

ချစ်ခင်စွာ
(ကိုရင်နော်)

သုခုမလေဒီ said...

ပုံပြောတဲ့သူက မင်းကြီးလုပ်မယ်ထင်တယ်း))

သဒ္ဓါလှိုင်း said...

နောက်ပုံပြင်ကိုလည်းမျှော်နေပါတယ်..။
မဖတ်ရသေးတဲ့စာတွေလည်းဖတ်သွားပါတယ်..

ခင်မင်စွာ
သဒ္ဓါ

နေ၀သန် said...

း)))... ကိုရီနိုကြီး... ဘုရင်ရီနိုကြီး...း))))


ခင်မင်တဲ့
နေ၀သန်