July 14, 2010

ရီနိုမာန် ပြောတဲ့ ပုံပြင်

့ဟိုးရှေးရှေးတုန်းက တိုင်းပြည်ကြီး တစ်ခုမှာ မျှမျှတတ မင်းလုပ်အုပ်ချုပ်နေတဲ့ ဘုရင်တစ်ပါး ရှိခဲ့ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးတွေကို တစ်ပတ် တစ်ကြိမ် စုဝေးစေပြီး ညီလာခံ ပြုလုပ်လေ့ရှိတယ်။ ညီလာခံကိုလည်း မင်းညီမင်းသား၊ မှူးကြီးမတ်ကြီးများ နှင့် မောင်းမတွေပါမကျန် စုံညီစွာ တက်ရောက်စေပြန်ပါတယ်။ မင်းကြီးရဲ့ တိုင်းပြည်မှာ လက်ရုံးတစ်ဆူလို အားကိုးရတဲ့ ပညာရှိသုခမိန်ကြီးလေးဦး လည်းရှိပြန်ပါတယ်။ သူတို့ကတော့ သုခမိန်ကြီး ဦးလူထွေးသုခမိန်ကြီး ကိုရင်နော်၊ သုခမိန်ကြီး ရွာသားလေး (ဝိုင်တီယူ) နှင့် သုခမိန်ကြီး စိုင်းစိုင်းလားရှိုး တို့ပဲ ဖြစ်ကြပါတယ်။

တိုင်းပြည်အတွက် သုခမိန်ကြီးလေးဦးဟာ အရေးပါးကြသလို၊ တိုင်းပြည်ရဲ့ ကာကွယ်ရေးကို တာဝန်ယူထားကြတဲ့ စစ်သူကြီးများကလည်း အလွန်ကို အရေးပါအရာရောက်ကြပါတယ်။ သူတို့ ကတော့ စစ်သူကြီး စောရစည်သူ နှင့် ခွန်ဏီလင်းညို တို့ပဲ ဖြစ်ကြပါတယ်။ ၄င်းစစ်သူကြီး နှစ်ဦးမှာလဲ မင်းကြီးရဲ့ အားကိုးရသော ညာလက်ရုံးများ သဖွယ် မင်းကြီး ထံတွင် ဆွေစဉ်မျိုးဆက် အမူ့တော် ထမ်းရွက်လာသူများ ဖြစ်ကြပါတယ်။

တပတ်မှာ တစ်ကြိမ်ကျင်းပတဲ့ ညီလာခံသို့ တိုင်းရေးပြည်ရာ ကိစ္စမှလွဲ၍ မပျက်မကွက် တက်ရောက်ကြရပါတယ်။ ထိုသို့ စုံညီစွာ တက်ရောက်ရသော ညီလာခံသို့ အစဉ်ပျက်ကွက်လျှက်ရှိသူမှာ တစ်ခြားသူမဟုတ်ချေ။ မင်းကြီး၏ ချစ်လှစွာသော ညီတော်များထဲမှ ညီတော် သောကဏီကင်း ပင်ဖြစ်သည်။ တိုင်းရေးပြည်ရာ ထူးထူးထွေထွေ ရှိမှသာလျှင် ညီလာခံသို့ ဝင်ရောက်ခစားပြီး ၊ အကြောင်းထူးမရှိပါက ညီလာခံသို့ ဝင်ရောက်ခစားခြင်း မရှိခဲ့ပေ။ တစ်ချက်လွှတ် အမိန့်ဖြင့် ညီလာခံသို့ မပျက်တက်ရောက်ရန် မိန့်နိုင်ပါသောလည်း ညီတော်၊ အမတော်၊ နှမတော်တွေကို ချစ်မြတ်နိုးလှသောကြောင့် အမိန့်တော် မချမှတ်ခဲ့ချေ။

ညီလာခံ ပြုလုပ်ရာ နန်းတော်အတွင်း၌ အသီးသီး နေရာကိုယ်စီ ယူကြပြီး မင်းကြီး ကြွအလာကို စောင့်နေကြတဲ့ အချိန် နန်းတွင်း တံခါးစောင့် လမင်းတာရာ ရဲ့ အသံကြောင့် နန်းတော်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

......... အရှင်မင်းကြီး ကြွချီတော်မူလာပြီ ........

မင်းကြီးလည်း ရာဇပလ္လင်ပေါ်၌ ရာဇဣနြေ္ဒဆည်ပြီး ....... မင်းကြီးများ ......

.............. ဘုရား .............

........ ကိုယ်တော်အုပ်ချုပ် မင်းလုပ်နေတဲ့ ဒီတိုင်းပြည်မှာ ပြည်သူပြည်သား အပေါင်းတို့ ကျန်းခံ့သာလို့ မာပါလေစ မောင်မင်းတို့...........

အမတ်ကြီး ဖိုးသင်္ကြန်မှ
......... မှန်လှပါ အရှင်မင်းကြီး ....... အရှင့်ရဲ့ ဘုန်းတန်ခိုး အာနုဘော်တို့ကြောင့် အကျွန်ကျွန်ုပ်နှင့်တကွ ပြည်သူ ပြည်သား အပေါင်း မာကြောင်းပါဘုရား.........

......... အိမ် ... ကောင်းလေစွ... ကောင်းလေစွ...........

မင်းကြီးလည်း ညီတော် အိမ်ရှေ့စံ တောင်ပေါ်မင်းသား ဖက်သို့လှည့်ပြီး
..... တိုင်းရေးပြည်ရာ အခြေအနေကိုလည်း ငါကိုယ်တော် သိလိုတော်မူပေးတယ် ညီတော်......

အိမ်ရှေ့စံတောင်ပေါ်မင်းသားမှ မင်းကြီးအား ဂါရဝပြုပြီး
.......... မှန်လှပါ နောင်တော် ..... အရှေ့အလယ်ပိုင်းမှ သူပုန်တစ်ချို့မှ လွဲ၍ ကျန်တိုင်းပြည် အားလုံး နောင်တော်မင်းကြီးရဲ့ သြဇာအာဏာ ခံယူလျှက်ရှိကြောင်းပါ နောင်တော်.....

....... အရှေ့အလယ်ပိုင်းက သူပုန်များကို ညီတော် တောင်ပေါ်မင်းသားက အဘယ့်သို့ စည်ရုံးသိမ်းသွင်းမည်ကို လည်း နောင်တော် သိလိုတော်မူလှပေတယ်.......

...... မှန်လှပါ နောင်တော် .. ညီတော် ကိုယ်တိုင် တီထွင်ထားတဲ့ ဗျူးဟာ ဆော့ဝဲလ်တစ်မျိုးကို အသုံးပြုပြီး သိမ်းသွင်းရန် စီစဉ်နေကြောင်းပါ နောင်တော်..... ၄င်း နှင့်ပတ်သက်တဲ့ သတင်း အချက်အလက်များကိုလည်း အထောက်တော် အဆိပ်ခွက်ကို စေလွှတ်၍ သတင်းပို့ ရွှေနားတော် သွင်းစေပါ့မယ် နောင်တော်မင်းကြီး....

....... သုခမိန်ကြီး စိုင်းစိုင်းလားရှိုး နဲ့ စစ်သူကြီး စောရစည်သူ တို့ကလည်း အိမ်ရှေ့စံ ညီတော် တောင်ပေါ်မင်းသားနှင့် ပူးပေါင်း ဆောင်ရွက်စေ ... ငါကိုယ်တော် အမိန့်.....

သုခမိန်ကြီးနှင့် စစ်သူကြီးတို့မှာ တစ်ဦးမျက်နှာ တစ်ဦး ကြည့်ပြီး နှစ်လိုလှသော အပြုံးဖြင့် ..

.......... အမိန့်တော် မြတ် အတိုင်း ပါ အရှင်မင်းကြီး ........

ဤတွင် ကျွန်ုပ်၏ တစ်ခန်းရပ် ပုံပြင်အား ခေတ္တ ရပ်နားလိုက်သည်။


လေးစားစွာဖြင့်
ရီနိုမာန်

7 comments:

htwesu hlaing said...

ဘုရင်ကြီး reenoemann မှာ နှုတ်ခမ်းမွှေးပါလားဟင်....

noblemoe said...

ခမည်းတော် သမီးတော်နန်းလုရန်ရှိပါသည်။ အိမ်ရှေ့ မင်းသားလေးကငယ်သေးတော့ တပည့်တော်ရဲ့ မင်းသားလေးကို နန်းတင်ပေးတော်မုပါ။ နန်းမတင်ပေးရင် ကိုးရီးယားကို အပြီးပိုင် ပြည်နှင်ဒဏ်ပေးတော်မူပါးP

ပိုးဟပ်လေး said...

နောင်တော် အရှင်မင်းကြီးဘုရား....
ညီတော် တောင်ပေါ်မင်းသား တီထွင်ထားတဲ့ ဗျူဟာ ဆော့ဖ်ဝဲလ် မှာ Virus ပါမပါ သိလိုလှပါတယ်...
ပါရှိခဲ့ လျင်လည်း အဘယ်သို့သော Virus အမျိုး အစား ဖြစ်ကြောင်း မိန့်တော်မူပါ ဘုရား... :P

neking said...

ဆက်ရေးပါဗျို့....အခစားအမြဲမ၀င်နိုင်ပေမယ့်လည်း..
မင်းကြီးရဲ့စာတွေအမြဲဖတ်နေပါကြောင်း....
ခွိခွိ...အပြာလေးကိုနီလိုက်ပါဦး..

http://neking.wordpress.com

ညီတော်....ဏီကင်း (ပျက်ကွက်)

ဇွန်မိုးစက် said...

ပုံပြင်လာဖတ်သွားတယ်။ ဖတ်လို့ကောင်းသား။း)

~ဏီလင်းညို~ said...

ကိုရီနို......
မနက်ကျမှပဲ လာဖတ်ရတော့တယ်.....။
ခုမှလေ.....။
ဘုရင်ကြီးဘယ်သူလဲဆိုတာ သိချင်မိတယ်.....း))

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

ကိုလူထွေး said...

သူ့ထမိန်ကြီးတွေများနင်းကီးလှချေလား မင်းကလားကြီးရဲ့...

များနင်းကီးလှချေလား...

းဝ)