July 13, 2010

အမှတ်တယ အလွမ်း

အချစ်ရယ် နေရစ်ခဲ့ဆို
အပြစ်မသို ငြိုငြင်ပါဘူး
လိုရာကိုသွား ထားခဲ့လိုက်ပါ။

မတည်မြဲတဲ့ လောက
လွမ်းဆွတ်သမျှဟာ
ဝဋ်ကြွေးတခုပေါ့
ဝေးလိုက်ကြစို့။

အလွမ်းရယ်
မတမ်းတရပါပဲ
မှန်းဆမနိုင်အောင်
ငါ ရခဲ့တယ်...

နွေးထွေးမှုအနမ်းတွေနဲ့ ဝေးတဲ့အခါ
ဆွေးမပြယ် ရင်မှာနွမ်းလျတယ်
ကျွှမ်းမြေ့ကြေကွဲ။

လေးစားစွာဖြင့်
ရီနိုမာန်

ကဗျာပိုင်ရှင် - မမလွင်

မှတ်ချက် ။ ခုတစ်လော အသည်းကွဲနေတဲ့ လူတစ်ယောက်လိုပါပဲ။

2 comments:

Sein Lyan Tun said...

ကွဲလဲ ကွဲနိုင်လွန်းပါတယ်။


ဧကံဏ .... ပို့ထားတဲ့မေးလ် ပြန်စာရလို့ထင်တယ်... အဟတ်....

MoeThwayNge said...

ကဗျာလေး ကြိုက်တယ်။ ညကတစ်ခါ ခုတစ်ခါ ၂ခါပြန်ဖတ်သွားတယ် ညီငယ်။ ဒီလိုကဗျာ ရေးတဲ့နည်း က ခုရေးနေကြတဲ့ ပုံစံမျိုး မဟုတ်ဘူးလေ။

ခင်မင်မှုဖြင့် -
အားလုံးကိုပျော်စေချင်တဲ့............