July 5, 2010

အိပ်မက် ပြောတဲ့ စကား

အိပ်မက်တွေနဲ့ ရူးသွပ်နေခဲ့တာ
နှစ် ၂၀ ကျော်ခဲ့ပြီ
အိပ်မက်တွေထဲမှာ ပျော်စရာကောင်းနေခဲ့တာ
ငါ့ရဲ့ ဘဝလေး
အိပ်မက်တွေကို လှပစေခဲ့တာ
မင်းလည်း အားလုံးထဲက တစ်ယောက်
အိပ်မက်တွေကို အိမ်မက်လို့ သိလိုက်ရတဲ့အချိန်
ငါ ဝမ်းနည်းကြေကွဲခဲ့ရ
အိပ်မက်တွေကို ပြန်အသက်ဆပ်ဖို့
ငါ့ကိုယ် ငါ စတေးလိုက်ရ
အိပ်မက်တွေ ငါ့ဘဝထဲမှာ မရှိတော့
အထီးကျန်ခြင်းတွေနဲ့ ရင်ဆိုင်ခဲ့ရ
အိပ်မက်ဟာ အတိတ်ရဲ့ အရိပ်
အရိပ်ကို နင်းပြီး အိပ်မက်ကို မေးကြည့်တော့
အိပ်မက်က ပြန်ပြောတယ် တစ်ခွန်းတည်း
" မင်းရောက်နေတာ ပစ္စုပ္ပန် " တဲ့


လေးစားစွာဖြင့်
ရီနိုမာန်

8 comments:

မြူးမြူး said...

WELCOME BACK!!!

noblemoe said...

" မင်းရောက်နေတာ ပစ္စုပ္ပန် " ဆိုရင်လည်း အဲဒီပစ္စုပ္ပန်ထဲမှာ အိမ်မက်တွေ အကောင်ထည်ဖော်နိုင်ပါစေ။ ကြိုးစားရင်ဘုရားတောင်ဖြစ်တယ်ဆိုတဲ့စကားတောင်ရှိသေးတာပဲလေ။ ကြိုးစားနေတဲ့သူတစ်ယောက်တွက် အောင်မြင်မှုတွေရှိလာမှာပါ။ မောင်လေးရေးးးးးး
သာယာချမ်းမြေ့ပါစေနော်
မိုး

Sein Lyan Tun said...

come out from your dream.

Dream do come true.


with love

Ps

သူကြီးမင်း (တုံးဖလား) said...

အိပ်မက်နဲ့ ရူးသွပ်ခြင်းဟာ စိတ်ဆန္ဒနယ်ပယ်အတွက် အရောင်တောက်စေတဲ့ ရူးသွပ်မှုမျိုးပါ။ များများရူးသွပ်လေ အောင်မြင်မှုနဲ့ ပိုနီးစပ်လေပါဘဲ။

အိန္ဒြာ said...

ရောက်တဲ့ အရပ်မှာ ပျော်အောင်နေ
တွေ့တဲ့သူနဲ့တည့်အောင်ပေါင်း.
ပစ္စပုန်ကိုတည့်တည့်ရှု
စိတ်ထားကောင်းရင် ကံကောင်းတယ်..

လူ့အဖြစ်ဆိုတာ...
အစအဆုံးဖတ်ပြီးရင် ပစ်ထားလိုက်ကြတဲ့ စာအုပ်
တစ်ခုပဲ ကျော်ဖတ်ကြည့်ချင်လို့မရတာ...

မမသီရိ said...

ငယ်ငယ်
ခုမှ အိပ်မက် မက်ဖို့ ပြန်အားတာ ထင်ရဲ့
ကျန်းမာရေး ဂရုစိုက်

ချစ်တဲ့ တီလေး

ချော(အစိမ်းရောင်လွင်ပြင်) said...

ပစ္စုပ္ပန် မှာ ပျော်ရွှင်အဆင်ပြေပါစေ..
အိပ်မက်တွေကိုလဲ လက်တွေ့အကောင်အထည်ဖော်နိုင်ပါစေ

သုခုမလေဒီ said...

ရီနိုရေ အိပ်မက်ကဗျာလေးလာဖတ်သွားတယ်။
ဒီက ဘလော့ဂါတွေရဲ့ ဒုက္ခသိလား။ စီဗုံးလည်းမမြင်ရလို့ မန့်သွားတယ်နော်။ တော်သေးတယ် မန့်ရလို့..း)))