February 2, 2010

နေ့ခင်း နဲ့ ည အလှ

မနေ့က ကျနော် အလုပ်ကပြန်တာနောက်ကျခဲ့ပါတယ်။ Site ထဲကနေ ည ၉နာရီနလောက်မှ ပြန်လာခဲ့ရတာပါ။ ကျနော် အလုပ်လုပ်နေတဲ့ အဆောက်အဦးက Orchard ION shopping Mall ရဲ့ အပေါ်က လူနေအိမ်ပေါ်မှာပါ။ နေ့တိုင်းပြန်နေကျအချိန်က ညနေငါးနာရီဆို ကျနော် ပြန်နေကျ။ မနေ့ကမှ ပစ္စည်း တွေ ၅၂ထပ်ကို ပို့စရာရှိတာကြောင့် နောက်ကျမှ ပြန်ဖြစ်ခဲ့တယ်။ ပြန်ခါနီး အောက်ကို လှမ်းကြည့်လိုက်တော့ စိတ်ထဲ ဓါတ်ပုံ အရမ်းရိုက်ချင်မိသွားတယ်။ ဖုန်းကင်မရာလေးကို ဖွင့်ပြီး လိုက်ရိုက်ကြည့်လိုက်မိတယ်။ ကြည့်လို့ မလှခဲ့ရင် ရိုက်ခဲ့မိတဲ့ ကျနော် အပြစ်ပါဗျာ။ ( အရင်နေ့က ရိုက်ထားတဲ့ နေ့ခင်းပုံတွေပါ ဖေါ်ပြလိုက်ရပါတယ်)














လေးစားစွာဖြင့်
ရီနိုမာန်

8 comments:

Sein Lyan Tun said...

ကိုယ်ရောက်နေတဲ့ မြို့မှာ ဖြူစင်တဲ့စိတ်ထားရှိတဲ့မောင်နှမတွေ နဲ့တူတူနေနေရတာ စိတ်ချမ်းသာတယ်။

ကြီးကျယ်ခန်းနားတယ်နော်... ဓာတ်ပုံထဲမှာမိုက်တယ်..

စကာင်္ပူကနေလို့ကောင်းတယ်... လူများများမြင်ရတာတခုပဲ..

Anonymous said...

တော်တော်မြင့်တာပဲ ရိုက်နေတဲ့နေရာက
ကြည့်သွားသည်။ လှပါသည်။

အိုက်ခီလောက် said...

အင်းဖိုတိုမန်းတော့ ဖြစ်တော့မှာပဲ တော်ကြာ
စလုံးက မမ တွေ အော်ဒါလာအပ်တော့မယ် ကိုရီနို
ဒီတော့ ကင်မရာကောင်းကောင်းတစ်လုံးဝယ်ထားလိုက်ဗျာ
ဒါနဲ့ ရေကူးကန်ထဲက ကောင်မလေးရေကူးနေတာကိုတော့ မရိုက်လာဘူးလားဗျာ ဒီလူကြီးတော့ ဟွန်း

နေ၀သန် said...

လှမှလှ... မြို့လယ်နားမှာဖြစ်မယ်ထင်တယ်....


ခင်မင်တဲ့
ဂျပန်ကောင်လေး

တောင်ပေါ်သား said...

မြို့ပြတခုရဲ့ ရှိသင့်ရှိထိုက်တဲ့ မီးလုံးလေးတွေ၊ အဆောက်အဦးတွေ မြင်လိုက်ရတယ်.. ဒို့တိုင်းပြည်မှာတော့ .... တော့.... တော့....


လေးစားလျက်
တောင်ပေါ်သား

Anonymous said...

ဘာပြောပြော မြန်မာပြည်ကိုမမှီသေးဘူး .. ဟိဟိ

Unknown said...

အမြင့်ကြီးပဲ ကြောက်တယ်..း(

ပိုးဟပ်လေး said...

မိုက်တယ်ကွာ...
မလိမ္မာဘူး