February 1, 2010

ရင်ထဲက အဖြေကို လိုချင်မိတယ်။

ကျနော်ချစ်တဲ့ ကောင်မလေးက ကျနော်ကို
ကျနော်ဘာမှ မပြောရသေးခင်မှာ ချစ်တယ်လို့ ပြောလာတယ်။

ကျနော် ဘာပြောလိုက်ရမလဲ.....


လေးစားစွာဖြင့်
ရီနိုမာန်

23 comments:

Julian said...

ဘာမှမပြောနဲ့ မူနေလိုက်

ဒါမှမဟုတ်ရှက်တဲ့မျက်နှာနဲ့ ဟုတ်ရဲ့လားငှင် အဲလေ ဟင် လို့ပြန်မေးလိုက်

မဟုတ်ရင်လဲ ခြေလေးဆောင့်ထွက်ပြီး သွားဘာတွေလဲပြောနေတာလဲဆိုပြီးမျက်စောင်းထိုးလိုက်လေ

သင်ပေးနေရအုန်းမှာလား

မဂျူ

Anonymous said...

ငြင်းပစ်လိုက်စမ်းဘာာာာာာာာာာာာာာ

loverstar said...

ထီပေါက်သလို..ထအော်လိုက်ပါ...အကောင်းဆုံးပဲ :)

Sein Lyan Tun said...

ချစ်သယ်ရင်း

အိပ်မက်က နိုးထလော့

ဒို့ သူငယ်ချင်းတွေ အပြင်ထွက်ဖို့ အချိန်ကြပြီး

Eaindra said...

မျက်လုံးလေး ပေကလပ်ပေကလပ်လုပ်လိုက်
ခြေလေးဆောင့်
သူသိပ်ဆိုးတယ် ဂယ်ပဲ ဆိုပြီး
နဖူးလေးမနာအောင်ဖွဖွထု..

ကြည့်ရဆိုးတာဟာ..
လူက ၀၀ နဲ့

Eaindra said...

ပြောတော့ ဘုန်းကြီးဝတ်မယ်တဲ့
အမေကိုလုပ်ကျွေးနေတဲ့ သားလိမ်မာလေးတဲ့...

း(

အိန္ဒြာ

ကောင်းကင်ပြာ said...

ဟေ......အကြောင်းသိတွေ...အိမ်မက် မက်နေတာ သေချာသွားပီ..ထ တော့ အလုပ်သွားရတော့မယ်....:P

အိုက်ခီလောက် said...

အော် ခုမှပဲ သိတော့တယ်
အမဲရိုနှယ့်ဟင်းအိုးအားမနာ ဆိုလား
အိုးကမပူ စလောင်းကပူဆိုလား
မပြည့်တဲ့ အိုးကဘောင်ဘင်ခတ်တယ် ဆိုလား
မစားရအညှော်ခံတယ် ဆိုလား

ရန်ကုန်မှာ မွေးပြီး အရပ်တကာမှာ ကြီး အဖေမရှိတော့ တဲ့ Family လေးနဲ့ အဝေးမှာနေပြီး အမေကို ရှာကျွေးနေတဲ့ သား လိမ္မာလေးပါ။ ဟဲဟဲ သူငယ်ချင်းအားလုံးကို ခင်တက်သလို အသဲနှလုံး မရှိတဲ့ လူသား ကျွန်တော်ပါ။

ဒီစာကို ဘယ်သူများရေးထားပါလိမ့်နော် လူကြီးတွေ
ခုတစ်လောပြောရဆိုရခက်နေတယ် ဟဟ
ဘာပြန်ပြောလိုက်၇မလည်းဆိုတော့ လက်ညိုးလေးပါးစပ်ထဲထိုးထည့်ပြီး ကြောင်တောင်တောင်ကြည့်နေလိုက်ပေါ့ဗျ ဟွန်းးးးးးး

Unknown said...

စဉ်းစားပါရစေ...ပေါ့အစ်ကိုရယ်။ ယောက်ျားလေးဆိုတော့ နည်းနည်းတော့မူပေါ့။

နေ၀သန် said...

အိပ်မက်ထဲမှာလား.....း)


ခင်မင်တဲ့
ဂျပန်ကောင်လေး

မိုးခါး said...

ပက်ပက်စက်စက်ပြောပစ်လိုက်
ဒီလိုအခွင့်ရေးယူရသလားဆိုပြီးတော့ ....

တောင်ပေါ်သား said...

ကိုရီနို ပြောတဲ့ ကောင်မလေးတော့ ကောင်မလေးပဲ အဟေးဟေးးးးးးးး ဘာလုပ်ချင်နေတာလဲ ပြော............... ပြော...........း))

ပြောချင်တာပြောလိုက်း)


လေးစားလျက်
တောင်ပေါ်သား

ရေတမာ said...

သေချာလည်း မေးပါ့ဦး အကိုလို ချစ်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ..........

ဇွန်မိုးစက် said...

ရင်ထဲကအဖြေကို သေသေချာချာ စဉ်းစားပြီး ဖြေလိုက်လေ။ မှားသွားရင် မကောင်းဘူးနော်...တစ်ဘဝလုံးစာ ရွေးချယ်ရမှာဆိုတော့ ....း)

Mogok Thar said...

အမြန်လာပါ..

အိပ်မက်ကလေးရယ်.....

ချစ်ညီရီနို...ဘာတွေဖြစ်ကုန်တာတုန်း..

နားကို မလည်တော့ဘူးးး

sweetpeony said...

ကိုရီနို ပြန်ရန်တွေ့ ပစ်လိုက်စမ်းဘာာာာာာာာ
ဒီလိုမျိုး......
`ငါပြောမှာကို အရင်လုပြောရလားးးးးးးးးးးးးး´
း)))))))))))))))))

ချစ်ကြည်အေး said...

ငါ့မောင် ကိုရီးယားကားတွေ သိတ်ကြည့်တယ် ထင်တယ်....ထ...ထ...ပုလင်းလေးနဲနဲလှုပ်ပြီး ရေနွေးလေးနဲ့ သောက်ချလိုက်...ကောင်းသွားမှာပါ... :))

မီးမီးချစ် said...

မိန်းကလေးတွေ က သူတို့ ကြိုက်တဲ့ ယောက်ကျားတွေ ပြန်ကြိုက်ရင် မကြိုက်ဘူးအေ့...ကြိုက်နေရတာကိုပဲကြိုက်တာ..
သေချာတော့ လေ့လာအုန်း..

Anonymous said...

စဉ်းစားဦး အဖြေပေးတာ မလောနဲ့... ကိုယ့်ကိုတသက်လုံးရှာကျွေးနိုင်ပါ့မလား၊ ယောကျာင်္းမှတ်မှတ်၊ သားမှတ်မှတ် ပေါင်းမဲ့သူလား အကျင့်စာရိတ္တကောင်းရဲ့လား၊ မိဘမျိုးရိုးကိုလဲ ကြည့်ဦး တော်ကြာ ဒူးနဲ့မျက်ရည် သုတ်နေရဦးမယ်။

Unknown said...

မိုက်တယ်ကွာ... ကောင်မလေးက ရည်းစားစကားပြောတယ်တဲ့.. သူလဲ ကိုရီးယားကားတွေ ကြည့်တာများသွားပုံရတယ်... ပြန်ပြောလိုက် သားသားတို့က ယောက်ျားလေးဆိုတော့ စဉ်းစားရဦးမယ်လို့....ဖက်ပေါ်ဆူးကျလဲ ဆူးကျိုး... ဆူးပေါ် ဖက်ကျလဲ ဆူးပဲကျိုးတာဆိုတော့... အချိန်လေးတော့ ပေးပါဦးလို့... ဟီးဟီး...

Dream said...

ဟားဟားဟား..... တော်နေ ဆုံးသွားတဲ့ ဘကြီးကို သတိရပြီး အဘလို ချစ်တယ်ဆိုမှ....ဂိန်သွားမယ်...း))

ပက်ပက်စက်စက် ငြင်းပလိုက်ဘာာာာာ
ငါ့မှာ သားနဲ့မယာားနဲ့ လို့ ပြောလိုက်................
း))
အဟီးးး

MANORHARY said...

:)
မနေနိုင်လို့ဝင်ပြုံးသွားတယ်

ကြည်ဖြူပိုင် said...

အဟဲဟဲ
ကံတွေစွတ်ကောင်းနေတယ်ဆိုတဲ့
သဘောပေါ့လေ