September 1, 2013

Happy Blogger's Day အတွက်

အမှန်တကယ်တော့ ကျွန်တော်ဟာ စာဖတ်မနာတဲ့ အပျော်တမ်းစာရေးသူ တစ်ဦးပါ။ ရီနိုမာန်ဆိုတဲ့ ဘလောဂ့်ကို မလုပ်ခင် ကျွန်တော်ဟာ အွန်လိုင်းမှာ စာဖတ်နေသူတစ်ဦးလည်း  ဖြစ်ပါတယ်။ စာတွေကို လိုက်ရှာဖတ်ရင်း သုတ၊ရသ မဟုတ်တဲ့ ကိုယ်တွေ့လေးတွေကို ဖတ်လိုက်ရတဲ့ အချိန်မှာ ကျွန်တော် အလွန်မှ နှစ်သက်ခဲ့ရပါတယ်။ ကျွန်တော်ကိုယ်၌ကလည်း ကိုယ်တိုင်ခံစား သိမြင်တာလေးတွေကို အမှတ်တရ စာအုပ်ထဲမှာ ရေးလေ့ရှိပါတယ်။ အွန်လိုင်းပေါ်မှာ ခုလိုမျိုး ဘလောဂ့်လေး လုပ်ပြီး ရေးလို့ရလိမ့်မယ်လို့ မသိခဲ့ရိုးအမှန်ပါ။ ၂၀၀၉ ခုနှစ် လေးလပိုင်းလောက်မှာ တော့ ဘလောဂ့်ဂါ အကိုတစ်ယောက်( နာမည် မမှတ်မိတော့ပါ ) ရဲ့ ဆိုဒ်ထဲမှာ ဘလောဂ့်လုပ်ပုံလုပ်နည်း လေးတွေကို ကြည့်ပြီး ကျွန်တော့်ရဲ့ ရီနိုမာန် ဘလောဂ့်လေးကို စတင်ခဲ့ပါတယ်။

ကျွန်တော့် ဘလောဂ့်ကို စတင်ခဲ့ပြီးတဲ့ အချိန်ကစလို့ ခုချိန်ထိ မိတ်ဆွေ သူငယ်ချင်း များစွာနဲ့ ခင်မင်ခွင့်ရရှိခဲ့ပါတယ်။ မိတ်ဆွေတွေထဲမှာမှ ခဏတာ မိတ်ဆွေတွေ ရှိခဲ့သလို၊ ထာဝရ မိတ်ဆွေတွေလည်း ယနေ့အချိန်ထိ ရှိနေစဲပါပဲ။ ဘလောဂ့်ရေးတဲ့ စီနီယာ အကို၊ အမတွေ ပြောသလိုပါပဲ ဘလောဂ့်ရေးစဉ်ကာလက တကယ်ကို ပျော်ခဲ့ကြပါတယ်။ တစ်ယောက်အိမ်ကို တစ်ယောက် လည်၊ စကားတွေပြော၊ စကြ နောက်ကြနဲ့ တကယ့်မောင်နှမတွေ လိုဖြစ်ခဲ့ကြရပါတယ်။ အဲ့ဒီအချိန်တုန်းက မျက်နှာစာအုပ် ကိုလည်း ရင်းနှီးကျွမ်းဝင်ခြင်း မရှိသေးတာလည်း ပါမှာပေါ့။ နောက်ပိုင်း မျက်နှာစာအုပ်ကို စိတ်ဝင်းစားလာတဲ့ အချိန်မှာတော့ ကျွန်တော်တို့ ကိုယ်ပိုင်အိမ်လေး ဖြစ်တဲ့ ဘလောဂ့်လေးတွေလည်း အရောင်မှိန်းခဲ့ရတယ်။ 

မျက်နှာစာအုပ်ကို သုံးရတဲ့အခါ ကောင်းတာတွေ ရှိသလို မကောင်းတာတွေလည်း ရှိပြန်တယ်။ ကောင်းတာတွေကတော့ သတင်းတွေ မြန်မြန် သိခွင့်ရသလို၊ မကောင်းတာကတော့ မဟုတ်တာကို အဟုတ်လုပ်ပြီးပြောနေကြတာကို တွေ့နေရလို့ပါပဲ။ ဒါပင်မဲ့ သူရဲ့ ဆွဲဆောင်အား ဘယ်လောက်တောင် ကောင်းသွားခဲ့ သလဲဆိုရင် ကိုယ်ပိုင်အိမ်လေး ဖြစ်တဲ့ ကိုယ့်ဘလောဂ့်ပေါ်မှာ စာမရေးဖြစ်တာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ 

အမှန်တကယ်တော့ စာရေးမကောင်းတဲ့၊ စာဖတ်မနာတဲ့ ကျွန်တော်လို လူက ကျွန်တော့်ကိုယ် ကျွန်တော် ဘလောဂ့်ဂါလို့ ပြောရမှာ အလွန်မှ ရှက်ပါတယ်။ စာရေး အရမ်းကောင်းတဲ့ အကိုတွေ အမတွေ သူငယ်ချင်းတွေရဲ့ စာကို ဖတ်ပြီးတဲ့ အချိန်မှာလည်း ကျွန်တော့်အတွက် စာရေးဖို့ဆိုတဲ့ စိတ်ကို ဖြတ်ရိုက်ခံရသလို ခံစားရပါတယ်။ သူတို့လောက် ကောင်းအောင် စာတစ်ပုဒ်လောက် ဖြစ်ဖြစ်မြောက်မြောက် မရေးတတ်တဲ့ ကျွန်တော့်ကို စာရေးသူ ( ဘလောဂ့်ဂါ) လို့  မထင်စေချင်ပါ။ ဘလောဂ့်ပေါ်မှာရေးလို့ ဘလောဂ့်ဂါ တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ကျွန်တော့ အတွက်တော့ အပျော်တမ်းစာရေးသူ သပ်သပ်သာ ဖြစ်ချင်ပါတယ်။

Happy Blogger's Day အတွက် ရေးခြင်းဖြစ်ပါတယ်။ သို့သော် ကျွန်တော် ဘလောဂ်ဂါ တစ်ယောက် မဟုတ်ပါ။ အပျော်တမ်း စာရေးသူ တစ်ဦးသာ ဖြစ်ချင်ပါသည်။

လေးစားစွာဖြင့် 
ရီနိုမာန် ( Ree Noe Mann )

6 comments:

rose of sharon said...

Happy Blogger's Day!

ကြည်ဖြူပိုင် said...

same........same.....စာလေးတွေဖတ်လို့ကောင်းပါတယ်။ဆက်ရေးပါ ကိုရီနို

Han Kyi said...

ဒီဘက်ကို မရောက်ဖြစ်တာ နှစ်နဲ့တောင် ချီသွားပြီထင်ပါရဲ့...ဘလော့ဂါလုပ်နေပြီး ကိုယ့်ဘက်က ဘလော့လည် အားနည်းခဲ့တာကို တောင်းပန်ရဦးတော့မှာပဲ...

ဘလော့ဆိုတာ လွတ်လပ်နယ်မြေပါလေ...စာပေဆိုတာကလည်း Art for art sake လို့ပြောရရင် အဆင်ပြေကောင်းပါရဲ့...ဖန်တီးသူရဲ့ အနုပညာသက်ဝင်မှုက အခရာပါ...ဒါကြောင့် စိတ်ထဲရှိတာတွေကို အင်တိုက်အားတိုက် ဆက်ရေးနေဖို့ အားပေးရင်း...

ပျော်ရွှင်ချမ်းမြေ့သော ဘလော့ဒေးဖြစ်ပါစေဗျား...

သိ င်္ဂါ ရ said...

Blogging ထဲမှာ ... Blogger တစ်ယောက် အဖြစ် ရပ်တည်ရတာ ... တကယ့် ကို ... မလွယ်တာပါ ... ၀ါသနာပါတာ သက်သက် နဲ့ လုပ်ရတာပါပဲ ... တကယ် လုပ်ဖြစ်ခဲ့ကြတဲ့ ... Blogger အပေါင်းကို တကယ် ပဲ ဦးညွတ်မိပါတယ် ခင်ဗျာ ...

SHWE ZIN U said...

ရီနိုမာန် က အမ ထက် ဘလောဂ် တည်ထောင်တာစော ပါတယ် ... ဘလောဂ်လေး ကို နှစ်ပေါင်းများစွာ ထိမ်းသိမ်းထားတာဝမ်းသာပါတယ် .. စာတွေ ဆက်လက်ရေးသားနိုင်ပါစေ

ချစ်တဲ့
အမရွှေစင်

falonjacek said...

Why Do Casino Gambling Websites Have Bad Reputation?
The top-ranked online 제주도 출장안마 gambling website 강릉 출장마사지 for 세종특별자치 출장안마 real money and the ones with very good reputation. Find out why gambling sites such as ‎Why Do Casino Gambling Websites Have Bad Reputation? · 경상북도 출장마사지 ‎Pricing · 동두천 출장마사지 ‎Games