October 5, 2012

ခရီးစဉ် အဆုံးသတ်

နေ့လည်ပိုင်း ဆူးလေဘုရားနား ရိုက်ထားတဲ့ ပုံ

ဆူးလေဘုရား
ညပိုင်း ပန်းခြံထဲကနေ ရိုက်ခဲ့တဲ့ ရွှေတိဂုံဘုရား
ညပိုင်း အလှ
ရှိုး လုပ်ရင် ဒီမှာပဲ လုပ်တယ်လို့ သူငယ်ချင်းက ပြောတယ်။ ခဏတော့ ထိုင်ဖြစ်ကြတယ်။
ရုပ်ရှင်ကြည့်ပြီး အပြန် ညပိုင်းဆူးလေဘုရား မြင်ကွင်း
စင်ကာပူ ပြန်မဲ့ မနက်ပိုင်း ရွှေတိဂုံဘုရားပေါ် သွားခဲ့တယ်။


နာဂစ်ဖြစ်တုန်းက ဒီအပင်ကြီး ဘာမှ မဖြစ်ပဲ ကျန်ခဲ့တာ အံ့သြမိတယ်။

ခြေတော်ရာ

စင်ကာပူကို ပြန်ရောက်နေတာ တစ်နှစ်တောင်ပြည့်တော့မယ်။ ခုထိအိမ်ပြန်တဲ့ ပို့စ်တွေက မကုန်နိုင်သေးတဲ့ အဖြစ်။ အမှန်က စာရေးရမှာ ပျင်းနေတာက ၇၀ ရာခိုင်းနှုန်းလောက်ရှိနေတာပါ။ သူများတွေ စာရေးတာ ပတ်ဝန်းကျင် အနေအထား ဘယ်လိုရှိမှ ရေးတက်ကြလည်းတော့ ကျနော်လည်း မသိဘူး။ ကျနော်ကတော့ ပတ်ဝန်းကျင်မှာ ငြိမ်နေမှ ကိုယ်လိုချင်တဲ့ ကိုယ်ရေးချင်တဲ့ အကြောင်းတွေကို စဉ်းစားလို့ရတယ်။ အခန်းပိတ်ပြီး ရေးမယ်လုပ်ပြန်တော့လည်း အခန်းထဲမှာက နေတာ လူရှစ်ယောက်ရှိတယ်။ အကုန်လုံးမောင်းထုတ် ပြီးမှပဲ ရေးလို့ရတော့မယ်။ သူတို့ ငြိမ်တဲ့ အချိန်ကို ကြည့်ပြန်တော့လည်း ညသံခေါင်ယံ ၁၂နာရီ ၁ နာရီ ရှိနေပြန်ပြီ။ ဒီလိုနဲ့ပဲ ရေးမယ်လုပ်လိုက် ရပ်ထားလိုက်နဲ့ သံသရာက မရှည်သင့်ပဲ ရှည်နေရပြီ။
စင်ကာပူကို ပြန်မလာခင် တစ်ည ရန်ကုန်မှာ ညအိပ်ဖြစ်တယ်။ လုပ်ချင်တာနဲ့ ကျန်တဲ့ အချိန်တွေက မလောက်ဘူး ဖြစ်နေတယ်။ ဒါနဲ့ လုပ်သင့်တာပဲ လုပ်လိုက်တော့တယ်။ လိုချင်တဲ စာအုပ်တစ်ချို့နဲ့ ဖတ်ချငတဲ့ စာအုပ်တစ်ချို့ လိုက်ဝယ်ပြီး တည်းခိုခန်းမှာ ပြန်ထားလိုက်တယ်။ ညနေပိုင်းမှာ သူငယ်ချင်းနှစ်ယောက်နဲ့ အတူညစာ သွားစားဖြစ်တယ်။ ညစာ စားပြီးအပြန်မှာ ပန်းခြံထဲ ဝင်ပြီး သူငယ်ချင်းတစ်ယောက်နဲ့ အတူ လမ်းလျှောက်စကားတွေ ပြောဖြစ်ကြတယ်။ ည၁၀ နာရီလောက်ကျတော့ ကားငှားပြီး တည်းခိုခန်းကို ပြန်လာခဲ့ကြတယ်။ တည်းခိုတဲ့ နေရာရောက်တော့ အစီအစဉ်က တစ်မျိုးပြောင်းသွားကြတယ်။ စောစောစီးစီး မအိပ်ချင်သေးတာကြောင့် ရုပ်ရှင် နောက်ဆုံးကားကို သွားကြည့်လိုက်ကြပြန်တယ်။

စင်ကာပူကို ပြန်မဲ့မနက်စောစောမှာပဲေ၇ွှတိဂုံဘုရားကို သူငယ်ချင်းနဲ့ တူတူသွားဖြစ်ခဲ့ပါတယ်။ ဘုရားက ပြန်ရောက်တော့ ဟိုတယ်မှာပဲ မနက်စာ စား၊ ရေမိုးချိုးပြီး လေဆိပ်ကို ထွက်လာခဲ့ကြပါတော့တယ်။ ဒါဟာ ကျနော်မြန်မာပြည်ကို လေးနှစ်လောက်မပြန်ပဲ နေခဲ့ရာမှ ပထမဆုံးအကြိမ် ၁လခွင့်နဲ့ ပြန်ဖြစ်ခဲ့တဲ့ ခရီးစဉ် ဒီမှာပဲ ဆုံးသွားခဲ့ပါပြီ။

ခရီးစဉ်ဆုံးသွားခဲ့ရပင်မဲ့ မဆုံးသေးပဲ ကျန်နေခဲ့တာကတော့ ကျနော့်ရဲ့ စိတ်ပါပဲ။ လူကြီးသူမတွေက ပြောကြတယ် အသက်လေးရလာတော့ ကိုယ့်ရပ်ကိုယ့်ရွာကိုပဲ သတိရတယ်။ ပြန်နေချင်တယ်တဲ့။ ပထမတော့ လက်မခံပင်မဲ့ ခုတော့ ကျနော်ကိုယ်တိုင်ကလည်း ကိုယ့်ရွာလေးနဲ့ ကိုယ်အိမ်လေးကို လွမ်းတဲ့ စိတ်ကြောင့်ရယ်၊ အသက်ရလာပြီး ဖြစ်တဲ့ အမေနဲ့ အတူနေချင်တဲ့ စိတ်ကလေးတွေကြောင့်ပဲ တစ်နှစ်တစ်ခေါက် တပတ်ရရ၊ ဆယ်ရက် ရရ မြန်မာပြည်ကို ပြန်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်   

No comments: