September 22, 2012

သဘာဝတရားတဲ့...လား

သဘာဝတရားတဲ့လား........။
ဖြစ်မယ်၊ ပျက်မယ်လို့ ဘုရားရှင်က ဟောထားခဲ့ပြီးသား။
တကယ်တန် ဖြစ်တော့လည်း လူတွေက သနားစရာပါ။
ဒါဟာ ဘာကြောင့်လဲ... သဘာဝတရား တဲ့လား။

ရေတွေကြီးလို့ ငါတို့သွေးချင်းတွေ ဒုက္ခပင်လယ်ထဲမှာ..
အတွင်း ၃၇ မင်းလည်း မကယ်နိုင်၊ အပြင် ၃၇ မင်းလည်း မကယ်နိုင်
အထက် ပုဂ္ဂိုလ်လည်း မနိုင်၊ အောက် ပုဂ္ဂိုလ်လည်း မဆိုင်
ဖြစ်ချင်တာ ဖြစ်နေတာ..... သဘာဝတရားတဲ့လား။

ရပ်စဲဖို့ အခါခါ၊ နေ့ရက်တွေထဲ
အသက်ပေါင်းများစွာ စတေးခဲ့ရပြန်ပြီ။
ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ၊ ဆွေမျိုးများစွာအတွက်
ရင်ဘတ်ကြီးလည်း ကွဲခဲ့ရပြီ....ဒါလည်း.... သဘာဝတရားတဲ့လား။

မိန်းမလည်း လူ၊ ယောက်ျားလည်း လူ
လူ လူချင်းအတူတူ ဘာတွေများ ပိုထူးနေလို့လဲ...။
ဘာသာတစ်ခု အကြောင်းပြုလို့ ရင်းလိုက်ရတဲ့ လူ့အသက်တွေ
အိုအိမ်ပျက်စီးဆုံးရှုံးရတာလည်း.... သဘာဝတရားတဲ့လား။

ဟော့  တွေ့လိုက်ရပြန်ပြီ။
ရင်ဘတ်စည်းတီး ငိုချင်းချနေရတာ ရွှေမန်းတင်မောင်မှ မဟုတ်တာ။
ဘဝတွေရင်း၊ အချိန်တွေရင်း နေရာလေး တစ်ခုပိုင်ဆိုင်ပြီးခါမှ
မင်းမိန့်ဆိုတဲ့ စကားလေးတခွန်းကရော .... သဘာဝတရားတဲ့လား။

လေးစားစွာဖြင့်
ရီနိုမာန်

2 comments:

ice-cream said...

ဖြစ်ပြီးရင် ပျက်မယ် ..
ဒါတွေဟာ သဘာဝ တရားဆိုတာကို
ကိုရီနို နားလည်သင့်တယ် .. :P
ပုတီး များများ စိပ်ပေးပါ .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ဆောင်းနှင်းရွက် said...

ဖြစ်ပြီးရင် ပျက်မယ် ..
ဒါတွေဟာ သဘာဝ တရားဆိုတာကို
ကိုရီနို နားလည်သင့်တယ် .. :P
ပုတီး များများ စိပ်ပေးပါ .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်