July 26, 2012

မကျွမ်းကျင်တဲ့ ဘာသာရပ်

အချစ်ဆိုတာ လူတွေအဓိပ္ပါယ် အမျိုးမျိုး ဖွင့်နေကြသလိုမျိုးမှ မဟုတ်တာ။ ချစ်ရင် ချစ်တယ်ပေါ့။ မချစ်တော့ကော မုန်းစရာမှ မဟုတ်တာ။ လူရယ်လို့ ဖြစ်လာပြီးမှ မုန်းဖို့ မွေးလာကြတာမှ မဟုတ်တာ။ တစ်ဦးနှင့် တစ်ဦး နားလည်မှုရှိခဲ့ရင် အချစ်ဆိုတာ မပူလောင်တောင်မှ အေးချမ်းပါတယ်။ ကျွန်တော် သူငယ်ချင်း ကောင်လေးက သူငယ်ချင်းကောင်မလေးကို ချစ်တဲ့ အကြောင်းပြောတော့ သူငယ်ချင်းကောင်မလေးက သူငယ်ချင်းကောင်လေးကို မချစ်ဘူးဆိုတဲ့ အကြောင်းကိုပြောပြီး သူငယ်ချင်းကောင်လေးနဲ့ အဝေးဆုံးမှာ နေလိုက်တယ်။

တစ်နေ့ လမ်းမှာ သူငယ်ချင်းကောင်မလေးနဲ့ ကျွန်တော်တွေ့တော့ သူငယ်ချင်းကောင်မလေးက ကျွန်တော်ကိုပြောတယ်။ ငါမှားသွားတယ် သူငယ်ချင်းရာ။ အမှန်ဆို နင့်သူငယ်ချင်းကို ငါမချစ်နိုင်ပင်မဲ့ နင့်လိုပဲ သူငယ်ချင်း အဖြစ်ဆက်ခင်လို့ ရတာပဲတဲ့။ ဟုတ်ပါတယ်။ အချစ်ကြောင့် ဖြစ်သွားခဲ့ အကြောင်းအရာတွေပေါ့။ အဝေးမှ အဝေးဆုံးမှာ ရှိနေတဲ့ အချစ်ကို စမ်းသပ်ချင်တဲ့ သူက ရှိနေပြန်ပါသေးတယ်။ 

ကျွန်တော် ဘယ်တော့မှ မပြောခဲ့ပါဘူး။ အချစ်ဟာ စိတ်ပျက်စရာလို့။ အချစ်ဆိုတာ သုံးတက်ရင် သိပ်ကို အသုံးဝင်တဲ့ ပစ္စည်းတစ်ခုလိုမျိုးပါပဲ။ တစ်နေ့ အချစ်တစ်ခု ကျွန်တော့်ရှေ့ကို ရောက်လို့ လာခဲ့တယ်။ အချစ်နဲ့ ပတ်သက်ရင် အမြဲတမ်းရင်ခုန်တက်တဲ့ ကျွန်တော့်ရင်ဘတ်ကြီးက တဒိန်ဒိန်နဲ့ ခုန်နေခဲ့ဖူးတယ်။ 

အချစ်ကြောင်း ပြောနေကြတဲ့ လူတွေနဲ့ အကြားကြီး ပေါင်းခဲ့ဖူးတယ်။ တစ်ယောက် တစ်မျိုးစီပါပဲ။ အချစ်ကို ချစ်လွန်းလို့ ချစ်တယ်တဲ့။ အချစ်ကို မုန်းလို့ ချစ်ခဲ့ရတာတဲ့။ အချစ်အကြောင်း ကောင်းကောင်း မပြောတက်ပင်မဲ့ အချစ်ကို အချစ်လို့ မြင်ရင် အချစ်ဖြစ်ပါတယ်။ အချစ်ကြောင့် အမုန်းဖြစ်သွားခဲ့ရင်တော့ ဒါ အချစ်မဖြစ်နိုင်တော့ဘူးပေါ့။ အချစ်ဆိုတာ အချစ်ဆိုတဲ့ နေရာမှာပဲ နေတာ ကောင်းပါတယ်။  

အချစ်ကြောင့် ရူးသွပ်သွားတယ်ဆိုတဲ့ လူတွေ ကျွန်တော့် ပတ်ဝန်းကျင်မှာ အများကြီး တွေ့ဖူးတယ်။ သူတို့တွေ ရူးသွားပုံ မတူညီပင်မဲ့ အခြေခံ တစ်ခုကတော့ အချစ်ပါပဲ။ ကျွန်တော် ၁၀တန်းတုန်းက နားမလည်တဲ့ ဘာသာရပ်တစ်ခု ရှိခဲ့ဖူးတယ်။ စီးပွားရေးဆိုတဲ့ စကားလုံးကို အကြိမ်ရေအများဆုံးသုံးခဲ့တဲ့ ဘာသာရပ်မှာ ကျက်စာတစ်ပုဒ်ကို နားလည်အောင် မမှတ်နိုင်ခဲ့တဲ့ ကျွန်တော်၊ အခုလည်း ကိုယ်မကျွမ်းကျင်တဲ့ ဘာသာရပ်တစ်ခုကို အဓိပ္ပာယ် ပြန်နေမိပြီ။ 

လေးစားစွာဖြင့်
ရီနိုမာန်

2 comments:

သိ င်္ဂါ ရ said...

အချစ်က ရူးသွပ်ဖို့ ၊ ကိုးကွယ်ဖို့ ဆိုတာ ဆယ်ကျော်သက် အရွယ်တွေအတွက်တော့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။ တစ်ယောက်တည်း အမြင်အရ ပြောရရင်တော့ ... အချစ်က ... မေတ္တာတရား မပါရင် တော်တော် အန္တရာယ် များတဲ့ အရာတစ်ခုလို့ ထင်မိတာပါပဲဗျာ ... :)

သိင်္ဂါကျော် said...

အမှန်ပဲ မကျွမ်းကျင်တဲ့ ဘာသာရပ်ပါ..