September 5, 2011

မေ့အတွက် တေးတစ်ပုဒ်

တိမ်တွေလည်း ညိုနေပြီ မေ.......။

ကောင်းကင်မှာရှိတဲ့ အလှတရားတွေလည်း
တစ်စတစ်စ ပျက်ယွင်းစ ပြုနေပြီ မေ........။

ကမ္ဘာမြေထုကြီးလည်း ပူနွေးလာပြီးလို့ ပြောနေကြပြီ မေ.......။

၂၀၁၂ ရောက်လို့ ကမ္ဘာကြီး ပျက်ဆီးသွားမှာကို မောင် မကြောက်ပါဘူး မေ.......။

မေနဲ့ နှစ်ချီဝေးနေရတဲ့ ဝေဒနာကို မောင်ကြောက်နေမိပြီ မေ.......။

ဘယ်အရာတွေ ဘယ်လိုပဲ ရှိနေပါစေ မောင့်အနားမှာ မေရှိနေဖို့သာ လိုအပ်တာပါ။

မေ့ရဲ့ရင်ခုန်သံတိုင်းကို မောင် ကြားချင်တယ်။

မေ့ရဲ့ အိမ်မက်တွေထဲမှာလည်း မောင် ရှိနေချင်တယ်။

မေ့ရဲ့ ရင်ခွင်ထဲမှာလည်း မောင် မှေးစက်နားခိုချင်မိပြီ။

မောင် လောဘများကြီးသွားပြီးလား မေ.......။

လေးစားစွာဖြင့်
ရီနိုမာန်

3 comments:

မိုးခါး said...

အယ်
ဘရားသားက အဲလိုတောင် ဖစ်နေပီလား ..း)
ကိုရီနိုရင်ခုန်သံတွေ မေတယောက် ကြားနိုင်ပါစေ :D

noblemoe said...

အော် ရီနိုတစ်ယောက်ပျောက်နေတာဒါကြောင့်ကိုးးးးး
ဟုတ်နေတာ ဟုတ်နေတာ ဘာတဲ့ မေ ဆိုလို့  အမေ့တွက်ကဗျာတွေစာတွေလားလို့ လာဖတ်တာ ဟားဟားဟားး
တခြားစီဖြစ်နေတယ်
ဝါကျွတ်တော့မယ်ဆိုတော့လည်းအသံတွေကြားနေရပြီး
စားဖို့ ပြင်ထားမယ်ဝေ့ 

ယောင်းမလေးနဲ့မိတ်ဆက်ပေးအုံးလေ။တွေ့ ချင်တာပေါ့ ကြည့်ရတာ အူဝဲနဲ့တူတဲ့သူရှာတွေ့ ပြီပေါ့။:D

ကိုယ်ရောစိတ်ပါကျမ်းမာချမ်းသာပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

JulyDream said...

လောဘကတော့ မကြီးပါဘူး... Body Weight ကတော့ အတော်ကြီးနေပြီတဲ့...

(မေ ပြန်ပြောပြလို့ သိတာပါ...) .