July 5, 2011

ကြားကာလ

အောင်မြင်ခြင်း - ရှုံးနိမ့်ခြင်း

ဒီကြားမှာ ကျွန်တော် နေခဲ့ရဖူးတယ်။

အချစ် - အမုန်း

ဒီကြားထဲမှာ ကျွန်တော် ကျေနပ်ခဲ့ရဖူးတယ်

ပျော်ရွှင်ခြင်း - စိတ်ပျက်ခြင်း

ဒီကြားထဲမှာ ကျွန်တော်ဟာ ခဏခဏ...။

ရယ်မောခြင်း - ငိုယိုခြင်း

ဒီကြားမှာ ကျွန်တော်ဟာ မက်မက်မောမော နဲ့.........။

ပြိုင်ဆိုင်ခြင်း - သည်းခံခြင်း

ဒီကြားမှာ ပြိုင်ဆိုင်မှုတွေနဲ့ ကျွန်တော်ဟာ သည်းခံခဲ့ရတယ်။

အသက်ရှင်ခြင်း - သေဆုံးခြင်း

ဒီကြားမတိုင်မှီ ကျွန်တော်ဟာ ရှင်သန်ခဲ့ရဖူးတယ်။
အခုတော့ ဒီကြားမှာ ရပ်ပြီး သေဆုံးခြင်းကို ထိုင်စောင့်နေရပြီ။


လေးစားစွာဖြင့်
ရီနိုမာန်

4 comments:

noblemoe said...

ဟူးးးးးးးးးး ဘာတွေဖြစ်နေဒုန်းးးးးးးးးးးးးးးး
ရသစုံလင်တဲ့ဘဝကြံကြံခံနိုင်ဖို့ ကြိုးစားနေထိုင်သွားရမှာပါပဲနော်။
သေခြင်းတရားကတော့မစောင့်လည်းလာမှာပါပဲလေ။
နဖူးတွေ့ ဒူးတွေ့ တွေ့ တဲ့ခါပြာပြာသွားပြီးသတိ လက်လွတ် တွေဖြစ်တတ်လွန်းလို့ ရှေ့ လကနာရီပိုင်း ဆေးရုံတက်လိုက်မှ အတွေးတွေလည်း အများကြီးရ သွားတယ်။ အားကိုးစရာတို့ တွေမှာဘုရားတရားရှိ သေးတယ်ဆိုတဲ့သတိကလည်း တော်တော်အင်အားဖြစ်
်စေတယ် တကယ်လက်တွေ့ပါပဲ။


သာယာချမ်းမြေ့ပါစေရှင်း
မိုး

ps: FIGHTING!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

ဆောင်းနှင်းရွက် said...

ရပ်နေရင်း နဲ့ စောင့်ရင်
အသွားတုံးတဲ့ ဓားတစ်လက်
နဲ့ တူသွားလိမ့်မယ် ..

တကယ်လို့ စိတ်ညစ်နေရင်

မနက် စိတ်ညစ်ရင်
နေ့လည် ပျောက်အောင် လုပ် ၊
နေ့လည်း စိတ်ညစ်ရင်
ညနေ မှာ ပျောက်အောင်လုပ် ၊
ညနေ မှာ စိတ်ညစ်ရင်
((အချိန်ကိုက်ပဲ))
အရက်သောက် .. ဟီးဟီးး ..
နောက်တာ ..
အိပ်လို့ ပြောမလို့ပါ .. ;))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Han Kyi said...

အာ...ဖြည်းဖြည်းပေါ့...လုပ်စရာတွေ ဒီလောက်များတဲ့ကြားက အဲဒါကြီးကိုတော့ ထိုင်မစောင့်စမ်းပါနဲ့...လုပ်ရင်းကိုင်ရင်း စောင့်ကြတာပေါ့...

ဇွန်မိုးစက် said...

အတွေးနဲ့အရေးလေး သဘောကျမိတယ် ရီနို။

အဲ့ဒီကြားကာလလေးကိုပဲ တန်ဖိုးထားပြီး ကုသိုလ်တရားတွေနဲ့ ရှင်သန်နေထိုင်သွားရင် လူဖြစ်ရကျိုးနပ်ပြီပေါ့ကွယ်။