December 25, 2010

American Idol 2011 season

နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလထဲရောက်ပြီးဆိုရင်ဖြင့် နောက်နှစ် နှစ်သစ်မှာ ပြုလုပ်ကျင်းပမဲ့ အစီအစဉ်လေး တစ်ခုကတော့ စိတ်ထဲ အလိုလိုရောက်လို့ လာနေခဲ့ပါပြီ။ တစ်ခါတစ်ခါကြည့်ရဖို့ ၆လလောက်စောင့်လိုက်ရသလို။ စလယ်ဆုံး ပြီးအာင်ကြည့်ဖို့လည်း ၆လလောက်အချိန်ပေးရ ပြန်ပါတယ်။ ဒီနှစ်မှာတော့ အရင်နှစ်တွေကအတိုင်းပဲ ဒိုင်လူကြီးတွေကတော့ သုံးယောက်ပြန်ဖြစ်လို့ သွားပြန်ပါပြီ။ ၂၀၀၉ နဲ့ ၂၀၁၀မှာတော့ ဒိုင်လူကြီးတွေ လေးယောက်နဲ့ ပွဲစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ခု ၂၀၁၁မှာတော့ ဒိုင်လူကြီး သုံးယောက်ပြန်ဖြစ်သွားသလို၊ ဒိုင်များလည်း လူအပြောင်းအလဲလေး ဖြစ်နေတာကို သတိထားလိုက်မိပြန်ပါတယ်။

ဒီပွဲစဉ်ကို စကြည့်ဖြစ်တုန်းကတော့ ဒိုင်တွေအဖြစ်နဲ့ Randy ရယ်၊ Paula ရယ်၊ Simon ပဲရှိခဲ့ရာမှ ၂၀၀၉မှာတော့ Kara တစ်ယောက် ထပ်တိုးလို့ လေးယောက်ဖြစ်သွားခဲ့ပါတယ်။ ၂၀၀၉ အကုန်မှာတော့ Paula ကဒိုင်အဖြစ်မှ နှုတ်ထွက်သွားခဲ့ပါတယ်။ သူမနှုတ်ထွတ်သွားပြီးတဲ့နောက်ပိုင်း သူမနေရာမှာ Victoria Beckham, Mary J. Blige, Kristin Chenoweth, Neil Patrick Harris, Joe Jonas, Avril Lavigne, Katy Perry and Shania Twain တို့က အလှည့်ကျ Auditions မှာ ပါဝင်ခဲ့ကျပါတယ်။ နောက်ဆုံး Top 24 အရောက်မှာတော့ သူမရဲ့နေရာမှာ Ellen DeGeneres က၂နှစ်စာချုပ်နဲ့ ဒိုင်အဖြစ်ပါဝင်ခဲ့ပါတယ်။

ပွဲစဉ်ရဲ့နောက်ဆုံး Final အရောက်မှာတော့ Simon လည်း အားလုံးကို နှုတ်ဆက်သွားခဲ့ပြန်ပါတယ်။ american idol 2011 season မှာတော့ ဒိုင်များအဖြစ် ရွေးချယ်လိုက်ကြတာကတော့ Steven Tyler, Jennifer Lopezနှင့် Randy Jackson တို့ပဲ ဖြစ်ကြပါတယ်။ Ryan ကတော့ Host အဖြစ်ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

Paula ကတော့ ယခုနှစ် ပြုလုပ်မဲ့ Live to Dance အစီအစဉ်မှာ ဒိုင်အဖြစ်ပါဝင်မှာ ဖြစ်ပြီး၊ Simon ကတော့ X Factor မှာပဲ ဒိုင်အဖြစ်ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ Kara ကတော့ စာချုပ်သက်တမ်း ပြည့်သွားတဲ့အတွက် နှုတ်ထွက်လိုက်ခြင်း ဖြစ်ပါတယ်။ Simon ရဲ့နေရာမှာ Steven Tyler က အစားထိုးဝင်ရောက်ပြီး၊ Paula ရဲ့နေရာမှာတော့ J Lo က ဆောင်ရွက်မှာ ဖြစ်ပါတယ်။


ဒါကတော့ American Idol 2011 season ရဲ့ ဒိုင်လူကြီးတွေပဲ ဖြစ်ပါတယ်။
teven Tyler, Jennifer Lopez, Randy Jackson နှင့်
Ryan ( Host)
American Idol 2011 season ကို ၂၀၁၁ ဇန်နဝါရီလ ၁၉ရက်နောက်ပိုင်း ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။



လေးစားစွာဖြင့်
ရီနိုမာန်

6 comments:

Anonymous said...

တူတူပဲ စောင့်မျှော်နေပါတယ်

Maung Myo said...

ထူးထူးခြားခြား တင်ဆက်တဲ့အခါကျရင်လည်း လင့်လေး ဝေမျှပါအုံး ကျနော်လည်း တူတူစောင့်ကြည့်နေမှာမို့ ကျေးဇူးး ။ ဒိုင်တွေ အားလုံးထဲမှာ Simon ကိုအကြိုက်ဆုံးပဲ ။

ဇွန်မိုးစက် said...

ဆိုင်မွန်မပါတော့ ကြည့်ရမှာ သိပ်တောင်အားမရှိဘူး။ ပေါ်လာ၊ ဆိုင်မွန်နဲ့ ရန်ဒီ သုံးယောက်ကို အကြိုက်ဆုံးပဲ။

rose said...

ဒီနိုင်ငံမှာလည်း အမေရိကန်အိုင်ဒိုးလ်ကို အတုခိုးပြီး လုပ်တဲ့ အိုင်ဒိုးလ် ရှိတယ်။ ရို့စ်တော့ သိပ်မကြည့်ဖြစ်ဘူး။ စာလာဖတ်သွားပါတယ် ကိုရီနိုမာန်။

Unknown said...

ဟုတ်တယ် ဆိုင်မွန်မပါတော့ ကြည့်ရတာတောင် သိပ် အားရမှာမဟုတ်ဘူး ဆိုင်မွန်က ပြောတာ အကဲဖြတ်တာ ခပ်တည်တည်ပဲ ပြတ်ပြတ်ပြောတယ်. ရန်ဒီကိုလဲ ကြိုက်တယ်. အရင် ဒိုင်အဖွဲ့ဟောင်းသုံးယောက်ကိုပဲ မျက်စိထဲမြင်နေရော

သုခုမလေဒီ said...

အမလေး..ဘာများလဲလို့.. ဘောလုံးပွဲံမျှော်တော်ယောင်ပါလား..:P

Happy New Year!
နှစ်သစ်မှာပျော်ရွှင်ပါစေ ရီနိုရေ..