February 15, 2010

ရီနိုမာန်နှင့် အင်တာဗျူးခြင်း (၇)

ဒီတစ်ခေါက်တော့ ကျွန်တော်ရဲ့ ညီလေး တစ်ယောက်ဖြစ်တဲ့ လူအများက သူ့ကို ရာတမေလို့ ခေါ်တဲ့ ညီလေး ရေတမာပဲ ဖြစ်ပါတယ်။ သူလည်း သူ့ အလုပ်နဲ့သူ ရှုပ်နေလို့ လူကိုယ်တိုင်တွေ့ကြဖို့ အဆင်မပြေတာကြောင့် မေးလ်ပို့ပြီး အင်တာဗျူးလိုက်ရခြင်း ဖြစ်ပါတယ်။

မေး ။ ။ ကြိုက်ဆုံး အရောင်
ဖြေ ။ ။ အဖြူ

မေး ။ ။ အကြိုက်ဆုံး မြန်မာ အစားအစာ
ဖြေ ။ ။ မှို နှင့် ဇီးဖြူသီး

မေး ။ ။ အကြိုက်ဆုံးရေမွှေး
ဖြေ ။ ။ Giorgio Armani

မေး ။ ။အကြိုက်ဆုံး ဖက်ရှင်ပစ္စည်း
ဖြေ ။ ။ မရှိ

မေး ။ ။ အကြိုက်ဆုံး ဖိနပ်
ဖြေ ။ ။ ဖိနပ်မကြိုက်ပါ။

မေး ။ ။ အကြိုက်ဆုံး အဝတ်အစားဒီးဇိုင်း
ဖြေ ။ ။ မသိ

မေး ။ ။ ဘလောဂ့်စတင်ခြင်းနှစ်
ဖြေ ။ ။ 2008

မေး ။ ။ဘလောဂ့်ရေးဖြစ်သွားတဲ့ အကြောင်းအရင်း
ဖြေ ။ ။ မယ်မယ်ရရ မရှိပါဘူး

မေး ။ ။ ကိုယ်ပိုင် ဝါသနာ
ဖြေ ။ ။ ရေရေရာရာ မသိပါဘူး

မေး ။ ။ ခရီးသွားရင် အမြဲယူသွားဖြစ်တဲ့ပစ္စည်း
ဖြေ ။ ။ သွားတိုက်ဆေး၊ သွားတိုက်တံ

မေး ။ ။ စိတ်ကူးထဲက ချစ်သူကောင်မလေးပုံစံ
ဖြေ ။ ။ ချစ်စရာကောင်းသော

မေး ။ ။ အမြဲတမ်း လက်ကိုင်ထားတဲ့ ဆောင်ပုဒ်
ဖြေ ။ ။ ပေါက်ပေါက်ရှာရှာ ဘာမှ ကိုင်မထားရပါဘူး

လေးစားစွာဖြင့်
ရီနိုမာန်

12 comments:

noblemoe said...

ရေတမာ ချစ်စရာကောင်းတဲ့ ကောင်မလေးနဲ့ အမြန်
တွေ့ နိုင်ပါစေ။
သာယာချမ်းမြေ့ပါစေနော်
မိုး

နေ၀သန် said...

ရာတမေ... ကြံကြံဖန်ဖန် ဇီးဖြူသီးမှ ကြိုက်သလား... ဟီးဟီး.. (ဒါနဲ့ ဇီးဖြူသီးက မြန်မာအစားအစာလား... မသိလို့မေးတာနော်...း)) ) ဖိနပ်... မကြိုက်ဘူး.. ဟုတ်စ... ဒါဆို ဖိနပ်မစီးနဲ့ ခြေတုံးလုံးကြွ.... ဟီးဟီး

လိုင် said...

အင်တာဗျူးလာဖတ်သွားပါတယ်

စံလင်းထွန်း said...

ရောက်တယ် ကိုရီနိုမာန်ရေ ...။

စာတွေလည်းဖတ်ဖွသွားပါတယ်။

Anonymous said...

တော်သေးတာပေါ့ ရာတမေရာ ဘာမှမကိုင်ထားလို့ ငါထင်တာ တော့ ငါထင်တာပါပဲ

ပိုးဟပ်လေး said...

ရာတမေက ခရီးသွားရင် အမြဲယူသွားတဲ့ ပစ္စည်းက
သွားတိုက်ဆေး နဲ့ သွားပွတ်တံ ဆိုတော့ အဲဒါတွေ
ထည့်ဖို့ လွယ်အိတ်တော့ ထားခဲ့မယ် မထင်ဘူး

Anonymous said...

ဟိဟိဟိ
ဖတ်ရင်း ပြုံးသွားသည်။

မိုးခါး said...

ဖိနပ်မကြိုက်တော့ ဘာပြောင်းကြိုက်တုန်း :P

ရေတမာ said...

အမ် လူချင်းမတွေ့ဘူးဟုတ်စ။ လူနောက်

ပန်ပန် မသိဘူးလေ မဟုတ်ဘူးလား။ မကြိုက်ဘူးဆို ဟိုလိုပြောတာကွ

ကိုဗညားက ကိုင်ထားပုံရတယ်းP

ပိုးဟပ်လေး ဒီပစ္စည်းက အိတ်ထဲမှ မဟုတ်ပါဘူး ဘယ်ထဲမဆို အလွယ်တကူ ထည့်လို့ရပါတယ်ကွ

မိုးခါး ဂါးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Mogok Thar said...

ညီလေးရီနီု...

အကိုကမှ ညိလေးအင်တာဗျူးဖြေတာ တိုပြတ်ပြတ်လို့ ကိုယ့်ဘာသာ ထင်နေတာ..
ခုတော့ ညီလေးးး ရာတမေ က ပို ပြတ်နေပါရော့လားး

ကောင်းပါတယ်
ကောင်းပါတယ်

ဗျူးထားတာအများကြီး.. အပျင်းတစ်ပီး ဇီမ်ဆွဲတင်မနေနဲ့.. မြန်မြန်တင်...

ကိုလူထွေး said...

ဒီ့ထက်စိတ်ဝင်စားကောင်းမယ့် မေးခွန်းတွေ ရှာမေးစေချင်သေးတယ်...

းဝ)

Angel Shaper said...

အကိုရေ....
အဝတ်အစားမပါ၊ ဖိနပ်မပါနဲ့ ဘာပစ္စည်းမှမပါ...အဲလေ..........
ဘာဖက်ရှက်ပစ္စည်းမှ မသိတဲ့ ပေါက်ပေါက်ရှာရှာကောင်ကိုမှ အင်တာဗျူးရတယ်လို့ဗျာ။
ဘာမှ ပေါက်ပေါက်ရှာရှာ ကိုင်မထားတဲ့ ဒီရာတမေဆိုတဲ့ ကောင်ရဲ့ စိတ်ကူးထဲကချစ်သူပုံစံလေးက ချစ်စရာကောင်းတယ်ဆိုလို့ သမီးမှာ အံ့တွေကို သြလို့ပေါ့။ ဟဟားးးးးးးးးး