February 3, 2010

အမေ ကျန်းမာပါစေ

ဒီနေ့ အမေနဲ့ ဖုန်းပြောတယ်။
ရင်ထဲမှာ မကောင်းလိုက်တာ
အမေ ခံစားနေရတဲ့ ဝေဒနာကို
မသိစေချင်ဘူးတဲ့။

စိတ်ထဲ ဘာမှမထားပါနဲ့ သားရယ်
ငါ့သားလေးရဲ့ ကျန်းမာရေးသာ
ဂရုစိုက်ပါတဲ့။

ဖုန်းပြောနေရင်းနဲ့ ငိုချင်လာတယ်။
ပြောပါ အမေရယ်လို့မေးတော့
ငါ့သားလေး အတွက်
အမေ အသက်ဆက်ရှင်နေအုံးမှာပါတဲ့။

ဝေဒနာတွေ ခံစားနေရပေမယ့်
သားနဲ့ ဖုန်းပြောတိုင်း အပြုံးမပျက်
ရယ်မောနေတဲ့ အမေရဲ့ မျက်နှာကို
မြင်ယောင်ရင်း မျက်ရည်တွေနဲ့
သား ဆုတောင်းနေမိတယ်... အမေ။

အမေ ကျန်းမာပါစေ......
အမေ ကျန်းမာပါစေ......
အမေ ကျန်းမာပါစေ...... အမေရယ်။


လေးစားစွာဖြင့်
ရီနိုမာန်

21 comments:

Sein Lyan Tun said...

သားချစ်တဲ့ အမေတိုင်း

ကျမ်းမာချမ်းသာပါစေ။

သယ်ရင်းအမေလဲ သယ်ရင်းပို့တဲ့မေတ္တာအဟုန်နဲ့ ကျန်းမာပျော်ရွင်နေမှာပါ

ကောင်းကင်ပြာ said...

အမေ ကျန်းမာပါစေ....

Anonymous said...

အမေဆိုတဲ့ အသံကြားရင် ရင်ထဲမှာ ဘာနဲ့မှမတူအောင် ခံစားရပါတယ်။ အမေကျန်းမာပါစေလို့ ရင်ထဲကလှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးမိပါတယ်ဗျာ

လင်းကြယ်ဖြူ said...

တကယ် ကို ကိုယ်ချင်းစာ နားလည်မိပါတယ်ခင်ဗျာ

ကို ရီနို တို့ တစ်မိသားစုလုံး ကျန်းမာပျော်ရွှင်ပါစေ
လေးစားစွာ
*.*.*

တောင်ပေါ်သား said...

အမေ အမြန်ဆုံး သက်သာ ကျန်းမာပါစေဗျာ
ကျနော့်အမေလဲ ကျနော့်ကို သတိရနေတယ်တဲ့း(

ဟူးးးးးးး


လေးစားလျက်
တောင်ပေါ်သား

ဇွန်မိုးစက် said...

မောင်လေးရီနို အမေနဲ့မိသားစုဝင်အားလုံး ကျန်းမာပါစေ။

Unknown said...

ကိုကြီးရီနို၏ မိသားစုဝင်တွေ အားလုံးကျန်းမာချမ်းသာ ပါစေရှန်... ဟီးဟီး...

~ဏီလင်းညို~ said...

ကိုရီနိုရေ...
ကဗျာလေးကိုဖတ်ရင်း..ကိုရီနို့မေမေနေကောင်းကျန်းမာပါစေလို့ ဆုတောင်းပေးသွားပါတယ်ဗျာ....။
ခင်မင်တဲ့
ဏီလင်းညို

naychi said...

ကိုရီနို့ အမေ လူကျန်းမာ၊ စိတ်ချမ်းသာပါစေ

မဆုမွန် said...

မောင်ငယ်လေး အမေ ကျမ်းမာပါစေနော် ကမ္ဘာပေါ်မှာရှိတဲ့ သားသမီးတွေ အကုန် မိဘနဲ့ ဝေးနေရတဲ့ဘ၀က ကင်းပါစေ..ဝေးနေလည်း အပြေးပြန်နိုင်တဲ့အချိန်တွေ နီးပါစေ

နေ၀သန် said...

အစ်ကိုနဲ့ အစ်ကို့အမေ ကျန်းမာချမ်းသာစွာ အတူအကွ နေထိုင်နိုင်ပါစေဗျာ.....

ခင်မင်တဲ့
ဂျပန်ကောင်လေး

Mogok Thar said...

ချစ်ညီလေး ရီနို့ မေမေ

နေကောင်းကျန်းမာစေဖို့

ဆုတောင်းမေတ္တာ ပို့ပေးပါတယ်ဗျာ...

ညီလေးမေမေလဲ ကျန်းမာ..

ညီလေးလည်း ဘဝရည်မှန်းချက်တွေ ပြည့်ဝအောင်မြင်ပီး.....

မိသားစုတွေ ပျော်ရွှင်စွာ ဆုံစည်းနိုင်ဖို့...
လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးသွားပါတယ်။

ချစ်ခင်လျက်

Dream said...

ပို့သတဲ့မေတ္တာကို ရရှိမှာပါ။
အမြန်ဆုံး ကျန်းမာလာစေဖို့ ၀ိုင်းဆုတောင်းပေးကြတာပေါ့...

စိတ်မပူပါနဲ့ ကိုရီနိုရေ.... အမေအမြန်ဆုံး သက်သာမှာပါ။

ပိုးဟပ်လေး said...

ကိုရီနိုရေ ကျွန်တော်လည်း
အားလုံးနည်းတူ ဆုတောင်းပေးလိုက်ပါတာဗျာ
အစ်ကို့ မေမေ ကျန်းမာပါစေ

sweetpeony said...

ကိုရီနို အမေအတွက် ကိုရီနိုနဲ့ ထပ်တူ ဆုတောင်းသွားပါတယ်...

Eaindra said...

မမ မှာလည်း အမေတစ်ယောက်ပဲရှိတော့တာ..

အမေ လို့ တိုးတိုးလေးရွတ်မိလိုက်တာနဲ့ကို
မျက်ရည်က အလိုလိုဝဲတက်လာတယ်..

အမေတွေ ကျန်းမာကြပါစေ

ဆောင်းနှင်းရွက် said...

ကိုရီနီု့ အမေ ကျန်းမာ နေထိုင် နိုင်ပါစေ ..
ညီမ လည်း
အိမ်က အမေ နဲ့ အဖေကို
ကျန်းမာပါရဲ့ လား ဆိုပြီး
အမြဲ တွေးပူးနေ မိတယ် ..

ပိုင်ဖြိုးကို said...

အကို့ အမေအမြန်ဆုံးပြန်ကျန်းမာပါစေဗျာ ......

သူကြီးမင်း (တုံးဖလား) said...

ရီနို့အမေ.. ကျန်းမာရေးကောင်းမွန်လာပါစေ။
ကိုယ်စိတ်နှစ်ခုလုံး လန်းဆန်းနိုင်ပါစေ။
မိသားစုအားလုံး ပျော်ရွှင်ကြည်နူးကြပါစေ။

မြရေလျဉ် said...

ကိုရီနို
ဝမ်းမနည်းပါနဲ့
ကိုရီနိုတို့ အမေ အမြန်ဆုံးကျန်းမာလာဖို့ မြလဲ ဆုတောင်းပေးလိုက်တယ်နော်

ကြည်ဖြူပိုင် said...

ရီနို့အမေ အမြန်ဆုံးကျန်းမာပါစေ
နေကောင်းပျော်ရွှင်ပြီး
သူချစ်သောရီနိုနဲ့ အမြန်ဆုံး
ပြန်လည်ဆုံဆည်းပါစေလို့
လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါတယ်နော်