February 12, 2010

ဒီနေ့ ဘာနေ့လဲ (12/2)၊ မနက်ဖြန် ဘာနေ့လဲ(13/2)

ဒီနေ့ဘာနေ့လဲ။ ကျွန်တော် သူငယ်ချင်းက မေးလာတော့ သောကြာနေ့လေကွာ။ ကျွန်တော် အဖြေကို နားထောင်ပြီး နှာခေါင်းရှုံ့သွားတဲ့ သူငယ်ချင်းကို သေချာကြည့်ပြီး ... ငါသိပါတယ်ကွာ မင်းကလည်း.. ဘာလဲ မင်းက ငါကို နိုင်ငံခြားမှာပဲ နေတာများလို့ မေ့သွားပြီလို့ မင်းက ထင်နေတာလား... မင်း မသိရင် သေသေချာချာမှတ်ထား ဒီနေ့ ပြည်ထောင်စုနေ့....
... ဒီနေ့ဆိုတာ ရှိခဲ့လို့ လဲ ငါတို့ရဲ့ မြန်မာပြည်မြေပုံကြီးက လှပနေတာပေါ့ကွ..... ကျွန်တော်ပြောလိုက်တဲ့ သဘောကို နားမလည်သလိုဖြစ်သွာတဲ့ သူငယ်ချင်းက ....ဘာဆိုင်လို့လဲကွ မင်းဟာကလဲ..
..ရော ခက်ပါရောလား။ တောင်ပေါ်နဲ့မြေပြန့် စည်းလုံးကြောင်း ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့လို့... ကျွန်တော် စကားမဆုံးခင်မှာပဲ .... ဪ ငါသိပါတယ် မင်း ဆရာ မလုပ်စမ်းပါနဲ့။ ....
သူငယ်ချင်းရဲ့ မျက်နှာကိုကြည့်လိုက်တော့ သူမျက်နှာမှာ တစ်ခုခုကို ပြောချင်နေတဲ့ အရိပ်ကို သတိထားမိလို့ .... မင်းက ဘာများ စဉ်းဒစာနေရတာလဲ .. လို့ စကားလမ်းကြောင်း ပေးလိုက်တော့.
... ငါစဉ်းစားနေတာ ဒီနေ့ ဆိုတာကြီးကို ရှေ့ခေတ်တုန်းက သက္ကရာဇ်တွေ ဖြိုသလိုမျိုး ဖျက်လိုက်ရင် ဒုက္ခလို့ စဉ်းစားမိလို့ပါ....

မင်းကလဲ မဖြစ်နိုင်တာကွာ. ဒါ မြန်မာ သမိုင်းပဲ .. လုပ်ချင်တိုင်း လုပ်လို့ ရပါမလားကွ..... ကျွန်တော်အပြောကို အဓိပ္ပါယ်တွေ ပါတဲ့ အပြုံးနဲ့ ပြုံးပြီး ကျွန်တော်ကို ပြန်ပြောလိုက်တာကတော့.....

..ဒီမှာ သူငယ်ချင်း .. လောကမှာ မဖြစ်နိုင်ဘူးဆိုတာ ... မရှိဘူး မဖြစ်သေးတာပဲ ရှိတယ်... တဲ့။

....ကဲကဲ ပြောနေရင်းနဲ့ ဟိုရောက်ဒီရောက်ဖြစ်ကုန်တော့မယ်.. ခုနက မင်းက ငါ့ကိုမေးတယ်.. ခုငါက မင်းကိုမေးမယ်... မင်းက မေးတယ် ဒီနေ့ ဘာနေ့လဲတဲ့... ငါက မင်ကိုမေးမယ် မနက်ဖြန် ဘာနေ့လဲ... ပြော....

...... မင်းက ငါ့ကို ပညာစမ်းတာပေါ့လေ။ မင်း မသိသေးရင်လည်းမြဲမြဲ မှတ်ထား... မနက်ဖြန်ဆိုတာ မြန်မာ သမိုင်းမှာ ထင်ထင်ရှားရှား မရှိခဲ့ပေမယ့် ငါတို့ ငါတို့ ရဲ့ ရင်ထဲမှာ .... သမိုင်းတစ်ခုလို ရှိနေတုန်း။ ... သူသာရှိခဲ့အုံး မယ်ဆိုရင် ငါတို့တွေ ခုလိုမျိုး နိုင်ငံခြားထွက်ပြီး သူများခိုင်းတာကို လုပ်နေစရာတောင် လိုမှာမဟုတ်ဘူး... ဘာပဲ ဖြစ်ဖြစ်ပါ... လူသာသေတယ် နာမည်မသေတဲ့ ငါတို့ရဲ့ အဖိုးလို့ ခေါ်နိုင်တဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့မွေးနေ့ကွ... မှတ်ထား။

လေးစားစွာဖြင့်
ရီနိုမာန်

8 comments:

ဇွန်မိုးစက် said...

ကြိုက်တယ်ကွာ...ဒီပို့စ်ကိုး)

တောင်ပေါ်သား said...

ဒီနေ့ မနက်ဖြန် ဘ၀တွေ အတွက် အသက်တွေ ပေးသွားခဲ့တဲ့လူတွေ အများကြီးပဲ ဒါပေမဲ့ တချို့တွေရဲ့ ရင်ထဲမှာ ဒါတွေကော သိနိုင်ကြပါ့မလား စဉ်းစားမိတိုင်း ရင်လေးတယ်


လေးစားလျက်
တောင်ပေါ်သား

သူကြီးမင်း (တုံးဖလား) said...

ဒါတွေက လုံးဝ မမေ့သင့်တဲ့အရာတွေဘဲလေ။
တွေးမိတိုင်း... တွေးမိတိုင်း.. ဘာလိုလို ညာလိုလို ခံစားရတယ်။

Unknown said...

ဟုတ်တယ်အစ်ကိုရေ..
လွတ်လပ်ရေးရဲ့ အသီးအပွင့်ကို ခံစားနေရတဲ့ မြန်မာတိုင်းမမေ့သင့်တဲ့နေ့ပါပဲဗျာ..

အိုက်ခီလောက် said...

ကိုရီနိုရေ
လုံးဝကို ကောင်းတဲ့စကားတွေပါ
သမိုင်းမှာမရှိခဲ့ပေ့မယ့်လူတိုင်းရင်မှာ အမြဲအမှတ်ရနေမယ့်
မွေးနေ့ နေထူးနေ့ မြတ်ကြီးပါပဲ
သာမန် လူငယ်လေးဘဝ ကနေ တိုင်းပြည်ခေါင်းဆောင်ဖြစ်အောင် ကြိုးပမ်းသွားတဲ့ ဗိုလ်ချုပ် ရဲ့ တိုင်းပြည်ချစ်စိတ် အမျိုးချစ်စိတ်ကို လေးစားမိတယ် ဗျ

လင်းကြယ်ဖြူ said...

ဖေဖေါ်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား....
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား.........

လေးစားလျှက်ပါ...
ပျော်ပါစေ
*.*.*

ကိုလူထွေး said...

လူသာသေတယ် နာမည်မသေဘူး.. ဆိုတဲ့ စကားက ဒီနေရာမှာ တကယ်ပဲ လေးနက်မှုရှိတယ် ညီရေ...

တချို့ကတော့ လူမသေခင် နာမည်တွေ ပိုးစိုးပက်စက် သေနေကြပေါ့...

သုခုမလေဒီ said...

မမေ့အပ်တဲ့ နေ့ထူးနေ့မြတ်တွေပါ ရီနိုရေ။
ပိုစ့်လေး တိုပေမယ့် လေးနက်ပါတယ်။