April 4, 2011

( ၂ ) နှစ်ပြည့် သွားတဲ့ ရီနိုမာန်

ဘာလိုလိုနဲ့ ( ၂ )နှစ်ဆိုတဲ့ အချိန်ဟာ ကုန်မြန်လွန်းလိုက်တာလို့ တွေးလိုက်မိပါတော့တယ်။ မနှစ်က ဒီလိုအချိန်မှာပဲ အကိုတွေ အမတွေဆီက အကူအညီတောင်းခဲ့ပင်မဲ့ ဒီနှစ်တော့ ကျနော်တစ်ယောက်တည်း တိတ်တဆိတ်ဖြတ်သန်းမယ်လို့ စိတ်ကူးထားခဲ့ပါတယ်။ ၂ နှစ်ဆိုတဲ့ ကာလလေးအတွင်းမှာလည်း မိတ်သစ်ဆွေသစ်များ တိုးပွားခဲ့ရသလို မိတ်ဟောင်းဆွေဟောင်းများအဖြစ်နဲ့လည်း ခင်မင်ရင်းနှီးခွင့်တွေ ရခဲ့ရပါတယ်။ လူ တစ်ယောက်နဲ့တစ်ယောက် အနီးကပ်ပေါင်းကြည့်မှပဲ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိခဲ့ ခင်ခဲ့ မင်ခဲ့ကြရသလို မတူညီတဲ့ ဗီဇလေးတွေကိုလည်း တွေ့မြင်ခံစားလိုက်ရပြန်ပါတယ်။ ဒါလည်း လောက ကပေးတဲ့ အတွေ့အကြုံပေပဲ မဟုတ်လား။

ဒီနေ့ ဒီအချိန်ဟာ ရီနိုမာန် ဆိုတဲ့ ကျနော့်ရဲ့ ဘလောဂ့်(၂)နှစ်ပြည့်တဲ့ နေ့လေးပဲ ဖြစ်ပါတယ်။ ရီနိုမာန်ဆိုတဲ့ နာမည်ဟာ ကျနော်အတွက် ကံကောင်းစေတဲ့ အမည်နာမတစ်ခုပါပဲ။ သူ့ကြောင့် ကျနော် လူတော်တော်များများနဲ့ ခင်မင်ခွင့်ရခဲ့လိုပါပဲ။ ကျနော်ကို ဘယ်သူမှ မသိကြဘူး။ ရီနိုမာန်ဆို လူတိုင်းမဟုတ်တောင် တစ်ချို့သော သူများသိကြတယ်။ ကျနော်က အပေါင်းအသင်း နည်းတယ်။ ရီနိမာန်က သူငယ်ချင်း အပေါင်းအသင်း မောင်နှမ သိပ်ကိုများပါတယ်။ ကျနော်က စာဖတ်ချင်တယ်။ ရီနိုမာန်က စာရေးချင်တယ်။ ကျနော်က တိတ်တိတ်ဆိတ်ဆိတ်နေချင်းတယ်။ ရီနိုမာန်က စိတ်လိုလက်ရ စကားတွေပြောပြီး လုပ်ချင်တာကို လုပ်နေတက်တယ်။ ဒါက ကျနော်နဲ့ ရီနိုမာန်နဲ့ မတူညီတဲ့ အချက်တွေပါ။ နောက်တစ်ခုရှိသေးတယ်။ ကျနော်က တွေ့တဲ့ လူတိုင်းကို မခင်တက်ပင်မဲ့ ရီနိုမာန်ကတော့ တွေ့တဲ့လူတိုင်းကို ခင်တက်မင်တက်တယ်။ ကျနော်နဲ့ရီနိုမာန် တစ်သားတည်းဖြစ်အောင် ကျနော်ကြိုးစားကြည့်ပါတယ်။ တစ်ချို့သာ ထပ်တူကျခဲ့ပင်မဲ့ တစ်ချိုကတော့ ညှိ့လို့ မရခဲ့ပါဘူး။

ကျနော်တစ်ခါက ရီနိုမာန်ကို စာမရေးဖို့ တောင်းဆိုခဲ့ဖူးတယ်။ မင်းစာမရေးပါနဲ့တော့ကွာ။ မင်းရေးတဲ့ စာတွေကိုလည်း ဘယ်သူမှစိတ်ဝင်စားတာလည်း မဟုတ်ပဲနဲ့။ မင်းအတွက် အချိန်ကုန်တာပဲ အဖက်တင်မှာပေါ့လို့ ကျနော်ကပြောတော့ ရီနိုမာန်က ကျနော်ကိုပြန်ပြောပါတယ်။ မင်းကို စာမဖတ်ပါနဲ့လို့ ပြောခဲ့ရင် မင်းဘာလုပ်မလဲ။ မင်းဆက်ဖတ်မှာပဲ မဟုတ်လား။ မင်းစာဖတ်တာ ဘယ်သူ့ကိုမှ ထိခိုက်တာမှမဟုတ်တာပဲလို့ မင်းတွေးနေမှာ မလား တဲ့။ အေး ... ငါလည်း ဒီလိုပဲပေါ့။ ငါစာရေးတာ ငါ ဝါသနာပါလို့ ငါရေးတယ်။ ဘယ်သူ့ကိုမှ မနှောက်ယှက်ဘူး။ ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့လည်း ငါ ဘယ်သူအပေါ်မှ မဆက်ဆံ့ဘူး။ ငါ့ဟာငါ အေးအေးဆေးဆေးပဲ စာရေးနေတာပါကွာ ..... တဲ့။

ရီနိုမာန်နဲ့ ကျနော် မတူညီတာတွေ ရှိသလို တူညီတာတွေလည်း ရှိလို့နေပြန်ပါတယ်။ ရီနိုမာန်နဲ့ကျနော်က အနုပညာ ဝါသနာတူကြတယ်။ ကျနော်က ကတာခုန်တာ ဝါသနာပါသလို၊ ရီနိုမာန်က စာရေးတယ် သီချင်းနားထောင်တယ်။ တစ်ဖက်သားကို အကောင်းမြင်တာခြင်း တူတယ်။ ပွင့်ပွင့်လင်းလင်း မပြောပင်မဲ့ တစ်ဖက်သား နှစ်နာမဲ့စကားမျိုး မပြောကြဘူး။ ကျနော်က လူတွေအများကြီးနဲ့ ဆက်ဆံ့ဖူးတော့ လူတွေအကြောင်းသိတယ်။ ရီနိုမာန်က လူတွေနဲ့ဆက်ဆံ့ဖူးတာ ခုမှ တစ်နှစ် နှနှစ် ရှိသေးတာဆိုတော့ တစ်ခါတစ်ခါ ကျနော်ရဲ့ အကူအညီတွေယူရတယ်။ တစ်ခါတစ်လေလည်း ရီနိုမာန်ဆီက အတွေ့အကြုံတွေကို ကျနော်က ပြန်လေ့လာရတာလည်း ရှိပါတယ်။ အဲဒီလိုအချိန်ကျရင်တော့ ရီနိုမာန်နဲ့ကျနော်က နားလည်မှုတွေနဲ့ အဆင်ပြေအောင် ပေါင်းသင်းနိုင်ခဲ့ပါတယ်.

ကျနော်အတွက် ရီနိုမာန်လိုအပ်သလို ရီနိုမာန် အတွက်လည်း ကျနော်ရှိနေဖို့ လိုအပ်နေအုံးမှာပါ။

ဒီနေ့ ရီနိုမာန် ဘလောဂ့် ( ၂ )နှစ်ပြည့်လို့သွားခဲ့ပါပြီ။ ကျနော်ကပဲ ရီနိုမာန်အတွက် ဆုတောင်းပေးချင် မိတာကတော့ ( ၂ ) နှစ်ဆိုတဲ့ အချိန်အတွင်းမှာလဲ သူရေးချင်တာတွေ ရေးခဲ့တယ်။ နောက်ထပ်နှစ်တွေ နှစ်တွေမှာလဲ ဆက်လက်ပြီးတော့ ရေးချင်တာတွေ ရေးနိုင်ပါစေလို့ ဆုတောင်းပေးရင်း...........


လေးစားစွာဖြင့်
ရီနိုမာန်

13 comments:

khin oo may said...

နောက်ထပ်နစ်တွေမှာလဲ ဆက်လက်ပြီးတော့ ရေးချင်တာတွေ ရေးနိုင်ပါစေလို့ဆုတောင်းပေးရင်း........... အမြဲပျော်ရွင်နိုင်ပါစေ။

Ree Noe Mann said...

ကျေးဇူးပါ အမရေ

Mon Petit Avatar said...

Happy Blogging and many returns of this day!

ဆောင်းနှင်းရွက် said...

၂ နှစ်မှသည်
နှစ်ပေါင်း ၂၀ မက
တည်စေသော်ဝ် ..
အချိန်တွေရယ်
နောက်ပြန်လှည့်ကြည့်တော့
အားလုံး မနေ့တစ်နေ့က
ဖြစ်သွားခဲ့သလိုပဲနော်..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Angelhlaing(May everybody be happy and healthy! said...

နှစ်ပေါင်းများစွာ အဓွန့်ရှည်ပါစေ လို့ဆန္ဒပြုရင်း
ကောင်းသောနေ့လေးဖြစ်ပါစေ။

ahphyulay said...

အင်း...
ဆက်လက်ချီတက်ပါဗျာ..။
မတွေဝေနဲ့ ၊ နောက်လှည့် မကြည့်နဲ့ ..။
ဘလော့ ရွာကြီးက ဘောင်ခပ်မထားပါဘူး..။
စာတွေကို ရေးပဲ ရေးချင်နေတဲ့  မောင်နှမတွေ
နေထိုင်ကြတဲ့  ရွာကြီးမှာ ဘယ်လိုစာမျိုးပဲဖြစ်ဖြစ်
ကိုယ့်ရင်ကို တင်း လာရှိရင် ချ သာရေးပါလေ..။

noblemoe said...

၂ နှစ်မှ စိတ်ရှိသလောက်ရေးနိုင်ပါစေ....



သာယာချမ်းမြေ့ပါစေရှင်း
မိုး

မိုးခါး said...

စိတ်ရှိသလောက် စိတ်တိုင်းကျသာရေးပါ ကိုရီနိုမန်ရေ
ကျွန်တော်လည်း စိတ်တိုင်းကျသာ ဖတ်ပါး)

Nge Naing said...

Happy Blog Birthday!!! ပျော်ရွှင်စွာ ဆက်လက်ရေးနိုင်ပါစေ။

မန်းကိုကို said...

နှစ်နှစ်သား ကလေးကြီးကို ဂုဏ်လာပြုပါတယ် ... :-)

Ree Noe Mann said...

ကျနော့်ရဲ့ဘလောဂ့်လေး ၂ နှစ်ပြည့်အတွက် လာရောက်ဆုတောင်းပေးသွားကြတဲ့ အကိုတွေ အမတွေ အကုန်လုံးကို ကျနော်က ကျေးဇူးလှိုက်လှိုက်လှဲလှဲ တင်ရှိပါတယ်။

အဖြူရောင်နတ်သမီး said...

၂နှစ်သားလေးရေ...
နောက်ကျပြီးရောက်လာခဲ့ပါတယ်...
Happy 2Years Anniversary...

စော(အဝါရောင်မြေ) said...

နုတ္တစ္ရာ စာတလုံးတဲ့
ပါးစပ်က ပြောတာတွေက ကြာလာရင် မေ့သွားနိုင်ပေမယ့်၊
စားသားတွေကတော့ ကိုယ့်စိတ်ရဲ့  ကြေးမုံတစ်ချပ်ပေါ့။