February 2, 2011

ညနေခင်း အတွေးပုံရိပ်

အသက်အရွယ်က စကားပြောလာတယ်နဲ့တူပါတယ်။ ဦးမင်းခန့်တစ်ယောက်အိမ်ရှေ့ခန်းမှာ တစ်ယောက်တည်း ငူငူကြီးထိုင်နေလေသည်။ တစ်ခုခုတော့တွေး၍နေမှန်း သိသားလှသည်။ ဦးမင်းခန့်သည်ဘယ်တော့မှ အဓိပ္ပာယ်မရှိတာကို ဘယ်တော့မှမလုပ်။ စိတ်ကူးယဉ်သည်ဆိုတာကလည်း ဦးမင်းခန့်ဘဝမှာ မရှိခဲ့။ ဦးမင်းခန့်ဘဝသည် ဝန်ထမ်းဘဝကလာခဲ့ရတဲ့ အတွက် ငွေရေးကြေးရေးပြည့်ပြည့်စုံစုံ နေခဲ့ရသည့်ဘဝတော့ မဟုတ်ခဲ့ပါ။ ဒါပင်မဲ့ဦးမင်းခန့်ဘဝသည် အိုဇာတာကံကောင်းသည်ဟု ပြောလို့ရနိုင်သည်။ ဘာကြောင့်လည်းဆိုတော့ ဦးမင်းခန့်တွင် သားသုံးယောက်ရှိသည်။ သားသမီးကံ ကောင်းသည်ဟုပြောလျှင်လည်း ဦးမင်းခန့်အတွက် ပိုမှန်ပေလိမ့်မည်။

သားသုံးယောက်စလုံး ပညာတက်တွေကြီးပဲ ဖြစ်ကြသည်။ အကြီးဆုံးသားရန်ကြီးခန့်မှာ အင်ဂျင်နီယာကျောင်းပြီးတာနဲ့ သဘောင်္သားအလုပ်ကိုပြောင်းပြီ သင်္ဘောတက်သွားခဲ့သည်။ ဒုတိယသားကတော့ အဖေကိုယ်တိုင်က အစိုးရဝန်ထမ်းအလုပ်နဲ့ အသက်မွေးနေရတဲ့ အတွက် ဦးမင်းခန့်က သားသုံးယောက်စလုံးကို အစိုးရဝန်ထမ်း မလုပ်စေချင်ခဲ့ပေ။ သားလတ်ဖြစ်တဲ့ ရန်နိုင်ခန့်ကတော့ ဘွဲ့၇ပြီးတော့ ဗိုလ်လောင်းဝင်ဖြေတာ အရွေးခံလိုက်ရသည်။ ဒီလိုနဲ့ဦးမင်းခန့် သဘောမကျပင်မဲ့ သားရဲ့ရည်ရွယ်ချက်ကို မတားဆီးချင်တာနဲ့ပဲ ခွင့်ပြုလိုက်ရသည်။ အငယ်ဆုံးသားရန်အေးခန့်ကတော့ ဦးမင်းခန့်သဘောအကျ အစိုးရဝန်ထမ်းအလုပ်ကို မလုပ်ပင်မဲ့ သူ့သဘောအကျ နိုင်ငံခြားထွက် အလုပ်လုပ်ရင်း ကျောင်းဆက်တက်နေသည်။

မိသားစုနဲ့အတူတစ်ကွ စည်းစည်းလုံးလုံးနေချင်တဲ့ ဦးမင်းခန့်။ သားတွေအပေါ် ကလေးတစ်ယောက်လိုမျိုး ဂရုစိုက်တက်တဲ့ ဦးမင်းခန့်။ ဝန်ထမ်းဘဝနဲ့အသက်မွေးခဲ့ရပင်မဲ့ သားတွေအားလုံးကို ပညာတက်အောင် ထိန်းကျောင်းသွန်သင်နိုင်ခဲ့ တဲ့ ဦးမင်းခန့်။ အခုတော့သားတွေက အတောင်အလက်စုံတော့လည်း ဖခင်ဦးမင်းခန့်ရဲ့ အရိပ်အောက်ကနေ အသီးသီး ပျံသန်းနေကြလေပြီ။ တာဝန်ကိုယ်စီ အလုပ်ကိုယ်စီဖြစ်နေကြတဲ့ သားသုံးယောက်နှင့်တစ်ပြိုင်တည်း တွေ့ဆုံဖို့ဆိုတာ တော်တော်ခက်ခဲတဲ့ အရာဖြစ်မှန်းမသိ ဖြစ်နေခဲ့၏။

ကံကောင်းခြင်းလို့ပဲ ဆိုရမည်လော။ ကံကပဲ မျက်နှာသားပေးနေ၍ပဲလောဟု ထင်ရလောက်အောင် ဦးမင်းခန့်အတွက် ဒီသားသုံးယောက်နှင့် ထမင်းတဝိုင်းထဲ စားနိုင်ဖို့ အခွင့်အရေးကို ဦးမင်းခန့် တစ်ယောက် မနှစ်ကဒီလိုအချိန်မှာ ရရှိခဲ့သည်။ အဆိုးထဲက တိုက်ဆိုင်မှုဟုပြောရင်းလည်း ဦးမင်းခန့် ကျေနပ်နေမှာ အမှန်ပင်ဖြစ်သည်။ သားကြီး ရန်ကြီးခန့် သင်္ဘောလိုက်ကတည်းက မိသားစု စုံစုံလင်လင် ထမင်းတစ်ဝိုင်းထဲ မစားရသည်မှာ အတော်ကြာခဲ့ပေပြီ။ သားကြီး ပြန်ရောက်တော့လည်း သားလတ်က နယ်မှာ တာဝန်ကျ ဆိုတော့ မိသားစု စုံစုံလင်လင် မရှိခဲ့သည်မှာ ဦးမင်းခန့် အတွက်လိုအပ်ချက် တစ်ခုလိုပင်။

ဒီနေ့တော့ ဦးမင်းခန့်စိတ်ထဲ အစာမကြေဖြစ်နေခဲ့သည့် အစိုင်အခဲကြီးလည်း ပြေပျောက်သွားခဲ့ရပြီ။ နယ်မှာတာဝန်ကျနေတဲ့ သားလတ်ရန်နိုင်ခန့်နဲ့ မြန်မာပြည်ကို အလည်ပြန်ရောက်နေတဲ့ သားငယ် ရန်အေးခန့်တို့နှစ်ယောက်ကိုကြည့်ပြီး သားကြီးဖြစ်သူ ရန်အေးခန့် ကို သတိရနေမိသည်။ ညနေစာ ပြင်ဆင်ပြီးလို့ လာခေါ်တဲ့ ဇနီးသည် မအေးကို " မင်း သားကြီး ရှိရင် သိပ်ကောင်းမှာပဲနော် " ဦးမင်းခန့်ရဲ့စကားကြောင့် ဇနီးသည်မအေးက " သားကြီးက ရေခြားမြေခြားမှာ သွားအလုပ်လုပ်နေတာ မတောင်းတကောင်းတာတွေ မတောင်းတပါနဲ့ ရှင်ကြီးရယ်" ဆိုတဲ့ စကားကြောင့် ဦးမင်းခန့်ထမင်းဝိုင်းသို့ ထလိုက်သွားတော့သည်။

ထမင်းဝိုင်းမှာ ထိုင်စောင့်နေတဲ့ သားလတ်နဲ့သားငယ်ကိုတွေ့တော့ " မင်းတို့ အကိုလည်းရှိရင် သိပ်ကောင်းမှာပဲနော်လို့ " ပြောချင်ပင်မဲ့ ဘေးတွင်ရှိနေသည့် ဇနီးသည်ရဲ့မျက်နှာကို တစ်ချက်ကြည့်ပြီး ဘာမှမပြောပဲ ထမင်းဝိုင်းထဲကို ဝင်ထိုင်လိုက်သည်။ ရုတ်တရက် ကားဟွန်းတီးသံကြောင့် သားအမိ၊ သားအဖ လေးယောက်သား ခေါင်းချင်းဆိုင်မိလျှက်သား ဖြစ်သွားသည်။ ခြံတံခါး တွန်းဖွင့်သံကို ကြားလိုက်ရသည်။ အိမ်ရှေ့ကို လူတစ်ယောက်ဝင်လာသည်။ ထမင်းစားခန်းအဝင် ခန်းဆီး ရဲ့နောက်မှာ အရိပ်တစ်ခုကြောင့် ဦးမင်းခန့် နှုတ်မှ ရုတ်တရက် " သားကြီး " ဟုဆိုလိုက်တဲ့ အသံကြောင့် သားအမိသုံးယောက်၏ ဦးခေါင်းများ ခန်းဆီး နောက်ဆီသို့ရောက်သွားကြသည်။

ဟာ ကနဲ ဟယ် ကနဲ ဖြစ်သွားကြတဲ့ ဇနီးနဲ့ သားနှစ်ယောက်ကတော့ သဘောင်္မှောက်လို့ အိမ်ကို အကြောင်းမကြားပဲ သားကြီး ရုတ်တရက် ပြန်ရောက်ပုံကိုကြည့်ပြီး အံ့သြနေကြသည်။ ထိုအထဲတွင် ဦးမင်းခန့်တော့ မပါချေ။ ဦးမင်းခန့် မျှော်လင့်နေသော တောင်းတနေသော သူ၏ ဆန္ဒများ ပြည့်စုံသွားခြင်းအတွက် အလွန်မင်ဝမ်းသာ နေလေတော့သည်။ သူ့ဘဝတွင် ဒါမျိုး နောက်တစ်ခေါက်ဖြစ်နိုင်ပါတော့မလား။ ဒီတစ်ခေါက်သည်လည်း သူဘဝရဲ့ နောက်ဆုံးတစ်ခေါက်လည်း ဖြစ်သွားနိုင်ပေမည်။

ပြီးခဲ့ပြီဖြစ်တဲ့ ဒီအဖြစ်ကိုပဲ တွေးရင်း ဦးမင်းခန့်တစ်ယောက် တွေးဝေငေးမော်နေသည်များလား။ ဦးမင်းခန့်ကို ငေးကြည့်နေမိသည့် ကျွန်တော်သည်လည်း အချိန်မည်မျှကြာသွားသည် မသိ။ လက်မှာပတ်ထားတဲ့ နာရီကို ငုံ့ကြည့်လိုက်ပြီး သတိတစ်ခုဝင်လာသည်။ လမ်းထိပ် လ္ဘရည်ဆိုင်မှာ ကိုမောင်နဲ့ချိန်းထားတာကို သတိရ၍ အပြင်အကျီင်္ာကောက်စွတ်ပြီး လ္ဘရည်ဆိုင်သို့ ကျွန်တော်ထွက်လာခဲ့တော့သည်။


လေးစားစွာဖြင့်
ရီနိုမာန်

2 comments:

မြစ်ကျိုးအင်း said...

ဒီခေတ်မှာ ချမ်းချမ်းသာသာ မနေနိင်ရင် မိသားစုတွေ တကွဲတပြားနေရတာ ယဉ်ကျေးမှု တခုလို့တောင် ပြောရမယ်ထင်တယ်။ သားသမီးတွေ စိတ်ထဲမှာလည်း မိသားစုနဲ့ စုံစုံညီညီပြန်ဆုံချင် မှာပါပဲ။

မိုးယံ said...

ဒီ စာတိုတစ်ပုဒ်လဲ တစ်နေရာမှ ရသ တစ်ခုကို ထိထိမိမိပေးလိုက်နိုင်တယ်.