December 23, 2010

ကျနော်ပြန်မဲ့ တရုတ်နှစ်သစ်ကူး

အခုတစ်လော ဘာဆိုဘာမှကို ကောင်းကောင်းမလုပ်ဖြစ်ဘူး။ အလုပ်အလုပ် နဲ့ အချိန်တွေပဲ ကုန်နေခဲ့တယ်။ အလုပ်နဲ့ အချိန်ကုန်နေတော့လည်း အလုပ်လုပ်ဖို့ ဒီကိုလာခဲ့တာပဲ မဟုတ်လားလို့ ကိုယ့်ကိုကိုယ် ပြန်မေးရပြန်တယ်။ ဟုတ်တယ်လေ အလုပ်လုပ်ဖို့ ဒီမှာရောက်နေရတာပဲ။ ဘာလုပ်ချင်သေးလို့လဲ။ အလုပ်လုပ်မှ ပိုက်ဆံရမှာပေါ့။ ပိုက်ဆံရမှပဲ မိဝေးဖဝေး ဖြစ်နေတဲ့ ဘဝကဝေးမှာ မဟုတ်လား။

တစ်ခါတစ်ခါလည်း အမိမြေကိုလွမ်းတာထက် အိမ်ကိုလွမ်းတာက ပိုနေပါတယ်။ ဘဝပေး အခြေအနေက အိမ်ကိုလွမ်းနေပင်မဲ့လည်း အိမ်ပြန်ဖို့ရန်အတွက် ထင်သလောက်မလွယ်ပြန်ပါဘူး။ သူငယ်ချင်းတွေ အိမ်ခဏခဏပြန်တာကိုကြည့်ပြီး ကိုယ်လည်း အရမ်းပြန်ချင်ခဲ့မိတယ်။ သူတို့တွေ ပြန်လို့ လေဆိပ်လိုက်ပို့ဖြစ်တဲ့ အခါများဆို လေဆိပ်မှာ ကျန်ခဲ့တဲ့ ခံစားချက်ကို မျက်ကွယ်ပြုနိုင်ပင်မဲ့ ရင်ထဲက ဖြစ်နေတဲ့ ခံစားချက်ကိုတော့ ဘယ်လိုမှ ဖယ်လို့မရနိုင်ခဲ့ပါဘူး။

ခုလိုပြောလို့ ကိုယ့်အိမ်ကိုယ်ပြန်တာပဲ ကြီးကြီးကျယ်ကျယ် ပြောနေသေးတယ်လို့ ပြောနေပါအုံးမယ်။ ကိုယ့်အိမ်ကိုယ်ပြန်တဲ့ အလုပ်က ကိုယ့်အတွက် ဘာလို့များ ခဲရင်နေရပါလိမ့်။ စိတ်ထဲကတော့ ပြန်နေမိတယ် တစ်နှစ်တစ်ခါလောက်ပေါ့။ ခုတော့ သုံးနှစ်ပြည့်တော့မယ်။ ပြန်မယ်လို့ စဉ်းစားပြီး အစီအစဉ် ဆွဲနေမိပြန်ပါတယ်။ အစီအစဉ်ကတော့ ကိုယ့်တွက်ကိန်းနဲ့ ကိုယ် ဟုတ်နေတာပဲ။

ဟိုးနေ့က သူဌေးက မေးတယ်။ မင်းတို့ ရောက်နေတာ ဘယ်လောက်ကြာပြီလဲတဲ့။ သုံးနှစ်လို့ ပြန်ပြောတော့။ မပြန်ချင်ဘူးလားတဲ့ ။ ပြန်မယ်လို့ တစ်ရုတ်နှစ်သစ်ကူးကြရင် ပြန်မယ်လို့ ပြောတော့ ..... ဘယ်ရက်ပြန်ချင်တာလဲတဲ့ ..... ခွင့်တစ်လ ပေးမယ်တဲ့ ..... ခွင့်ရက်ထဲက ၁၀ရက်တော့ ဖျက်မယ်။ ကျန်တဲ့ ရက်ကို လစာပေးမယ်တဲ့..... ပြောဘယ်တော့လဲ .....

ပြန်တဲ့ တစ်လကို လစာရမှာ ဆိုတော့ ပျော်သွားတာပေါ့။ ဒါနဲ့ ကျနော်လည်း ပြန်မဲ့ရက်ကို ပြောလိုက်တော့ သူဌေး ဘာမှ ဆက်မပြောတော့ပဲ ပြုံးပြီး ပြန်သွားပါတော့တယ်။ တော်သေးတာပေါ့ ထမဆဲသွားတာကို ပဲ ကျေးဇူးတင်နေမိပြန်ပါတော့တယ်။ ကျနော် ပြန်မဲ့ တရုတ်နှစ်သစ်ကူးကလဲ ၂၀၁၂ တရုတ် နှစ်သစ်ကူး ဆိုတော့ကာ ...........


ရီနိုမာန်

4 comments:

Anonymous said...

ဒီနှစ်ကူးများလားလို့ ငါ့အစ်ကိုအစား ဝမ်းသာသွားတယ်။
ဒါပေမယ့် နောက်နှစ်ကူးလည်းဘာဖြစ်သလဲ..
ပြန်ရတော့မှာပဲဟာ.. အားတင်းထား..။
အားကျတယ်...။

မိုးခါး said...

ပျော်ပါစေဗျား)

ဧပရယ်လ်ပူး@ပူးတေ said...

ဒီလိုသူဌေးမျိုးနဲ့ တွေ့ချင်လိုက်တာ... :)

သုခုမလေဒီ said...

အဲလိုမနောက်နဲ့လေ...လူကြီးကို..း))