September 27, 2010

စက်တင်ဘာမှာ ပျော်ခဲ့ရသည်။ စက်တင်ဘာကြောင့် စိတ်ညစ်ခဲ့ရသည် .... သို့သော် စက်တင်ဘာကို ချစ်သည်

၂၀၁၀ စက်တင်ဘာလ

၁၉၈၁ ခုနှစ်ကတည်းက လို့ပြောရမယ်။ စက်တင်ဘာလ ရောက်တိုင်း ပျော်ရွှင်ခဲ့ရသလို၊ ဝမ်းနည်း ကြေကွဲခြင်းတွေနဲ့လည်း ရင်ဆိုင်ခဲ့ရဖူးတယ်။ နှစ်တိုင်းနှစ်တိုင်းရဲ့ စက်တင်ဘာလ ရောက်မှာကို ကျနော် ကြောက်နေမိတယ်။ စက်တင်ဘာလ ရောက်မှာကို ကြောက်နေမိသလို ရောက်လာဖို့ကိုလည်း ကျနော် မသိစိတ်က မျှော်လင့်နေမိတယ်လေ.........။


မှတ်မိနေတာကတော့ စက်တင်ဘာလထဲမှာပဲ ကျနော် ငယ်ငယ်က
သွေးလွန်တုပ်ကွေး ဖြစ်လို့ ဆေးရုံးတက်ခဲ့ဖူးတယ်။ နောက်မှတ်မှတ်ရရ စက်တင်ဘာထဲမှာပဲ ကျနော် ဆိုက်ကယ်မှောက်လို့ ဆေးရုံးတက်ခဲ့ရ ဖူးပြန်တယ်။ စက်တင်ဘာမှာ မိသားစုဘဝလေး ပြိုကွဲတော့မဲ့ အဖြစ်နဲ့ ကြုံခဲ့ရတယ်။ သို့သော် စက်တင်ဘာကို ကျနော် မမုန်းမိခဲ့ပါ။

စက်တင်ဘာမှာ ကျနော်ရဲ့အိမ်မက်တွေ အကောင်အထည် ဖေါ်နိုင်ခဲ့တယ်။ အနှစ်နှစ် အလလ စိတ်ဆင်းရဲ ခဲ့ရပင်မဲ့ စက်တင်ဘာကြောင့် ကျနော် ဝမ်းသာမှုတွေ ပိုင်ဆိုင်ခဲ့ဖူးတယ်။ စက်တင်ဘာကြောင့် ကျနော် ပျော်ရွှင်ခဲ့ရဖူးသလို၊ စက်တင်ဘာကြောင့် ကျနော်ဘဝမှာ မျက်ရည်ကျမတက် ဖြစ်ခဲ့ရဖူးတယ်။ သို့သော် ကျနော် စက်တင်ဘာကို ချစ်နေမြဲ။

ပြီးခဲ့တာတွေကို စိတ်မဝင်းစားတက်တော့ ဖြစ်နေတဲ့ စက်တင်ဘာကိုပဲ မှတ်တမ်းတင်လိုက်မိပြန်တယ်။ ၂၀၁၀ စက်တင်ဘာထဲမှာ သူငယ်ချင်းတွေနဲ့ ကျနော် အပျော်ခရီးထွက်ဖြစ်ခဲ့တယ်။ ပျော်စရာ ခရီးဖြစ်ခဲ့တယ်။ ခရီးက ပြန်ရောက်တော့ သတင်းထူးကြားခဲ့ရပြန်တယ်။ ဒီကြားထဲမှာပဲ အလုပ်က မလေးကုလားက ကျနော်တို့ မြန်မာတွေနဲ့ အိန္ဒိယ ကုလားတွေကို ရန်တိုက်ပေးပြန်တယ်။ သူ့ရဲ့ ရန်တိုက်ပေးမှုကြောင့်ပဲ ကျနော်တို့ အတွက် အခွင့်အရေးတစ်ခု ပိုရခဲ့တယ်။ အဲဒီ မလေးကုလားကို မသိစိတ်ထဲက ကျေးဇူးတင်နေလိုက်တယ်။

သိပ်မကြာပါဘူး။ လစာ တိုးတဲ့ အကြောင်းကြားရပြန်တယ်။ သူဌေးက ကျနော်ကိုခေါ်ပြီး လစာတိုးကြောင့် ပြောတော့ ကျနော် အံ့သြသွားခဲ့ရပြန်တယ်။ ထင်မှတ်ထားတာထပ် နှစ်ဆလောက်ပိုနေခဲ့တာကိုး။ တန်ရာတန်ကြေးပေးပြီး ခိုင်းတယ်ဆိုတာ ကိုကျနော်နောက်ရက်မှာ ကိုယ်တိုင်နားလည် လိုက်မိပါတော့တယ်။

ကျနော်ရဲ့ နာမည်ကို အသံနက်ကြီးနဲ့အော်ခေါ်ပြီး ပေးထားတဲ့ လစာနဲ့ တန်အောင် ပိုဆိုးပက်စက် အဆဲခံလိုက်ရပါတော့တယ်။ ကျနော်ကလည်း ကျေကျေနပ်နပ်ကို လက်ခံယူလိုက်ပါတယ်။ ပြန်ပြောနေရင်းလည်း မြန်မာပြည်ကို ဗီဇာ မလိုပဲ ပြန်ရောက်သွားမှာကို ကျနော်ကြောက်နေမိတာကိုး။

ဒီလိုနဲ့ အဆိုးနဲ့အကောင်း ဒွန်တွဲနေတဲ့ လောကကြီးမှာ စိတ်ညစ်စရာတွေ ကြုံနေရပင်မဲ့ ကျေနပ်စရာတွေလည်း လက်ဝယ်ပိုင်ဆိုင်ရပြန်ပါတယ်။ ၂၀၀၉ လောက်ကတည်းက ကျနော်ညီ ဝမ်းကွဲတစ်ယောက်ကို စင်ကာပူခေါ်ဖို့ လုပ်နေတာ။ ရောက်မဲ့ ရောက်လာတော့လည်း စက်တင်ဘာ ထဲမှာပဲရောက်လာပါတယ်။

ကျနော်အတွက် ပထမဆုံးလုပ်ဖြစ်တဲ့ အလုပ်ကတော့ တစ်ခါမှ မကြုံဖူး မသွားဖူးတဲ့ စာပေဟောပြောပွဲကို လည်း ဒီစက်တင်ဘာ ထဲမှာပဲ ကျနော် သွားရောက်နားထောင်ခဲ့ရပြန်တယ်။ မထင်မှတ်တာ တော်တော်များများကို စက်တင်ဘာထဲမှာ ကျနော်ကြုံတွေ့ရပင်မဲ့ ပျော်ရွှင်စရာ တော်တော်များများဟာလည်း စက်တင်ဘာ ထဲမှာဖြစ်ပျက်နေခဲ့တယ်။

စက်တင်ဘာမှာ ကျနော်ဘာတွေ ဘယ်လိုဖြစ် ဖြစ်နေပါစေ။ ကျနော် စက်တင်ဘာကို ချစ်တယ်။ စက်တင်ဘာဟာ ကျနော်အပေါ်မှာ ကျေးဇူးတွေအများကြီး ရှိခဲ့ဖူးတယ်။ စက်တင်ဘာဟာ ကျနော်အတွက် နတ်ဆိုး တစ်ကောင်ဖြစ်ခဲ့ပင်မဲ့ အဖော်မွန်ကောင်း တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ စက်တင်ဘာကြောင့် ကျနော် အသက်ဆက်နေခဲ့တယ်။ စက်တင်ဘာဟာ ကျနော်ကို ဆုတ်ပျက်သတ်သွားအောင် လုပ်နေခဲ့ပင်မဲ့လည်း ကျနော် ချစ်နေစဲပါ......

ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်ဆိုတာ ကျနော် ဖြစ်လာဖို့ ကျနော်ကို စက်တင်ဘာက မွေးဖွားပေးခဲ့လို့ပါပဲ.....။


လေးစားစွာဖြင့်
ရီနိုမာန်

4 comments:

Maung Myo said...

အမှတ်တရ များစွာနဲ့ စက်တင်ဘာပေါ့ စက်တက်ဘာက နောက်နေ့ရက်တွေတိုင်းကောင်းချီးပေးပါစေဗျာ ။

khun said...

စက်တင်ဘာကို ချစ်တယ်...
ခွန်ကတော့ဒီလဆိုကံကောင်းခြင်းတွေ
များတက်လို့ပါ...
ပြီးတော့ ကိုယ်လူဖြစ်တဲ့
မွေးလလည်းဖြစ်တယ်လေ... ;)

ဇွန်မိုးစက် said...

တိုက်ဆိုင်မှုတွေပဲလို့ မှတ်ယူလိုက်ပါ ရီနိုရယ်။ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်သွားတတ်လို့ပါ။
ကောင်းသော စက်တင်ဘာလပါကွယ်။း)

Unknown said...

ကိုရီနိုနဲ့ ကျနော်နဲ့တော့ နည်းနည်းကွာသွားပြီ။
ကျနော်က စက်တင်ဘာကို အရမ်းသဘောကျတာဗျ။
မြန်မာလိုဆိုရင် တော်သလင်းလလေးပေါ့။
ခွေးတွေ မြူးတဲ့လလေဗျာ… မသိဘူးလား ဟားဟား
နောက်တာပါဗျာ။ ပျော်ရွင်စရာ စက်တင်ဘာ ဖြစ်ပါစေဗျာ