September 18, 2010

ခရီးသွားမှတ်တမ်း

စာလည်း မရေးဖြစ်တာကြာသွားပြီ။ ရေးဖို့ လုပ်လိုက် ၊ကွန်ပျုတာရှေ့ထိုင်လိုက် ၊ဖေ့ဘွတ်လေးကြည့်လိုက်၊ ဇာတ်လမ်းလေးကြည့်လိုက်နဲ့ အလုပ်ကို မရှုပ်ချင်ပဲ ရှုပ်နေတော့တယ်။ ဒီ ၉လပိုင်းထဲမှာ ကျနော်ရဲ့မွေးနေ့ဆိုတော့ ထုံးတမ်းစဉ်လာ မရှိခဲ့တဲ့ ကျနော့်မွေးနေ့ကို လုပ်ဖို့ စိတ်ကူးလည်း မရှိခဲ့ပါဘူး။ စိတ်ကူးမရှိပင်မဲ့ အသိအမှတ်တော့ အပြုခံချင်ခဲ့တာ စိတ်ထဲမှာ ဖြစ်နေတဲ့ ၇င်ထဲက ခံစားချက်ပေါ့။ မွေးနေ့မရောက်ခင် ရက်ပိုင်းလောက်မှာ ဖေ့ဘွတ်ကို တော်တော် အသုံးပြုခဲ့တယ်။ FB ထဲမှာလည်း ကိုယ့်ရဲ့မွေးနေ့ကို အမှန်အတိုင်း ထည့်ထားတော့ သေချာပေါက် ကိုယ့်ရဲ့ သူငယ်ချင်းတွေကတော့ မွေးနေ့ရောက်ရင်တော့ တွေ့ပြီ ကိုယ်ကိုတော့ Wish လုပ်ကြမှာပဲ လို့ သေသေချာချာ တွေးထားပြီးသားပါ။ ထင်တဲ့ အတိုင်းလည်း FB မှာ မွေးနေ့ဆုတောင်းတွေ အများကြီးရခဲ့ပါတယ်။ ဒီအတွက်လည်း ကျေနပ်မိပါတယ်။ ဆုတောင်းပေးသွားကြတဲ့ မောင်နှမတွေကိုလည်း ကျေးဇူးတင်မိတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ ကိုယ့်ကိုကိုယ် မကျေနပ်ဘူး ဖြစ်နေတာတော့ အမှန်။ ကျနော်လိုချင်မိတဲ့ ဆုတောင်းက FBပေးတဲ့ ဆုတောင်းကို မတောင်းတမိဘူး။ FB ဆိုတာလူတိုင်းသုံးနေတဲ့ အရာ။ တွေ့မှတော့ အဖြစ်သဘောနဲ့ Happy Birthday ပါလို့ ပြောတာကို မလိုချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်းလည်း အဲလိုလုပ်ခဲ့ဖူးလို့ပေါ့။

ကျနော့်ရဲ့ ကိုယ်ပိုင်ဘလောဂ့်လေးမှာ လာပြီးဆုတောင်းပေးသွားကြတဲ့ ညီအကို မောင်နှမတွေကိုတော့ အထူးကျေးဇူးတင်ပါတယ်။ ဝမ်းလည်းသာတယ်။ မွေးနေ့လက်ဆောင် ပေးခဲ့ကြတဲ့ ကျနော်ရဲ့ မောင်နှမတွေကို လည်းအထူးကျေးဇူးထပ်တင်ပါတယ်။

ထူးထူးခြားခြား ဖြစ်အောင်လို့ လုပ်တာတော့ မဟုတ်ဘူး။ မွေးနေ့နဲ့ရုံးပိတ်ရက် တိုင်ဆိုင်တာကြောင့် မွေးနေ့မှာ ခရီးထွက်ဖို့ အကြောင်းတိုက်ဆိုင်သွားတယ်။ ၂၀၀၄၊ ၂၀၀၅ ၊ ၂၀၀၆ တုန်းကလည်း မလေးမှာနေခဲ့ပင်မဲ့ ကေအယ်ကို တစ်ခါမှ မရောက်ခဲ့ဖူးတာက တစ်ကြောင်း၊ ချစ်လှစွာသော ညီငယ် တစ်ယောက်ရှိနေတာက တစ်ကြောင်း၊ ခြောက်နှစ်လောက် မတွေ့ဖြစ်တာကြာပြီဖြစ်တဲ့ အမတစ်ယောက်နဲ့ တွေ့ချင်တာက တစ်ကြောင်း၊ ဟိုနေ့တွေ့မယ် ဒီနေ့တွေ့မယ်နဲ့ ဟိုရွှေ့ဒီရွှေ့လုပ်လာလိုက်တာ ၉လပိုင်းထဲမှာပဲ မိန်းမကို လွမ်းလို့ မြန်မာပြည်ကို အပြီပြန်တော့မယ်လို့ ပြောလာတဲ့ ညီငယ်တစ်ယောက်ကိုလည်း တွေ့ချင်တာက တစ်ကြောင်း။ ကိုယ်ကိုတိုင်ကလည်း ခြေမှာ ဗွေပါတာက တစ်ကြောင်း၊ အကြောင်းအမျိုးမျိုးတွေကြောင့်ပဲ မွေးနေ့မှာ ခရီးထွက်ဖို့ ဖြစ်လာခဲ့တယ်။

မသွားခင်တုန်းကတော့ အရမ်းသွားချင်ခဲ့တယ်။ သွားခါနီးတော့ မသွားချင်တော့ပြန်ဘူး။ မသွားချင်လို့လဲ မရတော့ဘူး။ လက်မှတ်က ဝယ်ပြီးသွားပြီ။ သွားရမဲ့ရက်အထိ အလုပ်က အ၇မ်းကို များတာ။ ခရီးသွားဖို့တောင် လွန်ခဲ့တဲ့ လထဲက ကြိုပြောထားလို့ မဟုတ်ရင် ခရီးသွားဖို့ အဆင်ပြေမှာ မဟုတ်ဘူး။ စလုံးကနေ သွားတာ သုံးယောက်။ မလေးရှားရောက်တော့ လာကြိုတဲ့ လူက ခြောက်ယောက်။ အားလုံး ( ၉ ) ယောက်။ ပျော်စရာကြီးပဲ။

ကျနော်နဲ့ သွားတဲ့ နှစ်ယောက်မှာ တစ်ယောက်က ကျနော်မွေးနေ့မှန်း မသိဘူး။ သူမသိတော့ ကိုယ်ကပဲပြောလိုက်ရတယ်။ နောက်တစ်ယောက်ကတော့ ကားနောက်ကျနေတာနဲ့ ကားပေါ်တက်ခါနီးမှ ပဲ မွေးနေ့အတွက်ဆုတောင်းပေးနိုင်တော့တယ်။ ဘယ်ရမလဲ မလေးရှားကားဂိတ်ရောက်တော့လည်း လာကြိုတဲ့ ခြောက်ယောက်ကို ရစ်တာပေါ့။ လာကြိုတဲ့ ခြောက်ယောက်လုံး ကိုလုံးဝ မကျေနပ်ဘူးလို့လဲ ပြောလိုက်ရော အားလုံးက အံ့သြသွားကြတယ်။ သူ့တို့ဘာများ လုပ်လို့လဲ ဆိုတဲ့ အကြည့်နဲ့ပေါ့။ ကျနော်ကလည်း လုံးဝမပြောဘူး။ အားလုံးထဲမှ ညီငယ်တစ်ယောက်ဖြစ်တဲ့ စစ်တကောင်း မင်းသား စစ်မင်းညိုက ထပြီးကျနော်ကို မွေးနေ့ဆုတောင်း ပြုပါတော့တယ်။ အားလုံးရဲ့ ဆုတောင်းကိုရပြီးမှပဲ အုပ်စုကလည်း တောင့်တော့ TAXI နဲ့ဆို အဆင်မပြေတာကြောင့် ရထားနဲ့ သွားကြတယ်။ ရထားပေါ်မှာလဲ ဟေးဟေးဟားဟား နဲ့ မနည်းအရှိန်ထိန်းထား၇တယ်။ လူတွေ ဝိုင်းကြည့်နေကြတာကိုး။ ရထားပေါ်မှာလည်း ခေါင်းကိုက်တက်တဲ့ ညီမငယ်က ထိန်းသွားပါတယ်။

ဒီလိုနဲ့ ဟိုတယ်ရောက် ပြင်စရာရှိတာပြင်ပြီး မထင်မှတ်ပဲ ကျနော်နာမည်နဲ့ ဆင်တူသွားတဲ့ လျို့ဝှက်သော ရီနို ပိုစ့်ကိုရေးခဲ့တဲ့ ကိုသောမက်တ် တို့အိမ်မှာ နေ့လည်စာ မုန့်ဟင်းခါး သွားစားခဲ့ပါတယ်။ မုန့်ဟင်းခါး စားရုံနဲ့ မကျေနပ်နိုင်သေးပဲ၊ အမချစ်ကြည်အေး ဘလောဂ့်မှာတင်ထားတဲ့ ဘဲဥအချဉ်ဟင်းနဲ့လည်း စားခဲ့ပြန်ပါတယ်။ ကိုသောမတ်က်ကတော့ ပြောပါတယ်။ သူချက်တာ ပိုကောင်းပါတယ်တဲ့။ ဟုတ် ကျနော်တို့ကလည်း ပြန်ပြောလိုက်ပါတယ် အမချစ်ကြည်အေး ကိုပြန်မပြောပါဘူးလို့။ စားပြီးသောက်ပြီတော့လည်း ဧည့်သည်က ဧည့်သည်လိုမနေပြန်ပါဘူး။ ဂီတာတီးပြီး သီချင်းတွေ ဆိုနေကြပြန်တာပေါ့။ ခြောက်နှစ်လောက် မတွေ့တာကြာပြီဖြစ်တဲ့ အမက မွေးနေ့ကိတ်ယူလာပြီး ကိုသောမက်တ် အိမ်မှာပဲ ကျနော်ရဲ့မွေးနေ့လေးကို တစ်ခါမှ မကျင်းပဖူးတဲ့ ကျနော် ကျင်းပဖြစ်ခဲ့ပါတယ်။

အဲနေ့မှာပဲ ညနေစာ သွားစားကျရင် ရုပ်ရှင်ကြည့်ဖို့ စိတ်ကူးနဲ့အတူ အကောင်အထည် ဖေါ်ဖြစ်ကြတယ်။ ရုပ်ရှင်ရုံထဲရောက်တော့ သူများတော့ မသိဘူး။ ကျနော်ကတော့ အိပ်ပျော်သွားခဲ့ပါတယ်။ ရုပ်ရှင်ရုံက ပြန်တော့လည်း ဟိုတယ်နဲ့ နီးတယ်ဆိုပြီး လမ်းလျှောက်ပြန်ခဲ့ကြပြန်ပါတယ်။ ဟိုတယ်ရောက်တော့ ၂နာရီကျော်နေလို့ နောက်နေ့လာမယ်ဆိုတဲ့ ညီအစ်ကိုမောင်နှမတွေကို ဖုန်းမက်ဆေ့လ် ပို့ရပါတော့တယ်။ စောစောမလာဖို့ပေါ့။ စိတ်ချရပါတယ်။ ပြောတဲ့ အချိန်ထက်နောက်ကျမှ ရောက်လာကြပါတယ်။

ဒီလိုနဲ့ ကျနော်ရဲ့ ၂၉နှစ်မြောက်မွေးနေ့လေးကို ရေခဲမုန့် တစ်ယောက်တစ်ခုစီ စားပြီး အားလုံးလမ်းလျှောက် ပြန်လာခဲ့ကြပါတော့တယ်.........

လေးစားစွာဖြင့်
ရီနိုမာန်

7 comments:

ဇွန်မိုးစက် said...

တွေ့ပါတယ် ဖဘမှာ မျက်နှာကြီးဖြီးပြီး ကေအယ်လ်မှာ ပြုံးပျော်နေပုံကို :P

khin oo may said...

ပျော်စရာကြီး တို့လဲကြည့်ပြီးပြီ. ဖဘမှာ
happy birthday! ရီနိုမာန်

Mogok Thar said...

ရေခဲမုန့် စားချင်တယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘယ်လိုဘဲဖြစ်ဖြစ် မွေးနေ့မှာ အမှတ်တရတော့ ဖြစ်သွားတယ်မဟုတ်လား
ပျော်စရာဘဲပေါ့။
ပျော်ရွှင်ပါစေ။

ချစ်ကြည်အေး said...

ကိုသောမတ်စ်ချက်တာ ပိုကောင်းတယ်ဆိုတာ မယုံ၊ လက်တွေ့စားရမှ ယုံမယ်ဗျိုး...။ မလိုက်ရလို့ မကျေနပ်ဘူးကွာ။

ရီနိုရေ...၂၉ ရှိပြီလား မထင်ရဘူးနော်... ၅၀လို့...:P

Angel Shaper said...

အခန်းဆက်အဖြစ် ဆက်ရေးပါဦး အကို....
နောက်ထပ် အဆက်ရှိမယ်ထင်ပါတယ်.......
ကေအယ်မှ ရီနို့ခြေရာများ ဆိုလား ဘာဆိုလား ညာဆိုလား......
ဆက်ရန် မပြောပေမယ့် ဆက်ရန်ကို စောင့်ဖတ်နေပါ့မယ်... အဟဲ........

....

Angel Shaper said...

အဲ... မေ့နေတယ်....
ဟက်ပီဘတ်ဒေးးးးးးးး နော်.....
အကိုအကြီးကြီးးးးးးးးး (My very Big Bro...) လို့ ပြောတာ... ဟွန်း