September 10, 2010

ကောင်လေးတစ်ယောက်...

သူက သူ့မေမေ့ကို သိပ်ချစ်သူလေး ကောင်လေးတစ်ယောက်... လောကကြီးထဲက ကြိုတင်ထွက်ခွာသွားတဲ့ သူ့ဖေဖေကို လွမ်းဆွတ်နေတတ်သူ... သူ့ဖေဖေ မရှိတော့တဲ့နောက် ရှိသမျှခွန်အားလေးနဲ့ ဘဝကို ရုန်းရင်းကန်ရင်း သူ့မေမေနဲ့ ညီမလေးကို ကြည့်ရှု့စောင့်ရှောက်နေသူ.. မမျှော်လင့်ပါပဲ ဆုံးပါးသွားခဲ့တဲ့ အကိုအကြီးရဲ့သွေးလေးဖြစ်တဲ့ တူလေးကိုလည်း ချစ်ခင်ယုယ ကြင်နာတတ်သူ... တခါတလေ အားငယ်စိတ်လေး ဝင်တတ်ဟန်ရှိတဲ့ သိပ်ကို နူးညံ့သိမ်မွေ့သူ.. အေးဆေးတည်ငြိမ်သည့် မျက်နှာလေးတစ်ခုကို ပိုင်ဆိုင်ထားပြီး ချစ်စဖွယ်လေး အမြဲပြုံးနေတတ်သူ ကောင်လေးပါပဲ..။

လွန်ခဲ့တဲ့ရက်အနည်းငယ်လေးထဲမှာပဲ သူ့ကိုယ်ပိုင် ဘုရားစင်လေးနဲ့ အိပ်ခန်းလေးကို ရှင်းလင်းလို့ ဓါတ်ပုံရိုက်ပြီး ဖေ့စ်ဘု့ခ်မှာ တင်ပြခဲ့တာကို တွေ့မိတော့... ကောင်လေးဟာ ဘာသာတရားကို ရိုသေကိုင်းရှိုင်းတတ်သလို အအိပ်လည်း ပုတ်သူလေးပါလို့ ကျွန်မ ပြောမပြတော့ပါဘူး..။ ရေကူးခြင်းကို မြတ်နိုးသလို.. မြန်မာမင်းသား အကကို ကကြည့်ဖို့ နှစ်ခြိုက်သည်ဟု ပြောပြန်သေးသူ...။ အပေါင်းအသင်းခုံမင်ပြီး အနစ်နာခံတတ်သူဖြစ်သလို ကောင်မလေး သူငယ်ချင်းများစွာ ရှိပြီး ချစ်သူရည်းစားထားဖို့ ဘဝက မပေးသေးဘူးဟု တိုးဖွဖွနဲ့ ပြောတတ်သူလေးပေါ့...။

ခရီးထွက်ရခြင်းကို ဝါသနာတစ်ခုလို နှစ်သက်သလို အကြွေးရှိတဲ့ နေ့ရက်တွေကိုလည်း တည်ငြိမ်အေးဆေးစွာ ဖြတ်ကျော်နေတတ်ပြန်သေးသူ...။ မြူးကြွကြွ သီချင်းလေးတွေ နားထောင်ရင်း ခေါင်းလှုပ် ခြေလှုပ်နဲ့ ပျော်ရွှင်လွတ်လပ်နေချင်သူ... ကော်ဖီ သိပ်ကြိုက်သူ ကောင်လေးက... အရောင်တွေထဲမှာ အစိမ်းရောင်နဲ့ အဝါရောင်ကို ချစ်လွန်းပြန်သေးသတဲ့လေ..။ အဲ့ဒီကောင်လေးက အိန္ဒြာကျော်ဇင်ကို ကျိတ်ပြီး သဘောကျနေသူပဲ ဖြစ်လို့နေပြန်ရဲ့..။ သူ.. ဘာလို့ ချစ်သူမရှိလဲဆိုတာကို အစ်မဖြစ်သူ ကျွန်မက တစ်ခါတစ်လေ စပ်စုမိတတ်သေး၏..။

“အို... ဒီလောက် မိန်းကလေး သူငယ်ချင်းတွေများတာ တစ်ယောက်ကိုမှ စိတ်မဝင်စားဘူးလား..” လို့ ချစ်ခင်စိတ်တွေနဲ့ မေးကြည့်မိတိုင်း ပြုံးကာ ခေါင်းခါပြတတ်သူပေါ့..။
“ဒါဆို... သိပြီ ကောင်မလေးသူငယ်ချင်းတွေထဲမှာ အူဝဲလို ချွတ်စွပ်တူတာ မပါလို့မှလား...” ဟု ပြောမိပြန်တော့ တဟားဟားနဲ့ ပေါ့ပေါ့ပါးပါး အော်ရယ်တတ်သူ ကောင်လေးတစ်ယောက်..။
“မိန်းမ မယူချင်ပါဘူး... မေမေနဲ့ပဲ နေချင်တာ..” လို့ ကောင်ကလေးငယ်ငယ် တစ်ယောက်လို ဆိုတတ်သေးသူပင်..။ ဟော.. ကြည့်..!! အဲ့ဒီကောင်လေးက ကလေးတွေ အများကြီးနဲ့လည်း နေချင်ပြန်သေးသတဲ့။
“ဟင်... မိန်းမ မယူပဲ ဘယ်က ကလေး............” ကျွန်မမေးခွန်း မဆုံးခင် တဝက်တပျက်မှာပဲ သူက ကမန်းကတမ်းနဲ့...
“နိုး.. နိုးး.. ဘရက်ပစ်ထ်နဲ့ ဂျိုလီတို့လို ကလေးတွေ အများကြီး မွေးစားချင်တာ ပြောတာနော်...” ဟု ရယ်ကျဲကျဲလေးနဲ့ ဖြေတတ်သူလေးပါပဲ..။
ကျွန်မ ချစ်ခင်ရတဲ့ အဲ့ဒီကောင်လေးက ကလေးလေး တစ်ယောက်တော့ မဟုတ်တော့ပါဘူး..။ ဒီနေ့လေးဟာ ကောင်လေးရဲ့ မွေးနေ့လေးတစ်နေ့ပါ..။ အစ်မတွေ အများကြီးကို မွေးနေ့လက်ဆောင်ပေးဖို့ ဂျီအလွန်ကျတတ်တဲ့ လူကြီးပေါက်စ မောင်ဆိုးလေး တစ်ယောက်ဟာ သူပဲပေါ့..။ သူ့အကြောင်းလေးတွေ တွေးလို့ ချရေးမိရင်း... တခါတည်းပဲ အစ်မတစ်ယောက်အနေနဲ့ သူ့အတွက် အကောင်းဆုံး မွေးနေ့လက်ဆောင် ကြော်ငြာလေး တစ်ခုဝင်သွားပါရစေ...။
အူဝဲနဲ့ အင်မတန်တူတဲ့ ကောင်မလေး တစ်ယောက်ယောက်ကများ ဒီစာလေးကို ဖတ်မိတယ် ဆိုရင်................... ဆိုခဲ့ရင်............... ပေါ့လေ...။ ငယ်ငယ်တုန်းက ဆော့ရင်း ကစားရင်း ခဏခဏအော်ဖူးတဲ့ ကောက်စိုက်တေးသွား စာသားလေးကို ဒီမှာပဲ ဒီလိုလေး အကျယ်ကြီး အော်ထားခဲ့ချင်ပါတယ်..။
ယောင်းမရေ... သူငယ်ချင်း လယ်ဆင်းကြစို့လား................!!!!! ဝါးးးးးးး))))))))))))))))))) :P


ကဲ... ဒီလိုနဲ့ မွေးနေ့ ဖယောင်းတိုင် မီးလေးတွေ မှုတ်ငြိမ်းလိုက်ဖို့ အချိန်တောင် ရောက်လာနေပြီ...!!!
Happy Birthday To You..... ပါ ကလေးလေး မဟုတ်တော့တဲ့ မောင်လေးရေ.... အမှတ်တရပေါ့....း)
(ခင်လေးငယ်)



လေးစားစွာဖြင့်
ရီနိုမာန်

7 comments:

နှင်းမိုး said...

ဘူလေးလဲ ဟင်အဲ ကောင်လေးက

ဆောင်းနှင်းရွက် said...

ဟက်ပီးးးဘက်ဒေးးးးးးး
((အကျယ်ကြီး အော်သွားတယ်))

မွေးနေ့မှသည်
နေ့ရက်တိုင်း
တစ်နေ့တစ်ခြား
ပို၍ ပို၍ ကိုယ်ရည်စစ်သွားနိုင်ပါစေ ... :D

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျော်စရာမွေးနေ့ဖြစ်ပါစေ
စိတ်၏ချမ်းသာခြင်းကိုယ်၏ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး
ဘ၀တစ်လျှောက်လုံး ပျော်ရွှင်ချမ်းမြေ့စွာ အောင်မြင်မှုများ ရရှိနိုင်ပါစေ

နွေဆူးလင်္ကာ said...

ဟက်ပီး ဟက်ပီး ဘတ်ဒေးပေါ့ဗျာ ...

ဇွန်မိုးစက် said...

ဟက်ပီဘတ်ဒေးတူ ရီနိုး)

maylay said...

ဟတ်ပီးဘတ်ဒေးပါ ရီနို။။။။ ကျန်းမာပျော်ရွှင်သော ဘဝလမ်းတစ်လျှောက်လုံးကို အောင်မြင်စွာ ဖြတ်သန်းနိုင်သောသူဖြစ်ပါစေ။ နောက်ကျမှ လိုင်းဝင်ရလို့ ခုမှ ရေးရတယ်။ မခင်လေးငယ်က သူ့မောင်လေးကို တော်တော်ချစ်တာပဲနော်။ ကျေးဇူးတင်စရာလေး။ ရေးထားတတ်တယ်။

သဒ္ဓါလှိုင်း said...

Happy Birthday...
ပျော်ရွှင်စရာမွေးနေ့လေးတွေကို ချစ်တဲ့အမေနဲ့
အတူတကွ ဖြတ်သန်းနိုင်ပါစေ.။
လိုအပ်တဲ့ဆန္ဒတွေအားလုံးပြည့်ဝပါစေ.။
စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီးလောကအကျိုး၊
သာသနာအကျိုးကိုသယ်ပိုးနိုင်ပါစေ..

ခင်မင်စွာ
သဒ္ဓါ