ငါ့ရင်ထဲမှာ မင်း မရှိခဲ့တာ ကြာခဲ့ပေါ့
အလွမ်းတွေဆိုတာလည်း ငါ မသိခဲ့ဘူး
အဆွေးဆို ပိုလို့ နားမလည်ခဲ့ဘူး....
ခဏတာ တွေ့ခဲ့ ကြတဲ့ အချိန်တွေကိုတော့
ငါ သတိရနေမိတာတော့ အမှန်
ခုချိန်မှာ ငါ အေးချမ်းနေတယ်
မယုံရင် ငါ့ရင်ထဲ ဝင်ကြည့်လိုက်ပါ
ငြိမ်းချမ်းတဲ့ ရင်ခွင် တစ်စုံရှိနေလိမ့်မယ်.......
1 comment:
ခုချိန်မှာ ငါ အေးချမ်းနေတယ်
မယုံရင် ငါ့ရင်ထဲ ဝင်ကြည့်လိုက်ပါ
ငြိမ်းချမ်းတဲ့ ရင်ခွင် တစ်စုံရှိနေလိမ့်မယ်.......
အဲဒီစာပုဒ်လေးကောင်းတယ် ။အမြဲတယ် အေးချမ်နေရင်တော့ ပိုကောင်းတာပေါ့ မောင်လေးရယ်
၁၀ နှစ်လုံးလုံး ဖွင့် မပြောပဲ ဒီတိုင်းကြိတ်ပုန်းနေတာတွေ
ဒီလောက်လွယ်လွယ်နဲ့ အေးခဲသွားတယ်ပေါ့းp
ပြောလိုက်ရမလား အဲဒီမိန်းခလေးပုံတွေ ခဏ ခဏ ခိုးခိုးကြည့် နေပြီးတော့ 
သာယာချမ်းမြေ့ပါစေနော်
မိုး
Post a Comment