Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

February 8, 2017

ငါ့..............

စိတ်ကူးပုံရိပ် အတွေးရပ်ဝန်း
ကျင်လည်ခဲ့တာ ကြာခဲ့ပါပြီ။
ပျက်စီးပျောက်ကွယ် ရင်ခုန်သံလည်း
ရပ်တံ့ခဲ့တာ ကြာခဲ့ပါပြီ။

ချစ်သူရယ် အနားမှာ မင်းမရှိတော့
အသက်ရှူသံတွေလည်း မကြားရတော့ဘူး
နွေးထွေးတဲ့ မင်းရဲ့ရင်ခွင်မှာလည်း
ခိုးနားခွင့် မရတာလည်း ကြာခဲ့ပါပြီ။

ငါမင်းကို လွမ်းလို့ သေတော့မယ်
ဒါကို မင်းမသိလို့လား ချစ်သူရယ်
ငါ့ စိတ်ထဲမှာ မင်းအကြောင်းပဲ
တွေးနေခဲ့တာပါ ချစ်သူရယ်။

ငါ မင်းကို သတိရလို့ ကဗျာတွေရေးနေမိတယ်။
ကဗျာတွေထဲမှာလည်း မင်းအကြောင်းတွေ
စိတ်ကူးတွေထဲမှာလည်း မင်းပုံရိပ်တွေ
သတိရမိတာလည်း မင်းပါပဲ ချစ်သူရယ်......................

ရီနိုမာန်
( ၂၀၀၉ ဧပြီ)

February 5, 2017

သို့

တိမ်တွေကို ကျွန်တော် စီးသွားခဲ့တယ်။
အရှေ့မှာ မြင်နေရတဲ့ အပြာရောင် ကောင်ကင်းကြီးဆီကို။
ရုတ်တရက် ကျွန်တော့်ရှေ့မှာ ပေါ်လာတာက တံခါးကြီး နှစ်ချပ်။
လူပုံသ ဏ္ဌာန် အရိပ်နှစ်ခုက ကျွန်တော့်ကို ဆီကြိုနေကြပြန်တယ်။
တိမ်တွေကို ခဏရပ်ပြီး တစ်အောင့်လောက် ငေးကြည့်လိုက်မိတယ်။

စိတ်.... စိတ်တွေများ ပျံဝဲနေလိုက်ကြတာ.........။
မီးရောင်လည်း မဟုတ်၊ လရောင်လည်း မဟုတ်၊ ကြယ်တွေရဲ့ အရောင်လည်း မဖြစ်နိုင်၊
အဖြူရောင်လို့ ထင်ရပင်မဲ့ တစ်ကယ်တန်းကျတော့ မသေချာဘူး။
အရှေ့နဲ့ အနောက်၊ တောင်နဲ့မြောက် ရွှေ့လျားနေတဲ့ ဒီစိတ်။

အမှောင်ထဲမှာ ခဏလောက် ရပ်နေလိုက်မိတယ်။
ရှေ့ဆက်သွားဖို့ လမ်းကို ရှာကြည့်လိုက်တော့....။
လမ်းဆုံးရဲ့ ညဖက်ထောင့်နားလေးမှာ မြှားတစ်ခုနဲ့ စာလေးတစ်ကြောင်း။

သေမင်းနိဗ္ဗာန်ဆီသို့...........။


လေးစားစွာဖြင့်
ရီနိုမာန် 

၂၀၁၂ က ရေးထားတဲ့ အဟောင်းလေးပါ။

June 9, 2016

ကျေးဇူး

ဒီကမ္ဘာပေါ်မှာ ရှင်သန်ခြင်း အခွင့်ကိုပေးတဲ့
အဖေနဲ့အမေကို ကျေးဇူးတင်တယ်။

ဒီအသက်အရွယ်ထိ နေထိုင်ခြင်း အခွင့်ကိုပေးတဲ့
လောကကြီးကို ကျေးဇူးတင်တယ်။

ဆုတောင်းခြင်းတွေကို မသိမသာ ဖြည့်ဆည်းပေးတဲ့
ဘုရားရှင်ကိုလည်း ကျေးဇူးတင်တယ်။

ခင်မင်ခြင်းဆိုတဲ့ အခွင့်ကိုပေးတဲ့
သူငယ်ချင်း အားလုံးကို ကျေးဇူးတင်တယ်။

ချစ်ခင်ခြင်းဆိုတဲ့ အခွင့်ကိုပေးတဲ့
မောင်နှမများ အားလုံးကို ကျေးဇူးတင်တယ်။

နားလည်မှုဆိုတဲ့ အခွင့်ကို အပြည့်အဝ အသုံးချပေးတဲ့
တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်တယ်။

ကိုယ်လိုအပ်တဲ့အချိန်မှာ ကိုယ့်ဘေးနားမှာရှိပြီး
ကိုယ်မလိုအပ်တော့တဲ့အချိန်မှာ အနားကတိတ်ဆိတ်စွာ
ထွက်ခွာပေးသွားကြတဲ့ အယောက်အားလုံးကိုလည်း
ကျေးဇူးတင်တယ်။

ယခုချိန်ထိ ကိုယ်နဲ့စိတ်တူကိုယ်တူရှိနေပေးတဲ့
တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်တယ်။

ကိုယ့်အပေါ် နားလည်ပြီး ချစ်ပေးနေတဲ့
တစ်ယောက်သော သူကိုလည်း ကျေးဇူးတင်တယ်။

အရာအားလုံးကို အကောင်းရော အဆိုးရော
ဖန်တီးပေးနေတဲ့ ကံကြမ္မာကိုလည်း ကျေးဇူးတင်တယ်။

အဓိက ကတော့ အပျော်၊ အပြုံး၊ အမဲ့၊ အငို၊ အလွမ်း၊
အချစ်၊ ဒုက္ခ၊ သုခ များစွာကို ခံနိုင်ရည်ရှိခဲ့တဲ့
ရှိနေစဲဖြစ်တဲ့ ကိုယ့်ရဲ့ စိတ်ကို ကျေးဇူးတင်တယ်။

ရီနိုမာန်

February 27, 2016

စိတ်ရွက်လှေ

စိတ် ကြည်လင်သွားတဲ့ တစ်နေ့
အရောက်လှမ်းခဲ့မယ်။
သစ်ပင်အို အရိပ်အောက်ဆီ
စောင့်နေလို့ပေးပါ။
ကော်ဖီတစ်ခွက်နဲ့ ဝိုင်တစ်ခွက်
စိတ် အေးချမ်းသွားတဲ့ တစ်နေ့
အပြုံးတွေ ချွေလိုက်ပါ့မယ်။
ခန်းနားတဲ့ အဆောင်အယောင်တွေထဲ
လျှောက်လှမ်းလို့ လာခဲ့ပါ။
စောင့်နေပါ့မယ် ဟိုတစ်နေရာဆီက
စိတ် ခမ်းခြောက်သွားတဲ့ တစ်နေ့
အရောင်တွေလည်း မှေးမှိန်လို့
ကျကွဲသွားတဲ့ ဖန်စတွေက
ဟိုတစ်စ ဒီတစ်စ
စောင့်နေလိုက်ပါ ရောက်မဲ့အချိန်ထိ
စိတ် လေလွှင့်သွားခဲ့ ရပြီ။
စိတ် ပျောက်ဆုံးသွားခဲ့ ရပြီ။
စိတ် အခန့်မသင့်စွာဖြင့်
အနားယူလိုက်ရပြီ။

ရီနိုမာန်

February 13, 2016

လွမ်းလည်း လွမ်တတ်နေပြီ

တစ်နေ့တော့ နင်ငါ့ကို ချစ်သလိုမျိုး
နောက်တစ်ယောက်တွေ့အုံးမှာပါ တဲ့။
အဲဒီအခါကျရင် နင်ငါ့ကို မေ့သွားမှာပါတဲ့။
ငါနင့်ကို ချစ်သလိုမျိုး နောက်တစ်ယောက်
ရှိလာတော့မှာ မဟုတ်ဘူးလို့ ပြောတော့
နင်ပြုံးနေခဲ့တယ်။


နင်ပြောသလိုပဲ ဖြစ်တော့မှာလားလို့ ငါ့စိတ်ထဲ
ခဏခဏဖြစ်မိတယ်။
နင်ပြောခဲ့တဲ့ စကားတွေကို အတည်ပြုရတော့မယ့်
အချိန်ရောက်ရင် ငါ့ရင်ထဲမှာ နင်ပဲရှိနေတယ်ဆိုတာ
သေချာသထက်သေချာလာတယ်။
ငါ ဘယ်သူ့ကိုမှလည်း မလိမ်ခဲ့ဘူး။
ငါ့ကိုယ်ငါလည်း မလိမ်ခဲ့ဘူး။
ငါ နင့်ကိုပဲ ချစ်နေတုန်း ဆိုတာကိုပေါ့။

ငါက နင့်ကို အစကတည်းက ချစ်ပဲချစ်ခဲ့တာ။
နင်က ပိုင်ဆိုင်ချင်တာ။
နင်ငါ့ကို ချစ်တာငါသိပါတယ်။
ဒါပေမဲ့ နင်ပိုင်ဆိုင်ချင်တာ ငါမဟုတ်ဖူး
ဆိုတာလည်း ငါသိပြီးသားပါ။
ငါနင့်ကို အချိန်မရွေး ချစ်နေလို့ရတဲ့
ငါ့ကို နင်ပေးထားတဲ့ အခွင့်အရေးတစ်ခုနဲ့တင်
ငါကျေနပ်လို့ ရပါတယ်။

ငါ့ဘဝမှာ ငါတစ်ယောက်ထဲ နေလာတာ
နေသားတော့ကျနေပါပြီ။
ငါက ငါ့စိတ်ကို ငါအရမ်းနိုင်တာ။
ဒါပေမဲ့ နင့်ကို ချစ်ခဲ့ဖူးတယ်။
နင့်ကို ချစ်နေတုန်းပဲ။
နင်နဲ့တူတူသွား၊ တူတူစား
တူတူပျော်၊ တူတူကဲ ခဲ့တဲ့အချိန်တွေ။
နင့်ကို လွမ်းတဲ့ ငါ့ရဲ့စိတ်ကိုတော့
ငါထိန်းလို့ မရခဲ့ဘူး။
ထိန်းလည်း မထိန်းထားချင်ပါဘူး။
ငါက နင့်ကို ချစ်နေရရင် ကျေနပ်နေတာလေ။

ငါနင့်ကို ချစ်တဲ့ အချစ်သင်္ကေတ တစ်ခုအနေနဲ့
တစ်နှစ်ကို ပစ္စည်းတစ်ခု အမြဲငါစုခဲ့တယ်။
ငါစုခဲ့တဲ့ ပစ္စည်းတွေထဲမှာ
နင်နဲ့တူတူရှိတဲ့ နှစ်တွေတုန်းက
နင်ငါ့ကိုပေးထားတဲ့ ပစ္စည်းတွေလည်းပါတယ်။
ငါစုထားတဲ့ ပစ္စည်းတွေကို အချိုးချလိုက်ရင်
လေးပုံတစ်ပုံပဲ နင့်ပေးခဲ့တဲ့အမှတ်တရတွေရှိတယ်။
ဒီနှစ် ၂၀၁၆ မှာ ငါစုထားတဲ့ အမှတ်တရတွေက
၁၆ ခုရှိသွားပြီဟ။

အချိန်တွေ ဘယ်လိုပဲပြောင်းပြောင်း
နေရာတွေ ဘယ်လောက်ပဲ ဝေးဝေး
ငါ့ရင်ထဲမှာ နင့်ကိုချစ်တဲ့ အချစ်ကတော့
မပြောင်လဲဘူး။ အရင်အတိုင်းပဲ။
ခုတော့ ငါမှာ နင်နဲ့ပတ်သက်ပြီး ပိုလာတာ
တစ်ခုတော့ ရှိသွားတာပေါ့။
ငါ နင့်ကို ချစ်နေရရုံအပြင်
လွမ်းလည်း လွမ်းတတ်နေပြီ။


ရီနိုမာန်

September 2, 2015

စက်တင်ဘာ အောင်ပွဲ

ရိုးသားလှတဲ့ စက်တင်ဘာ
အေးချမ်းလွန်းတဲ့ စက်တင်ဘာ
နှစ်သစ်ရောက်ခဲ့ပြီ စက်တင်ဘာ
ဘဝပေါင်းများစွာထဲက စက်တင်ဘာ
ပြောင်းလဲခြင်းတွေပေးတဲ့ စက်တင်ဘာ
ကျေးဇူးရှင်မိဘနှစ်ပါးနဲ့ စက်တင်ဘာ

ဒီအချိန်ကိုရောက်ရင် သတိရတယ် စက်တင်ဘာ
မွှေးလွန်းတဲ့ပန်းအနံ့လေးတစ်ခုရှိတယ် စက်တင်ဘာ
နိုးထခြင်းကို အသက်သွင်းပေးနိုင်ခဲ့တဲ့ စက်တင်ဘာ
ရိုးသားမှုတွေကို ချပြနိုင်ခဲ့တဲ့ စက်တင်ဘာ
ရုန်းကန်မှုတိုင်းမှာ အဓိပ္ပာယ် ရှိလှတဲ့ စက်တင်ဘာ
ကြိုးစားရင်း မေ့လို့မရတဲ့ စက်တင်ဘာ
နှစ်သစ်ပေါင်းများစွာနဲ့အတူ ရှင်သန်ခဲ့တဲ့ စက်တင်ဘာ

စက်တင်ဘာကိုရောက်တိုင်း
စက်တင်ဘာတွေ ပျော်ရွှင်ခဲ့ရတယ်။
စက်တင်ဘာတွေ ငိုကြွေးခဲ့ရတယ်။
စက်တင်ဘာတွေ အံ့သြခဲ့ရတယ်။
စက်တင်ဘာတွေ ရူးသွပ်ခဲ့ရတယ်။
စက်တင်ဘာတွေ အောင်မြင်ခဲ့ရတယ်။
စက်တင်ဘာတွေ တမ်းတခဲ့ရတယ်။

ခုတော့ စက်တင်ဘာတွေ
ပျော်ရွှင်ဖို့ အချိန်ရောက်ခဲ့ပြီ။
ငိုကြွေးဖို့ အချိန်ရောက်ခဲ့ပြီ။
အံ့သြဖို့ အချိန်ရောက်ခဲ့ပြီ။
ရူးသွပ်ဖို့ အချိန်ရောက်ခဲ့ပြီ။
အောင်မြင်ဖို့ အချိန်ရောက်ခဲ့ပြီ။
တမ်းတဖို့ အချိန်ရောက်ခဲ့ပြီ။

စက်တင်ဘာတွေ စက်တင်ဘာနဲ့ စလိုက်ကြရအောင်။

🌺🌸🌳🌲🌷🌻🌵🌴
ရီနိုမာန်

March 7, 2015

အချစ်ကြောင့် ကျွန်တော်ဟာ ပြုံးလို့

သူမက နုညံ့တယ်။
သူမနဲ့ စကားပြောတဲ့အခါ 
ကြင်နာတဲ့ အသံကိုကြားရတယ်။
သူမဟာ မျက်လုံးကို လှပအောင် ခြယ်သထားတယ်။
သို့သော် သူမရဲ့ မျက်လုံးက ပြုံးရီနေတယ်။
သူမရဲ့ ဆံနွယ်က ပျော့ပျောင်းသွယ်လျလို့။
သူမနဲ့ စကားပြောတဲ့အခါ အလိုက်အထိုက်
နွဲ့ယိမ်းလို့ ကပြတတ်တဲ့ ဆံနွယ်လေးကိုလည်း တွေ့ရတတ်တယ်။
ကျွန်တော် သိပ်ချစ်တဲ့အထဲမှာ သူမရဲ့ လက်ကလေးတွေ
နုညံ့လွန်းတဲ့ သူမရဲ့ လက်ဖဝါးလေးရယ် 
ကိုင်လို့ကောင်းတဲ့ သူမလက်မောင်းသားလေးရယ်
လှပစွာ ပြုံးတတ်တဲ့ သူမ နှုတ်ခမ်းလေးနဲ့
ယုယစွာ နမ်းတဲ့ သူမရဲ့ အနမ်း။
အသက်ပါလှတဲ့ သူမရဲ့ခြေလှမ်းတွေ
ရိုးရှင်းလှတဲ့ သူမရဲ့ကိုယ်ခန္ဓာ
ဒေါင်းတစ်ကောင်လို လှတဲ့ သူမရဲ့အလှ
နတ်ဘုရားရဲ့ သမီးတော် တစ်ပါးအလား
ပြီးပြည့်စုံတယ်လို့ ပြောရင် ကျွန်တော်ကို
ရူးတယ်လို့ ပြောကြလိမ့်မယ်။
သူမကို ကျွန်တော်က အမည်တစ်ခု ပေးလိုက်မိတယ်။

( အချစ် ) လို့...................။

အချစ်ကြောင့် လူတွေက ပျော်ရွှင်လို့။
အချစ်ကြောင့် လူတွေက ကြည်နူးလို့။
အချစ်ကြောင့် လူတွေက သာယာလို့။
အချစ်ကြောင့် လူတွေက ဘဝပျက်လို့။
အချစ်ကြောင့် လူတွေက ရိုင်းစိုင်းလို့။
အချစ်ကြောင့် လူတွေက စိတ်ကုန်လို့။
အချစ်ကြောင့်.........................။
အချစ်ကြောင့်.........................။
အချစ်ကြောင့်..........................။

ရီနိုမာန်

March 3, 2015

ငါ့ရင်ထဲမှာ

အောင်မြင်ခြင်းဆိုတာ
လူတွေနဲ့  မဝေးသလို
အချစ်ဆိုတာလည်း
ငါ့ရင်ထဲမှာရှိတယ်။

မဝေးတော့တဲ့ အနာဂတ်မှာ
တို့ နှစ်ယောက် အတူတူရှိနေနိုင်ဖို့ 
ကြိုးစားရင်း ငါ ရှိနေမယ်

လူတွေက ပြောကြတယ်
အချစ်ဆိုတာ ဘာဘာညာညာ ပေါ့
ငါ့ရင်ထဲမှာတော့ မင်းကို
ချစ်တဲ့ အချစ် ပဲရှိတယ်

ငါ့ရင်ထဲမှာ...................
မင်းကိုချစ်တော့
ငါ့ရင်ထဲမှာ.....................

မင်းမရှိတော့ ငြိမ်းချမ်းလိုက်တာ

ငါ့ရင်ထဲမှာ မင်း မရှိခဲ့တာ ကြာခဲ့ပေါ့

အလွမ်းတွေဆိုတာလည်း ငါ မသိခဲ့ဘူး

အဆွေးဆို ပိုလို့ နားမလည်ခဲ့ဘူး....

ခဏတာ တွေ့ခဲ့ ကြတဲ့ အချိန်တွေကိုတော့

ငါ သတိရနေမိတာတော့ အမှန်

ခုချိန်မှာ ငါ အေးချမ်းနေတယ်

မယုံရင် ငါ့ရင်ထဲ ဝင်ကြည့်လိုက်ပါ

ငြိမ်းချမ်းတဲ့ ရင်ခွင် တစ်စုံရှိနေလိမ့်မယ်.......

March 13, 2014

ရာသီခွင်

လကလေးရယ်၊ ကြယ်ကလေးရယ်၊ လူတစ်ယောက်ရယ်......။

မှောင်မိုက်တဲ့ ညတစ်ညမှာ ကြယ်လေးတမျှ လင်းလက်နေတဲ့
မီးရောင်စုံတွေရဲ့ကြားမှာ ရာသီခွင်ကို စောင့်ကြည့်နေတဲ့ လူတစ်ယောက်။

ကြယ်တွေစုံပြီးလား။

လူတွေကောစုံရဲ့လား။

ချိုမြိန်နေတဲ့ ဂီတသံနဲ့အတူ လှပတဲ့ကစားကွင်းကြီးအလယ်မှာ
ဆန်းသော်တာ လရဲ့အရိပ်ကတော့ မခို့တရို့။

ညတစ်ဝက် ကျိုးေ၇ာပေါ့။

အချိန်မှ မှန်ရဲ့လား။

တည်းခင်းထားတဲ့ ဧည့်ခံပွဲကြီးလည်း တိတ်ဆိတ်ငြိမ်သက်လို့နေရဲ့။
အနီရောင် ပန်သီးရဲ့ အလယ်တည့်တည့်မှာ ထိုးစိုက်ထားတဲ့ ဓါးတစ်လက်။
အနီရောင်ကောဇောကြီးလဲ သွေးသံရဲရဲ။

ပြီးဆုံးသွားခဲ့ပြီလား။

ပြည့်ရော ပြည့်စုံပါရဲ့လား။

မှောင်မိုက်နေပင်မဲ့ ဆန်းသော်တာ လရိပ်က အတိုင်းသာ။
ကြယ်လေးတွေလည်း သူ့နေရာနဲ့သူ ဘိုနေမြဲကျားနေမြဲ။
ကောင်းကင်မှာ နက္ခတ်ဖတ်ဖို့ စောင့်နေတဲ့ လူတစ်ယောက်တော့ ရှိနေလေရဲ့။

( ဆားချက်တယ်၊ အသက်သွင်းတယ်)

September 22, 2012

သဘာဝတရားတဲ့...လား

သဘာဝတရားတဲ့လား........။
ဖြစ်မယ်၊ ပျက်မယ်လို့ ဘုရားရှင်က ဟောထားခဲ့ပြီးသား။
တကယ်တန် ဖြစ်တော့လည်း လူတွေက သနားစရာပါ။
ဒါဟာ ဘာကြောင့်လဲ... သဘာဝတရား တဲ့လား။

ရေတွေကြီးလို့ ငါတို့သွေးချင်းတွေ ဒုက္ခပင်လယ်ထဲမှာ..
အတွင်း ၃၇ မင်းလည်း မကယ်နိုင်၊ အပြင် ၃၇ မင်းလည်း မကယ်နိုင်
အထက် ပုဂ္ဂိုလ်လည်း မနိုင်၊ အောက် ပုဂ္ဂိုလ်လည်း မဆိုင်
ဖြစ်ချင်တာ ဖြစ်နေတာ..... သဘာဝတရားတဲ့လား။

ရပ်စဲဖို့ အခါခါ၊ နေ့ရက်တွေထဲ
အသက်ပေါင်းများစွာ စတေးခဲ့ရပြန်ပြီ။
ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ၊ ဆွေမျိုးများစွာအတွက်
ရင်ဘတ်ကြီးလည်း ကွဲခဲ့ရပြီ....ဒါလည်း.... သဘာဝတရားတဲ့လား။

မိန်းမလည်း လူ၊ ယောက်ျားလည်း လူ
လူ လူချင်းအတူတူ ဘာတွေများ ပိုထူးနေလို့လဲ...။
ဘာသာတစ်ခု အကြောင်းပြုလို့ ရင်းလိုက်ရတဲ့ လူ့အသက်တွေ
အိုအိမ်ပျက်စီးဆုံးရှုံးရတာလည်း.... သဘာဝတရားတဲ့လား။

ဟော့  တွေ့လိုက်ရပြန်ပြီ။
ရင်ဘတ်စည်းတီး ငိုချင်းချနေရတာ ရွှေမန်းတင်မောင်မှ မဟုတ်တာ။
ဘဝတွေရင်း၊ အချိန်တွေရင်း နေရာလေး တစ်ခုပိုင်ဆိုင်ပြီးခါမှ
မင်းမိန့်ဆိုတဲ့ စကားလေးတခွန်းကရော .... သဘာဝတရားတဲ့လား။

လေးစားစွာဖြင့်
ရီနိုမာန်

September 5, 2012

မိုးနှောင်း အိပ်မက်

အပြင်မှာ မိုးတွေသည်းထန်စွာ  ရွာသွန်းနေတယ်
လမ်းရဲ့ အပေါ်မှာတော့ ရေတွေပြည့်နေလေရဲ့
ကလေးငယ်တစ်ယောက် လွယ်အိတ်လေး တစ်လုံးဖြင့်
ပြေးလွှာဆော့ကစားလို့ နေပြန်တယ်။

မကြာခင်မှာပဲ မိုးတွေ အရွာရပ်တန့်သွားခဲ့ပြီ
ရေတွေတစ်ဖြေးဖြေး လျော့နည်းလို့လာခဲ့ပြီ
ကလေးငယ်ရဲ့ကိုယ်ပေါ်မှာ လွယ်အိတ် ရှိမနေတော့ပြီ
တစ်ချိန်တည်းမှာပဲ သူ့ကိုယ်ပေါ်က အင်္ကျီာကို ဆွဲချွှတ်နေပြန်ပါတယ်။

ငါးမိနစ်လောက် အကြာမှာတော့ ကောင်းကင်ကြီး တစ်ခုလုံး မှောင်မဲလို့
မိုး ထပ်ရွာတော့မယ်ဆိုတဲ့ အရိပ်အယောင်ကို သူပဲ သိနေသလိုလို
လမ်းပေါ်မှာ ငှက်ကလေး တစ်ကောင်၊ ခွေးကလေးတစ်ကောင် ရှိမနေပင်မဲ့
ခုထိကျနော် တွေ့နေရတာ မိုးရွာမရွာ မသိပင်မဲ့ မျှော်လင့်ကြီးစွာနဲ့ စောင့်နေတဲ့
ကလေးငယ်တစ်ဦး


လေးစားစွာဖြင့်
ရီနိုမာန်

August 29, 2012

ရာသီခွင်

လကလေးရယ်၊ ကြယ်ကလေးရယ်၊ လူတစ်ယောက်ရယ်......။

မှောင်မိုက်တဲ့ ညတစ်ညမှာ ကြယ်လေးတမျှ လင်းလက်နေတဲ့
မီးရောင်စုံတွေရဲ့ကြားမှာ ရာသီခွင်ကို စောင့်ကြည့်နေတဲ့ လူတစ်ယောက်။

ကြယ်တွေစုံပြီလား။

လူတွေကောစုံရဲ့လား။

ချိုမြိန်နေတဲ့ ဂီတသံနဲ့အတူ လှပတဲ့ကစားကွင်းကြီးအလယ်မှာ
ဆန်းသော်တာ လရဲ့အရိပ်ကတော့ မခို့တရို့။

ညတစ်ဝက် ကျိုးေ၇ာပေါ့။

အချိန်မှ မှန်ရဲ့လား။

တည်းခင်းထားတဲ့ ဧည့်ခံပွဲကြီးလည်း တိတ်ဆိတ်ငြိမ်သက်လို့နေရဲ့။
အနီရောင် ပန်သီးရဲ့ အလယ်တည့်တည့်မှာ ထိုးစိုက်ထားတဲ့ ဓါးတစ်လက်။
အနီရောင်ကောဇောကြီးလဲ သွေးသံရဲရဲ။

ပြီးဆုံးသွားခဲ့ပြီလား။

ပြည့်ရော ပြည့်စုံပါရဲ့လား။

မှောင်မိုက်နေပင်မဲ့ ဆန်းသော်တာ လရိပ်က အတိုင်းသာ။
ကြယ်လေးတွေလည်း သူ့နေရာနဲ့သူ ဘိုနေမြဲကျားနေမြဲ။
ကောင်းကင်မှာ နက္ခတ်ဖတ်ဖို့ စောင့်နေတဲ့ လူတစ်ယောက်တော့ ရှိနေလေရဲ့။


လေးစားစွာဖြင့်
ရီနိုမာန်

August 22, 2012

သံသရာ စက်ဝန်း

ကျနော်က မေမေ့ကို ချစ်တယ်။

မေမေက ဖေဖေ့ကို ချစ်တယ်။

ဖေဖေက ညီမလေးကို  ချစ်တယ်။

ညီမလေးက ကိုကို့ကို ချစ်တယ်။

ကိုကိုက မမ့ကို ချစ်တယ်။

မမက ကျနော့် ကိုချစ်တယ်။

လေးစားစွာဖြင့်
ရီနိုမာန်

August 3, 2012

သို့........

တိမ်တွေကို ကျွန်တော် စီးသွားခဲ့တယ်။
အရှေ့မှာ မြင်နေရတဲ့ အပြာရောင် ကောင်ကင်းကြီးဆီကို။
ရုတ်တရက် ကျွန်တော့်ရှေ့မှာ ပေါ်လာတာက တံခါးကြီး နှစ်ချပ်။
လူပုံသ ဏ္ဌာန် အရိပ်နှစ်ခုက ကျွန်တော့်ကို ဆီကြိုနေကြပြန်တယ်။
တိမ်တွေကို ခဏရပ်ပြီး တစ်အောင့်လောက် ငေးကြည့်မိသည်။

စိတ်.... စိတ်တွေများ ပျံဝဲနေလိုက်ကြတာ.........။
မီးရောင်လည်း မဟုတ်၊ လရောင်လည်း မဟုတ်၊ ကြယ်တွေရဲ့ အရောင်လည်း မဖြစ်နိုင်၊
အဖြူရောင်လို့ ထင်ရပင်မဲ့ တစ်ကယ်တန်းကျတော့ မသေချာဘူး။
အရှေ့နဲ့ အနောက်၊ တောင်နဲ့မြောက် ရွှေ့လျားနေတဲ့ သည်စိတ်။

အမှောင်ထဲမှာ ခဏလောက် ရပ်နေလိုက်မိတယ်။
ရှေ့ဆက်သွားဖို့ လမ်းကို ရှာကြည့်လိုက်တော့....။
လမ်းဆုံးရဲ့ ညဖက်ထောင့်နားလေးမှာ မြှားတစ်ခုနဲ့ စာလေးတစ်ကြောင်း။

သေမင်းနိဗ္ဗာန်ဆီသို့...........။


လေးစားစွာဖြင့်
ရီနိုမာန်

 

May 16, 2012

သုံးရောင်ခြယ် အတွေး

တစ်နေ့ သူပြန်လာလိမ့်မယ်လို့ ဘာလို့ တွေးနေတာလဲ။
မုန်းလို့ ထားသွားတဲ့ သူ့ကို ဘာလို့ စိတ်စွဲနေရတာလဲ။
ချစ်တယ်လို့ ပြောထားပြီးပြီပဲ...ဘာလို့ သံသယရှိနေရတာလဲ။

တွေးနေပင်မဲ့ ပြန်မလာမှာကိုလည်း သိနေတယ်။
စိတ်ထဲ စွဲနေပင်မဲ့ သူမုန်းသွားခဲ့ပြီးဆိုတာ သိနေတယ်။
သံသယ ရှိနေပင်မဲ့ ငါ တကယ်ကိုး ချစ်ခဲ့တာပါ။

ကံတရားက အခွင့်အရေးပေးလို့ လိုရာဆုတောင်းပါဆို....။
တစ်ခေါက်လောက်တော့ မင်းနဲ့ ပြန်ဆုံချင်မိတယ်။

စိတ်ထဲ စွဲနေတဲ့၊ တွေးနေတဲ့၊ သံသယရှိနေတဲ့ အရာတွေ
မင်းနဲ့ အတူ ထည့်ပေးလိုက်ချင်လို့ပါ။

တစ်ချိန်ချိန်မှာတော့ ငါ့အနား ပြန်လာခဲ့ပါလို့ ပြောလိုက်ပါရစေ။


လေးစားစွာဖြင့်
ရီနိုမာန်

February 13, 2012

ကမ္ဘာကြီးက ကမ္ဘာကြီးကို.......။

နေရဲ့ အလင်းရောင်ကလည်း လင်းထိန်နေပါသည်။

လရဲ့ အလင်းရောင်ကလည်း ကြည်လင်အေးမြနေပါသည်။

လူသားရဲ့ စိတ်တွေကလည်း ရှင်းလင်းနေပါသည်။

သို့သော်...... ပန်းတွေပွင့်ဖို့အတွက် ကမ္ဘာကြီးကို နိုးရအုံးမည်။



လူယောင်္ကျားရဲ့ ပုံသဏ္ဍာန်က တည်ငြိမ်လှသည်။

လူမိန်းမရဲ့ ပုံသဏ္ဍာန်ကလည်း လှပကျော့ရှင်းနေသည်။

နှစ်ယောက်စလုံးရဲ့ စိတ်တွေကလည်း ပြတ်သားနေကြသည်။

ထိုသူနှစ်ဦး အဆင်ပြေဖို့ ကမ္ဘာကြီးကို ပုတ်နိုးခိုင်းရအုံးမည်။



ဝမ်းနည်းမှုတိုင်းမှာ မျက်ရည်တွေ ပါနေသည်။

ပျော်ရွှင်မှုတိုင်းမှာလည်း မျက်ရည်တွေ ပါနေပြန်သည်။

ရင်ခုန်မှုတိုင်းမှာလည်း မျက်ရည်တွေ ပါနေအုံးမည်။

သို့သော်... မျက်ရည်ပါတိုင်း မကောင်းဆိုတာကိုတော့ ကမ္ဘာကြီးကို အသိပေးရလိမ့်အုံးမယ်။


အတိတ်မှာ ကျန်ခဲ့တဲ့ ကိစ္စတွေကို သတိရနေမိသည်။

အနာဂတ်မှာ ဖြစ်လာမဲ့ ကိစ္စတွေကို စောင့်နေမိသည်။

ပစ္စုပ္ပန်မှာ ဖြစ်နေတဲ့ ကိစ္စတွေကို ဖြေရှင်းရအုံးမည်။

သို့သော်.... ပစ္စုပ္ပန်သည်သာ အဓိကဆိုတာ ကမ္ဘာကြီးက သင်ပေးလိမ့်အုံးမည်။


အနီရောင်ဟာ ရဲရင့်ခြင်းဟု ဆိုကြသည်။

အပြာရောင်ကို ငြိမ်းချမ်းခြင်းဟု ဆိုကြသည်။

အနက်ရောင်ကိုကျပြန်တော့ ပူဆွေးမှုဟု ဆိုကြပြန်သည်။

သို့သော် .... ကမ္ဘာကြီးက လူသားတိုင်းကို အဖြူရောင်အဖြစ် ဖန်ဆင်းပေးထားခဲ့သည်။


လေးစားစွာဖြင့်
ရီနိုမာန်

December 16, 2011

ဆောင်းညစိတ်ကူး

ဒီနေ့တော့ ကျွန်တော့်ရဲ့ ဒိုင်ယာရီ စာအုပ်လေး အသက်ဝင် လာခဲ့ရပါပြီ။
ပိတ်ထားခဲ့တဲ့ ကာလတစ်ခုအတွက်  စာအုပ်လေးကို ကျွန်တော် ကိုယ်တိုင် သနားမိနေပါရဲ့။
ကိုယ့်ကိုကိုယ် ..... ငါတော်တော် ရက်စက်ခဲ့ပါလား လို့ မပြောမိယုံ ပါပဲ။

စာအုပ်လေးရေ..... မင်းအပေါ်မှာ တင်နေတဲ့ အကြွေးတွေ၊
မင်းကို ရက်ရက်စက်စက် ဆက်ဆံခဲ့တာတွေ၊ ငါ့ဘေးမှာ အမြဲရှိနေတက်တဲ့
မင်းကို ဂရုမစိုက်မိခဲ့တာတွေအတွက် .. ခွင့်လွှတ်ပေးပါလို့ ငါပြောပါရစေ။

စာအုပ်လေးရေ.... အမှန်တော့ မင်းကို ငါ ဘယ်လောက်ထိ ချစ်ခဲ့မိမှန်း
ငါကိုယ်တိုင် မသိလိုက်တဲ့ အထိပါပဲ။ ငါ့အနားက မင်းထွက်ပြေးတော့မဲ့ အချိန်ကျမှ
ငါ မင်းကို လက်လွှတ်ဆုံးရှူံးမခံနိုင်လောက်အောင် ချစ်သွားမိခဲ့ပြီ ဆိုတာကိုတော့
ဝန်ခံပါရစေ.....။

ငါ့မှာ မာနရှိတယ်။ မင်းမှာလည်း မာန ရှိမှန်း ငါသိတယ်။
အချိန်တွေသာ ကုန်သွားခဲ့တယ်။ ငါ့ မာနကတော့ ခုထိ မျောလွင့်နေတုန်းပဲ။

ဒီဇင်ဘာဆိုတဲ့ အချိန်ကိုရောက်ရင် ငါ ဘာတွေပဲ လုပ်လုပ်.....၊
ငါ ဘယ်ကိုပဲ သွားသွား.....၊ မင်းက ငါ့ရဲ့ အရိပ်တစ်ခုဆိုတာ .....
အလိုလို ငါနားလည်လာတယ်။ ဒါ မင်းအပေါ်မှာ ထားတဲ့ ငါ့ရဲ့ မာနပဲ ဖြစ်မယ်ထင်တယ်။

ပတ်ဝန်းကျင်မှာ အေးခဲနေခဲ့ပြီ စာအုပ်လေးရယ်.....။ မင်းရဲ့ ကိုယ်သင်းရနံ့လေးကတော့
ဆောင်းလေးအေးအေးလေးနဲ့အတူ ငါ့ရှေ့က ဖြတ်လျှောက်သွားတာကို တွေ့လိုက်ရတယ်။
မင်း ငါ့ကိုနှုတ်ဆက်သွားတာပဲ ဖြစ်မယ်လို့ တွေးမိလို့ တစ်ချက်လောက် ပြုံးပြလိုက်တာ
မင်းတွေ့မှ တွေ့ရဲ့လား.....။


လေးစားစွာဖြင့်
ရီနိုမာန်

September 5, 2011

မေ့အတွက် တေးတစ်ပုဒ်

တိမ်တွေလည်း ညိုနေပြီ မေ.......။

ကောင်းကင်မှာရှိတဲ့ အလှတရားတွေလည်း
တစ်စတစ်စ ပျက်ယွင်းစ ပြုနေပြီ မေ........။

ကမ္ဘာမြေထုကြီးလည်း ပူနွေးလာပြီးလို့ ပြောနေကြပြီ မေ.......။

၂၀၁၂ ရောက်လို့ ကမ္ဘာကြီး ပျက်ဆီးသွားမှာကို မောင် မကြောက်ပါဘူး မေ.......။

မေနဲ့ နှစ်ချီဝေးနေရတဲ့ ဝေဒနာကို မောင်ကြောက်နေမိပြီ မေ.......။

ဘယ်အရာတွေ ဘယ်လိုပဲ ရှိနေပါစေ မောင့်အနားမှာ မေရှိနေဖို့သာ လိုအပ်တာပါ။

မေ့ရဲ့ရင်ခုန်သံတိုင်းကို မောင် ကြားချင်တယ်။

မေ့ရဲ့ အိမ်မက်တွေထဲမှာလည်း မောင် ရှိနေချင်တယ်။

မေ့ရဲ့ ရင်ခွင်ထဲမှာလည်း မောင် မှေးစက်နားခိုချင်မိပြီ။

မောင် လောဘများကြီးသွားပြီးလား မေ.......။

လေးစားစွာဖြင့်
ရီနိုမာန်

July 5, 2011

ကြားကာလ

အောင်မြင်ခြင်း - ရှုံးနိမ့်ခြင်း

ဒီကြားမှာ ကျွန်တော် နေခဲ့ရဖူးတယ်။

အချစ် - အမုန်း

ဒီကြားထဲမှာ ကျွန်တော် ကျေနပ်ခဲ့ရဖူးတယ်

ပျော်ရွှင်ခြင်း - စိတ်ပျက်ခြင်း

ဒီကြားထဲမှာ ကျွန်တော်ဟာ ခဏခဏ...။

ရယ်မောခြင်း - ငိုယိုခြင်း

ဒီကြားမှာ ကျွန်တော်ဟာ မက်မက်မောမော နဲ့.........။

ပြိုင်ဆိုင်ခြင်း - သည်းခံခြင်း

ဒီကြားမှာ ပြိုင်ဆိုင်မှုတွေနဲ့ ကျွန်တော်ဟာ သည်းခံခဲ့ရတယ်။

အသက်ရှင်ခြင်း - သေဆုံးခြင်း

ဒီကြားမတိုင်မှီ ကျွန်တော်ဟာ ရှင်သန်ခဲ့ရဖူးတယ်။
အခုတော့ ဒီကြားမှာ ရပ်ပြီး သေဆုံးခြင်းကို ထိုင်စောင့်နေရပြီ။


လေးစားစွာဖြင့်
ရီနိုမာန်