Showing posts with label အမှတ်အရ. Show all posts
Showing posts with label အမှတ်အရ. Show all posts

April 8, 2012

ရီနိုမာန် ( Ree Noe Mann ) မွေးနေ့

ဧပြီလ ၄ ရက်နေ့ကို မေ့နေတာ။ မေ့ဆို အဲရက်ပိုင်းလောက်က စိတ်ဝင်စားစရာတွေက အများသာကိုး။ ဟိုတစ်နေ့ကမှ ဆရာမ မနော်ဟရီရဲ့သား ခေတ်နေလေး မွေးနေ့ဆိုတာ တွေ့လိုက်ရမှ ကိုကို( ခေတ်နေ) မွေးနေ့ရက်နဲ့ ရီနိုမာန် ဘလောဂ့်မွေးနေ့ရက်က တစ်ရက်ကြီးတစ်ရက်ငယ်ဆိုတာကို မှတ်မိသွားတယ်။ နောက်ပြီး ညီငယ် နေဝသန်ရဲ့ ဘလောဂ့်သုံးနှစ်ပြည့် ပိုစ့်လေးကို ဖတ်လိုက်ရတော့ အော်... ဘာလိုလိုနဲ့ ရီနိုမာန်ဆိုတဲ့ ဘလောဂ့်လေးလဲ သုံးနှစ်ပြည့်သွားခဲ့ပါပေါ့လား။

သုံးနှစ်ဆိုတဲ့ အချိန်သာကုန်သွားခဲ့တယ်။ ရီနိုမာန်ဘလောဂ့်မှာ စာကောင်းကောင်း ပေကောင်းကောင်း တစ်ပုဒ် တစ်ကြောင်းမှ ထွက်မလာခဲ့ဘူး။ ထွက်လာအောင်လည်း ကြိုးစားဖို့ အားမထုတ်မိသေးပါဘူး။ အများကြီး ကြိုးစားရပါအုံးမယ် ဆိုတာလည်း ရီနိုမာန် တစ်ယောက်သိပြီးသားပါ။ သို့သော် လူတိုင်းလူတိုင်းမှာ အမှတ်တရလေးတွေ ကိုယ်စီရှိကြပါတယ်။ ရီနိုမာန် ဆိုတဲ့ နာမည်ဟာလည်း သုံးနှစ်သား အရွယ်ကိုရောက်ချင်းမလှ ရောက်နေခဲ့ပါပြီ။ 

ဆရာမတစ်ယောက် ပြောပြဖူးတယ်။ မိခင်တစ်ယောက်က သူ့သားသမီးကို အဆင့်သုံးဆင့်နှင့်အတူ ညီမျှတဲ့ အုပ်ချုပ်မှုတွေနဲ့ ထိန်းသိမ်းရမယ်တဲ့။ မွေးကင်းစကစပြီး ငါးနှစ်သားအရွယ်ထိ ပိုးမွေးသလိုမွေးရမယ်။ ငါးနှစ်နဲ့ ၁၀နှစ်ကြားမှာတော့ ကိုယ်လိုချင်တဲ့ ပုံစံကိုရအောင် ချော့တန်ချော့၊ ခြောက်တန်ခြောက်၊ ရိုက်သင့်တဲ့ အချိန် ရိုက်ပြီး ပုံစံသွင်းရမယ်။ ၁၀နှစ်ကျော်လာပြီး ဆိုရင်တော့ သူငယ်ချင်းပေါင်း ပေါင်းပြီး လိုသလိုဆုံးမရမယ်တဲ့။ ကျနော်ကိုယ်တိုင်လည်း စဉ်းစားကြည့်မိပါတယ်။ ဒါဟာ ဖြစ်နိုင်တဲ့ အခြေအနေပါ။ ဒါကြောင့် ကျနော်ကလည်း ဆရာမပြောပြခဲ့တဲ့ ဒီစကားလေးအတိုင်း သုံးနှစ်သားအရွယ်သာ ရှိသေးတဲ့ ရီနိုမာန်ကို ပိုးမွေးသလိုမွေးနေခဲ့ပါတယ်။ အချိန်မရွေး သေးဆုံးသွားနိုင်တဲ့ အခြေအနေတစ်ခုလည်း ဖြစ်လို့နေပြန်ပါတယ်။ 

သုံးနှစ်ဆိုတဲ့ အတိုင်းအတာတစ်ခုမှာ သိကျွမ်း၊ခင်မင်ခဲ့ရတဲ့ မိတ်ဆွေအမျိုးမျိုးနှင့် လူတွေရဲ့အကြောင်းကို ပိုမိုသိခွင့် လေ့လာခွင့်ပေးခဲ့တဲ့ မိတ်ဆွေအမျိုးမျိုးတို့ဟာ ရီနိုမာန်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ အရာတွေထဲက တစ်ခုပါ။ သူတို့တွေကြောင့်ပဲ ရီနိုမာန် ရှင်သန်ခွင့်ရခဲ့သလိုပဲ ခံစားရပါတယ်။ ဒါအတွက်ကြောင့်လည်း အမျိုးမျိုးသော မိတ်ဆွေများကို ကျေးဇူးတင်ရင်း...သုံးနှစ်မြောက်မွေးနေ့လေးမှ လေးနှစ်မြှောက် ငါးနှစ်မြှောက်သို့ ဆက်လက်ချီတက်နိုင်ဖို့ ကြိုးစားရင်းးးးးးး မင်္ဂလာ မြန်မာနှစ်သစ်မှာ ပျော်ရွှင်မှု အပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။


လေးစားစွာဖြင့်
ရီနိုမာန် 

February 27, 2012

အမေ့အိမ်လေး နှင့် ကျွန်တော်

လေးနှစ်ဆိုတဲ့ အချိန်ဟာ ကုန်မြန်လွယ်လိုက်တာလို့ ပြောလို့ရသလို၊ လေးနှစ်ပြည့်ဖို့ အတွက် စောင့်လိုက်ရတဲ့ အချိန်တွေကလည်း တော်တော်လေး ကြာမြင့်သွားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် လေးနှစ်တော့ ပြည့်သွားခဲ့ပါပြီ။ လေးနှစ်ပြည့်ရင် လုပ်ချင်တဲ့ အလုပ်လေး တစ်ခုကတော့ အမေ့အိမ်ကို လွမ်းတဲ့ စိတ်လေးပြည့်သွားဖို့ အတွက် ကျွန်တော် ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ ကြိုတင်စီစဉ်ရင် လွဲတက်တဲ့ ဓါတ်ခံကြောင့် အမေ့အိမ် မရောက်မချင်း ကျွန်တော့်ရဲ့ စိတ်တွေ မအေးနိုင်သေးပါဘူး။ 

အမေ့အိမ်ကို ပြန်ဖို့အတွက် ၂၀၁၂ ဇန်နဝါရီလ ၆ ရက်နေ့ကို ကျနော် ရွေးချယ်ထားခဲ့ပါတယ်။ သို့သော် ၂၀၁၁ ဒီဇင်ဘာလ ကတည်းက အင်ဒိုနီးရှာကို အလုပ်ကိစ္စနဲ့ ရောက်နေခဲ့ပြန်ပါတယ်။ ပြန်ရမဲ့ရက်နီးလာလေ လုပ်လက်စအလုပ်က မပြီးနိုင်ဖြစ်လေနဲ့ ကျွန်တော်မှာ စိတ်ပူပင်ခဲ့ရပြန်ပါတယ်။ ကျွန်တော့် ရဲ့ Supervisor က ကျွန်တော်ကို နှစ်ရက်ကြိုပြီး လူလဲပေးခဲ့ပါတယ်။

ဒီလိုနဲ့ ကျွန်တော် စင်ကာပူကို ၂၀၁၂ ဇန်နဝါရီလ ၄ရက်နေ့ညပိုင်း ၁၀နာရီလောက်မှာ ချန်ဂီလေဆိပ်ကို ပြန်ရောက်လာခဲ့ပါတယ်။ ကျွန်တော့်မှာ ပြင်ဆင်ချိန် တရက်သာ ကျန်ပါတော့တယ်။ အခုထိလည်း အမေအတွက် ညီမအတွက် ဆွေမျိုးမိတ်သင်္ဂဟ တွေအတွက် ဘာလက်ဆောင်မှ မဝယ်ရသေးသလို၊ ဝယ်ဖို့ ပိုက်ဆံလည်း ၅ ရက်နေ့ ရုံးသွားမှ သွားထုတ်ရမှာ ဆိုတော့ စင်ကာပူကို ပြန်ရောက်တဲ့ ညမှာ ကျွန်တော် အိပ်ဖို့ရန် မေ့လျော့သွားခဲ့အထိပါပဲ။ အိပ်မယ်လုပ်တော့ အချိန်က ၅ ရက်နေ့ မနက် ၆ နာရီထိုးနေပါပြီ။ အိပ်များပျော်သွားခဲ့ရင်တော့ ကျွန်တော် ဘယ်အချိန်မှ နိုးမယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း သိဖို့ မလွယ်ပါဘူး။ ဒါနဲ့ ကျနော် မအိပ်တော့ပဲ အချိန်ထပ်ဖြုန်းနေခဲ့ပါတယ်။ 

မနက် ၈ နာရီလောက်မှာ ကျွန်တော် ရေမိုးချိုး အဝတ်လဲပြီး ရုံးကိုထွက်လာခဲ့ပါတယ်။ ရုံးရောက်တော့ အင်ဒိုကပေးလိုက်တဲ့ စာရွက်စာတမ်းတွေကို အပ်ပြီး၊ ကျွန်တော် ရစရာရှိတဲ့ လစာချက်လက်မှတ်ကို ထုတ်လာခဲ့ပါတယ်။ လက်ထဲတော့ ချက်လက်မှတ်ရပြီ။ အရင်းဆုံး ချက်လက်မှတ်ကို ငွေသားပြောင်းရမယ်။ ဒါနဲ့ ကျနော် ဘဏ်ကို သွားတယ်။ ဘဏ်ကထွက်တော့ ကျွန်တော် ဘာဆက်လုပ်ရမှန်း မသိတော့ဘူး။ အမေ့အတွက် ဘာဝယ်သွားသင့်သလဲ။ ကျွန်တော် မစဉ်းစားတက်တော့ဘူး။ အမေ့ကိုလှမ်းမေးလိုက်တော့လည်း အမေက ဘာလိုချင်မှန်း မပြောတက်ပြန်ဘူး။ ကဲ... ရှိစေတော့... မျက်စိထဲ မြင်တာပဲ ဝယ်သွားတော့မယ်လို့ စိတ်ကူးပြီး လျှောက်ကြည့်လိုက်တယ်။ မထင်မှတ်ပဲ မျက်စိကျတာ ပစ္စည်းတစ်ခုနဲ့ သွားတွေ့လိုက်တော့ အဲ့ပစ္စည်းပဲ ဝယ်ဖြစ်သွားတယ်။ 

တော်ပြီ... ဘာမှ ... ဘယ်သူအတွက်မှ မဝယ်တော့ဘူးလို့ စိတ်ထဲတွေးပြီး သွေးသွားလှူဖို့ အတွက် သွေးလှူဘဏ်ကို  ကျွန်တော် ရောက်သွားခဲ့ပြန်ပါတယ်။ ကံကောင်းတယ်ပဲ ပြောရမလား၊ ကံမကောင်းဘူးပဲ ပြောရမလား မပြောတက်ပါဘူး။ ကျွန်တော် သွေးပေါင်ချိန်တော့ အောက်သွေးက ၁၃၀ ကျော်နေလို့ သွေးလှူခွင့် မရပါဘူး။ ဘာဖြစ်လို့လဲလို့ ဆရာဝန်မကို မေးကြည့်တော့ အိပ်ရေးပျက်ထားလားတဲ့...။ ဟုတ်တာပေါ့...။ ကျွန်တော် ညက တစ်ရေးမှ မအိပ်ရသေးပဲကိုး။ နောက်တစ်ခါက်ထပ်စစ်ဖို့ မိနစ်၂၀လောက် နားခိုင်းတယ်။ နောက်တစ်ခေါက်ပြန်စစ်ကြည့်တော့လည်း ၁၀၅ ရှိနေသေးတယ်။ ဒါနဲ့ နောက်တစ်ခေါက်  ပြန်စောင့်ကြည့်မယ်လို့ ပြောကြည့်တော့ ဆရာမက လက်မခံတော့ပါဘူး။ နှစ်ခါချိန်ကြည့်လို့မှ ၁၀၀ အောက်မရှိရင် အဲနေ့အတွက် သွေးလှူခွင့် မရှိတော့ပါဘူးတဲ့လေ။ ဒါနဲ့ ကျွန်တော်လည်း အိမ်ပြန်ပြီး မနက်ဖြန် မနက်ခရီးစဉ်အတွက် ပြင်ဆင်ဖို့ ပြန်လာခဲ့ပါတယ်။ 

ညနေပိုင်းမှာတော့ မြန်မာပြည်ကို လူကြုံပေးမဲ့ အမတစ်ယောက်ဆီမှာ ပစ္စည်းသွားယူပြီး ပြန်လာတော့ ည ၁၀နာရီ ကျော်နေပါပြီ။ ဒီညကော အိပ်လိုက်ရင်း မနက်နိုးပါ့မလားဆိုတဲ့  စိတ်နဲ့ မအိပ်ပဲ နေခဲ့တာ မနက် ၄ နာရီလောက်မှာ မှေးကနဲ အိပ်ပျော်သွားခဲ့တယ်။ သတိရလို့ နာရီကို လှမ်းယူကြည့်လိုက်တော့ မနက် ၆ နာရီ ခွဲနေပြီ။  ချက်ချင်းထ ပြင်ဆင်ပြီး လေဆိပ်ကို ပြေးရပါတော့တယ်။ သူငယ်ချင်းတစ်ယောက်က လိုက်ပို့လို့ တောာ်သေးတာပေါ့။ မဟုတ်ရင် ကျွန်တော်တစ်ယောက်တည်း အိတ်က နှစ်လုံး .....။

ဒီလိုနဲ့ ကျွန်တော့်ရဲ့ အမေ့အိမ် ခရီးစဉ်လေး စတင်ခဲ့ပါပြီ။ ၂၀၁၂ ဇန်နဝါရီလ ၆ရက်နေ့ နေ့လည် ၁၁ လောက်မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်လာခဲ့ပါပြီ။ မဖြတ်မနေရ အင်မီဂရေးရှင်းကို ဖြတ်ရပါပြီ။ အစကတည်းက စကားများများ မပြောချင်တဲ့ အတွက် စာအုပ်ကြားမှာ စင်ကာပူပိုက်ဆံ ၁၀  ထည့်ပေးဖို့ စိတ်ကူးးလိုက်ပါသေးတယ်။ ဒါပင်မဲ့ ဒီမို နိုင်ငံဖြစ်နေပြီ ဆိုတဲ့ စိတ်ကြောင့် ဘာများပြောင်းလဲမှုများ ရှိမလဲလို့ သိချင်တာကြောင့် ထည့်ထားတဲ့ ပိုက်ဆံကို ဘောင်းဘီအိတ်ထဲ ပြန်ထည့်လိုက်ပါတယ်။ ကျွန်တော့်စာအုပ်ကို ကြည့်ပါတယ်။ အခွန်ဆောင်ထားလို့ မေးပါတယ်။ ဆောင်ထားတဲ့ စာရွက် ပြပါလို့ ပြောပါတယ်။ ဘာနဲ့ အလုပ်သွားလုပ်လဲလို့ ထပ်မေးပါတယ်။ ကျွန်တော်က WP လို့ ပြောတော့ အဆင်ပြေရင် ကြည့်လုပ်ပေးသွားပါအုံးတဲ့။ ဒါနဲ့ ခုနက ဘောင်းဘီအိတ်ထဲ ထည့်ထားတဲ့ ပိုက်ဆံကို သူ့စားပွဲပေါ် တင်ပေးလိုက်ရပါတော့တယ်။

ကြိုတင်စီစဉ်ထားတဲ့ အတိုင်းပဲ  အကို ရန်ကုန်တက်ပြီး လာကြိုပါတယ်။ ရန်ကုန်ရောက်ရောက်ချင်း အချိန်ကလည်း ရှိသေးတာကြောင့် ပါလာတဲ့ ပစ္စည်းတွေကို အောင်မင်္ဂလာအဝေးပြေးနဲ့ နီးတဲ့ တည်းခိုခန်းတစ်ခုမှာ အပ်ပြီး ပိုက်ဆံလဲဖို့အတွက် Summit Parkview Hotel ကို သွားခဲ့ပါတယ်။ အဲ့မှာ ပိုက်ဆံသွားလဲပြီးတော့ ဗိုက်ဆာတာကြောင့် YKKO မှာ ကြေးအိုးသွားသောက်ခဲ့ပါတယ်။ ကြေးအိုး နှစ်ပွဲနဲ့ အအေးနှစ်ခွက်ကို မြန်မာငွေကျပ် နှစ်သောင်းနီးပါးလောက် ရှင်းလိုက်ရတော့ ကျွန်တော် နည်းနည်း မျက်လုံးလေး မပြုးယုံတမယ်ပါပဲ။ ရှိပါစေ ဘာဖြစ်လဲ ... ကျွန်တော်မှာ ပိုက်ဆံပါတာပဲပေါ့။

ပထမဆုံး အမတစ်ယောက်လို ချစ်ခင်နေတဲ့ စာရေးဆရာမ အမတစ်ယောက်နဲ့ အရင်သွားတွေ့ဖြစ်ပါတယ်။ လမ်း၃၀မှာ ကဗျာရွတ်ပွဲ ရှိတာကြောင့် ကျွန်တော်နဲ့ အမ ဆရာမတို့ ၃ နာရီလောက်မှာ လမ်းခွဲခဲ့ပြီး ကျွန်တော်လည်းတွေ့စရာ ရှိသေးတဲ့ သူငယ်ချင်း နှစ်ယောက်နဲ့ သွားတွေ့လိုက်ပါတယ်။

ည ၇ နာရီလောက်မှာတော့ ဘားအံကို ထွက်မဲ့ သာမည အဝေးပြေးကားကြီးနဲ့  အောင်မင်္ဂလာအဝေးပြေးကနေ စတင်လို့ ထွက်ခဲ့ပါပြီ။ နောက်ထပ် ၆ နာရီလောက်ဆိုရင် အမေ့အိမ်ကို ရောက်တော့မှာပါ။ လေးနှစ်လောက် မတွေ့တာကြာပြီးဖြစ်တဲ့ အမေ၊ အရင်လိုပဲ ဝနေမှာလား၊ ကျန်းမာရေးမကောင်းလို့ ပိန်များသွားပြီးလား ဆိုတဲ့ အမေ့ကို တွေ့ချင်နေမိတဲ့ ကျွန်တော့်ရဲ့ စိတ်တွေကတော့ အမေ့ရဲ့ အိမ်ပေါက်ဝကိုရောက်နှင့်လို့ နေပါပြီ။ အမေ ကျွန်တော့်ကို မျှော်နေမလား။ ဒါမှ မဟုတ် ကားဂိတ်မှာပဲ လာစောင့်နေမလား။ ကျွန်တော် ထင်တဲ့ အတိုင်းပါပဲ။ အမေ ကျွန်တော့်ကို ကားဂိတ်မှာ လာစောင့်နေတယ်တဲ့။ ကျွန်တော်တို့ စီးလာတဲ့ ကားက မနက်၂ နာရီလောက်မှ စိုက်ရောက်ပါတယ်။ ကားပေါ်က ဆင်းဆင်းချင်း ကိုသူရိန် ( ကျွန်တော် အကို နာမည်ပါ ) တို့အမေ စောင့်နေတာ။ ခုနကမှ ပြန်သွားတာတဲ့။ 

ကားဂိတ်မှာတောင် လာစောင့်နေတယ်ဆိုတော့ အမေ နေကောင်းတယ်ဆိုတာ မေးစရာမလိုပဲ ကျွန်တော် သိလိုက်ပါပြီ။ မြန်မာပြည်ကို ပြန်ရောက်တဲ့ ဒုတိယနေ့ရဲ့ မနက်စောစောပိုင်းမှာပဲ ကျွန်တော်ချစ်တဲ့ ကျွန်တော်အမေရဲ့ မျက်နှာကို တွေ့လိုက်ရပါပြီ။ လေးနှစ်အတွင်းမှာ အမေ့ ဘာမှ မပြောင်းလဲဘူး။ အသက် ၅၄နှစ်ဆိုပင်မဲ့ အရွယ်မကျသေးဘူး။ ကျွန်တော် ကိုတွေ့လို့ ဝမ်းသာသွားတဲ့ အမေ့မျက်နှာကို ကျွန်တော် ခုချိန်ထိ လွမ်းနေတုန်းပါ။ ကျွန်တော်ချစ်တဲ့ အမေနဲ့ အတူ၊ အမေ့အိမ်လေးထဲမှာ စကားတွေ ပြောနေခဲ့တာ မနက် ၇ နာရီထိုးသွားခဲ့ပါတယ်။ ကျွန်တော် မြန်မာပြည်ပြန်ရောက်ပြီး နှစ်နှစ်ခြိုက်ခြိုက် ပထမဆုံး အိပ်ပျော်သွားခဲ့မိတာ ကျွန်တော့်ကို နွေးထွေးမှုတွေပေးပြီး အေးချမ်းစေခဲ့တဲ့  အမေ့အိမ်လေး ပဲဖြစ်ပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်

May 5, 2010

ဗွေ ပေါက်ရောက်ရာ (ခရီးရှည်)

ခြေထောက်မှာ ဗွေပါခဲ့တာကို ငယ်ငယ်တုန်းက သတိမထားခဲ့မိပေမဲ့ ဆယ်တန်းအောင်ပြီးတဲ့ နောက်ပိုင်းမှာတော့ ကိုယ်ခြေထောက် ကိုယ်ပြန်ကြည့်ရတဲ့အထိ အဖြစ်ပါ။ အကျိုးအကြောင်း ဆက်စပ်ကြည့်လိုက်တော့လည်း အမေ့ဝမ်းထဲမှာ နေစဉ်ကတည်းက ဗွေပါခဲ့တာကို သတိမထားမိခဲ့ပါဘူး။ နေရာ အခြေတကျ မရှိတဲ့ ကိုယ့်အတွက်တော့ ဗွေဆိုတာ ဘာအကောင် ကြီးလည်းလို့ ပြန်မေးရမဲ့ အဖြစ်ပါ။

အမိဝမ်းမှာနေတုန်းကလည်း ငြိမ်ငြိမ် မနေခဲ့သလို့ ဝမ်းကထွက်ဖို့ ပြင်ဆင်တော့လည်း အမိကိုပါ ဗွေပေါက်ခိုင်းတဲ့ အဖြစ်နဲ့ပေါ့။ တောင်ငူ၊ ဖျာပုံ၊ ပုသိမ်၊ ခန္တီး၊ ပင်လောင်း၊ မြိုင်ကလေး ဆိုတဲ့ နေရာတွေက နှစ်ရှည်လများ ဗွေပေါက်ခဲ့တဲ့ နေရာလေးတွေပဲပေါ့။ ရန်ကုန်ဆိုတဲ့ မြို့တော်ကြီးမှာလည်း ငါးနှစ်ဆိုတဲ့ အချိန် ကြာခဲ့ပေမဲ့ တစ်နေရာတည်းမှာ ကြာကြာမနေတက်တဲ့ ဒီဗွေကြောင့်ပဲ ၉မိုင်ခွဲ၊ သာကေတ၊ ဗိုလ်တထောင်၊ ဗိုလ်ကလေးဈေးလမ်း၊ သိမ်ဖြူလမ်း၊ ၁၆၅လမ်း တာမွေ၊ စမ်းချောင်း၊ မြောက်ဒဂုံ ဆိုတဲ့ နေရာတွေမှာ ဗွေ သဘောကျ သွားလာနေထိုင်ခဲ့တယ်။

ေ
ကျနပ်နေပြီးလာလို့ မထင်လိုက်နဲ့။ ဗွေက တော်တော် ခြေဆန့် ချင်နေသေးတာလေ။ ဒီလောက်တောင် ဖြစ်လှတာ ဆိုပြီး လွှတ်ပေးလိုက်မိတာ။ သုံးနှစ်လောက် မလေးရှားကို ရောက် သွားခဲ့တယ်။ သုံးနှစ်ပြည့်တော့ သူ ငြီးငွေ့နေပြီထင်ပါတယ်။ ပြည်တော်ပြန် ခဲ့တာ တစ်နှစ်လောက် ကြာတော့ ဗွေပေါက်ဖို့ အရေး တွေးကာငေးလို့ ဟောဒီ ကျွန်းသေးသေးလေးပေါ်ကို ရောက်လို့ လာခဲ့ပြန်ပါတယ်။

ခု ၂နှစ်ပြည့်တော့ သူက တစ်မျိုး ဗွေဖေါက်လာပြန်ပါတယ်။ ဟိုး.. ဘာလဲ ဖြူသီဆိုတဲ့ သီချင်းကို အားကျလို့နဲ့တူပါရဲ့ ( အင်ဒိုနီရှား ပိုလာဘာလီ ကျွန်းလေးဝယ် သူနဲ့လည်း တွေ့ လို့ ချစ်ကြိုးသွယ်)။ သူဗွေ ပေါက်တာ အရေးမကြီးဘူး။ သူ ဗွေပေါက်ရာ ကျွန်တော်က လိုက်နေရတော့ လည်း ပိုက်ပိုက်ကုန်တယ်လို့တော့ မငြီးတော့ပါဘူး။ နေရာ အသစ် ဒေသအသစ်ကို ခံစား သိခွင့်မြင်ခွင့်ရလိုက်တယ်လို့ပဲ တွေးလိုက်ပါတယ်။

တစ်ခါတည်း မောင်နှမအားလုံးကို နှုတ်ဆက်ခဲ့ပါတယ်။ ကံမကုန်သေးလို့ ပြန်ဆုံ ဖြစ်မယ်ဆိုရင်တော့ ဇွန်လ နောက်ဆုံးအပတ်ထဲ ပြန်ရောက်ဖြစ်ပါမယ်။ အဲအခါကျ မှပဲ ပြန်လည်ဆုံတွေ့ကြပါအုံး စို့ ..............

ေ
လးစားစွာဖြင့်
ရီနိုမာန်


ခုဒီ ပို့စ်လေးကို တင်လိုက်တဲ့ အချိန်ဆိုရင် ကျွန်တော် လေဆိပ်ကိုရောက်နေပါပြီ။ အားလုံးကို နှုတ်ဆက်သွားပါတယ်ဗျာ။
်

April 16, 2010

မင်္ဂလာနှစ်သစ်ဖြစ်ကြပါစေ

တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်နှုတ်ဆက်ချင်ပင်မဲ့ အခြေအနေ အချိန်အခါက အခွင့်အရေး မပေးတဲ့ အတွက် ဒီနေရာလေးကနေပဲ အားလုံးကို ကောင်းမြတ်သော နှစ်သစ်ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ဗျာ။

တစ်နှစ်ဆိုတဲ့ အချိန်ကလည်း မျက်စိတစ်မှိတ် လျှက်တပြတ် အတွင်းမှာပဲ ကုန်ဆုံးသွားတာ အရမ်းကို မြန်လှတယ်လို့ ထင်နေမိပင်မဲ့ အသက်တစ်နှစ်ကြီးသွား တာကိုတော့ တားထားလို့ မရပြန်ပါဘူး။

ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာကော ဘာတွေတိုးတက်ပြောင်းလဲ သွားလဲဆိုတာ စစ်ဆေးမိကြရဲ့လား။ ဒါဆိုရင် ခုလာမဲ့ နှစ်သစ်မှာရော ဘာတွေပြောင်းလဲ သွားနိုင်လဲ ဆိုတာတော့ စစ်ဆေးသင့်တယ်လို့ ထင်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အသက်တွေက ငယ်သွားတာမှ မဟုတ်တာ။

လူဆိုတာကတော့ ဘာသာတရားကို ယုံကြည်ရာ ကိုးကွယ်ရာပါပဲ။ ဒါပင်မဲ့ အားလုံးဟာ မြန်မာ လူမျိုးများဖြစ်ကြတဲ့ အတွက် မြန်မာတွေရဲ့ အတာကူးတဲ့ နှစ်သစ်ကူး ဒီလမှာတော့ ကိုယ်သေရင် ကိုယ့်နောက်ပါနိုင်မဲ့ ဘာသာတရားလေးကိုတော့ ပြီးခဲ့တဲ့နှစ်တွေကထက် ပိုမိုလုပ်ဆောင်စေချင်တာပါပဲ။ ခုနက ကျွန်တော် ပြောတဲ့ အတိုင်းပေါ့ အသက်က ငယ်သွားတာ မဟုတ်ဘူးလို့.....

တစ်ချို့တော့ထင်ကြမှာပဲ ..... ဪ ရီနိုမာန်တော့ တရားတွေဘာတွေ ရသွားပြီနဲ့ တူပါတယ်လို့..... ထင်ကြမှာပဲ။ မထင်ပါနဲ့။ နှစ်သစ်စကားလက်ဆောင် ဘာပေးရမှန်မသိလို့ မင်္ဂလာနှစ်သစ် ဖြစ်ကြပါစေလို့ ဆုတောင်းရင် အတွေးတစ်ခုရောက်လာလို့ ရေးချလိုက်ရတာပါ။

သေသေချာချာကြည့်မယ် ဆိုရင်လည်း လူတွေက ပကာသန အရမ်းမက်ကြပါတယ် (ကျွန်တော် အပါအဝင်ပေါ့)။ ပကာသနတွေက ကိုယ့်သေရင် ကိုယ့်နောက်ပါရဲ့လားလို့ ဆိုတဲ့ အတွေးမျိုးလေးတောင် မတွေးမိကြပါဘူး။ ဟုတ်ပါတယ်။ မတွေးမိတဲ့ လူတွေအတွက်တော့ ပကာသနက သူတို့ နောက်ကိုအမြဲလိုက်နေ မှာပါပဲ။

ကျွန်တော်က ဗုဒ္ဓဘာသာ ဆိုပင်မဲ့ ကျွန်တော် သူငယ်ချင်တွေထဲမှာလဲ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ ညီအကိုမောင်နှမတွေ အများကြီးရှိပါတယ်။ ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် သူ့နေရာနဲ့ သူ အရာဝင်ကြပါတယ်။ အဓိက ကလူတစ်ယောက်ရဲ့ ကိုယ်ပိုင် အခွင့်အရေးဖြစ်တဲ့ ယုံကြည်ကိုးကွယ် ပိုင်ခွင့် အပြည့်အဝရှိရမှာပါ။

ကိုယ့် ယုံကြည်ကိုးကွယ်တဲ့ ဘာသာကို အချိန်တိုင်းမဟုတ်တောင် ရတဲ့ အချိန်လေးကို နှလုံးသွင်းပြီး စိတ်အေးချမ်းစွာ နေထိုင်နိုင်ကြပါစေလို့ ပြောရင်း.......


မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ

လို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။


လေးစားစွာဖြင့်
ရီနိုမာန်

March 12, 2010

ရီနိုမာန်နှင့် အင်တာဗျူးခြင်း (၈)

* အကြိုက်ဆုံး အရောင် -
* အဟမ်း...ငယ်ငယ်တုန်းကတော့ရဲရင့်ပြတ်သားတဲ့အနီရောက်ကြိုက်တယ်။ အခုတော့စိမ်းစိမ်းကားကား အစိမ်းရောင်ဗျ။ ဒါပေမဲ့အင်္ကျီဝယ်ပြန်တော့ အဖြူနဲ့အနက်ထဲက မထွက်ပြန်ဘူး။


* အကြိုက်ဆုံး မြန်မာ အစားအစာ -
* ငါးရံ့အူဆီပြန်နဲ့ငါးသလောက်ပေါင်းကြိုက်သဗျ။ ဒေသအစားသောက်ဆိုရင် တိုဟူးနွေးနဲ့ ထားဝယ်မုန့်တီပေါ့ဗျာ


* အကြိုက်ဆုံးရေမွှေး -
* CK-Be


* အကြိုက်ဆုံး ဖက်ရှင်ပစ္စည်း -
* ဝတ်လို့ကောင်းတဲ့ပစ္စည်းအားလုံး....


* အကြိုက်ဆုံး ဖိနပ် -
* အခုလောလောဆယ် gucci ကဖိနပ်ကြိုက်နေပါသည်။း)


* အကြိုက်ဆုံး အဝတ်အစားဒီးဇိုင်း-
* သူများတွေအင်တာဗျူးမှာဖြေသလို ဖရီးစတိုင် Rofl


* ဘလောဂ့်စတင်ခြင်းနှစ် -
* I'm so 2008, u so 2000 and late :)


* ဘလောဂ့်ရေးဖြစ်သွားတဲ့ အကြောင်းအရင်း-
* အားလပ်ချိန်တွေအကြိုးရှိရှိကုန်ဆုံးစေဖို့


* ကိုယ်ပိုင် ဝါသနာ -
* ခရီးသွားခြင်း။


* ခရီးသွားရင် အမြဲယူသွားဖြစ်တဲ့ပစ္စည်း -
* money & mrt card


* စိတ်ကူးထဲက ချစ်သူကောင်မလေးပုံစံ -
* ဂျေလိုရဲ့ကိုယ်လုံးနဲ့လေဒီဂါဂါဆံပင်၊ ကေတီပယ်ရီမျက်လုံးနဲ့အွန်စောမျက်နှာ


* အမြဲတမ်း လက်ကိုင်ထားတဲ့ ဆောင်ပုဒ် -
* never....never....never....give up



အလုပ်မအားတာကြောင့် ကျွန်တော် ညီလေးတွေနဲ့ အင်တာဗျူးထားတဲ့ အစီအစဉ်လေး တွေကို ခုမှပဲ တင်ပေးနိုင်တော့တယ်။

လေးစားစွာဖြင့်
ရီနိုမာန်

February 15, 2010

ရီနိုမာန်နှင့် အင်တာဗျူးခြင်း (၇)

ဒီတစ်ခေါက်တော့ ကျွန်တော်ရဲ့ ညီလေး တစ်ယောက်ဖြစ်တဲ့ လူအများက သူ့ကို ရာတမေလို့ ခေါ်တဲ့ ညီလေး ရေတမာပဲ ဖြစ်ပါတယ်။ သူလည်း သူ့ အလုပ်နဲ့သူ ရှုပ်နေလို့ လူကိုယ်တိုင်တွေ့ကြဖို့ အဆင်မပြေတာကြောင့် မေးလ်ပို့ပြီး အင်တာဗျူးလိုက်ရခြင်း ဖြစ်ပါတယ်။

မေး ။ ။ ကြိုက်ဆုံး အရောင်
ဖြေ ။ ။ အဖြူ

မေး ။ ။ အကြိုက်ဆုံး မြန်မာ အစားအစာ
ဖြေ ။ ။ မှို နှင့် ဇီးဖြူသီး

မေး ။ ။ အကြိုက်ဆုံးရေမွှေး
ဖြေ ။ ။ Giorgio Armani

မေး ။ ။အကြိုက်ဆုံး ဖက်ရှင်ပစ္စည်း
ဖြေ ။ ။ မရှိ

မေး ။ ။ အကြိုက်ဆုံး ဖိနပ်
ဖြေ ။ ။ ဖိနပ်မကြိုက်ပါ။

မေး ။ ။ အကြိုက်ဆုံး အဝတ်အစားဒီးဇိုင်း
ဖြေ ။ ။ မသိ

မေး ။ ။ ဘလောဂ့်စတင်ခြင်းနှစ်
ဖြေ ။ ။ 2008

မေး ။ ။ဘလောဂ့်ရေးဖြစ်သွားတဲ့ အကြောင်းအရင်း
ဖြေ ။ ။ မယ်မယ်ရရ မရှိပါဘူး

မေး ။ ။ ကိုယ်ပိုင် ဝါသနာ
ဖြေ ။ ။ ရေရေရာရာ မသိပါဘူး

မေး ။ ။ ခရီးသွားရင် အမြဲယူသွားဖြစ်တဲ့ပစ္စည်း
ဖြေ ။ ။ သွားတိုက်ဆေး၊ သွားတိုက်တံ

မေး ။ ။ စိတ်ကူးထဲက ချစ်သူကောင်မလေးပုံစံ
ဖြေ ။ ။ ချစ်စရာကောင်းသော

မေး ။ ။ အမြဲတမ်း လက်ကိုင်ထားတဲ့ ဆောင်ပုဒ်
ဖြေ ။ ။ ပေါက်ပေါက်ရှာရှာ ဘာမှ ကိုင်မထားရပါဘူး

လေးစားစွာဖြင့်
ရီနိုမာန်

February 2, 2010

နေ့ခင်း နဲ့ ည အလှ

မနေ့က ကျနော် အလုပ်ကပြန်တာနောက်ကျခဲ့ပါတယ်။ Site ထဲကနေ ည ၉နာရီနလောက်မှ ပြန်လာခဲ့ရတာပါ။ ကျနော် အလုပ်လုပ်နေတဲ့ အဆောက်အဦးက Orchard ION shopping Mall ရဲ့ အပေါ်က လူနေအိမ်ပေါ်မှာပါ။ နေ့တိုင်းပြန်နေကျအချိန်က ညနေငါးနာရီဆို ကျနော် ပြန်နေကျ။ မနေ့ကမှ ပစ္စည်း တွေ ၅၂ထပ်ကို ပို့စရာရှိတာကြောင့် နောက်ကျမှ ပြန်ဖြစ်ခဲ့တယ်။ ပြန်ခါနီး အောက်ကို လှမ်းကြည့်လိုက်တော့ စိတ်ထဲ ဓါတ်ပုံ အရမ်းရိုက်ချင်မိသွားတယ်။ ဖုန်းကင်မရာလေးကို ဖွင့်ပြီး လိုက်ရိုက်ကြည့်လိုက်မိတယ်။ ကြည့်လို့ မလှခဲ့ရင် ရိုက်ခဲ့မိတဲ့ ကျနော် အပြစ်ပါဗျာ။ ( အရင်နေ့က ရိုက်ထားတဲ့ နေ့ခင်းပုံတွေပါ ဖေါ်ပြလိုက်ရပါတယ်)














လေးစားစွာဖြင့်
ရီနိုမာန်

January 29, 2010

ရီနိုမာန်နှင့် အင်တာဗျူးခြင်း (အပိုင်း - ၆ )

အမဝါ လက်ဆောင်ဝယ်ပေးလိုက်တဲ့ အနွေးထည်လေးဝတ်ပြီး လေယာဉ်ပေါ်ကဆင်းလာခဲ့ပါတယ်။ ပန်ပန် ဆီကိုဖုန်း ကြိုဆက်ထားတာကြောင့် လေဆိပ်မှာ ပန်ပန် လာကြိုခဲ့ပါတယ်။ ခရီးရောက်မဆိုက်ဆိုသလိုပဲ ရောက်ရောက်ချင်းပဲ အင်တာဗျူး စခဲ့ကြပါတယ်။ ပန်ပန်မှာလည်း ကျောင်းစာကတစ်ဖက်နဲ့ ဆိုတော့ မေးစရာလေးတွေ မေးပြီးတော့ ကျနော်လည်း ချက်ချင်း ပြန်ခဲ့ပါတော့တယ်။

၁)ညီလေးရဲ့ အကြိုက်ဆုံး အရောင် - အပြာရောင်

၂) အကြိုက်ဆုံး မြန်မာ အစားအစာ က - ကြာဇံချက်

၃) အကြိုက်ဆုံးရေမွှေး ရှိလား - မကြိုက်

၎) အကြိုက်ဆုံး ဖက်ရှင်ပစ္စည်း ကဘာလဲ - ဖိနပ်

၅) အကြိုက်ဆုံး ဖိနပ် က- ဒီဇိုင်းကြိုက်၇င် အကုန်ကြိုက်

၆) ညီလေးရဲ့ အကြိုက်ဆုံး အဝတ်အစားဒီးဇိုင်း- အခုလက်ရှိ ဂျပန်ဒီဇိုင်းတွေ တအားကြိုက်

၇) ဘလောဂ့်စတင်ခြင်းနှစ် - ၂၀၀၈

၈) ဘလောဂ့်ရေးဖြစ်သွားတဲ့ အကြောင်းအရင်းက- စုဗူးကို စသုံးရင်းနဲ့.....

၉) ကိုယ်ပိုင် ဝါသနာ - ငြင်းခုန်ခြင်း

၁၀) ခရီးသွားရင် အမြဲယူသွားဖြစ်တဲ့ပစ္စည်း - ပိုက်ဆံ

၁၁) စိတ်ကူးထဲက ချစ်သူကောင်မလေးပုံစံ - လက်ရှိကောင်မလေးအတိုင်း..

၁၂) အမြဲတမ်း လက်ကိုင်ထားတဲ့ ဆောင်ပုဒ် - နယူတန် တတိယနိယာမ

ခုလိုဖြေပေးတဲ့ ညီလေး ပန်ပန် ခေါ် ဂျပန်ကောင်လေး ကို ကျေးဇူးတင်ပါတယ် ညီ။ အကိုလည်း အလုပ်ကတစ်ဖက်နဲ့မို့ အေးအေးမနေနိုင်တာ စိတ်မရှိနဲ့ကွာ။ နောက်မှ အေးအေးဆေးဆေး လာလည်တော့မယ်။ တွေ့ရတဲ့ အချိန်က ခဏလေးဆိုတော့ စကား ကောင်းကောင်း မပြောဖြစ်ခဲ့ပင်မဲ့ လမ်းခွဲခါနီး အချစ်ရေးလေး ပြောပါအုံးလို့ မေးလိုက်တော့

.... ဒီမှာ ကျနော်တစ်ယောက်ထဲ အကိုရ.. ဒါကြောင့် မျက်လုံးထဲမှာ အဆင်ပြေရင် တွဲလိုက်တာပဲတဲ့...

လေးစားစွာဖြင့်
ရီနိုမာန်

အဖြေအားလုံး ပန်ပန် ကိုယ်တိုင်ဖြေထားခြင်း ဖြစ်ပါသည်။

January 15, 2010

ရီနိုမာန်နှင့် အင်းတာဗျူးခြင်း (အပိုင်း - ၅ )

ဒီနေ့တော့ ဂျပန်မြို့ရဲ့ တိုကျိုလေဆိပ်ကို ရောက်လို့ လာခဲ့ပါပြီ။ သွားဖို့ ပြင်ဆင်နေရင်း ဟိုလုပ်လိုက် ဒီလုပ်လိုက်နဲ့ လွန်ခဲ့တဲ့ တစ်ပတ်ကပဲ လေယာဉ်လက်မှတ်ကို သေချာရက်ရွေးပြီ မနေ့ ညဦးအချိန်လေးမှာပဲ မောင်နှမတွေကို နှုတ်မဆက်ပဲ တိတ်တိတ်လေး ထွက်လာခဲ့ပါတယ်။ လေဆိပ်ကို ရောက်တော့ ကြိုပြီး အကြောင်းကြားထားလို့ ဦးဥာဏ်၊ အမဝါ နဲ့ သမီးလေး ခိုင်တို့ လာကြိုကြပါတယ်။ အချိန်ကလည်း သိပ်မရ ပြီရင်း ပန်ပန်ဆီကလည်း သွားရအုံးမှာဆိုတော့ အချိန်ဇယားက တော့ ကွတ်တိပါပဲ။ ကျနော် ဟိုကိုရောက်တဲ့ အချိန်ကတော့ အသဲပါခိုက်နေအောင်ကို အေးနေတဲ့ အချိန်ဆိုတော့ ကျနော်မှာ ပါသွားတဲ့ အနွေးထည်နဲ့ မလောက်လို့ အမဝါက ကျနော်ကို လက်ဆောင်အဖြစ် အနွေးထည်နှစ်ထည် ထပ်ဝယ်ပြီး လက်ဆောင်ပေးခဲ့ပါတယ်။ ( မသိတဲ့ လူများ မနာလို ဖြစ်နေကြအုံးမှာ။ ပြန်ရောက်မှ ထုတ်ကြွားလိုက်အုံးမယ်)ဟဲဟဲ....

ကဲအမရေ အခုရောက်လာတာကလည်း အလုပ်ကိစ္စနဲ့ ဆိုတော့ သိတဲ့ အတိုင်းပဲလေး။ အချိန်ကသိပ်မရဘူး။ အမကို ဗျူးပြီးတာနဲ့ ပန်ပန် ဆီကို သွားရအုံးမှာ။ ဒါကြောင့် ကျနော်တို့ အင်းတာဗျူးလေးကို စလိုက်ကြရအောင်ဗျာ.......

၁) ဘလောဂ့်ရေးဖြစ်သွားတဲ့ အကြောင်းအရာလေးကနေ စမေးမယ်နော် အမ။ ဘာကြောင့်များရေးဖြစ်သွားတဲ့ အကြောင်းလေး ပြောပြပါအုံး အမဝါ

- အမျိုးသားက အားပေးလို့ ။း) ပြီးတော့ စိတ်ထွက်ပေါက် အဖြစ် ဘလော့ဂ်လေးတစ်ခု ဖန်ဆင်းပြီး ကိုယ့်အကြောင်းတွေကို ဒိုင်ယာရီလေးတစ်ခုလို ရေးချင်ခဲ့တယ်။

၂) အမ ဘလော့ဂ် ရေးဖြစ်ခဲ့တဲ့ နှစ်လေး ပြောပြပါအုံး။

- ၂၀၀၈ . မတ်လ

၃) အမက ဒီရောက်တာလဲ ကြာနေပြီဆိုတော့ မြန်မာ အစားအစားတွေထဲက အကြိုက်ဆုံး နဲ့ အတမ်းတဆုံး ဘာဖြစ်နိုင်လဲ အမ။

- မုန့်ဟင်းခါး

၎) ခရီးသွားရင် အမြဲယူသွားတက်တဲ့ ပစ္စည်း ကဘာလဲ အမ။

- လက်ကိုင်အိတ်၊ ကင်မရာ ၊ ဘီး ။

၅) ဖက်ရှင်နဲ့ ပတ်သက်တာ နည်းနည်းမေးမယ် ။ ကိုယ်တိုင်နှစ်သက်တဲ့ ဖက်ရှင်ဒီဇိုင်း ပုံစံက ဘယ်လိုမျိုးလဲ။ အဝတ်အစား ဒီဇိုင်း ပေါ့ အမ။

- စတိုင်ဘောင်းဘီ၊ရှပ်အကျီ

၆) ဒါဆို အကြိုက်ဆုံး အရောင်က ဘာအရောင်တွေလဲ။

- အဖြူ နဲ့ အနက် (မြင်းကြား မဟုတ်ပါ။အပေါ်အဖြူဆို ၊ အောက်ဖက်အနက်၊ အောက်ဖက်အနက် ဆို အပေါ်ပိုင်း အဖြူ)
(မှတ်ချက် ။ ။ အမပြောထားတာ အတူတူများ ဖြစ်နေသလားလို့ပါ။ အမ ကိုယ်တိုင်ဖြေထားလို့ အမှတ်တရ မပြင်ပဲ ထားလိုက်ပါတယ်။ )

၇) ဖက်ရှင် ပစ္စည်းတွေထဲမှာကော အမရဲ့ အကြိုက်ဆုံး က ...

- ဖိနပ်

၈) ဒါဆိုရင်တော့ ဖိနပ်ထဲမှာ ဘာဖိနပ်ကို အကြိုက်ဆုံးလဲ။

- Amalfi Collection


၉)ရေမွှေးတော့ သုံးမှာပေါ့။ သုံးဖြစ်တဲ့ အများကြီးထဲက အကြိုက်ဆုံးရေမွှေး လေး ပြောပြပေးပါအုံး အမ။

- Dior


၁၀) ဒီမေးခွန်းကတော့ အမ အတွက် မလိုအပ်ပေမယ့် မေးနေကြမို့ အမရဲ့ အဖြေလေးတော့ သိချင်မိပါရဲ့ဗျာ။
စိတ်ကူးထဲက ချစ်သူကောင်လေးပုံစံ

- ( ဒီမေးခွန်းက အန်တီအတွက်မလို) ( ဒီမေးခွန်းက အန်တီနဲ့ မဆိုင် :D )

၁၁) အမရဲ့ ပင်ကို ဝါသနာက။

- သီချင်းအေးအေးလေးတွေနားထောင်ခြင်း

၁၂) ကဲ အမရေ ကျနော်ရဲ့ နောက်ဆုံးမေးမဲ့ မေးခွန်းကတော့ အမရဲ့ အမြဲတမ်း လက်ကိုင်ထားတဲ့ ဆောင်ပုဒ်လေး ကို သိပါရစေဗျာ။

- အတတ်နိုင်ဆုံး လူတွေအပေါ် မေတ္တာ ထားပါ။
(Recently) - An injury forgiven is better than injury revenged . ( ရန်ကို ရန်ချင်းမတုံ့နှင်းပဲ ဖြည့်ညှင်းသာယာစွာ စကားကိုပြောဆိုရာ၏။)

ကျေးဇူးတင်ပါတယ် အမရေ။

အင်းတာဗျူးအစီအစဉ်လေးလည်း ပြီတော့ ကျနော်ကို မက်ခုဒိုနရုဒို ဆိုင်မှာ နေ့လည်စား လိုက်ကျွေးပါတယ်။ နေ့လည်စားပြီတော့ ပန်ပန်ဆီသွားဖို့ ရထားစောင့်နေတုန်း အမနဲ့ အလာပသလာပ ပြောနေတုန်း ဖိုးသင်္ကြန်မှာလိုက်တဲ့ စကားကိုလည်း သေသေချာချာပြောလိုက်မိပါသေးတယ်။ အမဝါ မြန်မာပြည်ပြန်ဖို့ ပစ္စည်းတွေ သိမ်းနေပြီတဲ့ အမဝါ မနိုင်တဲ့ ပစ္စည်းတွေ ကျနော်ပြန်ရင် မလာခဲ့တဲ့ အမရေ ဖိုးသင်္ကြန်က အဲလိုမှာလိုက်တယ်ဗျာ။ ကဲ အမရေ ရထား လည်း လာပြီ စကားလည်းကောင်းနေတာ အပြန်မှ ပြန်တွေ့မယ်အမ။
အပြန်ကြရင်တော့ ဒီဆိုင်မှာပဲ စားမှာနော် ( ဇာ ကင်းဂု အော့ဖု ဘရက်ဂု” ) ကြိုပြောထားပါတယ်။
ကျေးဇူး အရမ်းတင်ပါတယ် အမရေ။ ခုလိုကျနော်ရဲ့ အင်းတာဗျူး အစီအစဉ်လေးမှာ စိတ်ဝင်းတစား ပါဝင်ပေးတဲ့ အတွက်ကော နေ့လည်စားနဲ့ဧည့်ခံပေးတဲ့ အတွက်ကောပေါ့။

ဒီလိုနဲ့ ကျနော်လည်း ပန်ပန်ဆီကို ထွက်လာခဲ့ပါတော့တယ်။........

လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက် ။ ။ အဖြေများအားလုံးကို အမဝါမှ ကိုယ်တိုင် ဖြေကြားထားခြင်းဖြစ်ပါသည်။

January 8, 2010

ရီနိုမာန်နှင့် အင်းတာဗျူးခြင်း (အပိုင်း - ၄ )

ဘလောဂ့်ဂါတွေနဲ့ အင်းတာဗျူး အစီအစဉ်လေး ကို စတင်ခဲ့တာ ခုဆိုရင် လူတော်တော်များများကိုလည်း အင်းတာဗျူးပြီသွားပါပြီ။ အလှည့်ကျ မတင်ဖြစ်သေးလို့ အားလုံး မဖတ်ရသေးတာပါ။ အချိန်ရရင် ရသလို အမြန်ဆုံး တင်ပေးသွားမှာပါ။ ခုတစ်ခေါက် အလှည့်ကျလာတဲ့ သူကတော့ ခုနောက်ပိုင်း စာရေး အရမ်းကောင်းလာတဲ့ လူပျိုကြီး ကိုမိုးကုတ်သား ခေါ် ကိုဘိုပဲ ဖြစ်ပါတယ်။ အင်းတာလည်းဗျူးရင် ကြေငြာလည်း ဝင်ပေးခြင်းဖြစ်ပါတယ်။ .....

၁) အကို့ ရဲ့ အကြိုက်ဆုံး အရောင် လေးကို သိပါရစေဗျာ

- အဖြူရောင်

၂) အကို အကြိုက်ဆုံး မြန်မာ အစားအစာတွေထဲက တစ်ခုလောက်ပြောပြပါလား

- တိုဟူး
>၃) အမြဲတမ်းသုံးတဲ့ အကြိုက်ဆုံးရေမွှေး

- CK

၎)အကြိုက်ဆုံး ဖက်ရှင်ပစ္စည်း

- မရှိ

၅) အကြိုက်ဆုံး ဖိနပ် တံဆိပ်ကရော

- Aldo

၆) အဝတ်အစားတွေထဲမှာ အကြိုက်ဆုံး အဝတ်အစားဒီးဇိုင်း ကိုပြောပြပေးပါအုံး

- Free Style

၇) ဘလောဂ့်စတင်ရေးဖြစ်တဲ့ နှစ်က

- 2007

၈)ဘလောဂ့်ရေးဖြစ်သွားတဲ့ အကြောင်းအရင်း လေး ပြောပြပေးပါအုံ ကိုဘို

- အိမ် နဲ့ မိုးကုတ် ကို လွမ်းလို့

၉) ကိုယ်ပိုင် ဝါသနာ

- ခရီရေးရှင်း (creation)

၁၀) ခရီးသွားရင် အမြဲယူသွားဖြစ်တဲ့ပစ္စည်း

- ကင်မရာ

၁၁) စိတ်ကူးထဲက ချစ်သူကောင်မလေးပုံစံ သိချင်တယ် အကို

- ဆံပင်ရှည်ရှည်၊ အရပ်မြင့်မြင့်၊ အသားဖြူဖြူ၊ ပိန်ပိန်သွယ်သွယ်...။

၁၂) အမြဲတမ်း လက်ကိုင်ထားတဲ့ ဆောင်ပုဒ်

- မေတ္တာထားပါ။

ကျေးဇူးပဲ ကိုဘိုရေ။ ခုလို ကျနော်ဂျပန်ကို အလုပ်ကိစ္စနဲ့ မသွားခင်လေးမှာ အချိန်ပေးပြီ ကျနော်မေးသမျှကို စိတ်ရှည်ရှည်နဲ့ ဖြေပေးတဲ့ အတွက်ကျေးဇူးပါဗျာ။ စာလာဖတ်တဲ့ မောင်နှမအားလုံးကို ဒီပိုစ့်လေးနဲ့ အတူ တောင်းပန်လိုက်ပါတယ်။ ကျနော် နေသိပ်မကောင်းချင်သလိုဖြစ်နေလို့ အိမ်လည်စာဖတ်သိပ် မလုပ်ဖြစ်တဲ့ အတွက်နားလည်ပေးပါလို့။ နောက်တစ်ခေါက် အင်းတာဗျူးကို ဂျပန်မှာ သွားဗျူးရမှာမို့ ခုလိုအေးအေးရာသီမှာ ကျန်းမာရေးကို ဂရုစိုက်နေရပါတယ်။ အားလုံးလည်း ဂရုစိုက်ကြပါ ( ကျန်းမာရေး)။

လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက် - အဖြေအားလုံး ကိုမိုးကုတ်သား ကိုယ်တိုင်ဖြေတာဖြစ်ပါသည်။

January 2, 2010

အို ဘယ့်...... ခရီး

31.12.09 ရုံးကနေခွင့်ယူထားလိုက်တယ်။ သွားစရာလမ်းကြောင်းတွေများ နေတာ ဆိုတော့ ခွင့်မယူလို့ မရတဲ့ အခြေအနေ။ ရင်ထဲက လာတဲ့ ကိစ္စတွေကို လုပ်ရမှာဆိုတော့လည်း ကျေနပ်နေမိတယ်။ ဒီလိုနဲ့ မနက် ၇နာရီလောက် အိပ်ရာကနေထပြီး မနက်စောစော ကိစ္စများကိုလုပ်ပြီး ( C ) ကို သွားဖို့ ထွက်လာခဲ့တယ်။ ( C ) ရောက်တော့ လက်ထဲမှာ MRT Card နဲ့ ချက်စာရွက်ပဲ ပါတယ်။ ပိုက်ပိုက်နဲ့ တူတာဆိုလို့ Nothing ဖြစ်နေတော့ ရွှေဥာဏ်တော် ရွှင်စေဖို့ စက္ကူကနေ ငွေဖြစ်အောင်လုပ်ရတော့ တာပေါ့။

တစ်ခရီးတည်း အတူသွားမယ့် အဆွေတော်တို့ က ( C ) မဟုတ်တော့ဘူး ( D ) ဆိုလို့ တစ်ခါ ( D ) ကို လာခဲ့ပါတယ်။ ( D ) ကနေမှ ဆွေတော် ရှစ်သောင်း နှင့်တကွ စီးတော်ယာဉ်ကားနဲ့ ( CA ) ကို နေ့လည် ၁၁ လောက်မှာ ရောက်တယ်။ ( CA ) မှာ လုပ်စရာရှိတာလုပ်ပြီး တစ်ခါ ( LS ) ကို့ ပြန်လာခဲ့ကြတယ်။ ( LS ) ကိုရောက်တော့ နေလည် ၂ နာရီလောက်ရှိသွားပြီ။

ပေါက်ပင်ဘာကြောင့် ကိုင်းရတယ် ကစလိုက်တာ.......... ဖားအော်တယ် အထိရောက်တယ်။ ဖား ဘာကြောင့် အော်ရတယ် ... မြွေကိုက်လို့ အော်ရတယ်.... မြွေဘာကြောင့် ကိုက်ရတယ် .... ငါ့ဝမ်းပူဆာ မနေသာလို့ ကိုက်ရတယ် ဆိုတဲ့ အတိုင်း ဗိုက်ထဲက ဆန္ဒပြခြင်းကြောင့် ( CH ) ဆိုတဲ့ ဗိမာန်ကို ရောက်ခဲ့ကြပြန်ပါတယ်။ ( CH ) ဗိမာန်ကနေ လမ်းခွဲလိုက်ကြတော့ ညနေ (၄) နာရီရှိနေပြီ။

( BD ) မှာ ရောင်ရင်းတွေနဲ့ တွေ့ပြီတော့ ( EC ) ကိုခြေဦးလှည့်ခဲ့ကြတယ်။ ( EC ) ရောက်ပြီး အချိန်သိပ်မကြာခင်မှာပဲ ( O ) ဒေသကို စီးတော်ယာဉ် ရထားလုံးနဲ့ အရောက်သွားခဲ့ရပြန်ပါတယ်။ ( O ) ဒေသမှာပဲ စကားတွေ ဖောင်းဖွဲ့နေခဲ့ရာက နောက်ဆုံးမြွေကိုက်ခံရတဲ့ အထိဖြစ်လာရတော့တယ်။

ဒီလိုဆိုတော့လည်း ဆေးရှာရတော့မှာပေါ့။ ဒါနဲ့ ( CT ) ကိုသွား ပျော်တော်ဆက်ခဲ့ကြတာပေါ့။ အချိန်အခါသာမယကို ကြည့်လိုက်တော့ နှစ်သစ်ကူးမဲ့ အချိန်ဆိုပေမယ့် ချစ်မိုးလေးတွေကတော့ ဆွေချလိုက်ပါတော့တယ်။

01.01.2010

နှစ်သစ်ကူးသွားခဲ့ပါပြီ။ ဆက်သွယ်မှု့ကွန်ယက်လေးတွေလည်း ရှုပ်ယှက်ခက်နေကြပြီ။ ရှုပ်ယှက်မခက်တာဆိုလို့ အိမ်စောင့်နတ်နဲ့ ရန်ဖြစ်ထားတဲ့ ဒီလူ့ ဒီလူတွေ ရှိတဲ့ ( YCK ) ကိုရောက်လာပါတော့တယ်။

ရွာဦးကျောင်းက အုံးမောင်ခေါက်သံ သုံးချက်အကြားမှာတော့ မဟန်လှတဲ့ အခြေ ယိုင်းလဲလို့ပြို ... အို ဘယ့် ခရီး.... ဆက်ရန်ရှိသေး.... နှစ်သစ်ကူး... ဒီရက်ကလေး ......

လေးစားစွာဖြင့်
ရီနိုမာန်


မှတ်ချက် = အင်္ဂလိပ် အတိုကောက်များမှာ MRT နာမည်များသာဖြစ်သည်.

December 29, 2009

ရီနိုမာန်နှင့် အင်းတာဗျူးခြင်း (အပိုင်း - ၃ )

ကျွန်တော်လည်း အလှူကိစ္စ အိပ်ရေးပျက်တဲ့ ကိစ္စတွေနဲ့ လုံလဲချာလဲ လိုက်နေလို့ အင်းတာဗျူး အစီအစဉ်လေးကို ခဏရပ်ထားရပါတယ်။ ခုတော့ နည်းနည်းလေး အားသလိုလိုရှိလို့ ခုတလော စင်ကာပူမှာ လာပြီးသောင်းကျန်နေတဲ့ (မျောက်) အဲမှားလို့ ကျနော်ရဲ့ ချစ်လှစွာသော သူငယ်ချင်းကြီး ( ကျနော် အခေါ်)ဖိုးချစ် ခေါ် ဖိုးစိန်နဲ့ အင်းတာဗျူးဖို့ အတွက် စတားဘက် ကော်ဖီဆိုင်မှာတစ်ရက်ချိန်ပြီး ခုလိုမျိုး မေးမြန်းခဲ့ပါတယ်။

1. သယ်ရင်း ဖိုးစိန်ရဲ့ အကြိုက်ဆုံး အရောင် ကိုပြောပြပေးပါအုံးသယ်ရင်း
- မိုးပြာရောင် (မိုးခါးရောင် မဟုတ်ပါ)

2. အကြိုက်ဆုံး မြန်မာ အစားအစာ တွေထဲမှာကော
- အုန်းနို့ခေါက်ဆွဲ (အုန်းနို့ ကိုကြိုက်တယ်) အကြိုက်ဆုံးက ခေါက်ဆွဲမို့

3. အကြိုက်ဆုံးရေမွှေးက ဘာလဲ သယ်ရင်း
- Diesel

4. သယ်ရင်း အများဆုံး အသုံးပြုဝတ်ဆင်တဲ့ အကြိုက်ဆုံး ဖက်ရှင်ပစ္စည်း က
- ဖန်စီကျတဲ့ ရောင်စုံ လက်ပတ် ကြိုးတွေကို မျက်စိနောက်အောင် ဝတ်တာ

5. ဖိနပ်ထဲမှာဆိုရင် အကြိုက်ဆုံး ဖိနပ် က
- Nike ( airmax)

6. အကြိုက်ဆုံး အဝတ်အစားဒီဇိုင်း-
ရှပ် tအကျီ လက်ရှည်ကို လက်ခေါက်ပြီး ဝတ် (သို့) မဟုတ် စပိုစ့်ရှပ် တစ်ထည်ကို ကော်လံ ထောင်ပြီးဝတ်မယ်... အဖာအထေး တွေနဲ့ ဂျင်းပန် ခပ်နွမ်းနွမ်းလေးကို ဝတ်ပြီး nike ဖိနိပ်ကို အကျီနဲ့ လိုက်အောင်ဝတ်မယ်.. ပြီးရင် အကျီနဲ့လိုက်မယ့် လက်ပတ်ရောင်စုံကြိုးတွေကို ဝတ်မယ်... ( အရောင်ကို ရွေးမယ်ဆိုရင်တော့ အပြာနဲ့ အဖြူထဲက မထွက်ပါဘူး)

7. ဘယ်အချိန်က ဘလောဂ့်ကို ရေးခဲ့တာလဲ
- 2008 july 22 ( မွေးနေ့)

8.ဘလောဂ့်ရေးဖြစ်သွားတဲ့ အကြောင်းအရင်း ကောရှိလား
- သူငယ်ချင်းက မြှောက်ပေးလို့ ( ရေးတတ်လို့ရေးတာ မဟုတ်ပေမယ့် ရေးချင်လို့ ရေးတာပါ) ရေးတော့ရော ဘာဖြစ်လဲ

9. သယ်ရင်းရဲ့ ပင်ကို ဝါသနာက ဘာလဲ
- စပ်စုတာ က အဓိက ဝါသနာ..... စူးစမ်းတာက ပင်ကိုဝါသနာ..... မျောက်ရှုံးအောင် ဆော့တာ စတာက မွေးရာပါ

10. ခရီးသွားရင် အမြဲယူသွားဖြစ်တဲ့ပစ္စည်း
- အများကြီးပဲ... ပိုက်ဆံအိတ်ပါရမယ်.. မန်မိုရီစတစ် ပါရမယ်... ဖုန်းပါရမယ်... မျက်နှာသုတ်ပဝါ သေးသေးတထည်... လက်ဆေးတဲ့ ဂျယ်ဘူး... ဘောပင် တစ်ချောင်းက မဖြစ်မနေ... တခါတလေ မျက်နှာသစ်ဆေးနဲ့ ဘီးလဲ ပါသေးတယ်.... ပြီးတော့ မပါမနေ ရေသန့် တဗူး... ဆက်ပြောရင် အိမ်ပြောင်းလို့ ရတယ်

11. စိတ်ကူးထဲက ချစ်သူကောင်မလေးပုံစံ
- နှုတ်ခမ်းပါးပါးလေး.... နှာခေါင်းချွန်ချွန်... မျက်ခုံးထူထူ... ဆံပင်က စပလိန် လို အခွေလေးတွေ.. နားသံသီးလေးဝတ်ထားပြီး မျက်လုံးဝိုင်းဝိုင်း နက်နက်နဲ့ လည်တံရှည် ကောင်မလေး... မဝမပိန် ... အရပ်က ကျနော့် ပုံခုံးကို လှမ်းမှီ လို့ရတဲ့ ကောင်မလေး... စကားပြောရင် ပါးချိုင့်ကလေး ခွက်နေအောင် အသံအေးအေးလေးနဲ့ ပြောတတ်ပြီး အရမ်းရှက်တတ်တဲ့ကောင်မလေး... ချစ်သူကို ကြည်နူးတဲ့ အကြည့်တွေနဲ့ အမြဲ ကြည့်ပြီး ဂရုစိုက်တဲ့ မျက်ဝန်းတွေနဲ့ စကားပြောတတ်တဲ့ ကောင်မလေး... အထူးသဖြင့် ကျနော့် ကို “မောင်.....” လို့ ညင်ညင်သာသာလေး ခေါ်တတ်တဲ့ ကောင်မလေး ပေါ့..

(ခုလက်ရှိကတော့ အဲဒါတွေနဲ့ ဆန့်ကျင်ဘက်မို့ ရှာနေတုန်းပါ)

12. အမြဲတမ်း လက်ကိုင်ထားတဲ့ ဆောင်ပုဒ်
- ကောင်းတယ်ထင်တာကိုလုပ်တယ်... မှန်တယ်မှားတယ်ဆိုပေမယ့် နောင်တ မရကြေး... ဒါပါပဲ..

မေးမြန်းမှုများကို စိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပေးခဲ့တဲ့ သယ်ရင်းကိုကျေးဇူးတင်ပါတယ်။ စကားချပ် ( သူလည်း ဆိုက်ပရစ်ပ် ကိုပြန် ဒီမှာကျန်ခဲ့တဲ့ မောင်နှမတွေတော့ မျက်တွင်းဟောက်ပက် အရိုးခေါက်ဂက်၊ အသက်တောင် ဖလက်ဖလက် ဖြစ်ကျန်ခဲ့မှာ မြင်ယောင်ပါသေးတယ်)။

လေးစားစွာဖြင့်
ရီနိုမာန်

အဖြေအားလုံး ဖိုးစိန်ကိုယ်တိုင် ဖြေကြားထားခြင်းဖြစ်ပါသည်။

December 15, 2009

ရီနိုမာန်နှင့် အင်းတာဗျူးခြင်း (အပိုင်း - ၂ )

ဒီနေ့တော့ ကျနော်ရဲ့ အင်းတာဗျူးခြင်း အစီအစဉ်ကို ညရဲ့ကောင်းကင် ညီလေးအမှောင်နဲ့ အင်းတာဗျူးဖြစ်ပါတယ်။

၁) ညီလေး ရဲ့ အကြိုက်ဆုံးအရောင် က
- အနက်ရောင် (pure color ဖြစ်လို့)

၂) မြန်မာ အစားအစာ တွေထဲမှာရော ညီလေးရဲ့ အကြိုက်ဆုံးက
- ပဲပြုပ်နဲ့ ဆီစမ်းထားတဲ့ ထမင်း

၃) အကြိုက်ဆုံးရေမွှေး က ဘာလဲ။
- မသုံးဖြစ်တာများတော့ ကြိုက်တာမရှိဘူး

၎) ညီလေးရဲ့အကြိုက်ဆုံး ဖက်ရှင်ပစ္စည်း
- ပိုက်ဆံအိတ်

၅)အကြိုက်ဆုံး ဖိနပ် ရှိလား။
- အောကတ္တီပါ ဆိုအကုန်ကြိုက်

၆) အကြိုက်ဆုံး အဝတ်အစားဒီဇိုင်း
- ကချင်ပုဆိုးကွက်နဲ့ အင်္ကျီကော်လံ လက်ရှည် (လက်ရှည်ပေမယ့် လက်ခေါက်ဝတ်တယ်)

၇)ဘလောဂ့်စရေးဖြစ်တဲ့နှစ်
- ၂၀၀၉ ဧပရယ်

၈) ဘလောဂ့်ရေးဖြစ်သွားတဲ့ အကြောင်းအရင်း က
- ရင်တွင်းခံစားချက်တွေကို ဒိုင်ယာရီစာအုပ်မှာရေးနေရာမှ ဘလော့ဂ်လေးတခုမှာ ပြောင်းရေးချင်စိတ်ဖြစ်သွားလို့ (အဓိက ကတော့ အသည်းကွဲ ကဗျာတွေတင်ချင်လို့)

၉)ကိုယ်ပိုင် ဝါသနာ ကဘာဖြစ်မယ်လို့ထင်လဲ။
- ကဗျာရေးချင်တာ ဘယ်ကပါလာမှန်းမသိတဲ့ ၀ါသနာ

၁၀) ခရီးသွားရင် အမြဲယူသွားဖြစ်တဲ့ပစ္စည်း က
- ပိုက်ဆံအိတ်လေ (သူကမပါလို့မရဘူး မပါရင် ဂွိသွားမယ်)

၁၁) စိတ်ကူးထဲက ချစ်သူကောင်မလေးပုံစံ ပြောပြပါလား။
- အပြင်မှာတကယ်တွေ့ခဲ့တဲ့ ပုံစံပါပဲ (ကံမပါလို့လားမသိဘူး စိတ်ကူးထဲမှာပဲ ပြန်သိမ်းထားလိုက်ရတယ်)

၁၂)အမြဲတမ်း လက်ကိုင်ထားတဲ့ ဆောင်ပုဒ် က
- ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် (အဲဒီတော့ လူတိုင်းကို စိတ်ရင်းအမှန်နဲ့ ဆက်ဆံမယ်၊ ကူညီမယ်ပေါ့)

ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီလေး အမှောင်။

လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက်။ ။ အဖြေအားလုံးကို ညရဲ့ကောင်းကင် ညီလေးအမှောင် ကိုယ်တိုင် ဖြေပေးထားခြင်း ဖြစ်ပါသည်။

December 14, 2009

ရီနိုမာန်နှင့် အင်းတာဗျူးခြင်း (အပိုင်း - ၁ )

ခုတလော အလုပ်ကနည်း ပိုက်ဆံကမရှိဆိုတော့ အချိန်ပိုင်းအလုပ်လုပ်မယ်ဆိုပြီး အလုပ်လိုက်ရှာပါတယ်။ ကံကောင်းချင်တော့ တစ်ခုရလိုက်တယ်။သဌေးနဲ့တွေ့ဖို့ ကျနော်သွားလိုက်တယ်။ တွေ့တွေ့ချင် သဌေးက ကျနော်ကိုကြည့်ပြီး .... မင်း ဘာအလုပ်လုပ်လဲတဲ့...
ကျနော်ကလည်း ဘလောဂ့်မှာ စာရေးပါတယ်ဆိုတော့ ချက်ချင်းပဲ ကျနော်ကို အလုပ်ခန့်လိုက်တယ်။ ...မင်းအားတဲ့အချိန် ကြိုက်တဲ့ အချိန်အလုပ်ဆင်းလို့ရတယ်..တဲ့။
...ဘာအလုပ်များ လုပ်ရမှာလဲ..လို့မေးလိုက်တော့ အင်းတာဗျူးရမှာတဲ့။ ဒါကြောင့် မင်းဒီနေ့ကနေစပြီး ဘလောဂ့်မှာရှိတဲ့ မင်းရဲ့ မောင်နှမတွေကို အရင်ဆုံး အင်းတာဗျူး လုပ်ပေးရမယ် ဆိုတာကြောင့် ရီနိုမာန်နဲ့ အင်းတာဗျူး အစီအစဉ်လေးကို စတင်လိုက်ရပါပြီ။

ပထမဆုံး အင်းတာဗျူးဖြစ်တဲ့ ညီမလေးကတော့ ထာဝရကြယ်စင်ရဲ့ ပိုင်ရှင် ညီမလေးမိုးခါး ပဲဖြစ်ပါတယ်။ ကဲ ညီမလေးရေ အင်းတာဗျူးလေး စလိုက်ကြရအောင်နော်.......

(၁) မိုးခါးရဲ့အကြိုက်ဆုံး အရောင်က ဘာရောင်လဲ

- မျက်စိထဲ လှတယ်ထင်တဲ့အရောင်

(၂) ဒါဆို အကြိုက်ဆုံး မြန်မာ အစားအစာဘာရှိလဲ

- မရှိ

(၃) အကြိုက်ဆုံးရေမွှေးကော။

- မရှိ

(၄) အကြိုက်ဆုံး ဖက်ရှင်ပစ္စည်း တွေထဲက ဘာများရှိလဲ။

-
အိတ်

(၅) အကြိုက်ဆုံး ဖိနပ်

- ပေါ့ပေါ့ပါးပါး သွားလို့လာလို့ လွယ်တဲ့ ဖိနပ်

(၆) အဝတ်အစား တွေထဲက အကြိုက်ဆုံး အဝတ်အစားဒီးဇိုင်း ကဘာလဲ။

- ရှပ်နဲ့ ဂျင်း

(ရ) ဘလောဂ့်ကို ဘယ်တုန်းက စရေးခဲ့တာလဲ။

- ၂၀၀၈

(၈) ဘလောဂ့်ရေးဖြစ်သွားတဲ့ အကြောင်းအရင်းက

- သူက ကိုယ်ပေးတာ အကုန်ယူတယ် .. နှုတ်လုံတယ် .. :D

(၉) ကိုယ်ပိုင် ဝါသနာ

- စိတ်ကူးတည့်ရာ လုပ်ခြင်း :D

(၁၀) ခရီးသွားရင် အမြဲယူသွားဖြစ်တဲ့ပစ္စည်း က။

- ကင်မရာ

(၁၁) စိတ်ကူးထဲက ချစ်သူကောင်လေးပုံစံ ပြောပြလို့ရမလား။

- နှာခေါင်း ချွန်ချွန် မေးစေ့ ချွန်ချွန်နဲ့ ဂျပန်ကာတွန်းရုပ် :P

(၁၂) နောက်ဆုံးတစ်ခု အနေနဲ့ အမြဲတမ်း လက်ကိုင်ထားတဲ့ မိုးခါးရဲ့ ဆောင်ပုဒ် လေးသိပါရစေ။

- ကိုယ်မှန်မယ် ထင်ရင် လုပ် ကိုယ်ဖြစ် ကိုယ်ခံ :D

ဟုတ်ကဲ့ ခုလို စိတ်ရှည်လက်ရှည်နဲ့ ဖြေပေးတဲ့ ညီမလေးမိုးခါးကို ကျေးဇူးတင်ပါတယ်။ နောက်များလည်း လိုအပ်တာရှိရင် ကူညီပေးပါအုံး ပြောရင် ရီနိုမာန်နဲ့ အင်းတာဗျူးခြင်း အပိုင်း(၁) ကို ဒီမှာပဲ ရပ်လိုက်ရပါတယ်။

လေးစားစွာဖြင့်
ရီနိုမာန်

မှတ်ချက်။ ။ အဖြေအားလုံးကို ထာဝရကြယ်စင်မှ မိုးခါး ကိုယ်တိုင်ဖြေထားခြင်း ဖြစ်ပါသည်။

November 20, 2009

စာဖတ်သူ သက်သက်ပါ

ကဗျာရေးတိုင်း .ကဗျာဆရာမဟုတ်ပါဘူးး..
စာတွေရေးတိုင်း စာရေးဆရာမဟုတ်ပါဘူး...
ဒီစကားနှစ်ခွန်းလုံးကို အပြည့်အ၀ထောက်ခံတဲ့အနေနဲ့ ဒီစာလေးကို ချရေးမိတာပါ...
ကိုယ်ကတော့ စာဖတ်သူသက်သက်တယောက်ပါ.
ကဗျာတွေကိုချစ်တဲ့...
စာတွေကိုလေးစားတဲ့..
ဒဿနတွေကိုသဘောကျတဲ့...
(အရာအားလုံးရဲ့ အခြေခံကျတယ်ဆိုတဲ့ ရူပဗေဒနဲ့ကျောင်းပြီးထားသူတယောက်ဆိုပေမယ့် မှန်တယ်ဆိုတာ..မမှားပါဘူးလို့ သေချာနေတဲ့ အဖြေတခုကို မရေမရာဖြစ်အောင် လုပ်နိုင်စွမ်းရှိတဲ့ ဒဿနိကဗေဒ ကိုအရမ်းကြိုက်ပါတယ်)..စာပေချစ်မြတ်နိုးသူပါ.
လူတိုင်းမှာ ခံစားချက်ကိုယ်စီနဲ့ အနုပညာကိုယ်စီရှိကြပါတယ်.ရင်ထဲက ခံစားချက်လေးတွေကို ချရေးတာနဲ့ တင်ပြတာမတူပါဘူး..ဟိုတုန်းကဆိုရင် အရမ်းခံစားရသည်ဖြစ်စေ.. ပျော်ရွှင်သည်ဖြစ်စေ.. နာကျည်းချက်များ.. အမှတ်တယများကို.. ဒိုင်ယာရီစာအုပ်ထဲမှာ.. ကိုယ့်ရဲ့ခံစားချက်တွေကို ကဗျာကလေးတွေအဖြစ်နဲ့တသွယ်.. ၀ထ္ထုလေးတပုဒ်အနေနဲ့တဖုံ.. အစုံစုံသော အကြောင်းအရာများကို အမှတ်တယရေးသားမှတ်တမ်း တင်ထားတတ်ပါတယ်.. အမှန်အတိုင်း.. စိတ်ရင်းအတိုင်း..အညွန့် အကွန့်တွေမပါဝင်ပဲ.. ရိုးရိုးစင်းစင်းလေး... ကိုယ်နားလည်ခံစားရသလိုလေးရေးကြတာပါ.. အရင်းခံလေးအတိုင်း စကားလုံးတွေကမလှပပါဘူး..
တင်ပြတာကျတော့ (ကိုယ်သိသလောက်ပေါ့လေ...) လူတွေကိုသိစေချင်တယ်.. မျှဝေချင်တယ်.. အသိလေးတွေပေးချင်တယ်.. ရှောင်စေချင်တယ်.. လိုက်နာစေချင်တယ်.. ရည်ရွယ်ချက် အမျိုးမျိုးနဲ့ပါ.. ကိုယ့်ရဲ့ခံစားချက်ကို လှပအောင် ကွန့်ညွန့်ပြီး စကားလုံးကြွယ်ကြွယ်နဲ့ လူတွေကိုဆွဲဆောင်. အောင်မြင်အောင် ကြိုးပမ်းမှုတမျိုးပါ..စည်းတွေ ..ဘောင်တွေ.. ကန့်သက်ချက်တွေရှိတယ်.. မျှော်လင့်ချက်တွေရှိတယ်..စာဖတ်သူရဲ့ တုံ့ပြန်မှု.. အားပေးမှု.ဝေဖန်မှု.. ချီးကျူးမှု..မှု ...မှု... အများကြီးနဲ့ပေါ့..
စာရေးခြင်းအတတ်ပညာမှာ ပါရမီမပါခဲ့လေတော့..စာဖတ်ပြီး..မှတ်သားတွေးတောနေရတာကိုပဲ (စာရေးတတ်သူများကို အထင်ကြီးအားကျနေရုံမှအပ) ကျေနပ်နှစ်သိမ့်နေတဲ့ စာပေအားပေးသူပါ..
DIARY: Dear! I always remember you. ဆိုသလို..ကျမတို့ ချရေးကြတဲ့ ကဗျာလေးတွေ.. စာတိုပတ်စလေးတွေရဲ့ ရည်ရွယ်ချက်လေးက ဒါပါပဲ.. ဘာမျှော်လင့်ချက်မှ မရှိပါဘူး.. ကိုယ့်ရဲ့လုပ်ဆောင်ချက်လေးတွေ.. ခံစားချက်လေးတွေကို အမှတ်ရစေချင်တာပါပဲ....
ကိုယ့်အတွက်တော့..Internet ဆိုတာ..စိတ်ရဲ့အပန်းဖြေရာ.. နှလုံးသားရဲ့ အလွမ်းခြေရာလေး တခုပါပဲ.. ခောတ်သစ်ဒိုင်ယာရီလေးတအုပ်ပေါ့ရှင်..

လေးစားစွာဖြင့်
ရီနိုမာန်

စာရေးသူ - မမလွင် (ခ) မမိုး

November 17, 2009

အတွေးဆုတောင်း

မနေ့ကတနင်္ဂနွေနေ့ဆိုတော့ မစားရတာကြာပြီဖြစ်လို့ မုန်းဟင်းခါးနဲ့ လက်သုပ်စုံ လုပ်စားဖြစ်ကြတယ်. "ကြတယ်" ဆိုပေမယ့် ချက်တာ ပြင်တာ ဆင်တာက ကိုယ်တစ်ယောက်တည်းပါ.. ရုံးကသူငယ်ချင်း တရုတ်မတယောက်ရယ်. အိမ်နားက ညီမလေး ၂ယောက်ရယ် မောင်လေး ၂ ယောက်နဲ့ (တနင်္ဂနွေနေ့တိုင်း ပလန်းနက်အလှူ ဗီစီဒီ လာယူမယ်ဆိုပြီး ဘယ်တော့မှ ရောက်ရောက်မလာတဲ့) ကိုလင်းမောင်မောင် (ခ) လန်လန်ရယ်..ဖိတ်ကြားထားသူများပေါ့)

ချက်ရင်း ပြုတ်ရင်း..ဟိုတွေး ဒီတွေးနဲ့ အတွေးတိုင်းမှာပါနေကျ ကျမချစ်သူလေးကို သတိတယရှိသွားတယ် ..သူရော...( ရန်ကုန်မှာတုံးက ရုံးဆင်းပြီဆို ဘုရားမသွားခင် တရုတ်တန်းက အစုံသုပ်စားရင်းစား, မစားရင် သူ့ရုံးနားက မုန်းဟင်းခါးကောင်းတယ်ဆိုပြီး လက်ဖက်ရည်သောက်ရင်း သွားစားကြတာကို သတိရမိတယ်။ ချစ်သူ..ပျော်ရွှင်ပါစေကွယ်..)

သူလဲနိုင်ငံရပ်ခြားမှာ ဆိုတဲ့အသိနဲ့ ကိုယ်ဘာပဲစားစား သူ့ကို အမြဲသတိရနေတတ်တယ်။ ကိုယ်ကမိန်းခလေးမို့ ဘာမဆိုစားချင်တာကို ကိုယ်တိုင်အချိန်ယူပြီး သက်သက်သာသာနဲ့ လုပ်စားလို့ရပေမယ့် သူက၀ယ်စားဖို့တောင် အလွယ်တကူရပါ့မလား..ဆိုင်တွေနဲ့ ဝေးများနေမလား..နီးစေဦးတော့ အဆမတန်ဈေးကြီးလို့ ချွေတာပြီးပဲ မစားပဲနေနေမလား..ဖြစ်သလိုပဲစားပြီး အစားအသောက် ဆင်းရဲနေမလား..ထမင်းဟင်းတွေရော ဘယ်လိုများစီစဉ်ပြီး စားနေရပါလိမ့်နော် ..ခုလောက်ဆို အိမ်ထမင်း အိမ်ဟင်းတွေကို လွမ်းနေရောပေါ့.. (အမေက ဟင်းချက်အရမ်းကောင်းတယ်လို့ ပြောဖူးတယ်လေ..) ချစ်သူ..အစစအရာရာ စိတ်တိုင်းကျ အဆင်ပြေပါစေကွယ်..)

ဒါမှမဟုတ် (တအိမ်တည်းမဟုတ်တောင်) ဟိုရောက်နေကြတဲ့ မိန်းခလေးအဖော် သူငယ်ချင်းများနဲ့တပျော်တပါး ပွဲတော်တည်နေမလား (ကျမကိုမေ့နေမှာတော့ အသေအချာပါပဲ) ...ချစ်သူက ပျော်ပျော်နေတတ်တော့ စလိုက် နောက်လိုက်..ကောင်မလေးတွေနဲ့ ပြုံးရွှင်ရယ်မောနေမလား... ဘုရားရေ... ဦးနှောက်ထဲကို..ကျမရင်ထဲကို တိုးဝင်လာတဲ့ အတွေးတခု... အသက်ရှုမရလောက်အောင်မွန်းကျပ်သွားပါလား..အဲဒီအတွေးက ဘာကိုမှ ဆက်လုပ်ချင်စိတ်မရှိအောင် ခြေကုန်လက်ပန်းကျသွားပါလား.."အနီးဆုံးလူက အချစ်ဆုံး "လို့ စကားရှိတယ်လေ။ အဲဒီမိန်းခလေးအဖော်တွေနဲ့ ကျမချစ်သူ ရင်းနှီးသွားလေမလား... ဟင့်အင်းနော်.. ခွင့်မလွှတ်ဘူးကွယ်...

ကျမကိုထားခဲ့ပြီး ကျမအရင် သူ့ကောင်မလေးဆီကို ပြန်သွားတယ်ဆိုတာ ကြည်ဖြူနိုင်ပေမယ့် ဒီလိုမျိုးတော့ မဖြစ်သင့်ဘူးကွယ်... ဘာအကြောင်းတွေကြောင့် သူ့ကောင်မလေးနဲ့ ခွဲခွာခဲ့တယ် ဆိုတာ မသိချင်ခဲ့ပေမယ့် အချစ်ဦးဆိုတာ မေ့နိုင်ကောင်းတဲ့ အရာ မဟုတ်တာကိုတော့ လက်ခံထားတယ်လေ..ကျမသိပ်ချစ်သလို သူ့ကောင်မလေးကို ကျမအချစ်တွေထက် မလျော့တဲ့ အချစ်မျိုးရှိလိမ့်မယ်ဆိုတာ မယုံကြည်နိုင်စရာ မရှိပါဘူး။

နိုင်ငံခြားရောက် မြန်မာအမျိုးသမီးတချို့တွေရဲ့ ပွင့်လင်းရဲတင်းမှု၊ ဖော်ရွေလိုက်လျောမှုတွေက ကျမချစ်သူရဲ့ တယောက်တည်း အထီးကျန်မှုတွေ၊ အလုပ်ရဲ့ အဆင်မပြေမှုတွေ၊ အစားအသောက် ခက်ခဲမှုတွေ.. နိုင်ငံခြားရောက် မြန်မာလူမျိုးတွေကြုံတွေ့ရတဲ့ ဖော်မပြနိုင်တဲ့ ခံစားမှုတွေကို သိမ်းပိုက်သွားမှာ စိုးတယ်..

ကျမတို့နှစ်ယောက်ရဲ့အနာဂတ်တွေကိုစွန့်ပစ်၊ ဘယ်သူမှ မမြင်နိုင်တဲ့ နှောင်ကြိုးတွေကို ဖျက်ပြီး အိပ်မက်အဟောင်းကို အသက်သွင်းဖို့ သူ့အချစ်ဦး ကောင်မလေးဆီပြန်သွားခဲ့တဲ့ ချစ်သူ.. သူ့ကောင်မလေးအပေါ် ထပ်ပြီး သစ္စာပျက်မှာ စိုးတယ်..
တခါဆိုတော့ သစ္စာပျက်တယ်...
နှစ်ခါဆိုရင်တော့ သစ္စာမဲ့တယ်...
ဘယ်လိုကံအကြောင်းတရားတွေကမှ ကျမချစ်သူကို သစ္စာမဲ့သူတယောက်ဖြစ်အောင် မလုပ်ပစ်ပါစေနဲ့ကွယ်..............။
။...............................................................................................................။
ဟယ်တော့ မုန်းဟင်းခါးအိုးကြီး ပွက်ပွက်ဆူနေပြီ......း)

စာရေးသူ - မမလွင်(ခ) မမိုး

လေးစားစွာဖြင့်
ရီနိုမာန်

November 9, 2009

ခရစ္စမတ် အကြို

ဒါကတော့ သစ်ပင်မှာ မီးလုံးတွေကို အလှဆင်ထားတာပါ။ ဒီတစ်ပင်ထဲ အဟုတ်ရပါဘူး။ လမ်းဘေးအပင်တိုင်းကိုလုပ်ထားတာပါ။
မနေ့က အလုပ်ပိတ်ရက်မို့ တစ်နေ့လုံး ဘယ်မှမသွားပဲ ဗီဒီယိုကို တနေ့ကုန်ထိုင်ကြည့်နေလိုက်တာ ညနေလောက်မှ မျက်စိကညောင်းလာလို့ ဘယ်သွားရင်ကောင်းမလဲလို့ စဉ်းစားလိုက်တော့ ကျနော် အလုပ်လုပ်နေတဲ့ ION ဘက်ကို သွားပြီး ဓာတ်ပုံသွားမယ်ဆိုပြီး ရ နာရီခွဲလောက်မှ အပြင်ကို ထွက်သွားလိုက်တယ်။ ခရစ္စမတ် အတွက် အကြိုပြင်ထားကြတာ လှမှလှပဲ။ လှမယ်ထင်တဲ့ နေရာတွေ ကိုလိုက်ရိုက်မိတာ တော်တော်များသွားတယ်။ အိမ်ကို ည ၁၁ လောက်မှ ပြန်ရောက်တော့တယ်။ အဲလို...အဲလို...

အောက်က ကလစ်လေးကို နိုပ်ပြီး ပုံတွေကို အားပေးသွားပါအုံးဗျာ။ မောင်နှမတွေကို ကြည့်စေချင်လို့ သွားရိုက်ထားတာပါ။ စင်ကာပူမှာ ရှိတဲ့ မောင်နှမတွေကတော့ ရောက်ဖူးလောက်ပြီး ထင်ပါတယ်။



TANGS Shopping Mall ကို အလှ ဆင်ထားတာပါ။
ဒါလည်းလှလို့ ရိုက်လိုက်တာ ဘယ်နားကမှန်း မသိလိုက်ဘူး
ဒါကတော့ လမ်းဘေး သစ်ပင်ငယ်လေးကို မီးလုံးလေးတွေတင်ပြီ အလှဆင်ထားတာ။
အပေါ်ကပုံနဲ့ တူတူပဲ
လမ်းဘေးမှာ ရှိတဲ့ အရုပ်လေးတွေပါ။ လူရှင်းတုန်း ပြေးပြီရိုက်ထားရတာ။ ဓါတ်ပုံရိုက်ဖို့ စောင့်နေကျတာ လူတွေအများကြီးပဲ။
ဒါက ION အရှေ့က ခရစ္စမတ် သစ်ပင်ကြီးပါ။

ခရစ္စမတ် သစ်ပင်ကြီးအထဲမှာ မီးတွေနဲ့ အလှဆင်ထားတာပါ။
သူများတွေ ရိုက်တဲ့ အတိုင်းလိုက်ရိုက်ထားတာပါ။ အောက်ကပုံက။

အော့ချက်လမ်း မုဓ်ဦးကြီးပါ












ပုံတွေက တော်တော်လေးကိုများလို့ တစ်ခုချင်းစီ မရှင်းပြနိုင်တော့ပါဘူးဗျာ။ တော်တော်လေးကိုလှပါတယ်။ လှလို့လည်း မော့ချက် ဆိုတာ နာမည်ကြီးတာထင်ပါ့ဗျာ။


လေးစားလျှက်
ရီနိုမာန်



November 8, 2009

ကျနော့်လက်ရာ

ဒါက ကျနော်အလုပ်လုပ်နေတဲ့ ION Shopping Centre ရဲ့ အပေါ်က လူနေ အဆောက်အဦးပါ။ ဈေးကတော့ ကြီးသလာတော့မမေးပါနဲ့။ ဈေးအနည်းဆုံးကတော့ စင်ကာပူဒေါ်လာ 5.5 Millions ကစပါတယ်။ စဉ်းစားနေတာ တစ်ခန်းလောက်ဝယ်လိုက်ရမလားလို့...
ကျနော်တို့ ဆောက်နေတဲ့ အထပ်က အားလုံးပေါင်း ၅၆ထပ်ပါ။ ခုကျနော် အလုပ်လုပ်နေတာအထပ်၄၄မှာပါ။
ဒီ ၄၄ထပ်ကနေ လက်အား အလုပ်အားနေတာနဲ့ လက်တည့်စမ်းထားတာပါ။











ဒီပုံတွေက စင်ကာပူ တစ်မြို့လုံးကို အကုန်မြင်နေရတဲ့ လေးဖက်လေးထောင့်ကနေ လိုက်ရိုက်ထားတဲ့ ပုံပါ။ ဘာမှမဟုတ် ဆားချက်သည်ပေါ့။ ဟဲဟဲ.......