စာလည်း မရေးတာကြာတော့ ဘာရေးရမှန်း မသိဖြစ်နေတယ်။ ကိုလူထွေးရဲ့ တက်ခ့်အကြွေးကလည်း ရှိနေသေးတယ်။ ကိုယ်ကသာ ကိုယ်ရဲ့ အကြွေးတွေကို လူသိရှင်ကြား လိုက်တောင်းနေတာ။ ကိုယ်ကိုတိုင်က သူများရဲ့ အကြွေးကို ကျေအောင်မဆပ်နိုင်သေးတဲ့ ဘဝ။
ဒီဘလော့ဂ်လောကထဲကို ရောက်လာတာလည်း ခုဆိုရင် ငါးလထဲမှာ ရောက်နေပြီ။ ဒီငါးလအတွင်းမှာလဲ မောင်နှမတော်တော် များများနဲ့ ခင်မင်ခွင့်ရခဲ့တာ အတွက်လည်း အရင်ဆုံး အမေကို ကျေးဇူးတင်နေမိတယ်။ အမှန်က ဘုရားရှင်ကို ကျေးဇူးတင်သင့်တာပေါ့။ ဒါပင်မဲ့ အမေကို အရင်ဆုံးကျေးဇူးတင်တယ်။ လောကကြီးထဲကို ရောက်အောင်ပို့ပေးခဲ့တာက အမေလေ။ အမေသာ ကျနော်ကို မမွေးခဲ့ဘူးဆိုရင် ဘုရားဆိုတာ က ဘယ်မှရှိမှန်း သိနိုင်ခွင့်ရမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီလောက ကြီးထဲမှာ ကျနော်အတွက်တော့ အမေက ကျေးဇူးရှင်လည်း ဟုတ် အာဇာနည်ဆိုရင်လည်း မှန်တယ်။
ကျနော်က လက်ရှိ အခြေအနေကို တွေးတယ်။ ပြီးခဲ့တာတွေ၊ ဖြစ်လာမဲ့ အရာတွေကို ကျနော် စိတ်မဝင်းစားဘူး။ အဲအကြောင်း နဲ့ ပတ်သက်ပြီး ကျနော် အသိတစ်ချို့တွေနဲ့ စကားများဖူးတယ်။ စိတ်ထဲမှာတော့ ဘာမှ မရှိပါဘူး။ ကြုံလို့ပြောပြတာပါ။ ကျနော်ပြောတာလဲ မှားချင်မှားမယ်။ မှန်နေရင်လည်း မှန်လိမ့်မယ်။ စာဖတ်သူ သဘောပါ။ ကျနော်ကတော့ မှန်တယ်လို့ ထင်လို့ ပြောလိုက်မိတာပါ။ ဘုရားရှိခိုးခြင်းကိစ္စနဲ့ ပေါ့။
ဘာသာတရားတိုင်းမှာ ယုံကြည်လို့ ကိုးကွယ်ကြတာပါ။ လိုချင်တောင်းတလို့ ကိုးကွယ်ကြတာမှ မဟုတ်တာ။ ကိုယ် ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ ကိုယ် မကောင်းတာ လုပ်ရင် မကောင်းတာဖြစ်မယ်။ ဘယ်ဘာသာကိုပဲ ကိုးကွယ် ကိုးကွယ် ဒီအတိုင်းခံစားရမှာပဲ။ ဘုရားရှိခိုးတယ် ဆိုတာ ယုံကြည်လို့ ရှိခိုးတာ မဟုတ်လား။ ရှိခိုးပြီးရင် ဘာဖြစ်လို့ ဆုတွေတောင်းနေရတာလဲ။ အဲ့ဒီမှာ စတာ။ “ ဟဲ့ ဆုတောင်းမှ သိမှာပေါ့” တဲ့။ “ ဆုတောင်းမှ သိမှာဆိုတော့ ခုရှိခိုးနေတာ လူကိုလား ၊ ဘုရားကိုလား” လို့ ကျနော်ကမေးတော့ “ ဘုရားကို” တဲ့။ ဘုရားကိုရှိခိုးနေမှတော့ ဆုတောင်းစရာ လိုပါအုံးမလား။
အရာရာကို သိမြင်နိုင်သော၊ အရာရာကိုပေးစွမ်းနိုင်သော လောကမှ အထွဋ်အမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား လေ။ ဒီလူတစ်ယောက်ကို လောကကြီးထဲမှာ ဘယ်ပုံစံနဲ့ နေရမယ်။ အခုလက်ရှိမှာ ကျနော်တို့ ဘလောဂ်တွေရေး နေကျတယ်။ အပြင်မှာ မောင်နှမတွေ တွေ့နိုင်ကြတယ်ဆိုတာ လူလိုပြောရရင်တော့ ဘုရားရှင်ရဲ့ စရင်း စာအုပ်ထဲမှာရှိပြီးသားပါ။
ဒါဆို တစ်ခုလောက်တော့ မေးစရာရှိလာပြီလို့ ထင်တယ်။( ကိုယ့်ကိုကိုယ် ပြန်မေးခြင်းပါ) ကိုယ် လုပ်မှ ကိုယ်ရတာ မဟုတ်ဘူးလား။ မှန်ပါတယ်။ ကိုယ်လုပ်မှ ကိုရတာ မှန်ပါတယ်။ ကိုယ်ကြိုးစားတိုင်း ကော ရခဲ့ကျရဲ့လားလို့ ကျနော်က ပြန်မေးချင်တယ်။ အများကြီး မလုပ်ခိုင်းပါဘူး။ ကိုယ်လုပ်ချင်တဲ့ အလုပ် သုံးခုလောက်ပဲ လုပ်ကြည့်ပါ။ ဘယ်နှခုလောက် ကိုယ်ဖြစ်ချင်တဲ့ အတိုင်းဖြစ်လဲလို့ သတိထားကြည့်ပါ။ သိလာပါလိမ့်မယ်။
ကိုယ့်စိတ် ထဲကအတိုင်း ကိုယ့်လိုပဲ ဖြစ်စေချင်လို့ မောင်နှမတွေကို ဘာမှမဆိုင်ပဲ ဒီစာလေးကိုရေး လိုက်မိတာပါ။ မိဘ ညီအစ်ကို မောင်နှမ သူငယ်ချင်းတွေနဲ့ ဝေးနေကြတဲ့ ကျနော် အပါအဝင် ကျနော့် ညီ အစ်ကို မောင်နှမ သူငယ်ချင်းအားလုံးကို ကိုယ့်ခြေထောက်လေး ကို ကိုယ်ပြန်ကြည့်။ ဘယ်သူခြေထောက်လဲလို့ ပြန်မေး။ ငါ့ ခြေထောက်မှ ဟုတ်ရဲ့လားလို့ ထင်မြင်နေရင်၊ ငါ့ခြေထောက် ဟုတ်ကို ဟုတ်ရမယ်လို့ဆိုတဲ့ စိတ်ကို ရအောင်မွေး။
ငါ့ ခြေထောက်မှန်တယ်လို့ တွေ့လိုက်ရရင် ကိုယ်ကိုတိုင် ရပ်တည်နိုင်အောင်ကြိုးစား။ ရပ်တည်နေချိန်မှာလည်း မလဲသွားအောင် စိတ်ကို နိုင်အောင်ထိန်း။ လောကကြီးမှာ မဖြစ်ဘူးဆိုတာ မရှိဘူး။ မဖြစ်သေးတာပဲ ရှိတယ်။ ဖြစ်ကိုဖြစ်ရမယ်လို့ တွေးထား။ အချိန် အနှေးနဲ့ အမြန် ဖြစ်ကိုဖြစ်လာ လိမ့်မယ်။
တစ်ခုခုစိတ်ထဲ ညစ်လာရင် မွေးပေးခဲ့တဲ့ အမေကို တမ်းတပြီး ပြောပြလိုက်။ ဘာဖြစ်နေတယ်၊ ဘာလုပ်ချင်တယ် ဆိုတာကိုပြောပြ လိုက် အရာ အားလုံး အဆင်ပြေလားလိမ့်မယ်။ ကျနော် ဆို စိတ်ထဲကနေပြီး အမေနဲ့ စကားတွေပြောတယ်။ ပြောပြီးတိုင်းလဲ စိတ်ထဲမှာ အားငယ်နေတာတွေ အဆင်မပြေဖြစ်နေတာတွေ ဟာ အလိုလိုနေရင်းနဲ့ ပျောက်သွားတယ်။
ခုတစ်လော စိတ်ဓာတ်ကျနေကြတဲ့ ကျနော့ ညီအကို မောင်နှမတွေ အားလုံးကို ဒီပို့စ်လေး နဲ့ အားပေးလိုက်ရပါတယ်။ စိတ်ဓာတ် မကျတဲ့ မောင်နှမတွေကိုလည်း ရည်ရွယ်ပါတယ်။ အားလုံး အားလုံးသော ကျနော်ကို ချစ်သော ခင်သော ကျနော် က ချစ်သော ခင်သော မောင်နှမအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နှင့် ပြည့်စုံ နိုင်ကျပါစေ.............................
လေးစား ချစ်ခင်လျှက်
ရီနိုမာန်

7 comments:
အမေကိုချစ်တဲ့သားတွေ
အဆင်ပြေကြမှာပါ
စိတ်ဓါတ်ကျတယ်ရယ်တော့မဟုတ်ဘူး
စိတ်တော့တော်တော်ညစ်နေတယ်ခုတလော
တိုက်တိုက်ဆိုင်ဆိုင်... ဒီနေ့ အိမ်လွမ်းလို့ငိုနေတာ။
ကိုရီနိုကြီးရေ... အမေကိုချစ်တဲ့ သားသမီးတွေ အမေ့မေတ္တာတရားလေးတွေက စောင့်ရှောက်လို့ အဆင်ပြေ ပျော်ရွှင်အောင်မြင်ကြမှာပါ။ အားမာန်သစ်တွေပေးတဲ့ ပိုစ့်လေးအတွက်ကိုကြီးကို ကျေးဇူးကမ္ဘာ။။။။။
ပျော်ရွှင်ပါစေနော်။
ကိုရီနိုကြီး အကိုရာ စိတ်ဓာတ် မကျပါနဲ.ဗျာ...
အားလုံး အဆင်ပြေ ပါစေလို. ဆုတောင်းနေမယ်ဗျာ
တခုခုဆို ကို.မိဘ ကိုသတိသွားရတာတော.
တူတယ်ဗျာ...ပျော်ရွှင်ပါစေ အကို ...
စိတ်ဓာတ်မကျနဲ့နော် အားလုံးအဆင်ပြေသွားလိမ့်မယ် သိလား အဟီးးး သိပ်တော့ အားမပေးတတ်ဘူး နော်
ငယ်ငယ်ရေ
နေပြန်ကောင်းလာတာ ၀မ်းသာတယ်
ခုတော့ သူများတွေကိုတောင်အားပေးနေနိုင်ပြီပဲ
ခိုင်မာလွန်းတဲ့ စိတ်ဓာတ်လေးကလဲ လေးစားစရာ
အစစ အရာရာ အဆင်ပြေပါစေ နော်
စာတွေ ရေးဖို့ ကြိုးစားအုံး
ဘဝတူတဲ့ တို့ သယ်ရင်းနှစ်ယောက်
အားတင်းထား
အပြန်အလှန် စာနာမှူ
နားလည်မှူတွေနဲ့
ကိုယ်ဒါပဲပြောမယ်
သယ်ရင်းသိလိမ့်မယ်
ချစ်တဲ့
ဖိုးချစ်
“ကျနော် ဆို စိတ်ထဲကနေပြီး အမေနဲ့ စကားတွေပြောတယ်။ ပြောပြီးတိုင်းလဲ စိတ်ထဲမှာ အားငယ်နေတာတွေ အဆင်မပြေဖြစ်နေတာတွေ ဟာ အလိုလိုနေရင်းနဲ့ ပျောက်သွားတယ်။ ”
အမေက ပေးတဲ့ ဘာနဲ့ မှမတူတဲ့ အား ကျွန်တော်လည်း အစ်ကို့ လိုပဲ အမြဲအဲလို ခံစားရတယ် အစ်ကို ပျော်ရွှင်ပါစေ ......
Post a Comment