မကြီး မေတ္တာရောင်ပြန်ရဲ့ တက်ခ့်ပိုစ်လေး ဖြစ်ပါတယ်။ အကြွေးတင်နေတာတော့ ကြာပါပြီ။ ခုမှပဲ အစစအရာရာ အားလုံး အဆင်ပြေသွားလို့ အကြွေးတွေ လိုက်ဆပ်နေရပါတယ်။
ကျနော်ဘဝမှာ ပထမဦးဆုံး ရင်ခုန်စေခဲ့တဲ့ မိန်းကလေးပါ။ အချစ်ဦးမို့ မမေ့ရက်ဘူး ဆိုသလိုသူ့မကို ကျနော် ဘယ်တော့မှ မေ့မရပါဘူး။ ကျနော် ရင်ခုန်ခဲ့ဖူးတဲ့ မိန်းကလေးတွေ ထဲမှ ချက်ချင်းစိတ်ထဲ မြင်ကြည့်လိုက်ပါဆိုရင် သူ့မမျက်နှာကို ခုထိ မှတ်မိမြင်ယောင် နေမိတုန်းပါပဲ။ ဒါကြောင့် မကြီး မေတ္တာရောင်ပြန်ရဲ့ တက်ခ့် ကို သူမနဲ့ ပတ်သက်ပြီး ကျနော့်ရဲ့ ပန်းတစ်ပွင့် ဒိုင်ယာရီ အဖြစ် အကြွေးဆပ်လိုက်ရပါတယ်။
သူမရဲ့ နာမည်က ----ခိုင်ပါ။ အရင်ကတည်းက သိပင်မဲ့ စိတ်မဝင်စားခဲ့ပါဘူး။ ကျနော်ရင်ထဲ ရောက်လာတဲ့ နေ့လေး တစ်နေ့ကို ကျနော် ခုထိမေ့မရ ခဲ့ပါဘူး။ သူမဟာ ကျနော့် အတွက် စချစ်မိတဲ့ အချစ်ဦး ဆိုရင် မှားမယ် မထင်ပါဘူး။
ကျနော် ၁၀တန်းနှစ်တုန်းကပေါ့။ ကျနော်နေတဲ့ ကျနော့်အခန်းထဲမှာ စာထိုင်ကျက်နေတုန်း ကျနော်ဆီကို သူငယ်ချင်းမ တစ်ယောက်နဲ့ အတူရောက်လာခဲ့ပါတယ်။ သူငယ်ချင်းမက ကျနော်ဆီက စာအုပ်လာငှားတဲ့ အချိန်မှာ ကျနော် မြင်လိုက်တွေ့လိုက်ရတဲ့ သူမရဲ့ အပြုံး၊ သူမရဲ့ မျက်ဝန်းဟာ ကျနော်အတွက်တော့ ရင်ထဲမှာ တံဆိပ်ရိုက်ခံလိုက် ရသလိုခံသွားရတယ်။
အာဇာနည် ဆိုတဲ့ သီချင်းလိုပဲ "လှလို့ ချစ်တာမဟုတ်၊ ချစ်လို့လှတာပါ" တဲ့။ မိန်းမတစ်ယောက်ရဲ့ အလှကို တွေ့ချင်ရင် မနက်စောစော အိပ်ရာထတဲ့ အချိန်ကိုသွားကြည့်တဲ့။ ဟုတ် မဟုတ်တော့ ကျနော်လည်း မသိဘူး။ ကျနော် တွေ့ဖူးလိုက်တဲ့ သူမရဲ့ မနက်ခင်း အိပ်ရာထ ပင်ကိုအလှ ကတော့ ခုချိန်ထိ ကျနော်ရင်ထဲမှာ ရှိနေတုန်းပဲ။ ဒီလိုနဲ့ ကျနော်ရင်ထဲက ပန်းတစ်ပွင့်ကို ဒိုင်ယာရီ အဖြစ် ပုံသွင်းဖို့ ကျနော် ကြိုးစားပါတော့တယ်။
အပြင်ထွက်တိုင်း အဖော်တစ်ယောက်ယောက် အမြဲပါတက်တဲ့ သူမဟာ ကျနော့်အတွက် အခက်တွေ့ရပါတယ်။ ကျနော်တို့နေတဲ့ တပ်ကလည်း သေးသေးလေးဆိုတော့ မလှုပ်လိုက်နဲ့ လှုပ်လိုက်တာနဲ့ လူကသိရော။ " ဆယ်တန်းတောင် အောင်အောင်ဖြေဖို့ မကြိုးစားဘူး ရည်းစားကထားချင်နေပြီ" လို့ အမေ ဆူမှာလည်း ကြောက်တဲ့ ကျနော် နောက်ဆုံးတော့ ကျနော်တို့ ခေတ်မှာ ခေတ်စားတဲ့ စာပေးခြင်း အလုပ်ကိုပဲ ရွေးချယ်လိုက်တယ်။
သို့ပင်မဲ့ ကျနော်အတွက် ပွဲဦးထွက် / တာထွက် မကောင်းခဲ့ပါဘူး။ ကျနော် စာပေးပြီ သိပ်မကြာခင်မှာပဲ သူမဟာ သူမအဒေါ်တွေ ရှိတဲ့ မြို့ကို ပြန်သွားခဲ့တယ်။ အဲ့ဒီအချိန်ထဲက ခုချိန်ထိ လုံးဝပြန်မတွေ့ တော့ပါဘူး။ ကျနော်လည်း ၁၀တန်းအောင်တော့ ရန်ကုန်ရောက်၊ ရန်ကုန်ကနေ မလေးရှားကိုသွား၊ ခုတော့ စင်ကာပူကို ရောက်နေပြန်ပြီပေါ့။ နောက်ထပ် ဘယ်ခရီးကို ဘယ်ပုံ ဘယ်နည်းနဲ့ ခရီးဆက်ရအုံးမယ် မသိပင်မဲ့ အခွင့်ကြုံလို့ ပြန်ဆုံခွင့်ရှိအုံးမယ်ဆိုရင်..................................။ ( ဆုံခွင့် ရှိချင်ပါသေးတယ်)
မကြီးရေ မောင်လေးရဲ့ ပန်းတစ်ပွင့်အကြောင်းကိုတော့ ရေးလိုက်ပြီဗျာ။ မောင်လေးရဲ့ ပွဲဦးထွက် ပန်းတစ်ပွင့် မကောင်းမှုဟာ နောက်ပိုင်းလည်း တောက်လျှောက် မကောင်းခဲ့ပါဘူး ယခုလက်ရှိမှာတော့ အသည်းနှလုံးမရှိတဲ့ သူငယ်ချင်းတွေကို ချစ်တက်တဲ့ လူသားတစ်ယောက်အဖြစ် ဆက်လျှောက်ရင်း........ကျေနပ်ပေးပါလို့ တောင်းပန်လိုက်ရပါတယ်ဗျာ။
လေးစားစွာဖြင့်
ရီနိုမာန်

16 comments:
အစ်ကိုရေ ကောင်းချင်လို့ ပဲလို့ မှတ်ပါဗျာ .... အချစ်ဦးနဲ့  ဆုံစည်းခွင့်မရ ခဲ့ပေမယ့် အချစ် နဲ့  ဘဝရဲ့  တစ်ခုသော အကွေ့ မှာ တမင်တကာ ပဲ ဖြစ်ဖြစ် အမှတ်တမဲ့ပဲ ဖြစ်ဖြစ် တွေ့ ဆုံခွင့်ရမှာပါ ........ ရင်ထဲက ပန်းပွင့်လေး အကြောင်း ခံစား ဖတ်ရှုသွားပါတယ် ....
ပျော်ရွှင်ပါစေ
ခင်တဲ့
ညီငယ်
သြော် ကိုရန်ကုန်သားကလည်း လျင်ချက်.. ဒီကဖတ်တုန်းရှိသေး....
ပြန်ဆုံနိုင်ပါစေ ကိုရီနိုမာန်
ကျနော်ရင်ခုန်ခဲ့သော မိန်းခလေးတွေ ဆိုတဲ့ အသုံးက အများကိန်း ကိုပြနေတယ်ကွ။
ဒီတော့ မောင်ရီနိုရေ ပန်း ၅ ပွင့် အကြောင်း ရေးပေးပါ လို့ ထပ်တဂ် ခဲ့ရင် ကောင်မလားပဲ။
တကယ်ရင်ခုန်ခဲ့ရသူနဲ့ ပြန်ဆုံတာမျိုးလည်း ဖြစ်နိင်ပါ သေးတယ်ကွ။
ကိုရီနိုရေ..
“ဆုံနိုင်ခွင့်လေး တမ်းတမိတယ် ဘယ်တော့လည်း.. ရင်မောစွာ လွမ်းရက်စက်လို့ မဆုံးအောင်ဘဲ... ဆန္ဒလေးငယ်ငယ်.. ကိုရီနိုဆုတောင်းလေးများ ဘယ်အခါပြည့်မလဲ... ”
ဆန္ဒမွန်ဖြင့်
yu ya
လွမ်းစရာပါလား ကိုရီနိုကြီးရ
ပြန်ဆုံချင်စိတ်ရှိနေရင်တော့ ပြန်ဆုံဖြစ်မယ်ထင်တယ်နော် ..း))
မိုးခါး
ဈေးဦးပေါက်မှာ အကြွေးယူမယ့်သူနဲ့ တိုးတော့ ငါ့ညီမှာ တနေကုန် လန်းခွင့်မရတော့ဘူးပေါ့...
တကယ်တော့ ကမ္ဘာပေါ်မှာ မိန်းမပေါပါတယ် ငါ့ညီရာ... မယားပဲရှားတာပါ...းP
အရာရာ အဆင်ပြေ ချောမွေ့ပါစေ ဆုတောင်းရင်း
းဝ)
အားပေးသွားတယ် ..
ဒီလိုနဲ့ ပြီးသွားရောလား။
အခုထက်ထိ ဘာမှ မတွေ့သေးဘူးပေါ့လေ။
ပြန်ဆုံမှာပါ ကိုရီနို
ကိုယ်ကလဲမမေ့သေးရင်
သူကလဲ သတိရနေမှာပါ။
ကံကောင်းပါစေ
ကိုရီနိုကြီး သိပ်ဆွေးနေလား။
ပြန်ဆုံပါစေနော်။ ဒါမှ မဟုတ်လဲ ရင်တကယ်ခုန်၇သူနဲု့ ပျော်ရွှင်ပါစေဗျာ။
ပန်းပွင့်လေး ပြန်လည်ရှင်သန်လာပါစေ
ပန်းပွင့်လေးနှင့် ပြန်ဆုံဆည်းနိုင်ပါစေ
ခင်မင်ခြင်းများနှင့်
တလနွန်
အမြန်ဆုံး ပြန်တွေ့ပြီး ချစ်သူလေးနဲ့ အဆင်ပြေပါစေဗျ
လေးစားလျက်
တောင်ပေါ်သား
မောင်လေးရေ ......... ဒီပိုစ့်လေးကို မောင်လေးတင်တဲ့နေ့မှာပဲ မကြီးဖတ်ခဲ့ပါတယ်။ ဒါပေမယ့် ကွန်မန့်မပေးခဲ့တာပါ။ ဘယ်ကိုပဲ ရောက်နေရောက်နေ မောင်နှမတွေကို ရင်ထဲကအမြဲတမ်း လွမ်းနေပါတယ်။ ဒီပုစ့်လေးအတွက် မောင်လေးရင်ထဲက ခိုင် ဆိုတဲ့ကောင်မလေးကို သိရလို့ ကျေးဇူးတင်ပါတယ်။ အချစ်ဆိုတာ ဒီလိုပါပဲနော် ... အချိန်မရွေး ပြတ်သွားနိုင်တဲ့ သံဇဉ်ကြိုးလေး တချောင်းပေါ့ ... ဆက်ရေးရင် ငိုမိတော့မယ်။
မောင်လေး ပျော်ရွှင်ပါစေနော်။
ခင်တဲ့ မကြီး
Post a Comment