ဝတ္ထုကို ဖတ်ပြီးကတည်းက နောက်တစ်ခေါက်ပြန်ဖတ်ချင်ရလောက်အောင် ကျနော် စွဲလမ်းမိခဲ့ပါတယ်။ ပထမတစ်ခါ ဖတ်တုန်းက အွန်လိုင်းကနေ ဒေါင်းပြီး ဖတ်ရတာကို အားမရနိုင်ဖြစ်ခဲ့ရတာမို့ စာအုပ်ဝယ်ပြီး အိမ်မှာ နောက်တစ်ခေါက် ပြန်ဖတ်ခဲ့ရ ပြန်ပါတယ်။ စာအုပ်ကို ဖတ်ပြီး စိတ်ထဲမှာ မချင့်မရဲဖြစ်နေတဲ့ အချိန်မှာပဲ ဒါရိုက်တာ ဇင်ယော်မောင်မောင်က ဒီစာအုပ်ကို ရုပ်ရှင်ရိုက်နေပြီဆိုတဲ့ သတင်းကြောင့် အရမ်းကို ကြည့်ချင်တဲ့ စိတ်ဖြစ်နေခဲ့တာ ကြာခဲ့ပါပြီ။ စိတ်ထဲထင်ထားတာက မြန်မာပြည်မှာ ရုံတင်တဲ့ ကြည့်နိုင်သလို၊ ဗွီဒီယိုအခွေ ထွက်လာတဲ့ အခါမှာမှပဲ ကြည့်ရတော့မယ်လို့ ထင်ထားခဲ့တာပါ။ အခုတော့ ကံကောင်းတယ်( ကျနော် တစ်ဦးတစ်ယောက်ထဲ) လို့ပဲ ပြောရမယ်ထင်ပါတယ်။ စင်ကာပူမှာ ကြည့်ဖို့ အတွက် အခွင့်အရေး ရခဲ့ပါပြီ။
လာမဲ့ အပတ် ( နိုဝင်ဘာလ ၁၇ ၊ ၁၈ ) စနေနဲ့ တနင်္ဂနွေမှာ Cathay ရုပ်ရှင်ရုံမှာ ပြမယ်ဆိုတာကို ပြီးခဲ့တဲ့ တစ်ပတ်လောက်ကမှ သေသေချာချာ သိခဲ့ရပါတယ်။ ဒါကြောင့် ကျနော့်လိုပဲ ဒီဝတ္ထုလေးရဲ့ ဇာတ်သိမ်းကို ဘယ်လိုများ ဇာတ်သိမ်းသွားမလဲဆိုတာ သိချင်တဲ့ သူများ ရှိခဲ့မယ်ဆိုရင် အောက်ဖေါ်ပြပါ အချိန်အတိုင်း သွားရောက် ကြည့်ရှုအားပေးနိုင်ပါပြီ။ ကြိုတင်လက်မှတ်တွေကိုတော့ စီးတီဟောမှာ ရောင်းတယ်လို့တော့ ကြားမိပါတယ်။ ရုပ်ရှင်ရုံမှာ ပြတာ ဖြစ်တဲ့ အတွက်ကြောင့် ရုပ်ရှင်ရုံမှာတော့ လက်မှတ်ဝယ်ယူနိုင်မယ်လို့ ထင်မိပါတယ်။
ပြမဲ့ အချိန်တွေကတော့ .....
စနေနေ့မှာ ညနေ ၅နာရီ ၁၀ မိနစ် တစ်ပွဲ
တနင်္ဂနွေနေ့မှာတော့ မနက် ၁၀ နာရီ တစ်ပွဲနဲ့ နေ့လည် ၂ နာရီခွဲ တစ်ပွဲရှိပါတယ်။
အော်ချက်က Cathay ရုံမှာ ပြမှာ ဖြစ်ပါတယ်။
ကျနော့်လိုပဲ ရူးသွပ်သူ တစ်ဦးတစ်ယောက်လောက်များ ရှိခဲ့မယ်ဆိုရင်တော့ .....
ဒီဇာတ်လမ်းအပေါ်မှာ ရူးသွပ်သူ ကျနော် တစ်ဦးထဲသာ ရှိခဲ့မယ် ဆိုရင်လဲ..... ကျေနပ်နေပါတယ်။
လေးစားစွာဖြင့်
ရီနိုမာန်
5 comments:
အောင့် ကို ချစ်တယ် .. :P
ခင်မင်လျှက်
ဆောင်းနှင်းရွက်
တစ်နေ့က ဖုန်းဆက်ပြီး တကူးတက အသိပေးလို့ ကျေးဇူးနော်။း)
ရူးတာကတော့ ပြောချင်ဘူး။
ဒီတိုင်းပြည်မှာ မပြလို့ စိတ်လျော့လိုက်ရတယ်။
စာအုပ်ကအပိုင်ဝယ်ထားတယ်။
စင်ယော်မောင်မောင် တင်ထားတဲ့ ဇာတ်ကားကြော်ငြာလေးကြည့်ကြည့်ပြီး စိတ်ဖြေနေရတယ်သိလား။
မနှင်း (နှင်းနဲ့မာယာ)
ကျနော်တော့ ကြည့်ခွင့်မရသေးဘူး စာအုပ်ပဲ ဖတ်တာတော့ ၂ ခေါက်လောက်ရှိပြီ ကြိုက်လို့ ။
သဲသဲ က အောင့်ကို ချစ်တယ်ဆိုတော့ ရီနိုကလည်း မေ့ကိုချစ်တယ်။
မဇွန် ရေ သတိတရနဲ့ ဖုန်းဆက်ပြောလိုက်ရပင်မဲ့
သွားမှ ကြည့်ပါ့မလားလို့ စိုးရိမ်နေတာ( လက်မှတ်ခက ဈေးကြီးလို့လေ)
နှင်း ရူးတာချင်တူနေတာမို့ နားလည်ပေးလို့ရနိုင်ပါ။
ရူးတာလေး ပိုရင့်သွားအောင် ကြည့်ပြီးမှ ဆွပေးအုံးမယ်။
မောင်မျိုး ကျနော်ဆို သုံးခေါက်လောက် ရှိပြီ။ ကြည့်ပြီးမှ ပြန်ပြောပြမယ်
လေးစားလျှက်
ရီနိုမာန်
Post a Comment