ရင်တွင်း ခံစားချက်ကို
ရေတွင်း အတိမ်အနက်နဲ့
နှိုင်း လို့ ရနိုင်ပါ့မလား။
မေတ္တာဆိုတဲ့ ရောင်ပြန်ဟပ်မှုကရော
အဝေးပြေးလမ်းမကြီးအတိုင်း
အသွား၊ အပြန်ရှိတယ်လို့
သက်မှတ်လို့ရ ရဲ့ လား။
အချစ်... အချစ်လို့သာ ပြောနေကြတာ
သူနဲ့တွေ့တော့လည်း
ဘာများပြောနိုင်သေးလို့လဲ။
အတ္တကို အဖော်ပြု၊
မာနကို ဖင်ခုထိုင်နေကြတာ
နောက်ဆုံးတစ်နေ့တော့ ဒီလမ်းပဲ
သွားကြရမှာ မဟုတ်လား။
ဘာဖြစ်လဲ၊ ဘာဖြစ်ချင်လဲ၊
ဖြစ်ချင်တာထက်၊ ဖြစ်သင့်တာကိုပဲ
လုပ်နေကြရတာပဲ မဟုတ်လား။
ဘာများထပ်ဖြစ်ချင်သေးလို့လဲ....
တစ်နေ့တစ်နေ့ ကုန်သွားလိုက်တဲ့အချိန်တွေ
နာရီတံ နောက်ပြန်လှည့်လို့ရမယ်ဆို
လွန်ခဲ့တဲ့ နှစ်၂၀ကို ပြန်သွားလိုက်ချင်တယ်။
အခုလည်း မသွားချင်လို့ မဟုတ်ပါဘူး။
သွားချင်လို့ရတဲ့ အခြေအနေပါ။
ဒါပင်မဲ့ ရောက်နေတဲ့ နေရာကို ရပ်ကြည့်လိုက်တော့
ခြေတစ်လှမ်းက သင်္ချိုင်း နယ်နိမိတ်ထဲမှာ။
တပည့်ဝတ် ဆိုတာလည်း ယူခဲ့ပြီးပြီ။
သားသမီးဝတ်ဆိုတာလည်း ပုခုံးပြောင်း ထမ်းတင်ထားစဲ။
ဆရာဝတ်ကတော့ လိုအပ်တဲ့ အချိန်တိုင်းမှာ ထုတ်သုံးမိမြဲ။
မိဘဝတ်တော့ ကျန်ရှိနေသေးတဲ့ ခြေတစ်လှမ်းနဲ့ ကြိုးစားနေတုန်း။
လေးစားစွာဖြင့်
ရီနိုမာန်
3 comments:
နောက်ဆုံးကျန်ရှိနေတဲ့ ဝတ္တရားလေးကို ကြေပြွန်စွာထမ်းဆောင်နိုင်မှာပါ...
အားပေးသွားတယ် မောင်လေးရေ...
တပည့်ဝတ်၊ သားသမီးဝတ်၊ ဆရာဝတ်တွေ တာဝန်ယူခဲ့၊ တာဝန်ယူနေဆဲ ဆိုတာလေး ဖတ်ရလို့ သဘောကျ ဝမ်းသာမိတယ်...။
မိဘဝတ်အတွက် ကြိုးစားနေတာလည်း အောင်မြင်ပါစေလို့ ဆုတောင်းတယ်နော်...း))
ရောက်တတ်ရာရာ အတွေးတွေက လေးလေးပင်ပင်ရှိတယ်နော်။ ဒါနဲ့
မိဘ၀တ်မခံယူသေးခင် ခင်ပွန်းဝတ် အရင်ခံယူရဦးမှာနော်။ :P
Post a Comment