ကမ္ဘာကြီးနှင့်ယှဉ်လျှင်
မြန်မာပြည်ကိုချစ်တယ်။
မြန်မာပြည်နဲ့ယှဉ်လျှင်
ကိုယ့်မြို့လေးကိုချစ်တယ်။
မြို့လေးနဲ့ယှဉ်လျှင်
ကိုယ့်လူမျိုးကိုချစ်တယ်။
လူမျိုးနဲ့ယှဉ်လျှင်
ကိုယ့်ဆွေမျိုးကိုချစ်တယ်။
ဆွေးမျိုးတွေနဲ့ယှဉ်လျှင်
ကိုယ့်မိသားစုကိုချစ်တယ်။
မိသားစုနဲ့ယှဉ်လျှင်
ကိုယ့်ကိုကိုယ်ချစ်တယ်။
ကိုယ်နဲ့ယှဉ်လျှင်
"သူ့" ကိုချစ်တယ်။
"သူ" နဲ့ယှဉ်စရာ ကမ္ဘာမှာမရှိ
တခါတခါ သတိရတတ်တာ ကိုယ့်ကိုကိုယ်တောင်မေ့လို့။ ။
"မ"
၂၀၄၁၊ စက်တင်ဘာလ ၃၀ရက်
လေးစားစွာဖြင့်
ရီနိုမာန်
7 comments:
ကဗျာရေးသူရော ကဗျာရေးသူထက် ပိုအချစ်ခံရသူရော ပျော်ရွှင်ချမ်းမြေ့စွာ နှစ်ပတ်လည်ကို ဆင်နွဲနိုင်ကြပါစေ
တွဲလက်များ ခိုင်မြဲနိုင်ပါစေ။
အပေါ်ကမချောပြောသလိုပဲဆုတောင်းပေးလိုက်ရမလား
၃၅ နှစ်တောင်ရှိပြီလား အင်းကောင်းပါ့
ရွှေရတုမှသည် ရတုပေါင်းများစွာတိုင်ပျော်နိုင်ပါစေရှင်းးးး
သာယာချမ်းမြေ့ပါစေရှင်း
မိုး
ဘယ်က သုံးဆယ့်ငါးတုန်း
နှစ်ပတ်လည်သုံးဆယ့်ငါးဆိုရင်တော့ ကိုကြီး ကလူအိုပေါက်စဖြစ်နေပြီ ရှင်းရှင်းလေး လုပ်ပါ ကိုကြီးရာ :D
ခုနစ်က 2041?????????
ဖလား...ဖလားး
၃၅ လား ရွှေရတုလား... အသက်က ဘယ်လောက်တောင် ရှိပြီတုန်း..
ဝင်္ကဝုတ္တိအလင်္ကာ ထင်ပါရဲ့...
ပျော်ရွှင်ပါစေ..
ပျောက်နေတဲ့ မေသူတောင် ဖလားဖလားထအော်တယ်ဆိုတော့ကာာာ :P
ငါ့အကို
စိတ်ကူးတွေပဲယဉ်နေသလား
:P
ကိုယ်နဲ့ယှဉ်လျှင်
"သူ့" ကိုချစ်တယ်။
"သူ" နဲ့ယှဉ်စရာ ကမ္ဘာမှာမရှိ
တခါတခါ သတိရတတ်တာ ကိုယ့်ကိုကိုယ်တောင်မေ့လို့။ ။
အလဲ့ မိုက်တယ်ဗျ ရေးထားတား)
Post a Comment