တရုတ်ဆိုက်ဒ်တွေတိုင်းမှာ တွေ့ရတတ်တဲ့ စာတပုဒ်ပါ။ မျှဝေလိုက်ပါတယ်။
သာမန်သူငယ်ချင်းနဲ့ အစစ်အမှန် သူငယ်ချင်းတွေ ကိုယ့်မှာ ဘယ်နှစ်ယောက်ရှိလဲ
.... ကိုယ်ကရော သူတို့အတွက် ဘယ်လို သူငယ်ချင်းမျိုးလဲ.....?
သာမန် သူငယ်ချင်းတယောက်က သင်ငိုတာကို မမြင်ဖူးဘူး။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်ငိုဖို့အတွက် သူ့ပုခုံးကို ဌားပေးတယ်။
သာမန် သူငယ်ချင်းတယောက်က သင့်မိဘနာမည်တွေကို မသိဘူး။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်မိဘ ဖုန်းနံပါတ်ကို သူ့စာအုပ်မှာ ကူးထားတတ်တယ်။
သာမန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဆွေးနွေးမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဖြေရှင်းကူမယ်။
သာမန် သူငယ်ချင်းတယောက်က သင့်ပါတီမှာ ၀ိုင်တပုလင်း ယူလာလိမ့်မယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပါတီ မစခင်ကတည်းက လာကူပြီး ပွဲပြီးမှ ပြန်တတ်တယ်။
သာမန် သူငယ်ချင်းတယောက်က သူအိပ်နေချိန်မှာ သင်ဖုန်းဆက်တာကို စိတ်ဆိုးမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်ဘာဖြစ်လို့ အခုမှ ဖုန်းဆက်ရသလဲလို့ စိတ်ပူမယ်။
သာမန် သူငယ်ချင်းတယောက်က သင့်စိတ်ကူး အချစ်ဇာတ်ကို စပ်စုမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်စိတ်ကူးကို ထုတ်ဖော်ပြောခိုင်းမယ်။
သာမန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ဧည့်သည်လိုနေမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ရေခဲ သေတ္တာကို
သူကိုယ်တိုင် ဖွင့်မယ်။
သာမန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ်ဖြစ်ပြီး သူငယ်ချင်း အဖြစ်ကနေ
ရပ်စဲမယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ် မဖြစ်ရင်
သူငယ်ချင်း မစစ်ဘူးလို့ ထင်မယ်။
သာမန် သူငယ်ချင်း တယောက်က သူ့အနားမှာ သင်အမြဲရှိနေတာကို လိုလားတယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အနားမှာ သူအမြဲရှိနေတာကို လိုလားတယ်။
လောကကြီးတွင်လူတစ်မျိုးရှိသည်..
...
တခြားလူ မသိသော ကိုယ်၏လျှို့ဝှက်ချက်များကို သူသိသည်။
ကိုယ်စာမရသောအချိန်တွင် ရှင်းပြတတ်ပြီး ကိုယ်အမှား လုပ်မိသောအချိန်တွင်
ကိုယ့်ဘက်မှရပ်တည်ပြီး ၀န်ခံပေးတတ်သည်။ အားငယ်သောအချိန်တွင်
အားပေးတတ်ပြီး ၀မ်းနည်းနေသည့် အချိန်များတွင် နှစ်သိမ့်တတ်သည်။
ကိုယ်အဆင်ပြေလျှင် သူ့ကိုမေ့နေတတ်ပြီး အဆင်မပြေသောအချိန်များတွင်
ကိုယ့်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည်ဖြင့် နားထောင်ပေးတတ်သည်။
ကိုယ်နှင့်အတူ ရှိနေမည့် အချိန်များက ချစ်သူတစ်ယောက်ထက်ပင်
ကြာရှည်ခိုင်မြဲတတ်သည်။ ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။
Forward mail တစ်ခုမှ တွေ့လို့ ခံစားတင်ပြလိုက်ရပါတယ်။
လေစားစွာဖြင့်
ရီနိုမာန်
June 7, 2009
June 5, 2009
နှစ် ၂၀ လွန်မြောက်သော် (တက်ခ် ပို့စ်)
ဒီပို့စ်လေးကို အတက်ခ်ခံထားရတာ ကြာသွားပါပြီ။ လူလည်း စိတ်နဲ့ကိုယ် မကပ်တာကြောင့် ဘယ်လိုကဘယ်လို စရေးရမှန်း မသိတာနဲ့ မရေးဖြစ်ခဲ့တာပါ။ ခုတော့ အကြွေးလည်း ဆပ်သင့်ပြီထင်လို့ ကိုနေညိုရင့် နဲ့ ညီလေးဝသန် တို့ကိုဆပ်လိုက်ပါတယ်ဗျာ။
........တီ........တီ..........တီ.........တီ.........( ကားဟွန်းတီးသံပါ)..........
ဟာ... ဘာဖြစ်လို့ ဒီလောက်တောင် တီးနေရတာလဲကွ။ စိတ်ဆိုးဆိုးနဲ့ အိမ်ပြင်ကို ထွက်လာခဲ့ပါတယ်။ အိမ်ရှေ့မှာ ဘုရားဖူးယာဉ် တစ်စီးရပ်ထား တာကိုတွေ့လိုက်ရတယ်။ ကားပေါ်မှာတော့ ဘယ်သူတွေမှန်း မသိဘူး။ အများကြီးပဲ။ စိတ်ထဲလည်းတွေးနေမိတယ်။ ဘာလုပ်တာလဲပေါ့။ တွေးနေ ငေးနေတုံးမှာပဲ................................

ကြယ်ဖြူစင် ဆောက်လုပ်ရေးပိုင်ရှင် တစ်ချိန်တုံးက အသည်းကွဲ ဘုရင်မလို့ ခေါ်တဲ့ ကြယ်ဖြူစင် ဆင်းလာပြီး ရန်တွေ့ပါတော့တယ်။ “ လွန်ခဲ့တဲ့ နှစ်၂၀က အကျင့်တွေ ခုထိမပျောက်သေးဘူးလား” တဲ့လေ။ “အမဝါ သမီးလေး မင်္ဂလာဆောင်ပြီးရင် ထာဝရကြယ်စင်အလှကုန်ပိုင်ရှင် ညီမလေးမိုးခါး စီစဉ်တဲ့ ဘလော့ဂါး မောင်နှမတွေ မြန်မာပြည် အနှံ ဘုရားဖူးသွားပါမယ်လို့ ပြောထားတာကို မသိချင်ယောင် ဆောင်နေတယ်ပေါ့လေ”
“ သွား ကားပေါ်တက်” ကြောက်စရာ ပဲခူးသူ ကြယ်ဖြူစင်ရဲ့ အမိန့်သံပါ။ ( သူမ အမျိုးသားဆီက ဓာတ်ကူးလာတယ် ထင်ပါ့)
အိတ်ယူဖို့ အိမ်ဘက်သို့ လှည့်လိုက်စဉ်မှာပင် ကားပေါ်မှ အတင်းပြေးဆင်းလာတဲ့ အသားဖြုဖြူ အရပ် မနိမ့်မမြင့် တဲ့ ကောင်းလေးတစ်ယောက်
“ ကိုရီနို ..ကိုရီနို အိမ်သာ ဘယ်မှာလဲဗျ” ဖြစ်မှုဖြစ်ရလေ ညီလေးဂျပန်ရယ်။ ရောက်တဲ့နေရာမှာ ညီလေးအတွက် အိမ်သာကို ရှာထားပေးမှ ရမဲ့ပုံပါ။
“ ကဲကဲ သွားတာလည်းသွားတာပေါ့။ ရောက်တုံးလေးအိမ်ထဲ ဝင်လည်ကျပါအုံးကွာ။ ” ကြွားချင်လို့ပါ။ မနှစ်ကမှ အင်္ဂလန် က ပြန်လာပြီး ကိုယ်စိတ်ကြိုက် ဆောက်ထားတာ ဆိုတော့ လည်းကြွားချင်တာပေါ့နော်။
ဟန်ဖုန်းလေးပြောရင်ဆင်းလာတဲ့ မေတ္တာရောင်ပြန် စိန်ရွှေရတနာ ဆိုင်ပိုင်ရှင် မကြီးပါ။ “ မောင် .. မတို့ ခု မောင်လေးရီနို အိမ်ကိုရောက်နေပြီ။ ဒီမှာခဏနေပြီးရင် ခရီးဆက်ထွက်တော့မှာ နော်။ ဘာမှစိတ်မပူနဲ့ သိလား”
စစ်သားမယား သိပ်ကိုပီသပါတယ်။ ရောက်တဲ့နေရာကနေသတင်းတွေပို့နေတော့တာပါပဲဗျာ။
နောက်တစ်ယောက်တော့ ဆင်းလာပြီး အပြေးလာဖက်ပါတော့တယ်ဗျာ။
“ ချစ်သယ်ရင်းရာ ဟိုနေ့သမီလေး မင်္ဂလာဆောင်မှာလူကများ နေတာနဲ့ ကောင်းကောင်း စကားမပြောရဘူးကွာ။ ခုမှပဲ အေးအေးဆေးဆေး ရှေ့ဟောင်းနှောင်းဖြစ် တွေပြောကြတာပေါ့ကွာ” ဘယ်သူထင်လဲ.... ကျနော့ရဲ့ ချစ်သယ်ရင်းကြီး ဖိုးချစ်ပေါ့ဗျာ။
“ မင်းတို့ ကို ငါဘာပြောထားလဲ။ ဒီကိစ္စကို ငါ့အိမ်ကို အသိမပေးပါနဲ့လို့ ပြောထားတာ အခါနှစ်ဆယ်ရှိနေပြီနော်” ဟီးဟီး ဘယ်သူများလဲလို့ထင်လဲ။ အသက်အငယ်ဆုံး ညီလေး ခွက်ခွက် ရယ်ပါ။ သူကဆက်ပြောပါသေးတယ်။ ဘာတဲ့ “ အဒေါ်တွေ သိရင်ငါ့ကို ကွိုင်းမှာကွ”
ကျန်တဲ့ လူတွေကတော့ တပြိုင်တည်း တသံတည်း လှန်အော်ပါတယ်။
“ မဆင်းတော့ဘူးဟေ့ ကိစ္စတွေပြီးရင် သွားကြမယ်” တဲ့
ဒါနဲ့ ကျနော်လည်း အဝတ်အိတ်ဆွဲ ပြီး ကားပေါ်ကိုတက်လာခဲ့တယ်။
ဟော့ တွေလို့ရပါပြီ။ သမီးလေးကိုစိတ်ချလက်ချ သမက်လက်ကို အပ်ပြီး ဒီမောင်နှမတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ခရီးထွက်ချင်လို့ ယောက်ကျားဖြစ်သူ ဦးဥာဏ်ကို ထားခဲ့တဲ့ အမဝါ ပါ။ ဦးဥာဏ် ကတော့ ငါ့မှာအလုပ်ကရှုပ်ရတဲ့ ကြားထဲ သူ့ဆေးရုံးကြီးကိုပါ လှည့်ကြည့်ပေးရအုံးမယ် ဆိုပြီး အန်တကြိတ်ကြိတ်နဲ့ ကျန်ခဲ့ရတာပါ။
မျက်လုံးလေးပြူးပြီး ကျနောကိုပြုံးပြနေတာ ဘယ်သူများလဲ မှတ်ပါတယ်။ တောင်ပေါ်သား ခရီးသွားဝန်ဆောင်မှု ပိုင်ရှင် တောင်ပေါ်သား ပါ။ သူကတော့ ဒီတစ်ခါ မိုးခါးနဲ့ ပေါင်းပြီးဒီခရီးလေး ကို စီစဉ်လိုက်တာပါ။ ခုလည်း သူ့ကားနဲ့ပေါ့။ အဲကွန်းကလည်း ကောင်းမှကောင်း အေးစိမ့်နေတာပါပဲ။
တစ်ကားလုံး သူ့တို့နှစ်ယောက် ရယ်သံကြီးပဲ။ ဘယ်သူများလဲ မှတ်တယ်။ အမျိုးတွေလေ။ အရယ်သန်သန် မကောင်းကင်ပြာနဲ့ ငါ အဲလို မရယ်ချင်ဘူးဆိုတဲ့ ကိုသီဟသစ်ရယ်ပါ။ နောက်သူတို့နောက်ကနေထိုင်ပြီး လိုက်ရယ်နေတဲ့ ညီလေးဂျယ်ဂျယ်ပါ။
သယ်ရင်းဖိုးစိန်နဲ့ အဖွဲ့ကျနေတဲ့ မနောဟရီစာပေတိုက်ပိုင်ရှင် မနော်ပါ။
နေညိုရင့်သင်္ဘောဌာနေကိုယ်စားလှယ် ကိုနေညိုရင့်ကတော့ ဂျပန်ကားတွေသန့်သန့်လေးတွေပဲရောင်းတဲ့ ညီလေးဝသန်မိုး နဲ့ အတူတူ ထိုင်ပြီးစကားပြောရင် ကျနော်ကိုလှမ်းနှုတ်ဆက်ပါတယ်။
ကားရဲ့ နောက်ဆုံးတန်းမှာခန့်ခန့်ကြီးထိုင်နေတဲ့ ဦးရှင်ကြီး၊ စနေသား နှင့် နေ့တစ်။
အမလေး ပါသေးတယ် ပါသေးတယ်။ တစ်ချိန်တုံးက မော်စကိုး မင်းသားတွေလို့ နာမည်ကြီးနေကြတဲ့ မောင်ငယ်၊ နေဒေးသစ်၊ ကိုရဲ ၊မနောသားတို့လည်းပါကြပါတယ်။ နောက်ပြီး ကျနော်ကို သဌေးကြီးဖြစ်မယ်လို့ ကြိုတင်ဟောစာတမ်းထုတ်ပေးတဲ့ မမသီရိ၊ USA ကိုသွားလည်တုံးက သူအိမ်မှာ တစ်နေ့တစ်မျိုး မရိုးရအောင်တစ်မျိုးပြီး တစ်မျိုးချက်ကျွေးတဲ့ ညီမလေး မြူးသျှရီ လဲပါတယ်။
သူနဲ့ ခင်ပြီးနောက်ပိုင်း ကျနော်အကြောင်းလေးတွေပါသူ့ဘလော့ဂ်လေးမှာရေးတင်လိုက်တဲ့ ကိုမြစ်ကျိုးအင်း ၊ခုတော့ သိပ်မသောက်ဖြစ်တော့တဲ့ ညီလေးအိုက်ခီနဲ့ လူပျင်းလေး ခီခန့်လည်းပါပါ့။ ညီလေးမိုးစက်အိမ်လည်းပါတယ်။
အမလေးဗျ ဒီအတိုင်းသာ လိုက်ပြောပြနေရင်တော့ နောက်ထပ် အနှစ်၂၀တောင်ကုန်သွားမယ် ပြောလို့ ကိုးပြီးမှာမဟုတ်တော့ဘူး။အဲ့တော့ ဟိုတယ်ကို ပို့ထားတဲ့ လူစရင်းတွေကို အောက်မှာသာ ရှာဖတ်ပါတော့ဗျာ။
အသက်ကလည်း ၄၈နှစ်ရှိပြီးဆိုတော့ ဇရာကလည်း ကျလာပြီလေ။
ပျော်စရာ ခရီးလေးတစ်ခုပါ။ မထင်မှတ်မဲ့ အမဝါ သမီးမင်္ဂလာဆောင်မှာ တွေကျပြီး ဒီခရီးလေးကို စီစဉ်လိုက်တဲ့ ညီမလေးမိုးခါးကော အလုပ်တွေကို ပြစ်ထားပြီး ဒီမောင်နှမတွေနဲ့ ပျော်ချင်တာထက် တွေ့ချင်ကျတဲ့စိတ်တစ်ခုနဲ့ အလုပ်တွေကိုပြစ် ၊ ရထားတွဲတွေကို ဖြုတ်ပြီး လိုက်လာကျတဲ့ ညီအစ်ကိုမောင်နှမတွေကို ပြင်ဦးလွင် ရောက်တဲ့ အခါကျရင် ကျနော်ဖွင့်ထာတဲ့ ရီနိုမာန် ဟိုတယ်မှာ အလကား တည်းဖို့နဲ့ ကျနော်နဲ့ ပန်ပန်ရှယ်ယာဖွင့်ထားတဲ့ စားသောက်ဆိုင်မှာ မနက်၊နေ့လည်၊ ညစားတွေအတွက် စီစဉ်ထားပြီး ၊ ရောက်ရောက်ချင်း ညမှာ ဟိုတယ်အတွင်းမှာရှိတဲ့ ကလက်ပ်ထဲမှာတော့ ဘုရားမဖူးခင် စိတ်ပြေလက်ပျောက် ကဲလိုက်ကြရအောင်လားဗျို့..........................................
အော်မေ့လို့ တောင်ကြီးရောက်ရင် သယ်ရင်းဖိုးချစ်နဲ့ အတူပေါင်းဖွင့်ထားတဲ့ ဟိုတယ်မှာပဲ တည်းကျရမှာနော်။
.............ပြီးပါပြီ..........စိတ်ကူးယဉ် လို့..................................
မှတ်ချက်။ ။ အသက်အားဖြင့် လူကြီးပိုင်းရောက်သွားကျပင်မဲ့ ဒီမောင်နှမတွေ ပြန်တွေ့ကျတဲ့ အချိန်မှတော့၂၀၀၉၊၂၀၁၀ တုန်းကတွေ့ကျသလိုပဲ နုပျိုလန်းဆန်းနေတုံးပါပဲ။ ဒါကြောင့် ကျနော်ရဲ့ အရေးအသားမှာ လူကြီးစိတ်နဲ့ ရေးသားထားခြင်း မရှိတဲ့အတွက် လာရောက်ဖတ်ရှုသူ အပေါင်းလည်း နုပျိုခြင်း နှင့် တက်ကြွစွာ လှုပ်ရှားနိုင်ပါစေ လို့ ဆုတောင်းရင်း ........................
ဟိုတယ်သို့ပို့ထားသော လူ စရင်းပါ။

- ကိုကိုမောင်
- ကိုရင်နော်ခင်လေးငယ်
- ကိုရန်အောင်
- ကိုရဲ
- ကိုလူထွေး
- ကိုသူရိန်း
- ကီးကီး
- ခင်ဦးမေ
- ချင်းမလေး
- ချစ်ပါးလုံး
- ဂျပန်ကောင်လေး
- ငွန်ငယ်မိုး
- စနေသား
- ဆည်းဆာသံစဉ်
- ညခင်း
- ညီလင်းဆက်
- တလနွန်
- ထာဝရကြယ်စင် မိုးခါး
- နိုင်းနိုင်းစနေ
- ပန်းကဗျာ
- ပုလုကွေး
- ဖိုးဂျယ်
- ဗညားရှိန်း
- မဆုမွန်
- မနန်း
- မမသီရိ
- မယ်ဂုမိ
- မိုးစက်အိမ်
- မနောသား
- ရဲဝင့်သူ
- ရွာသားလေး ဝိုင်တီယူ
- လင်းထက်
- လင်းကြယ်ဖြူ
- လူပျင်းလေး ခီးခန့်
- လူပျိုကြီး
- ဝလုံးဝိုင်းဝိုင်း
- ဝသန်မိုး
- သယ်ရင်းဖိုးစိန်
- သားကြီး
- သီဟသစ်
- သူငယ်ချင်းများ
- သံလုံငယ်
- အမဝါ
- အရုပ်လေးရဲ့ အဆိပ်ခွက်
- အိုက်ခီလောက်
- အဖြူရောင် မေတ္တာ
- ကောင်းကင်ရဲ့ သမီးပျို
- ကောင်းကင်ပြာ
- တောင်ပေါ်သား
- ဒေါက်တာလွဏ်းဆွေ
- နေညိုရင့်
- နေမင်းသံစဉ်
- နေဒေးသစ်
- နေးတစ်
- မေတ္တာရောင်ပြန်
- မေဒီဇာ
- မောင်ငယ်
- ရွှေပြည်သူ
- ဝေါသားလေး
- သောကြာ
- ပြည်စုံ
- ပြာသို
- ဖြိုးဇာနည်
- မြစ်ကျိုးအင်း
- မြူးသျှရီ
- ကြယ်ဖြူစင်
- မက်မက်
June 4, 2009
မအိမ်ကံ ( for Jun ) အပိုင်း (၁)

ယခင်လမှ အဆက် ... ဖြစ်ပါသည်။ ဒီလမှာတော့ ကျနော့ သူငယ်ချင်းများ ဖတ်ရမပျင်းရအောင် ညီလေးနေဒေးသစ် ရဲ့ အကြံအတိုင်း အပိုင်း ( ၈ ) ပိုင်းနဲ့ တစ်ပတ်ကို နှစ်ပိုင်းဖေါ်ပြပေးမှာ ဖြစ်ပါတယ်။ ဆရာမခင်ခင်ထူးရဲ့ ဝတ္တုရှည်ကို ကြိုက်နှစ်သက်မိသောကြောင့် ရွှေအမြုတေ မဂ္ဂဇင်းမှဖေါ်ပြ ကောက်နုတ်တင်ပြခြင်းဖြစ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။
၂၆။
မအိမ်ကံ၏ မီးနေရက် မီးတွင်းရက်များ အတွင်း မီးနေခန်း ထဲမှာပဲ အောင်းနေ ရတော့သည်။
နနွင်းတွေ တစ်ကိုယ်လုံး ၀ါထိန်နေအောင်လူး၊ နနွင်းရည်နှင့် ရင်းပြား သွေးကာ သောက်ရင်း မီးကပ်ကြီးဘေးမှာ ထင်းမပြတ်ထည့်ပြီး မီးကင်နေရသည်။ မီးနှင့် မျက်နှာမြင်ရခြင်း၊ မီးနား အဆက်မပြတ် နေရခြင်းကြောင့် မီးနေသည်လို့ ခေါ်ကြောင်း အမေ ပန်းရုံက ရှင်းပြပါ၏။ မအိမ်ကံကတော့ မီးတွင်း အောင်းနေရသည့် ခုနစ်ရက် လုံးလုံး ဘယ်ကိုမှ စိတ်မရောက်မိဘဲ ရင်သွေး ကလေးဆီကိုသာ စိတ်တွေ နှစ်ပုံထားလိုက်မိသည်။

သမီးကလေး မအိမ်မြိုင်။ ဆုတောင်းလိုက်ရသာ သမီးရယ်။ အမေဖြင့် တပေါင်းလ ပူပူလောင်လောင်ကြီးထဲ မွေးရပေမယ့် ပူသယ် ထင်မိပေါင်အေ။ ညည်းကလေး လပြည့်ကျော် ဆယ့်လေးရက် မွေးပါမယ့် အကြောင်း အမေဖြင့် ရှင်ကြီးရှင်ကောင်း နတ်ကောင်းနတ်မြတ် ဆုတောင်းလိုက်ရသာ။ ညည်းမွေးမယ့် ရက်က လေနီကြမ်းကြီး ကျသေးသကောအေရဲ့။ မိန်းမကြီး မိန်းမစွာများ ဖြစ်ချင်ရော့လားအေ။ မာန ရှိစမ်းပါ သမီး။ မိန်းမ ဆိုသာ မာန ရှိရသယ်။ သူတကာကို ရုန်းရုန်းရင်းရင်း ဆက်ဆံရမယ့် မာနမျိုး မဟုတ်ဘူး သမီးရဲ့။ ဣနြေ္ဒနဲ့ သိက္ခာကို ဘ၀မှာ တည်တည်ကြည်ကြည် စောင့်ထိန်း လိုက်စမ်းမဟဲ့ ဆိုတဲ့ မာနကို ပြောသာ။ ကိုယ့်ကိုယ်ကိုယ် မှဲ့တစ်ပေါက် မစွန်းရအောင် စောင့်ထိန်းမယ် ဆိုတဲ့ မာန ရှိရသယ်။ ရွာ့ကွမ်းတောင်ကိုင် မဖြစ်ခဲ့ဘူး ဆိုပေသိ ညည်း ဖြစ်ရမှာပေါ့။ ကျောင်းဆရာ ကိုပြေသိမ်းနဲ့ မအိမ်ကံ ဆိုသဲ့ ငယ်လင် ငယ်မယားက မွေးပြီပဲ သမီးရဲ့။ ညည်းက လဆုတ် ဆယ့်လေးရက်ဖွား၊ မိန်းမချောဖြစ်မယ့် မိန်းမ။ လှလိုက်စမ်းပါအေ။ စက်စက်ယိုအောင် လှလိုက်စမ်းပါ။ အဆင်းရော အချင်းပါ လှလိုက်စမ်းပါ။ အမေ လက်ခမောင်း ခတ်လိုက် စမ်းပါရစီ။
ဗန်းထဲမှာ ထွေးထွေးကလေး အိပ်နေသော သမီးကလေးကို စောင်းကြည့်ရင်း မအိမ်ကံ တစ်ယောက်တည်း စိတ်ထဲက ပြောနေမိခြင်း ဖြစ်သည်။ မွေးပါပြီ ဆိုကတည်းက သမီးကလေးကို စိတ်ညွတ်ရင်း စကားတွေ ပြောနေခဲ့သည်။ သမီးကလေးက အငိုအပြု နည်းသည်။ ရဲရဲ မှည့်နေသည့် အသားအရေကို ကြည့်ပြီး မလှအုံက အသားများ ညိုနေဦး မလားအေလို့ ပြောခဲ့သည်။ မလှအုံက ပေါင်းခူးဆုန်မှာ ဖွားမြင်လာ မြောက်မှာ အချင်းမြှုပ်၊ နယုန်၊ ၀ါ၊ ၀ါ ဖွားမြင်လာ ရှေ့မှာ အချင်းမြှုပ် ဆိုတာတွေလည်း ရသည်။ သမီးကလေးက တပေါင်းမွေးဆိုတော့ မြောက်အရပ်မှာ အချင်း မြှုပ်ရပါ၏။
"ကလေးများ မွေးသယ် မွေးသယ်နဲ့ တို့ဗမာများ အင်မတန် စနစ်ဇယား ရှိသာ။ ရှေးလူကြီးများ ထားခဲ့သဲ့ ထုံးစံများ အလကား မှတ်လို့။ သူငယ် ထမင်းခွံ့သာက အစ သူ့ရက်နဲ့သူ ခွံ့ရသာအေရဲ့။ ဖွားမြင်ပြီးနောက် ခြောက်လ မြောက် ကောက်၍ ထမင်းခွံ့၊ လေး ခြောက် ကိုးနှစ် တစ်ဆယ့်ရှစ် ပစ်လေ ရှောင်ခွာစွန့်၊ လဆုတ်လဆန်း ဤ ရက်ကြမ်း ဘေးကျမ်းများ ကြုံလွန့်တဲ့။ ငါ့တူမလေး ခြောက်လ ပြည့်ရင် ထမင်း ခွံရတော့မှာ။ ထမင်းကလေး နှမ်းဆီဆမ်း၊ ဆားကလေး တစ်ပွင့်နှစ်ပွင့် ဖြူး၊ လက်ကလေးနဲ့ ဆုပ်နယ်၊ မအေက ကစီထွက်အောင် ၀ါးပြီး ခွံ့စမ်းပါအေ။ ကလေး ထွားလိုက်သာမှ။ မြေနင်းရမယ့် ရက်က သုံးလမြောက်ရင် နင်းခိုင်း ရသယ်။ ဖွားမြင်ပြီးနောက် သုံးလမြောက် ကောက်၍မှန်မသွေ၊ မိဘနှစ်ပါးစုံညီထား သားကိုမြေနင်းစေ၊ မြေချသောအခါ နေ့အင်္ဂါ ရှောင်ပါနေ့ စနေတဲ့။ အင်္ဂါနဲ့ စနေ မြေမနင်း ခိုင်းကောင်းဘူးတော်"
မလှအုံ အနား လာထိုင်လျှင် သည်လို ရှေးထုံးတွေ ကြားရ တတ်သည်။ ရလည်းရသည်။ ရွတ်လည်း ရွတ်နိုင်သည်။ မလှအုံ၏ ဖခင် (အမေပန်းရုံ၏အစ်ကို)က တစ်ခေတ် တစ်ခါက ဇောင်ချမ်းကုန်းမှာ အခါပေး ရှေ့ဖတ်စာတတ် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း မအိမ်ကံ ကြားဖူးပါ၏။ မီတော့မမီလိုက်။ သမီး ကလေး မမွေးခင် နှစ်ရက်လောက်က မအိမ်ကံ မက်ခဲ့သော အိပ်မက်ကိုလည်း မလှအုံကို မေးရပါ၏။ သမီး မမွေးခင်မက်ခဲ့သော အိပ်မက်က ထူးဆန်းသည်။ မအိမ်ကံ မိကျောင်းသား စားရသည်ဟု အိပ်မက်မက်ခဲ့သည်။
အိပ်မက်ထဲမှာ လူကြီး တစ်ယောက်က တောင်းကြီးတစ်တောင်း ထမ်းလာသည်။ သွေးတွေက တပေါက်ပေါက် ကျလျက် ရှိသည်။ မအိမ်ကံက ဘာသည်လဲ ဆိုတော့ မိကျောင်းသားပါ ဆို၏။ မိကျောင်းသား စစ်ရဲ့လားဟု မအိမ်ကံက မေးတော့ တောင်းကြီးချကာ မိကျောင်းခေါင်းကြီးကို တောင်းထဲက ထုတ်ပြ တော့သည်။ မအိမ်ကံက မိကျောင်းသား ပိဿာတွဲကြီး တစ်တွဲ ၀ယ်လိုက်ပြီး ကိုယ်တိုင်ချက်သည်။ ဟင်းအိုးပင် ဖိုခွင်ပေါ်က မကျသေးဘဲ မအိမ်ကံ နှိုက်နှိုက် စားတာနှင့် ပိဿာတွဲ တစ်တွဲချက် ကုန်သွားသည်။

ပု စ ၦာ
ခရေပင်ကြီးရဲ့ အောက်မှာ
ဒို့ နှစ်ယောက်ထိုင်ခဲ့ဖူးတာတွေ
ကမ်းဘောင်ပေါ်မှာ
ဒို့နှစ်ယောက် လျှောက်လှမ်းခဲ့တာတွေ
ဒါတွေက ခုတော့ အိမ်မက်တွေလား
ဒို့နှစ်ယောက် ထားခဲ့ကြတဲ့
သစ္စာ ဂတိတွေ ဘယ်ရောက်ကုန်ပြီလဲ
“ ချစ်ပါတယ်”ဆိုတဲ့ မင်းရဲ့အသံတွေ
ဘယ်သူ့ဆီ ရောက်သွားပြီးလဲ
အပြောလွယ်ပြီး လက်တွေ့မကျတဲ့
မင်းကို မုန်းမေ့လိုက်ရမှာလား
တကယ်တန်းကျတော့ မင်းဟာ
ငါ့အတွက် သင်ခန်းစာ
တစ်ပုဒ်လို ပါပဲလားကွာ....................

June 3, 2009
တွေ့ဖူးသော ဘလော့ဂ်ဂါးများ ( တက်ခ် ပို့စ် )
ညီလေး အဆိပ်ခွက် တက်ခ်ထားခြင်းဖြစ်ပါတယ်။ စဉ်းစားတက်တဲ့ ညီလေးကိုလည်း လေးစားပါတယ်။ ဘလော့ဂ်ဂါး တော်တော်များများက ဒီစင်ကာပူမှာ ရှိကြပါတယ်။ ဒီလောက်သေးတဲ့ ကျွန်းလေးပေါ်မှာတောင် တစ်ဦးနဲ့ တစ်ဦးတွေ့ဆုံဖို့ ဆိုတာမလွဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အားလုံးက မိဘက ချမ်းသာလို့ ပိုက်ဆံလာဖြုန်း နေကျတာမှ မဟုတ်တာ။ ပိုက်ဆံကြောင့် ကိုယ်ချစ်တဲ့ မိသားစု ၊ ညီအစ်ကို မောင်နှမ ၊ ချစ်သူတွေကို ခွဲပြီးမှ ဒီမှာ ပိုက်ဆံလာရှာနေရတာပါ။ တစ်ချို့ဆို ကျောင်းတက်နေတယ်။ သူ့တို့လည်း ပိုက်ဆံ ရှိလို့မဟုတ်ပါဘူး။ ဒီလိုပဲ ကြိုးစားနေရတာပါပဲလေ။
သို့ပင်မဲ့ လူဆိုတာ တစ်ဦးတစ်ယောက်ထဲနေလို့ ရတဲ့အမျိုးမှမဟုတ်တာ။ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ နေကျရတာပါ။ ချမ်းသာတဲ့ လူက ချမ်းသာတဲ့ အသိုင်းအဝိုင်းနဲ့ ဆင်းရဲတဲ့ လူကလည်း သူ့အသိုင်းအဝိုင်းနဲ့ သူဆိုတော့ ခုကျနော်တို့ ဘလော့ဂ်ရေးတဲ့ လူတွေကလည်း ဘလော့ဂ် အသိုင်းအဝိုင်းလေးနဲ့ပေါ့ဗျာ။
ဒီလို သူ့အသိုင်းအဝိုင်းလေးနဲ့ သူဖြစ်နေချိန်မှာ တစ်ဦးနဲ့ တစ်ဦးတွေ့ဆုံဖို့ဆိုတာလည်း ဖြစ်လာပါတော့တယ်။ ကျနော်ကိုယ်တိုင်က ဒီအသိုင်းအဝိုင်းလေး ကိုရောက်လာ၂လကျော်ပဲရှိပါသေးတယ်။ ဒီ၂လ ကျော်လေး အတွင်းမှာ တွေ့ဖူးလိုက်တဲ့ ဘလော့ဂ်ရေးသော မောင်နှမများကတော့.........................

၁) မကြီး မေတ္တာရောင်ပြန် ........ မကြီးကို အရင်ဆုံးမြင်ဖူးခြင်းပါ။ မကြီးက သဘောကောင်းတယ်။ စကားပြောလည်း ကောင်းတယ်။ ဒါကြောင့် ပန်ပန်က ပြောတာ။ မကြီးက အရမ်းစွံ့တယ်နော်တဲ့။ တစ်ခါတစ်လေ သူ့ကိုသူပြောတယ်။ ငါက ကလေးခေါင်းဆောင်တဲ့။ မကြီးမှာ ထူးခြားတာတစ်ခုက သူအသည်းကွဲရင် သူများနဲ့ မတူဘူး။ ပထမ တစ်ခါကွဲတုံးက (အသည်း) ရုပ်ရှင်ကြည့်တယ်။ ဒုတိယ တစ်ခါကွဲတုံးက (အသည်းပဲနော်) စတိပ်ရှိုးသွားကြည့်တယ်။ နောက်တစ်ခေါက်ဆိုရင်တော့ ကျနော်လည်း မပြောပြတက်တော့ဘူး...ဟီးဟီးး.....
၂) ညီလေး အဆိပ်ခွက်........ ရုပ်ရှင်သွားကြည့်တဲ့နေကပေါ့။ သူ့ကို မြင်ဖူးလိုက်တာ။ သူလည်း ထူးခြားတယ်ဗျ။ သူက ကျနော်တို့ အဖွဲ့ထဲမှာ အသက်အငယ်ဆုံး။ အဆိုးဆုံးလို့လည်းပြောလို့ရတယ်။ ( အဲ့ဒါ မကြီး နဲ့ မိုးခါး ပြောတာ) ဘာဖြစ်လို့လဲ ဆိုတော့ တစ်နေ့ကို လူတစ်ယောက်စီကို ဖုန်းအခါနှစ်ဆယ်စီခေါ်တယ်တဲ့။ ဒါပင်မဲ့ သူခေါ်တဲ့ လူတွေထဲမှာတော့ ကျနော်တို့ လုံးဝမပါပါဘူး။ ကံကောင်းသူများကတော့ မကြီး ရောင်ပြန်၊ ညီမလေးမိုးခါးနဲ့ ညီမ ကြယ်ဖြူစင် တို့ပါ။ အဲဒါသာ ကြည့်တော့ဗျာ.....
၃) ထာဝရကြယ်စင် ကိုပိုင်တဲ့ ညီမလေးမိုးခါးပါ။ ဘယ်အချိန်တွေမယ် ပြောပြောငြင်းတဲ့ အထဲမှာလုံးဝ မပါခြင်းပါ။ သူမ ဘဲဘဲ (ဂတ်ဂတ် မဟုတ်ဘူးနော်) အဝေးမှာ ဆိုတော့ လွှတ်လပ်ရေးရနေတာလည်းပါမှာပေါ့လေ။
၎) ဂျပန်ကောင်လေး ........... ဦးရှင်ကြီးကတော့ သူ့ကို ပန်ပန် လို့စခေါ်လိုက်တာခုထိ အားလုံးကတော့ ပန်ပန်နဲ့ ဖြစ်နေတော့တာပေါ့။ နာမည်နဲ့လိုက် အောင်လည်း တပန်တည်း ပန်နေတော့တာကိုးဗျ။ နာမည် စီးသွားတာနဲ့တူပါတယ်ဗျာ။ ကျနော်ဆီကို ဖုန်းဆက်လာတယ်။ အကို ကျနော် အရမ်းပင်ပန်းနေလို့ ဘယ်မှာ မသွားတော့ဘူတဲ့လေ။ ခဏနေတော့ ကျနော်က ညီ သွားကြရအောင်လို့ လဲပြောရော မငြင်းရှာပါဘူး ဟုတ်ကဲ့ တဲ့။ အဲ့လောက် ကို သဘောကောင်းတာ.............
၅) တောင်ပေါ်သား............... သူ့ ကိုတော့ တောင်တောင် လို့ ခေါ်ကြတယ်။ နာမည်ကိုပြောတာနော်။ ခုနောက်ပိုင်း မကြီးနဲ့ ပေါင်းပြီး ကျနော်တို့ မောင်နှမတွေကို တွေဆုံဖို့ အတွက် ကန်ထရိုက်ဆွဲနေတယ် လို့ သတင်းကြားထားတယ်။
၆) ရှင်ရဲထွတ်.............. ဦးရှင်ကြီး လို့ ကျနော်တို့ကတော့ ခေါ်တယ်။ ဘယ်သူစခေါ်တာလည်းတော့ သိဘူး။ သူနဲ့ စတွေ့ ကတည်းက ရှမ်းခေါက်ဆွဲ စားရဖို့အရေး စောင့်နေရတာ။ ခုတော့ မြန်မာပြည် ပြန်သွားတယ်။ ပြန်လာရင်တော့ စားရမယ် ပြောတာပဲ။ သိပ်တော့ မသေးချာသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က ၉လပိုင်းမှ သူတို့နဲ့ ပြန်တွေ့ရမှာမို့ပါ။
ရ) ကြယ်ဖြူစင်.............. သူမ လည်း ကွဲလိုက် ကပ်လိုက် နဲ့ပါ။ (အသည်း အသည်း) အဖြူရောင်သံစဉ်မှာလည်း ဒီဂျေ ပွတ်ပါတယ်။ ပွတ်စရာ မရှိရင်လည်း သူ့ နှာခေါင်း သူပွတ်ပါတယ်။ ဟဲဟဲ နောက်တာပါ။ တကယ်ကို ပွတ်တာပါ။
၈) သီဟသစ်................ သူ့ကတော့ အဖွဲ့ဝင်တစ်ဦးပါ။ (မရက) စိတ်ဆိုးနဲ့နော် စတာပါ မယ်သီရယ် ဟီးဟီး ပြောလေကဲလေ မန်းလေးဖြဲလေ ဖြစ်နေပြီ။ မိန်းမရပြီးရင်တော့ သူနဲ့ အပေါင်းအသင်းလုပ်ဖို့ စိတ်ကူးမရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူဆီက ဓာတ်ကူးသွားမှာ ကြောက်လို့.......................ဟဲဟဲ စစစစတာပါ။
၉) နေတစ်..............သူနဲ့တော့ တစ်ခါပဲတွေ့လို့ရတယ်။ ညီမလေးမိုးခါးမွေးနေ့ကပေါ့။ ခုနောက်ပိုင်းတော့ မတွေ့ရတော့ဘူး။
၁၀)ဖိုးဂျယ်............. ကျနော်ကို ကိုကိုနိုနို လို့ခေါ်တဲ့ ညီလေး ဂျယ်ဂျယ်ပါ။ သူကတော့ ဒီလ ၆ရက်နေ့ဆိုရင် မြန်မာပြည်ကြီး ကိုပြန်တော့မှာပါ။ သူ့ကိုလေဆိပ်ကို လိုက်ပို့ချင်ပင်မဲ့ ကျနော်ကိုနားလည်းပေးတဲ့ ညီလေးဂျယ်ဂျယ်ကို တစ်ခုတော့ ဂတိပေးလိုက်ပါတယ်။ ညီလေးဂျယ်ဂျယ် စင်ကာပူမြို့ကြီးကို လမ်းမှားပြီးပြန်ရောက်လာ အုံးမယ်ဆိုရင် ဘယ်သူမှ မကြိုရင်နေပါစေ ညီလေးဂျယ်ဂျယ်ကို ကိုကိုနိုနို က လာကြိုမယ်လို့ ဂတိပေးပါတယ်ကွာ။
၁၁) စနေသား................. သူ့ကတော့ ကြယ်ဖြူစင် ဘလော့ဂ်မှာ တင်ထားတဲ့ သီချင်းလေးကို ကြိုက်လို့တဲ့ တစ်နေ့ကို ၆ခေါက်လောက် ကျောင်းမသွားခင် နားထောင်တယ်လို့ ပြောတာပဲ။ သူ့ကိုလည်း မွေးနေ့မှာတွေ့ဖူးတာပါ။ နောက်ပိုင်းတော့ စာမေးပွဲ အကြောင်းပြပြီးနေနေတယ် ။ စာမေးပွဲပြီးရင်တော့ ဘာကို အကြောင့်ပြအုံးမလဲတော့မသိဘူး................
၁၂) ဖိုးစိန်.............. ကျနော်ရဲ့ ချစ်သယ်ရင်းကြီး ဖိုးချစ်ပါ။ သူ့ကိုလည်း ညီမလေး မိုးခါးမွေးနေ့မှာပဲ VZO ကနေမြင်ဖူးလိုက်တာပါ။ သယ်ရင်းက နာမည်နဲ့ လိုက်အောင်ကို နာမည်ကြီးတာပါ။ ခုလည်း စင်ကာပူကို လာလည်မယ်ပြောလို့ ကျနော်က ကြိုရှောင်ထားတာပါ။ ဟဲဟဲ ........ သယ်ရင်းရေ လာရင်လည်း ၉ လပိုင်းနောက်ပိုင်းမှ လာကွာ။ နော် သယ်ရင်းနဲ့ အပြင်မှာ တွေ့ဖူးချင်တယ်။
၁၃)မောင်ငယ်................... အိပ်ချင်မူးတူနဲ့ ထလာတဲ့ မောင်ငယ်ပါ။ သူ့ကိုလည်း VZO ကနေမြင်ဖူး လိုက်တာပါ။
၁၄) ကောင်းကင်ပြာ.................. ဒီနေ့မှ လာမတွေ့ရင် နောက်ဘယ်တော့မှ မတွေ့တော့ဘူးဆိုလို့ လာတွေ့ရှာတဲ့ မကောင်းကင်ပြာပါ။ မကောင်းကင်ပြာကတော့ မယ်သီ နဲ့ နည်းနည်း အမျိုးတော်တယ်။ ဟဲဟဲ နည်းနည်း ဖွလိုက်တာပါ။
ကဲကျနော်တွေ့ဖူးတဲ့ ဘလော့ဂ်ဂါးမောင်နှမတွေကတော့ ဒီလောက်ပါပဲ။ ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း ဆိုသလို နောက်ထပ် အခွင့်သာအုံးမယ် ဆိုရင်တော့အားလုံးကိုတွေ့ချင်ပါတယ်ဗျာ။
ညီလေး ခွက်ခွက်ရေ ကျေနပ်နိုင်မယ်လို့ ထင်ပါတယ်ကွာ။

ခင်မင်လေးစားလျှက်
ရီနိုမာန်
ရီနိုမာန်
May 31, 2009
နှုတ်ဆက်ခြင်း မဟုတ်ပါ
ကျနော်ကို ချစ်ကြခင်ကြသော၊ ကျနော်က ချစ်သောခင်သော ကျနော့ ညီအစ်ကို မောင်နှမများ အားလုံးကို “ နှုတ်ဆက်ခြင်း မဟုတ်ပါ ” ဆိုတဲ့ ခေါင်းစဉ်လေးကြောင့် စိတ်အနှောက်အယှက်များ ဖြစ်သွားကြရင် ဒီနေရာ ကနေပြီး အရင်ဆုံးတောင်းပန်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့်လို့ တော့မရေးတော့ပါဘူးဗျာ။ ကျနော်ရဲ့ ပြင်လို့မရတဲ့ ဗီဇ(အကျင့်)ကြောင့် ကျနော်စိတ်ကို ကျနော် Control မပေးနိုင်ပဲ ဖြစ်နေပါတယ်။ ဒါကြောင့် သူငယ်ချင်းများအားလုံးကို ခွင့်လွှတ်ပေးကြပါလို့ ပြောချင်ပါတယ်။
စနေနေ့ညမှာ တွေခဲ့ရတဲ့ သူငယ်ချင်းများကို ကျေးဇူးအရမ်းတင်ပါတယ်။ ပျော်လည်းပျော်ရွှင်ခဲ့ရပါတယ်။ ဒီလို ချစ်စရာခင်စရာကောင်းတဲ့ ဒီအကိုအမ၊ ညီ၊ညီမတွေ ကို ပေးတဲ့ ဘုရားသခင်ကိုလည်း ကျေးဇူးတင်ပါတယ်။ တနင်္ဂနွေနေ့ မှာ ထပ်တွေ့ခဲ့တဲ့ ကျနော့် ညီအစ်ကိုမောင်နှမများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အဖြေမရှိတဲ့ ကျနော်ပုဒ်စာ အတွက် အတင်းမေးမြန်းခြင်းမရှိပဲ ကျနော့် အပေါ်မှာ မသိနားမလည်တဲ့ စိတ်တစ်ခုနဲ့ နေပေးကျတဲ့အတွက်လည်း ကျေးဇူးပါ။ကံမကုန်သေးဘူးဆိုရင်တော့ ကျနော်တို့ အားလုံးပြန်တွေ့ ချင်ပါသေးတယ်။
ကျနော် ဒီဘလော့ဂ်လေးကို ဆက်ရေးနေအုံးမှာပါ။ ဘယ်မှသွားခြင်းလည်းမဟုတ်ပါ။ စင်ကာပူ အတွင်းမှာရှိနေအုံးမှာပါ။ ကျနော်ဖုန်းကိုလည်း ခေါ်ဆို၍ရနိုင်မည်မဟုတ်ပါ။ အွန်းလိုင်းပေါ်မှာလည်း တွေရလိမ့်မည် မဟုတ်ပါ။ ဘာကြောင့်လည်းလို့ မမေးကြပါနဲ့နော်။ ကျနော်ရဲ့ ပြင်မရတဲ့ ဒီစိတ်လေးကြောင့်ပါ။
အားလုံးခွင့်လွှတ်နိုင်ကျ မှာမဟုတ်ဘူးဆိုတာကျနော် နားလည်ပါတယ်။ ကျနော်နားလည်သလို ကျနော်ကိုလည်း ပြန်နားလည်ပေးကြပါနော်။ ကျနော်တို့ မောင်နှမတွေ ကံမကုန်သေးဘူးဆိုရင်တော့ ၉လပိုင်းမှာ ကျရောက်မဲ့ ကျနော့် မွေးနေ့လေးမှာပြန်တွေ့နိုင်မယ်လို့ မျော်လင့်မိပါတယ်။ ဒီကြားထဲ မကျေနပ်တာရှိခဲ့ရင်လည်း ကျနော်ရဲ့ စီဘုံးလေးနဲ့ ကောမန့် မှာလာရောက်အော်နိုင်ပါတယ်ဗျာ။
ဘာအတွက် ဘာကြောင့်မှန်းမသိပဲ ကျနော် မျက်ရည်ကျနေမိတယ်ဗျာ။ ကျွန်တော့် မောင်နှမတွေအားလုံးကို ကျနော် ချစ်ပါတယ်ဗျာ။ အားလုံး အားလုံးကို ...........................ပါတယ်။
ချစ်ခင်လေးစားလျှက်

Subscribe to:
Posts (Atom)