May 31, 2009

နှုတ်ဆက်ခြင်း မဟုတ်ပါ

ကျနော်ကို ချစ်ကြခင်ကြသော၊ ကျနော်က ချစ်သောခင်သော ကျနော့ ညီအစ်ကို မောင်နှမများ အားလုံးကို “ နှုတ်ဆက်ခြင်း မဟုတ်ပါ ” ဆိုတဲ့ ခေါင်းစဉ်လေးကြောင့် စိတ်အနှောက်အယှက်များ ဖြစ်သွားကြရင် ဒီနေရာ ကနေပြီး အရင်ဆုံးတောင်းပန်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့်လို့ တော့မရေးတော့ပါဘူးဗျာ။ ကျနော်ရဲ့ ပြင်လို့မရတဲ့ ဗီဇ(အကျင့်)ကြောင့် ကျနော်စိတ်ကို ကျနော် Control မပေးနိုင်ပဲ ဖြစ်နေပါတယ်။ ဒါကြောင့် သူငယ်ချင်းများအားလုံးကို ခွင့်လွှတ်ပေးကြပါလို့ ပြောချင်ပါတယ်။

စနေနေ့ညမှာ တွေခဲ့ရတဲ့ သူငယ်ချင်းများကို ကျေးဇူးအရမ်းတင်ပါတယ်။ ပျော်လည်းပျော်ရွှင်ခဲ့ရပါတယ်။ ဒီလို ချစ်စရာခင်စရာကောင်းတဲ့ ဒီအကိုအမ၊ ညီ၊ညီမတွေ ကို ပေးတဲ့ ဘုရားသခင်ကိုလည်း ကျေးဇူးတင်ပါတယ်။ တနင်္ဂနွေနေ့ မှာ ထပ်တွေ့ခဲ့တဲ့ ကျနော့် ညီအစ်ကိုမောင်နှမများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အဖြေမရှိတဲ့ ကျနော်ပုဒ်စာ အတွက် အတင်းမေးမြန်းခြင်းမရှိပဲ ကျနော့် အပေါ်မှာ မသိနားမလည်တဲ့ စိတ်တစ်ခုနဲ့ နေပေးကျတဲ့အတွက်လည်း ကျေးဇူးပါ။ကံမကုန်သေးဘူးဆိုရင်တော့ ကျနော်တို့ အားလုံးပြန်တွေ့ ချင်ပါသေးတယ်။

ကျနော် ဒီဘလော့ဂ်လေးကို ဆက်ရေးနေအုံးမှာပါ။ ဘယ်မှသွားခြင်းလည်းမဟုတ်ပါ။ စင်ကာပူ အတွင်းမှာရှိနေအုံးမှာပါ။ ကျနော်ဖုန်းကိုလည်း ခေါ်ဆို၍ရနိုင်မည်မဟုတ်ပါ။ အွန်းလိုင်းပေါ်မှာလည်း တွေရလိမ့်မည် မဟုတ်ပါ။ ဘာကြောင့်လည်းလို့ မမေးကြပါနဲ့နော်။ ကျနော်ရဲ့ ပြင်မရတဲ့ ဒီစိတ်လေးကြောင့်ပါ။

အားလုံးခွင့်လွှတ်နိုင်ကျ မှာမဟုတ်ဘူးဆိုတာကျနော် နားလည်ပါတယ်။ ကျနော်နားလည်သလို ကျနော်ကိုလည်း ပြန်နားလည်ပေးကြပါနော်။ ကျနော်တို့ မောင်နှမတွေ ကံမကုန်သေးဘူးဆိုရင်တော့ ၉လပိုင်းမှာ ကျရောက်မဲ့ ကျနော့် မွေးနေ့လေးမှာပြန်တွေ့နိုင်မယ်လို့ မျော်လင့်မိပါတယ်။ ဒီကြားထဲ မကျေနပ်တာရှိခဲ့ရင်လည်း ကျနော်ရဲ့ စီဘုံးလေးနဲ့ ကောမန့် မှာလာရောက်အော်နိုင်ပါတယ်ဗျာ။

ဘာအတွက် ဘာကြောင့်မှန်းမသိပဲ ကျနော် မျက်ရည်ကျနေမိတယ်ဗျာ။ ကျွန်တော့် မောင်နှမတွေအားလုံးကို ကျနော် ချစ်ပါတယ်ဗျာ။ အားလုံး အားလုံးကို ...........................ပါတယ်။

ချစ်ခင်လေးစားလျှက်
ရီနိုမာန်

May 29, 2009

ပိုက်ဆံအိတ် (tag ပို့စ်)

ဒီတလော အတက်ခ်ခံရတဲ့ ပို့စ်တွေအကုန်လုံး နီးပါးက ကိုယ်အကြောင်း မသိစေချင်ပါဘူး ဆိုနေမှ ပေါင်ကိုလှန်ပြီး ဓါးနဲ့ အသွင်းသွင်းထိုးနေ ရတော့တာပါပဲ။ ခုလဲ ကြည့် ညီလေးဝသန်က ပိုက်ဆံအိတ် တဲ့။ပြီးခဲ့တဲ့ တစ်ပတ်ကသာ တက်ခ် ခဲ့မယ်ဆိုရင် ရေးပေးနိုင်မှာ မဟုတ်ဘူး။ စိတ်ထဲမှာ နေရထိုင်ရတာ မကောင်းဖြစ်နေတာလေ။ ခုတော့ အေးဆေးဖြစ်နေပါပြီ။ ဒါကြောင့် လည်း ဒီပို့စ်လေးကို ရေးလိုက်ပါတယ်နော်။

ကျနော်က ပိုက်ဆံအိတ် ကိုင်လေ့ကိုင်ထ မရှိပါဘူး။ ခုစင်ကာပူ လာခါနီးမှ လိုအပ်မယ်ထင်လို့ ဝယ်လာခဲ့တာပါ။ ပိုက်ဆံကို အမြဲတမ်း အကျီာင်္အိတ်ထဲ မှာပဲ အမြဲထည့်တက်တဲ့ အကျင့်ရှိနေလို့ပါ။

လကုန်လို့ရှိရင် ကျနော်ပိုက်ဆံအိတ် လေးထဲကို အရင်ရောက်လာတာကတော့ စာရွက်လေးတစ်ရွက်ပါ။ အဲ့စာရွက်လေးကို နောက်နေ့မှ ငွေသားအဖြစ် ပြောင်းလိုက်ရတာပါ။ ပြောင်းလိုက်လို့ရတဲ့ ငွေကလည်း အားကျစရာမရှိတဲ့ အနည်းငယ်လေး ပါ။

ဒီအနည်းငယ်ထဲကပဲ စားစရိတ် ၁၀၀ (စင်ကာပူဒေါ်လာနော် ) ပေးလိုက်ရပြီင်္။ ပထမဆုံးခုန်ထွက်ခြင်းပေါ့။ ဟော့ ဖုန်းဘေးလ် လာပါပြီ ၅၀တဲ့။ စင်ကာပုမှာ က ဘယ်သွားသွား အလကားမှမရတာ။ အဲ့တော့ MRT ခလေးကလဲ ထည့်ရသေးတယ်။ လာထား သုံးလေးဆယ်ပဲ။ ဟို့လူကို အကြွေးဆပ် ဒီလူကို အကြွေးဆပ်နဲ့ နောက်ဆုံး အိတ်ထဲမှာ ဘာမှကို မကျန်တော့ဘူး။

ဒါတောင် သူများတွေလို အိမ်လခ၊ မီးဖိုး ၊ ရေဖိုး ဘာမှမပေးရလို့။ ပေးများပေးရရင် ကုန်ကောက်စရာတောင်း ကျန်မှာမဟုတ်တော့ဘူး။ မကျန်လဲ ရှိတာလေးစုပြီး အမေဆီကိုတော့ ပို့ရတာပါပဲ။

ကဲ နောက်ဆုံးတော့ ကျနော်ပိုက်ဆံအိတ်လေးထဲမှာ လက်ကျန်ငွေလေးနဲ့ ပါမစ်ကဒ်၊ ဘာမှ မရှိတဲ့ ဘဏ်ကဒ်လေးနဲ့ ဒီတစ်လလုံး အသက်ဆက်ရှင်နေဖို့ အတွက် ကြိုးစားရတော့တာပေါ့ဗျာ။ ညီလေးဝသန်ရေ ဒီလောက် ဆိုရင် ကျေနပ်ပြီလို့ ထင်ပါတယ်။ ထပ်ပြောရင်လည်း မကောင်းတော့ဘူးလေ။

ကျနော် သူငယ်ချင်းများနဲ့ မိတ်ဆွေအားလုံးကို ဒီနေရာလေးကနေ ဆုတောင်းပေးချင်တာတစ်ခုကတော့ ကျနော်လို ဘဝမျိုးနဲ့ မကြုံကြရပါစေနဲ့လို့ ကျနော်ရင်ထဲကနေ ဆုတောင်းပေးလိုက်ပါတယ်နော်။ အားလုံးပဲ ပျော်ရွှင်ကြပါစေဗျာ။

ခင်မင်လျှက်
ရီနိုမာန်

May 28, 2009

နိုင်ငံဂျားပြန်ရဲ့ ငြီးချင်း (Tag ပို့စ်)

အမယ်မင်း ငြီးရတော့မယ်ဗျ။ အမဝါ ဆီမှာ ဖတ်ပြီးကတည်းက ငြီးချင်နေတာ။ ခုမှပဲ ဆန္ဒပြည့်တော့တယ် ကိုတောင်ပေါ်သားရေ။ (သက်သက်ပြောတာ)

၂၀၀၄ ခုနှစ်မှာ မလေးရှားကို အသိအမတွေဆီက ပိုက်ဆံ ၆သိန်းချေးပြီထွက်လာခဲ့တာ။ ကုန်တာတော့ အားလုံးပေါင်း ၉သိန်းလောက်ကုန်တယ်။ ကိုယ့်ရှိတာလေးနဲ့ ဖြည့်ပြီထွက်လာခဲ့တာ။ မလေးရှားရောက်တော့ ငွေဈေးကကျ အိုတီကမရှိ ဆိုတော့ တစ်လတစ်လ မနည်းချစ်ချုတ်ပြီး လွဲတာတောင် တစ်နှစ်လောက်ကြာမှ အကြွေးက ကျေတော့တယ်။ မလေးရှားမှာ သုံးနှစ်နေခဲ့တယ်။ တစ်နှစ်က အကြွေးဆပ်လို့ကုန်သွားတယ်။ ကျန်တဲ့ နှစ်နှစ်က ပို့လိုက် ကိုယ်သုံးလိုက်နဲ့ ဘာမှကို မစုမိဘူး။ ဒီကြာထဲ အိမ်မှာက ပြသနာဖြစ်ပြန်တော့ ကိုယ်ပို့တဲ့ ပိုက်ဆံနဲ့ပဲ ဖြေးရှင်းပေးရတာပေါ့။

ဒီလိုနဲ့ ၂၀၀၇မှာ ရန်ကုန်ကို ပြန်ရောက်တယ်။ မလေးရှားတော့ စိတ်ကုန်တယ်။ စင်ကာပူ လောက်မှ အဆင်ပြေနိုင်မယ် ဆိုပြီး စင်ကာပူ ထွက်ဖို့ကြိုးစားရတော့တာပေါ့။ မလေးမှာ နေတုန်းကဘာမှ မစုထားနိုင်တော့ ခုစင်ကာပူ ထွက်ဖို့ လုပ်တော့လည်း သူများဆီက ချေးငှားပြီး ထွက်လာရတာပေါ့။ ဟော့ .....ကြည့် ဒီရောက်ပြန်တော့ လည်း ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာဆိုသလိုပဲ ငွေဈေးများ ကျသွားလိုက်တာ အရင်က စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၈၀၀ကျော် ရှိရာကနေ ၆၀၀လောက်ထိကို ထိုးဆင်းသွားတာ လူတောင်ထိုင်ငိုချင် စိတ်ပေါက်သွားတယ်။

ကဲထားပါလေ။ ငွေဈေးကျပင်မဲ့လည်း အလုပ်ကောင်းလို့ ရှိရင် အိုတီများများရရင်တော့ ဖြေသာပါသေးတယ်ပေါ့ ဆိုပြီး ကိုယ့်စိတ်ကိုယ် ဖြေနေရင်း စင်ကာပူ စီးပွားရေးက ကျဆင်းလာတဲ့ အချိန်နဲ့ တည်တည်ကြီး ကိုတိုးတော့တာပေါ့။ နိုင်ငံတစ်ကာ စီးပွားရေးကျတာ ကျနော်တို့နဲ့ ဘာဆိုင်လဲနော့။ သူ့တို့ဟာသူတို့ ကျတာ နေရင်းထိုင်ရင်း ကျနော်တို့ အိုတီပါထိခိုက်တာပေါ့။ ဘာမဆိုင် ညာမဆိုင် အမေရိကန်သမ္မတ အိုးဘားမားကို သွားပြောထားတာ ခုသူ့က ခဏလေးနေအုန်း အန်တီစု ကိစ္စပြီးမှ ကြည့်လုပ်ပေးမယ်တဲ့ လေ။

ခုလည်း ဒီရောက်တာ တစ်နှစ်ပြည့်သွားပြီ။ ကြွေးက မကျေသေးဘူး။ ကြွေးရှင်တွေကလည်း အော်လှပြီ။ ဒီကကောင်လည်း ကြောက်လို့ ပြေးရမလား အောင်မေ့ပါတယ်။ ဘလော့ဂ်လောက ကနားပါအုံးမယ် ဆိုတဲ့ လူနဲ့ချည်း လာလာတွေ့နေရတယ်။

ဒါကတော့ ကျနော်ရဲ့ နိုင်ငံဂျားပြန်ရဲ့ ငြီးချင်းပါ။ သူများတွေ ကိုယ့်ကို အထင်ကြီးလာ မကြီးလာတော့ မသိဘူး။ ကိုယ့်ကတော့ နိုင်ငံခြားရောက်နေရသူတွေရဲ့ ဒုက္ခ၊ နိုင်ငံခြားက ပြန်ရောက်နေရတဲ့ လူတွေရဲ့ ဒုက္ခကို ကိုယ်တိုင်သိတော့ ခံစားနားလည်နိုင်ပါတယ်။

ကဲ ညီလေးတောင်ပေါ်ရေ ဒီလောက်ဆိုရင်တော့ ကျေနပ်နိုင်မယ်လို့ ထင်မိပါတယ်ကွာ။ ကိုယ်လည်း မငြီးတက် ငြီးတက်နဲ့ ငြီးထားရတာပါ။ ဒီထက်ငြီးမိရင်လည်း ကိုယ့်အရှက် ကိုယ့်ဖေါ်သလိုဖြစ်မှာကြောက်လို့ ဒီလောက်နဲ့ပဲ ကျေနပ်တော့ ညီလေးတောင်ပေါ်ရေ။

ဒီတစ်ခါတော့ ဘယ်သူ့မှ မတက်ခ်တော့ ပါဘူးလေ ။ ကိုယ့် ဘဝနဲ့ ကိုယ် ပဲရှိပါစေတော့ဗျာ။

ခင်မင်လေးစားလျှက်
ရီနိုမာန်

May 26, 2009

ဖိနပ်သူခိုး

2007 ဇွန်လ မှာ ရန်ကုန်ကို မလေးရှားကနေ ပြန်ရောက်တယ်။ ကျွန်တော်လည်း ပြန်ထွက်ဖို့ ကြိုစားတာပေါ့။ အချိန်တစ်နှစ်နီးပါးလောက် ကြာသွားတယ်။ ဒီကြားထဲလည်း ဟိုသင်တန်းတက်လိုက်၊ ဒီသင်တန်းတက်လိုက်နဲ့ အချိန်တွေကိုကုန်ဆုံးစေခဲ့တယ်။ အမှန်အတိုင်းပြောရရင် မြန်မာပြည်ကြီး ကို ချစ်တယ်။ မြန်မာ့ ယဉ်ကျေးမှုကို တန်းဖိုးထားတယ်။ မြန်မာတွေရဲ့ ကူညီတက်တဲ့ စိတ်ဓာတ်ကို လေးစားတယ်။ ဒါပင်မဲ့ ကျနော် မြန်မာပြည်မှာ မနေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မလေးရှားမှာ ရှိတဲ့ တောထဲကိုရောက်ပြီးကတည်းက ဆိုရမှာပေါ့။ တော ဆိုပင်မဲ့ ပြည်နယ် နှင့်တိုင်းမှာ ရှိကြတဲ့ မြို့တွေထက်သာတာတော့ လက်ခံတယ်။ အထင်ကြီးလို့ပြောတာ မဟုတ်ဘူး။ အရမ်းကို ကွာခြားနေလို့ ပြောတာပါ။

သူငယ်ချင်းတွေကထင်ကြအုံးမယ်။လွတ်လပ်လို့နေမှာပေါ့လို့။ အမှန်က ကျနော် ၁၀တန်းအောင်ပြီးကတည်းက လွတ်လွတ်လပ်လပ် တစ်ယောက်ထဲ နေလာခဲ့တာပါ။ သူများအိမ်မှာလည်းနေဖူးတယ်။ အဆောင်မှာလည်း နေဖူးတယ်။ အခန်းငှားပြီးတော့လည်းနေရဖူးတယ်။ ဒါတွေအားလုံးက မိဘနဲ့ နေရတာလောက် မကောင်းဘူးဆိုတာ ကျနော်ကိုယ်တိုင်လည်း သိပါတယ်။ ကျနော်ကိုယ်တိုင်က အေးအေးဆေးဆေး နေရခြင်းကို မြတ်နိုးသူပါ။


မှတ်မိနေသေးတယ်။ ကျနော် ၂တန်းနှစ်တုန်းကပေါ့။ ကျနော်တို့ ကစစ်တပ်မိသားစုဆိုတော့ ဟိုပြောင်းဒီပြောင်း သိပ်ကိုများပါတယ်။ ပစ္စည်းများများ စုထားလို့ မရပါဘူး။ ရှိတာတွေကိုလည်း သေတ္တာတွေနဲ့ ထည့်ထားရတာပါ။ အဝတ်ဆိုလည်း အဝတ်သေတ္တာနဲ့ပေါ့။ အမေနဲ့ ကျနော့် အဝတ်တွေကို သေတ္တာတစ်လုံးထဲမှာပေါင်း ထည့်တယ်။ အဖေ ရှေ့တန်းပြန်လာတော့ သေတ္တာသေးသေးလေး တစ်လုံးပါလာတယ်။ (ရှေ့တန်းထွက်ရင် အရာရှိတွေသုံးတဲ့ သံသေတ္တာလေးပါ) အဖေပြန်ရောက် ပြီးဆိုရင် ကျနော်က တစ်စခန်းထပြီ။ ကျနော် အဝတ်တွေကိုထုတ်ပြီး အဲ့ဒီသေတ္တာလေးထဲ ကိုထည့်တယ်။ အမေက ပြန်ထုတ်တယ်။( အဖေအတွက် နောက်တစ်ခေါက် သုံးရအုံးမှာကိုအမေ ကသိနေတာပေါ့) ကျနော်က မသိတော့ သွားပြန်ထည့်လိုက်လိုက်နဲ့ နောက်ဆုံးတော့ အရိုက်ခံရပါလေရောဗျာ။ တစ်ယောက်ထဲ နေချင်တာကို ပြောပြတာပါ။

ကျနော် အရိုက်ခံရတော့ အဖေက မနေနိုင်တော့ဘူး။ သူ့ တပ်ခွဲက ဆရာကြီးတစ်ယောက်ကို သေတ္တာ တစ်လုံးထပ်ရှာခိုင်းတယ်။ အဖေ သေတ္တာလေးကို ကျနော်ရလိုက်တယ်။ ကျနော်ကတော့ ကိုယ်လိုချင်တာ ရတော့ ပျော်နေတာပေါ့။ အမေဆို ကျနော်ကို အမြဲပြောတယ်။ တစ်ကိုယ်ကောင်း သမားတဲ့။ ကျနော်ကိုယ်တိုင်လည်း သိပါတယ်။ တစ်ခါတစ်ခါ အရမ်းတစ်ကိုယ်ကောင်းဆံတယ်။ ကျနော် ကိုယ်တိုင်လည်းသိတယ် ။ ပြင်လို့ရတဲ့ အခါပြင်တယ် ။ ပြင်လို့မရရင် ရေလိုက်ငါးလိုက်နေလိုက်တယ်။ ရေးနေရင်နဲ့ဘယ်ရောက် သွားပြန်ပါလိမ့် နော်.......................

အမြန်ဆုံးပြန်ထွက်ချင်တဲ့ စိတ်နဲ့ မြန်မာတွေရဲ့ ထုံးစံအတိုင်း ဟိုသွားဒီသွား ဟိုမေးဒီမေး လုပ်ရတာပေါ့ဗျာ။ အရောက်အများဆုံးကတော့ ရွှေတိဂုံ ဘုရားပေါ့။ ဘုရားကို ခဏခဏ ရောက်တယ်။ ဘုရားရင်ပြင်ကို ရောက်ရင် ဒေါင့်လေးဒေါင့်မှာရှိတဲ့ ဘုရားတွေကို အရင်ဖူးတယ်။ ပြီးရင် အောင်မြေမှာ ဘုရားဝတ်ပြုတယ်။ ဒါပြီးရင်တော့ အရိပ်ကောင်းကောင်းရှာပြီ ရွှေတိဂုံဘုရားကို အဝးကနေ ကြည်ညိုတယ်။ အဲဒါေ၇ွှတိ၈ုံဘုရားကို ရောက်ရင် လုပ်နေကျပုံမှန်ပဲ မပြောင်းဘူး။ ပြောင်းတာတစ်ခုကတော့ ထိုင်ပြီး ကြည်ညိုတဲ့ နေရာပဲပြောင်းတာ။

ဒီလိုနဲ့ နာဂစ်မဖြစ်ခင် ပါမစ် မကျခင်လေးမှာပေါ့ ရွှေတိဂုံဘုရားကို သူငယ်ချင်းတစ်ယောက်နဲ့ အတူတူညနေပိုင်းမှာ သွားဖြစ်တယ်။ ဒီတခါတော့ ညနေ နေကျချိန်ဆိုတော့ အရိပ်ရှာစရာမလိုဘူး။ ဘုရားကို တစ်ပတ်ပြီး တစ်ပတ် ပတ်တော့တာပေါ့။ ဘုရား အရိပ်က အေးချမ်းတယ်ဆိုတာတော့ ကျနော် မပြောလည်း ဗုဒ္ဓဘာသာ ကိုးကွယ်သူတိုင်းသိကြမှာပါ။

ဒီလိုနဲ့ ခြေတော်ရာရှိတဲ့ ဇရပ်ထဲကို ဝင်ပြီး ခြေတော်ရာထဲက ရေကို သောက်ပြီးပြန်အထွက်မှာ ကျနော့်သူငယ်ချင်း ဖိနပ်မရှိတော့ဘူး။ ကျတော်တို့ ဇရပ်ထဲကို ရောက်တဲ့ အချိန်မှာ အထဲမှာ ဦးလေးကြီး တစ်ယောက်ပဲရှိတာ။ ခြေတော်ရာထဲမှ ရေကို သောက်နေကျတုံးမှာ အဲဒီဦးလေးကြီး ထသွားတာကိုတွေ့ လိုက်တယ်။ ဖိနပ်ကောက်သွားတာကိုလည်း တွေ့လိုက်ရတယ်။ ကျနော်တို့ထင်တာ သူ့ဖိနပ်သူယူတယ်လို့ပဲ ထင်တာပေါ့။ ဘယ်ဟုတ်မလဲ ပါသွားတာ ကျနော်သူငယ်ချင်းဖိနပ်...............

ဖြစ်ချင်တော့ အချိန်ကလဲ ၈နာရီကျော်နေပြီ။ ဘုရားဖူးရုံသက်သက်ဆိုတော့ နှစ်ယောက်ပေါင်းလို့ ဖိနပ်တစ်ရံဖိုးက မပြည့်ပြန်ဘူး။ သူ့ခများ ဖိနပ်မပါပဲ အိမ်ကို လိုင်းကားစီးပြီး ပြန်သွားပါတယ်။

ကျနော်လည်း အပြန်လမ်းမှာ တွေးမိတာတစ်ခုကတော့ .......... .............. ............. ဪ
ဘုရားပေါ်လာပြီး ဒီလိုအလုပ်မျိုးလုပ်ဖို့ ဝန်မလေးကြတာကို ကြည့်ပြီး မြန်မာပြည်မှာ အကျင့်ပျက်တဲ့ လူပေါင်းမြောက်များစွာ ရှိနေတယ်ဆိုတာ မဆန်းတော့ပါဘူးလေ...............................................

May 25, 2009

အတွေး

ကောင်းကင်မှာ ရှိတဲ့အလင်း
မြေကြီးပေါ်မှာ ရပ်တည်တဲ့လူသား
အတွေးစိတ်ကူး ပုံရိပ်နဲ့ “ သူ ”
အချစ်ကို ရှာနေမိတဲ့ ကျနော်

စိတ်ကူးနယ်ကျွံ လောကပြင်ဘက်
ခဏထွက်ရပ် ကြည့်လိုက်မိတယ်
ဧဒင်နဲ့တူတဲ့ ဥယျာဉ်ကြီးထဲမှာ
တွေ့လိုက်မိတယ် “ သူ့ ” ကို

ညို့အားကောင်းတဲ့ မျက်လုံး
ချစ်စရာကောင်းတဲ့ အပြုံး
သွယ်တန်းလှပတဲ့ “ သူ့ ” လက်
ငေးမောနစ်မြုတ်သွားရပါတယ်

ပြန်လည်နှိုးထ ရှူရှိုက်သံပြင်း
အတွေးနယ်ပယ် ထွက်လို့လာခဲ့
ငါဟာ ဘယ်သူလည်းမေးခွန်းထုတ်ရင်
ရှာနေမိတယ် “ သူ ” ရယ်

မှတ်ချက်။ ။ မလေးရှားမှာ နေတုံးက ဘယ်မှာနေလို့ ဘယ်မှာရှိမှန်းမသိတဲ့ “သူ့” ကို ရည်ရွယ်ပြီး ရေးထားတာပါ။

May 23, 2009

ဟိုရေးဒီရေး

တစ်ခါတစ်ခါ အလုပ်လုပ်ရတာကို အရမ်းစိတ်ကုန်လာတယ်။ လုပ်လည်း မလုပ်ချင်တော့ဘူး။ စိတ်ဓါတ်တွေကျတဲ့ အချိန်ဆို ပိုလို့တောင်ဆိုးသေးတယ်။ အဲ့လိုချိန်ကျရင် စိတ်ထဲမှာ ရှိတဲ့ လူတွေကို အပြစ်တင်နေမိတော့တယ်။ ကိုယ့်ကိုကိုယ်လည်း လုံးဝမကျေနပ်တော့ဘူး။ ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်နေတာက တစ်ခြားစီဖြစ်နေတာကို။ ပညာရေး ကျပြန်တော့လည်း ပါရမီက အခြေခံ မကောင်းခဲ့တော့ သူများ တစ်ခေါက်ကျက်ရင်း ကိုယ်က သုံးခေါက်လောက် ကျက်ရတဲ့ အခြေအနေဆိုတော့ ငယ်ငယ်လေးထဲက ဆရာဝန်ဖြစ်ချင်တယ် ၊ အင်ဂျင်နီယာ ဖြစ်ချင်တယ်လို့ တစ်ခါမှ ကြွားပြီး မပြောခဲ့ဘူး။ ဆရာဝန် ၊ အင်ဂျင်နီယာ ဘယ်သူကမဖြစ်ချင်ဘဲ ရှိပ့ါမလဲလေ။ ဖြစ်ချင်တာပေါ့။ ဒါပေသိ ကိုယ့်အကြောင်း ကိုယ်သိလေ..................

ဘာဖြစ်ချင်လဲ ဘာလုပ်ချင်လဲမေးလာခဲ့ ရင်လည်း ဘာလုပ်ချင်မှန်း ဘာဖြစ်ချင်မှန်း ဘာမှကို သေသေချာချာ မသိဘူးဖြစ်နေပြန်ရော။ ပြေးသာပြေးနေရတယ် ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိဘူး။ တစ်ခါတစ်ခါ ကိုယ့်ကိုကိုယ်ကြည့်ပြီး စိတ်အားငယ်လာတယ်။ဘယ်သူနဲ့မှလဲ မတွေ့ချင်ဘူး ဘယ်သူနဲ့မှလဲ စကားမပြောချင်တော့ဘူး။ အဲဒီ စိတ်ကိုတစ်ခါတစ်ခါ အားမရဘူး။ ပြုပြင်ချင်တယ်။ ပြုပြင်လို့မရဘူး။

ကျနော် သူငယ်ချင်းတစ်ယောက်ဆို အမြဲပြောတယ်။ နင် ဒီလိုမလုပ်ပါနဲ့ ကြာရင် နင်ရူးသွားလိမ့်မယ်တဲ့။ ဒီလို စိတ်ဓါတ်ကျနေတဲ့ အချိန်ဆို သူငယ်ချင်းတွေနဲ့ ခဏခဏတွေ့ ခဏခဏ စကားပြောတဲ့။ ဒါမှ စိတ်ထဲခံစားနေရတာ တွေကို မေ့ပျောက်လို့ရမှာတဲ့။ ဒီလိုအချိန်တွေဆိုရင် သူငယ်ချင်းတွေက အားဆေး တစ်ခွက်ပါတဲ့။ ကျနော် ယုံကြည်လက်ခံပါတယ်။

ဒါပင်မဲ့ ကျနော်စိတ်ထဲမှာ အပြစ်တင်သင့်တဲ့ သူတွေကို အပြစ်တင်နေမိတယ်။ သူတို့ကို အပြစ်တင်ပြီး သွားရင်လည်း ကိုယ့်ကိုကိုယ် ပြန်ပြီး အပြစ်တင်နေမိပါတယ်။ ကျနော်ကြောင့် သူ့တို့တွေ အပြစ်တင်ခံနေရတယ်။ ငါမကောင်းလို့ ဆိုပြီး အပြစ်တွေအားလုံးကို ကျနော့် အပေါ်ကိုပဲ ယူချလိုက်ပါတယ်။
အဲ့လို စိတ်ထဲ ဖြစ်ပြီးမှပဲ ကျနော်လည်း နေသာထိုင်သာ ရှိသွားပါတော့တယ်ဗျာ.... ဟူးးးးးးးးးးးးးးးးးးးးးးး

May 19, 2009

အမှတ်တရ Nick Name


တစ်နေ့ တစ်နေ့ ဘာရေးရင်ကောင်းမလဲ လို့ အမြဲစဉ်းစားနေမိတယ်။ အလုပ်သွားလည်း စိတ်ကဒီကိုပဲ ရောက်နေတယ်။ ကဗျာလည်း မရေးချင်ဘူး။ စိတ်ထဲ သိပ်မကြည်လင်နေဘူးလေ။ စကားလုံးလှလှ လေးတွေက ထွက်ကျလာမှာ မဟုတ်ဘူး။ အဲဒါနဲ့ တက်ခ်ပို့စ် တစ်ခုလောက်တော့ ရေးချင်နေမိတယ်။ စဉ်းစားကြည့်လိုက်တော့လည်း ဘယ်ကဘယ်လို စရေးရမှန်း မသိဘူးဖြစ်နေပြန်ရော.....

ကဲ ထားလိုက်ပါတော့။ မတက်ခ်တော့ပါဘူး။ တက်ခ်နေရင်စိတ်ညစ်ကြပါအုံးမယ်။ ကိုယ့်ညီအစ်ကို မောင်နှမတွေကို စိတ်မညစ်စေချင်ဘူးလေ။ သူ့တိုတွေပျော်နေတာပဲ မြင်ချင်နေတာပါ။ ကဲ အကြောင်းအရာ လေးဆီ ဦးတည်အုံးမှပဲ။........................................................



ဒီလိုဗျ..... ကျနော် ၆တန်းကနေ စတွဲတဲ့ သူငယ်ချင်း တစ်ယောက်ရှိတယ်။သူ့နာမည်က ဖိုးသူ။ ကျနော်တို့ နှစ်ယောက် ကျောင်းသွားတူတူ ကျောင်းပြန်တူတူ ဘယ်သွားသွားတူတူပဲ။ တော်တော်လေး ကိုခင်ပါတယ်။ ပြောပြချင်တာ သူ့ အကြောင်းမဟုတ်သေးဘူးနော်...ဆက်ဖတ်အုံး။

ကျနော်တို့ ကျောင်းသား ဘဝဆိုတော့ ဘာမှ အပူအပင် မရှိဘူး။ ကျောင်းသွားကျောင်းပြန် စာကျက် ဒါပဲရှိတာမဟုတ်လား။ နှစ်ဝက်လောက်ရောက်လာတော့ နှစ်ယောက်တစ်ဖွဲ့ သုံးယောက်တစ်ဖွဲ့နဲ့ တူရာတူရာ စုသွားကြတယ်။ ကျနော်တို့နှစ်ယောက်မှာတော့ အတိုးအလျှော့ မရှိ။

တစ်နေ့ကျတော့ ကျနော်တို့ စဉ်းစားမိတာတစ်ခုရှိလာတယ်။ ငါတို့ တွေ နာမည်ဝှက် ထားကြမယ်ပေါ့။ ကိုယ်ကြိုက်တာ ကိုယ်စဉ်းစားပေါ့။ ကျွန်တော်တို့ အဲလို စဉ်းစားချိန်က ဒီဇင်ဘာလ ထဲမှာ။ သူက ခရစ်စမတ် ကို သဘောကျလို့ ခရစ်တဲ့။ ကျနော်လည်းစဉ်းစားတာပေါ့ သူများတွေနဲ့ လည်း မတူချင်းပါဘူး။ မြန်မာပြည်မှာလည်း မရှိနိုင်တဲ့ နာမည်ဆိုပြီး ရီနို ဆိုတာကိုရွေးလိုက်တယ်။ နှစ်လုံးထဲဆို ရင်လည်း မလှပြန်ဘူး။ ဒုံတိကြီးဖြစ်နေပြန်တော့ ထက်ရွေးရပြန်တာပေါ့။

ဒါနဲ့ ကျနော်သူငယ်ချင်းက သဲ ဆိုတဲ့ စကားလုံးကိုရွေးတယ်။ ကျနော်ကတော့ နှစ်ရက်လောက်ကြာ သွားတယ်။ ရီနိုနဲ့ လိုက်တဲ့ စကားလုံးကို လိုက်ရှာတာ။ နောက်ဆုံး တော့ မာန် ဆိုတာကို ရွေးလိုက်တယ်။ ၁၉၉၃၊ ၁၉၉၄ ခုနှစ်လောက်ထဲက ဒီ ရီနိုမာန် ဆိုတာကို ကျနော်ရင်ထဲမှာ မွေးဖွားလာခဲ့ တာပါ။ ဒါပင်မဲ့ သိကြတဲ့အတိုင်း မိရိုးဖလား ဘိုးစင်ဘောင်းဆက် ခေါ်ခဲ့တဲ့ နာမည်ကို ဘယ်လို့လုပ်ဖြတ်လို့ရမှာလဲ။ ဘယ်အရပ် ရောက်ရောက် ပြောင်းလဲ ဖို့ ကြိုးစားခဲ့ပါတယ်။ ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး။

မိမွေးတိုင် ဖမွေးတိုင် ပေးထားတဲ့နာမည်ကို မကြိုက်လို့ မဟုတ်ရပါဘူး။ အမေပေးထားတဲ့ နာမည်ကို ရှာကြည့်ရင် ထမင်းထုပ် သိုးသွားနိုင်ပါတယ်။ ရှိနိုင်မယ်မထင်လို့ပါ။ ကျနော်ကိုယ်၌က အမေပေးတဲ့ နာမည်လေးနဲ့ ကြီးပြင်းလာခဲ့ပြီးပြီ ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင် ပေးထားတဲ့ ဒီနာမည်လေးကိုလည်း ပါဝင်ခွင့် (ကျနော်ဘဝမှာ) ရှိစေချင်လို့ပါ။

မှတ်မှတ်ရရ ၂၀၀၉ ဧပြီလမှ စ၍ ရီနိုမာန် ဆိုတဲ့ ဘဝသစ် တစ်ခုကို မွေးဖွားနိုင်ခဲ့ပါတယ်။ ခုဆိုရင် ရီနိုမာန် ဆိုတဲ့ ဘဝလေးနဲ့ သူငယ်ချင်းမြှောက်မြားသွာကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါပြီ။ ဆက်လက်ပြီးတော့လည်း ဒီဘဝလေးကို ထာဝရ ရင်ဝယ်ပိုက်ထားရအုံးမှာပါ။ ဒါကြောင့် ရီနိုမာန် ကို သိသော၊ ခင်သော၊ ချစ်သော ညီအစ်ကို မောင်နှမ များအားလုံးကို ဒီပို့စ်လေးနဲ့ အတူ ကျေးဇူးတင်ရှိ ပါကြောင်း ပြော ကြားရင် ...................................

ပထမတော့ မတက်ခ် တော့ ဘူးလို့ တွေးထားတာပါ။ ဒါပင်မဲ့ နာမည် လှလှလေးတွေကို စိတ်ဝင်းစားတော့ သူတို့ရဲ့ သမိုင်း အကြောင်းလေးတွေကိုလည်း သိချင်လာပါတယ်။
ဒါကြောင့် အတက်ခ် ခံရသော မောင်နှမ များ အနေနဲ့ သဘောထားကြည်ဖြူစွာနဲ့ ရေးပေးပါလို့........
ဆန္ဒပြုရင်း
  1. ကြယ်ဖြူစင်
  2. နေဒေးသစ် (သစ် ကျန်သေးတယ်)
  3. မေတ္တာရောင်ပြန် (ပြီး)
  4. ဖိုးစိန် (ပြီး)
  5. အဆိပ်ခွက် ( ပြီး)
  6. ထာဝရကြယ်စင် (ပြီး)
  7. တောင်ပေါ်သား (ပြီး)
  8. ဂျပန်ကောင်လေး (ပြီး)
  9. ဝလုံးဝိုင်းဝိုင်း (ပြီး)
  10. ကောင်းကင်ပြာ (ပြီး)
  11. နေညိုရင့် (ပြီး)
  12. မြစ်ကျိုးအင်း
  13. မြူးသျှရီ (ပြီး)
  14. ဝသန်မိုး (ပြီး)
  15. ငွန်ငယ်မိုး
  16. ရှင်ရဲထွတ်
  17. ဖိုးဂျယ်

ခင်မင်စွာဖြင့်
ရီနိုမာန်

May 17, 2009

မွေးနေ့ အမှတ်တရ

မွေးနေ့ ကိတ်

အမှန်တကယ်က ၁၅ရက်နေ့က ညီမလေး မိုးခါး ရဲ့ မွေးနေ့ပါ။ အဲဒီနေ့ ကသူငယ်ချင်းတွေ အားလုံးကိုယ်စီ အလုပ်တွေနဲ့ ဆိုတော့ ဖုန်းနဲ့ တစ်မျိုး၊ Message နဲ့ တစ်သွယ် Wish လုပ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ၁၆ရက် စနေနေ့ မှာအားလုံးကို ဖိတ်ပြီး မကြီးရောင်ပြန် အိမ်မှာ KFC နဲ့ ဧည်ခံခဲ့ပါတယ်။ သို့ပေသိ ကျနော်တို့ ရဲ့ မကြီးရောင်ပြန် ကလည်း သူမ၏မောင်လေး ညီမလေးများအတွက် ခေါက်ဆွဲသုပ်နဲ့ လ္ဘဖက်သုပ်ကို ထပ်လောင်းစီစဉ် ထားခဲ့ပါတယ်။သိကြလား ဘယ်သူတွေလဲဆိုတာ ရှင်ရဲထွတ်ဖိုးဂျယ်သီဟသစ် နေးတစ်ဂျပန်ကောင်လေး ၊ မွေးနေ့ရှင် မိုးခါးအဆိပ်ခွက် ရီနိုမာန် မေတ္တာရောင်ပြန်တောင်ပေါ်သား


ကျနော်အရင်ဆုံး မကြီးတို့ အိမ်ကိုရာက်သွားပါတယ်။ ကျနော်ရောက်တဲ့ အချိန် ဘယ်သူမှ ရောက်မလာ ကြသေးဘူး ။ အားလုံးက On the way ပဲရှိကြပါတယ်။ ကျနော် ရောက်တော့ မကြီရောက်ပြန် ( ဦးရျင်ကြီး က ဒီလို ခေါ်တယ် “ ပြန်ပြန်” တဲ့) က အသုပ်အတွက် အားလုံးပြင်ဆင်ပြီးလို့ လ္ဘဖက်သုပ်ဖို့ အတွက် ဂေါ်ဖီ နဲ့ ခရမ်ချည်းသီး လှီးနေပါတယ်။ ခဏနေတော့ အဆိပ်ခွက် ၊ ဂျပန်ကောင်လေး နဲ့ ကြယ်ဖြူစင် ရဲ့ ညီမလေး တို့ရောက်လာကြပါတယ်။ သူ့တို့ရောက် သိပ်မကြာလိုက်ဘူး တောင်ပေါ်သား၊ ရှင်ရဲထွတ်၊ သီဟသစ်၊ နေးတစ်၊ ဖိုးဂျယ် နဲ့ မိုးခါးတို့ သူငယ်ချင်းနှစ်ရောက်လာကြပါတယ်။ အားလုံး လူစုံတက်စုံပါပဲ။ မရောက်လာကြသေး တာကတော့ ကြယ်ဖြူစင် နဲ့ စနေသား။ ကြယ်ဖြူစင်လည်း သူ့မှာ အလုပ်သာလုပ်နေရတာ စိတ်ကတော့ ကျွန်တော်တို့အဖွဲ့ ဆီကိုရောက်နေတာအမှန်ပါ။ ခဏနေ ဖုန်းခေါ်လိုက် ခဏနေ Message ပို့လိုက် ခဏနေ ပေါင်းမြှောက်များစွာနဲ့ သူ့ခများရာက်လာခဲ့ပါတယ်။ ကြည်ဖြူစင်ရောက်ပြီး အကြာခင်မှာပဲ စနေသား ကျောင်းကနေ ရောက်လာပါတယ်။
ဖိုးစိန်က ပြောတဲ့ စကတ် နဲ့ လှတယ်ဆိုတဲ့ မကြီးရောင်ပြန်
ဖိုးစိန်က ခုထိ ပန်ကန် မချသေးဘူးလို့ ဆိုတဲ့ ဂျပန်ကောင်လေး နဲ့ အဆိပ်ခွက်
နောက်ကျနေပြီး ကုန်တော့မှာပဲ လို့ စိုးရိမ်နေတဲ့ ကြယ်ဖြူစင် ၊ မိုးခါး ၊ မိုးခါးသူငယ်ချင်း ၊ ကြယ်ဖြူ ညီမလေး နဲ့ မကြီးရောင်ပြန်
B Day Card မှာ အမှတ်တရ လက်မှတ် ထိုးထားကြတယ်။
ခေါက်ဆွဲသုပ် ကိတ်မုန့် အအေး
ခေါက်ဆွဲ သုပ်ရန် ပြင်ဆင်နေပုံ



မျက်လုံးပြူး လျှာထုတ် ခေါင်းကုတ် နေတာ ဘယ်သူလို့ ထင်လဲ အဲ့ဒါ ပေါ့................ဖိုးစိန် ဆိုတာ


ကဲ ကျနော်တို့ ရဲ့ မွေးနေ့ပွဲ အစီအစဉ် လေးကို စလိုက်ကြရအောင်။ မွေးနေ့ကိတ်လှီး တဲ့ အချိန်မှာ ကြယ်ဖြူစင် နဲ့ စနေသား တို့ မရောက်လာကြသေးပါဘူး။ မစခင်လေးမှာတင် ဆိုက်ပရက်ခ် က ဖိုးစိန် ရောက်လို့လှမ်းခေါ်နေပါပြီ။ သူ့ကိုပါ တစ်ခါတည်းခေါ်ပြီး Happy Birthday လေးကို စတင်လိုက်ကြပါတယ်။ ကြယ်ဖြူစင်ရောက်လာတော့ တခါ ကွန်ပြုတာ တစ်လုံးထပ်ဖွင့် မော်စကို က မောင်ငယ်ပါရောက်လာပါတယ်။ ဟိုဘက်ပြောလိုက် ဒီဘက်ပြောလိုက်၊ စားလိုက်သောက်လိုက်နဲ့ပေါ့။ တကယ့်ကို ပျော်စရာကြီးပါ။

ပြီတော့ ဘာလုပ်တယ်မှတ်လဲ (......) ရိုက်ကြတယ်လေ။ အဲဒီအချိန်မှာပဲ သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့ မိုးခါးနဲ့ ပန်ပန် ရယ် လေဆိပ်မှာ သူငယ်ချင်းကိုကြို စရာရှိတဲ့ ကျနော်ရယ် က မပြန်ချင်ပဲ အားလုံးကို နှုတ်ဆက်ပြီး ထွက်လာခဲ့ရပါတယ်။

ညီမလေး မိုခါး မွေးနေ့ ကို ဘာမှအမှတ်တရ မပေးရသေးတာနဲ့ ဒီပိုစ့်လေးနဲ့ အတူ အစ်ကို လေဆိပ်သွားရင် ပန်းတွေကိုတွေ့လို့ ရိုက်လာတဲ့ ပုံတွေကို အမှတ်တရ မွေးနေ့ လက်ဆောင်အဖြစ် တင်ပေးလိုက်ပါတယ်။ ပျော်ရွှင်ပါစေ ညီမလေး မိုးခါးရေ...............................
မွေးနေ့လက်ဆောင် (၁)
မွေးနေ့လက်ဆောင် (၂)
မွေးနေ့လက်ဆောင် (၃)
မွေးနေ့လက်ဆောင် (၄)
မွေးနေ့လက်ဆောင် (၅)




May 15, 2009

American Idol season 8



စိတ်မကောင်းစွာနဲ့ နှုတ်ဆက်လိုက်ပါတယ် Danny Gokey ရေ............
အမှန်ကတော့ မင်းလည်း သီချင်းဆိုကောင်းတဲ့ အဆိုတော် တစ်ဦးပါပဲ။
သို့ပင်မဲ့ မင်းရဲ့ ပထမသီချင်းမှာ ပရိသတ်ကို လုံးဝ ဆွဲဆောင်မှု မရှိခဲ့ပါဘူး
ဒုတိယ သီချင်းမှာလဲ မင်းအသံနဲ့ လိုက်ဖက်ပင်မဲ့ သိပ် မဆွဲဆောင်ခဲ့ပြန်ပါဘူး
မင်းရဲ့ Idol သမိုင်းမှာ ထွက်ရမဲ့ သုံးယောက်စရင်း မှာ မင်းနာမည် ကို တစ်ခါမှ
မတွေ့ခဲ့ရပါဘူး။ ဘယ်သူမှလဲ မင်းကို ထင်မထားပါဘူး။ ဒိုင်းဖြစ်တဲ့ KARA ဆို
oh.. my god Oh .. my god ဆိုပြီး ဘုရားတနေတော့တာပဲ။ သူမလည်း တွေး
ထားမှာပဲ Adam လောက် မကြိုက်ပင်မဲ့ Final တော့မင်းကို ပါဝင်စေချင်မှာပေါ့။
ဘာပဲပြောပြော American Idol (8) ရဲ့ အမှတ်တရမှတ်တိုင်လေးပါပဲ။


American Idol (8) ရဲ့ နောက်ဆုံး တစ်ပတ် ဖြစ်တဲ့ Final ကို နာမည်ကြီး တွေစုဝေးရာ
ဖြစ်တဲ့ Hollywood မှာ ကျင်းပမှာဖြစ်ပါတယ်။ USA မှာဆိုရင်တော့ အင်္ဂါနေ့ မှာ
ပြိုင်ပွဲ ဝင်ရမှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ဘယ်သူများ သရဖူဆောင်မလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။

စင်ကာပူမှာ ဆိုရင်တော့ ဗုဒ္ဓဟူး နေ့ နဲ့ ကြာသပတေး နေ့ တွေမှာ ကြည့်ရှုခံစားနိုင်မှာဖြစ်ပြီး မလေးရှား မှာဆိုရင်တော့ ကြာသပတေး နေ့ နဲ့ သောကြာနေ့ တွေမှာ ကြည့်နိုင်ပါတယ်။

Adam နဲ့ ယှဉ်ရင်း Kris က ဘယ်လိုမှ မနိုင်ဘူးဆိုတာ အသိသာကြီးပါ။ ဒါပင်မဲ့ Danny နဲ့ Kris ယှဉ်ရငDanny သာ Final တက်မယ်လို့ ထင်ထားခဲ့ ချိန်မှာ Kris က ပထမဆုံး Final ကို ပန်းဝင်ခဲ့ပါတယ်။ဒါကြောင့် Kris သည်လည်း Adam ရဲ့ ယှဉ်ပြိုင်ဖက် ဖြစ်လာခဲ့ပါပြီ။

ကျွန်တော်တို့တွေ ထိုင်စောင့် ကြည့်ယုံ ကလွဲပြီး ဘာမှ မတက်နိုင်ပါဘူး။ဒါကြောင့် ကျွန်တော် သူငယ်ချင်းများ ကို နောက်ဆုံး Final Show ကို ကြည့်စေချင်လို့ ခုလိုမျိုး အသိပေးရခြင်းပါဗျာ။ဂီတ ကို နှစ်သက်သူများ ကျေနပ်နိုင်မယ်လို့ မျောလင့်မိပါတယ်။




ထားခဲ့ဖူးသောရည်းစားများ ( Tag ပိုစ့် )

ကျနော်အတွက် ဒါပထမဆုံး အတက့်ခ်ခံရသော တက့်ခ်ပိုစ့် လေးဖြစ်ပါတယ်။ ခေါင်းစဉ်ထဲက စကားလုံးအတိုင်း ရေးရမယ်ဆိုရင်တော့ ရေးစရာဘာမှကို မရှိတာပါ (အဲလောက်ကို စွံတာပါ) ။ မကြီးရောင်ပြန် နဲ့ ညီမ မိုးခါး ကိုမေးတော့ လုံးဝမရေးဘူးတဲ့လေ။ ဒါနဲ့ ကျနော်လည်း အဖော်ရှိတယ်ဆိုပြီး ဒီပိုစ့်လေးကို တက်ခ့်ထားတဲ့ ညီလေး ဂျပန်ကောင်လေး (ခ) ပန်ပန် ကို ရှော့ရှော့ပေါ့ပေါ့ လုပ်ဖို့ ပြောကြည့်ပါသေးတရ်။

ညီလေး ပန်ပန်ကလည်း ကြည်ကြည်ဖြူဖြူ နဲ့ ကို လက်ခံ အကြောင်းပြန်ခဲ့ပါတယ်။ “ ရဝူး” တဲ့။ ကဲထူးတော့ပါဘူး။ ကိုယ့်ပေါင်ပဲ ကိုယ် ထောင်းရထောင်းရ မထူးတဲ့ အဆုံးတော့ ထောင်းရတော့မှာပါပဲ။

ကျနော်မှာ ငယ်ငယ်လေးကတည်းက အတွေးတစ်ခုရှိတယ်ဗျ။ အဲဒါက ဘာလည်းဆိုတော့ ချစ်သူ၊ ကြိုက်သူ၊ လက်ထက်သူဟာ တစ်ယောက်ထဲပဲ ဖြစ်ချင်ခဲ့တာ။ ဆန္ဒနဲ့ ဘဝက ထပ်တူမကျခဲ့ဘူး။ ဘာလို့ဆိုတော့ အဖေက ဝန်ထမ်းလေ။ ဟိုပြောင်း ဒီရွှေ့နဲ့ ဘယ်မှာလာလို့ တစ်ယောက်ထဲ ဖြစ်တော့မှာလဲ။ ဟိုနေရာရောက်လဲ ချစ်၊ကြိုက်၊ ထက် တစ်ယောက်တည်း ဒီနေရာရောက်လည်း ချစ်၊ ကြိုက်၊ ထက် တစ်ယောက်တည်းဖြစ်နေတော့ တာပေါ့ဗျာ။ အဖေ ပြောင်းတာက ကိစ္စမရှိဘူး။ ကျနော် ဘဝ တေမိ ဘဝကို ခဏခဏ ရောက်ရပါတယ်။


ငယ်ငယ်တုန်းကတော့ မမှတ်မိတော့ဘူး။ ၆တန်၊ ရတန်း ၊ ဂ တန်းတုံးကတော့ သုံးနှစ်လုံး ဆက်တိုက်တွဲ ခဲ့တဲ့ ကောင်မလေး တစ်ယောက်ရှိတယ်။ဆရာ၊ ဆရာမ တွေနဲ့ တစ်ကျောင်းလုံး သိပေါ့။ ကျနော်တို့ အရမ်းကို ရင်းနှီးခဲ့ကျတယ်။ ကျနော်ကို အရမ်းခင်တဲ့ ဆရာမကတောင် သတိပေးရတဲ့ အထိပါ။ (စိတ်လေသွားမှာ စိုးရိမ်လို့ပါ) ၈တန်းအောင်တော့ ကျနော်တို့ တစ်တွေ ကွဲသွားကြတာ အခုချိန်ထိ ပဲဆိုပါဆို့။ ပြန်မတွေ့တော့ဘူး။

အဲ့လိုနဲ့ အေးအေးဆေးဆေး ပဲနေလာတာ ဆယ်တန်း ဒုတိယနှစ်မှာ တစ်စခန်းထလာပြန်ပါရော။ သူမက အမျိုးတွေနဲ့ အခြားမြို့မှာနေတာ။ ကျောင်းကြီးပိတ်ရင်း သူမ အဖေ တာဝန်ကျတဲ့ ကျနော်တို့မြို့ကို လာလည်နေကျ။ အရင်းက အဲ့လောက်သတိမထားမိဘူး။ ဟော့ သတိထားမိလို့ လှုပ်ရှားမယ် ကြံခါရှိသေး ကျနော်တို့ အဲ့ဒီမြို့လေးကနေ အပြီးပြောင်းသွားရပြန်ပါတယ်။ ဒါ တေမိ (၂) နော်။ တေမိ (၃၊၄၊၅) ကိုတော့ ရင်ထဲမှာ မရှိလို့ ကြွားပြီ ရေးမနေတော့ပါဘူး။

ဒီကြားထဲ ဒီကောင်ကြီးစွံ လိုက်သေးတယ်ဗျာ။ ကောင်မလေးက စကြိုက်တာ။ ဒီလိုအဖြစ်မျိုး နောက်ထပ် နှစ်ခါလောက် ကို ကြံဖူးတယ်။ ကျနော်ကလည်း ချစ်ကြိုက်ထက်မှ ချစ်ကြိုက်ထက်ဆိုတော့ ခက်ဘူးလား။ ဘယ်လိုမှကို ခံစားလိုမရတာ။ Let's be Friends ပေါ့။ (၁) က ကျောင်းဆရာမလုပ်နေတယ် ရှမ်းပြည်မှာ (၂) က ရည်းစားများတုံးပဲ (၃) က ကျနော်ကို ချစ်လို့တဲ့ ယောက်ကျားယူသွားပြီ။

အဲလိုနဲ့ မလေးတောထဲမှာ သုံးနှစ် သွားနေခဲ့တယ်။

ဪ ခက်ပြီ။ ဆက်ရေးဖို့ ဘာမှမရှိတော့ဘူး။ လက်ရှိ အခြေအနေကိုတော့ လှုပ်ရှားစဲ ကာလအဖြစ် သက်မှတ်ထားပါတယ်။

ကဲ ညီလေး ပန်ပန်ရေ။ ဒီလောက်နဲ့ပဲ ကျေနပ်ပေးပါလို့။ စိတ်ကူးရင်း မဟုတ်ပဲ လက်တွေ့တွေရေးနေ၇တော့ လုပ်ကြံဖန်တီးထားတာလုံးဝ မပါ အဖွဲ့ အနွဲ့ မရှိ ရိုးရိုးသားသား ရေးသာထားခြင်းဖြစ်ပါတယ်။ ကျေနပ်ပေးလိမ့် မယ်လို့ မျောလင့်မိပါတယ် ညီလေး ဂျပန်ကောင်လေး (ခ) ပန်ပန် ရေ..............................

ခင်မင်စွာဖြင့်
Ree Noe Mann

ကြုံတုန်းလေ သယ်ရင်း ဖိုးစိန်
ကိုနေညိုရင့်
ကို မြစ်ကျိုးအင်း
ညီလေး ဖိုးဂျယ်
ညီလေး အိုက်ခီလောက်
ညီလေး ဝသန်မိုး
ညီ ဖြိုးဇာနည် နှင့်
သားကြီး တို့ ကို တဆက်တည်း Tag လိုက်ပါတယ်ကွာ။



May 14, 2009

ဒဏ်ရာချိုချို

မင်းကြောင့် ....အစားထိုးမရတဲ့
ခံစားမှုတွေ
နှလုံးသားမှာရှိခဲ့တယ်။
မင်းကြောင့် ......အတားအဆီးမဲ့
မျက်ရည်မိုးတွေ
နှလုံးသားမှာရွာခဲ့တယ်။
မင်းကြောင့် .......အပ်ကြောင်းထပ်နေတဲ့
ဒဏ်ရာဒဏ်ချက်တွေ
နှလုံးသားမှာရှိခဲ့တယ်။
မင်းကြောင့် ............မကုန်နိုင်တဲ့
လွမ်းဆွတ်မှုတွေ
နှလုံးသားမှာရှိခဲ့တယ်။
မင်းကြောင့် ...............မရေရာတဲ့
ဘ၀လမ်းထဲ
ငါ တစ်ယောက်တည်း လျှောက်နေတယ်
ဒါပေမယ့် ချစ်သူရယ်..............
အရိုးသားဆုံး နှလုံးသားသားလေးနဲ့
မင်းကိုငါ... ချစ်နေဆဲ။ ။

ကဗျာပိုင်ရှင် - အဖြူရောင်နက်သမီး

May 13, 2009

မ .... ညညဆို ကျွန်တော့်အိပ်မက်တွေ အထီးကျန် (အပိုင်း -၂ ဇာတ်သိမ်း)

(၄)

မ ကျွန်တော့်ကို နားမလည်ခဲ့ဘူး။
နာကြည်းစွာနှင့် သူ တွေးသည်။ အနည်းဆုံးတော့ ကျွန်တော် မကို ဘယ်လောက်ချစ်သလဲဆိုတာ နားမလည်ဘူး။ သို့သော်လည်း အတွေးသည် အတွေးသာ ဖြစ်၏။ သူ့ရင်ထဲတွင် မည်သို့ခံစားရသည်ကို နှုတ်က ဖွင့်ပြောရန် အတွက်ကိုတော့ အမြဲတမ်း ၀န်လေးတတ်သည်။ မ နှင့်ပတ်သက်ရင် အရှုံးဟူသော စကားကို မေ့လျော့ထားခဲ့ရတာ ကာလ မည်မျှကြာပြီလဲ။ အခုမှ မဟုတ်ဘူး။

သူ ထိုင်တတ်သော လက်ဖက်ရည်ဆိုင်ရှေ့မှ ခေါင်းငုံ့ ဖြတ်လျှောက်သွားတတ်သည့် ငယ်နုသော အသက်အရွယ်နှင့် မလိုက်အောင် တမင်ကြီးရင့်ပုံဖမ်း ထားသော မမတစ်ယောက်ကို စတွေ့ကတည်းကပေါ့။ ထိုစဉ်ကတော့ သူသည် မ ပြောတတ်သည့် တန်ဖိုးဟူသောစကားလုံးကို ကောင်းစွာ နားမလည်သော ပေါ့သွမ်းသွမ်း ကောင်လေးတစ်ယောက် ဖြစ်ခဲ့သည်။ (အခု အချိန်မှာ သူနားလည်သည်ကလည်း မ သူ့ဘ၀တွင် ရှိခြင်းနှင့် မရှိခြင်း၏ ကွဲပြား ခြားနားသော တန်ဖိုးသာဖြစ်သည်)

အချစ်နှင့် ပတ်သက်သော ဝေဒနာခံစားရသူများကို လှောင်ပြောင်တတ်စဉ်ကတော့ ထိုဝဋ်သည် ကြီးစွာလည်လိမ့်မည်ဟု သူ မတွေးခဲ့ဖူးတာ သေချာ၏။ ဘယ်လို မိန်းကလေးနှင့်မှ ဘယ်လို အခြေအနေမျိုးကိုမှ ရင်မခုန်ခဲ့ဖူးသော သူသည် မ မျက်နှာလေးကို တစ်ရက်မမြင်ရရင် မနေတတ်မထိုင်တတ်ဖြစ်သော အခါ ကိုယ့်ကိုယ်ကိုပင် ပြန်အံ့သြယူရသည်။ မ ဘေးတွင် ၀ိုင်းဝိုင်းလည်နေသည့် သူ့ထက်လည်း အစစအရာရာ ပြည့်စုံသူများကြားမှ သူ့ကို ရွေးချယ်ခဲ့သည့် အတွက်တော့ မမကို အမြဲ ကျေးဇူးတင်ခဲ့ပါသည်။ မမနဲ့ ချစ်သူဖြစ်ခွင့်ရခဲ့သော ကာလတိုကလေးသည် သူ့ဘ၀၏ အရေးကြီးသော အစိတ်အပိုင်း တစ်ခုဖြစ်သည်။ မနှင့် သူ့ကြားက အတွေးခေါ် အယူအဆတွေ သည်မျှဆန့်ကျင်နေလိမ့်မည်ဟု မသိသေးခင်အချိန်ထိပေါ့။
T
သူ ဆံပင်အရှည်ထားတာ မ မကြိုက်။ သူကြည့်သော စိတ်ကူးယဉ် အချစ် ဇာတ်လမ်းများကို မ မကြိုက် (မ က နည်းနည်းမှ စိတ်ကူး မယဉ်တတ်သူ ဖြစ်သည်) Simple Plan ကို မကြိုက်။ မိုခကို မကြိုက်။ ကျွန်တော့်ကိုပင် မမ ကြိုက်ပါရဲ့လား။ အတူ လမ်းသွားရင်း မ လက်ကလေးကို ကိုင်ထား ခွင့်မရသည့်အခါ ကသိ ကအောက် ဖြစ်ရသည့် ခံစားချက်ကို မမ နားလည်မည် မဟုတ်။

သူနှင့် မ အကြောင်းကို မသိသော မ သူငယ်ချင်းများ နှင့် လမ်းမှာဆုံစဉ်က မောင်လေးပါဟုပြောပြီး မိတ်ဆက် ပေးခဲ့တော့ သူ့ရင်ထဲတွင် ဘယ်လို ခံစားခဲ့ရသည်ကိုလည်း မ ဘယ်တော့မှ လက်ခံလိမ့်မည်မဟုတ်။ ပြောမိလျှင်ပင် သူက အသေးအမွှား လေးတွေကိုပင် ပြဿနာရှာ တတ်သူ၊ အရေးမပါသည့် အရာတွေကို ရှေ့တန်းတင် တတ်သူဖြစ်ရပြန်သည်။ တစ်ခါတလေတော့ သူ့ကို မ ဘာကြောင့်များ ရွေးချယ်ခဲ့ပါသနည်းဟု နားမလည်နိုင် ဖြစ်ရတတ်သည်။ သူ့ထံတွင် မ နှင့် မ သူငယ်ချင်းတွေ အများစု ရှေ့တန်းတင်ကြသော ဘွဲ့ထူး ဂုဏ်ထူးတွေ မရှိ။ လေးစားလောက်သော တည်ငြိမ်မှု မရှိ။ သူ့မှာရှိသည်က မကို သိပ်ချစ်သည့် အချစ်တစ်ခုတည်း။ အဲဒီ အချစ်အတွက်နဲ့ပဲ ကျွန်တော့်ကို ရွေးချယ်ခဲ့တာလို့တော့ ကိုယ့်ကိုယ်ကို အထင်မကြီးရဲတာ အမှန်ပါမမ။ သူငယ် ချင်းများ၏ တိုက်တွန်းမှုဖြင့် စကော်လာတစ်ခုကို လျှောက်ခဲ့စဉ်က မ ကို အသိပေးဖို့ သူ စိတ်ကူးမရခဲ့ပေ။ ဘယ် အသိပေးရဲပါ့မလဲ။ ရရင် တော်သေးရဲ့။
မရခဲ့လျှင် တုံ့ပြန်မည့် စကားလုံးများ၏ ပြင်းထန် စူးရှမှုကို သူ ကြိုသိသည်။ ကံကောင်းထောက်မစွာ သူ အောင်သွားတော့လည်း မ ကို အသိမပေးဖြစ်သေး။ အဓိက ကတော့ မ နှင့် နှစ်နှစ်တာ ကာလရှည်တစ်ခုလုံး ခွဲနိုင်လိမ့်မည်ဟု သူ့ကိုယ်သူ မယုံကြည်တာကြောင့် ဖြစ်သည်။ ထိုအချက်ကလေးသည် ကြီး မားသော ပြဿနာတစ်ခု အဖြစ် မ နှင့်ကျွန်တော့်ဘ၀ ကို ပြင်းပြင်းထန်ထန် လောင်ကျွမ်းစေလိမ့်မည်ဟု ကျွန် တော် ဘယ်တွေးမိခဲ့ပါ့မလဲ မ ရယ်။
မမတို့ မိန်းမတွေရဲ့ ရှုပ်ထွေးဆန်းပြားတဲ့ အတွေးအခေါ် အယူအဆတွေကို ကျွန်တော် ဘယ်နားလည်ခဲ့ပါမလဲ။

(၅)

"အဲဒါ အမှန်ပဲလား"

ဟု သူမ မေးသောအခါ မောင်ပြုံးသည်။
ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိသောအခါ ပြုံးသော အပြုံးဖြစ်၏။ ပါးချိုင့်ကလေး တစ်ဖက် ခွက်ဝင်သွားကာ သွားတန်းကလေးများ လက်ခနဲပေါ်လာသည့် ချစ်စရာ ကောင်းလှသော မောင့်အပြုံးတွင် သူမဒေါသများ အကြိမ် များစွာပျော်ဝင်ခဲ့ဖူးသည်။ ဒီ တစ်ခါတော့ မရတော့ဘူး မောင်။

"မောင် မေးနေတယ်လေ"

"အင်း... ဟုတ်တယ်။ ဒါပေမယ့် ကျွန်တော်က အားလုံးပြီးတော့မှ မ ကို အသိပေးမလို့ စီစဉ်ထားတာ"

"တော်စမ်းပါ။ ဒီ ကိစ္စက ရုပ်ရှင်သွားကြည့်ဖို့ လက်မှတ်ကြိုဝယ်ထားတဲ့ ခပ်ပေါ့ပေါ့ ကိစ္စမျိုးမဟုတ်ဘူး မောင်ရဲ့။ ဘ၀တစ်ခုလုံးရဲ့ အပြောင်းအလဲ။ ကိုယ့်ကို နည်းနည်းပါးပါး တိုင်ပင်ဖို့ စိတ်ကူးမရဘူးလား"

"ဟာကွာ မကလည်း၊ မ မတားလောက်ဘူးဆိုတာ ကျွန်တော်သိတာပဲ"

ကြည့်စမ်း၊ မောင် သူမ ကို သိပ်အထင်သေးခဲ့ပါလား။
ငွေကြေးနဲ့ ဂုဏ်ဒြပ်တွေ ကလွဲလို့ ချစ်သူနဲ့ နှစ်ကာလ ရှည်ခွဲရမည့် အရေးကိုပင် နည်းနည်းမှထည့်မတွက် လောက်ဘူးလို့ တစ်ထစ်ချ ယုံကြည် ထားခဲ့သည်လား။

"မင်းကို မတားဘူးဆိုတာတော့ သေချာတယ်။ ဒါပေမယ့် ကိုယ့်ကိုယ် အသိပေးသင့်တယ်လို့ ပြောနေတာ။ ကိုယ့်ရည်းစား ဘာလုပ်နေတယ်ဆိုတာ ဘေးသူစိမ်းလာပြောမှ သိရတဲ့အဖြစ်ဟာ ဘယ်လောက် ရင်နာစရာ ကောင်းသလဲဆိုတာ မင်းသိရဲ့လား။ ပြောပြရင်လည်း နားလည်မှာ မဟုတ်ဘူး။ ကိုယ်ကပဲ အပြစ်မရှိ အပြစ် ရှာရစ်တတ်တယ်လို့ အစွပ်စွဲခံ ရဦးမယ်။ ဒီမှာ မင်းရှေ့မှာ ရပ်နေတဲ့မိန်းမဟာ မင်းပြောလာမယ့် Surprise ဆိုတဲ့အသံမှာ ဘာလုပ်လို့ ဘာကိုင်ရ မှန်းမသိဘဲ အူကြောင်ကြောင် ကျန်ခဲ့မယ့် သူမျိုး မဟုတ်ဘူးဆိုတာ မှတ်ထား လိုက်စမ်း ညီသစ်ဆင်း"

"မ ဘာဖြစ်လို့ ဒီ လောက်တောင် ဒေါသကြီး နေရတာလဲ။ ကျွန်တော် မ ကို ဖွင့်မပြောဖြစ်သေးတာ Surprise လုပ်ဖို့မဟုတ်ဘူး။ ပြောဖို့ မရဲသေးလို့ အဲဒီ လောက်အချိန်အကြာကြီး မနဲ့ မခွဲနိုင်လို့။ ကျွန်တော်နဲ့ ပတ်သက်လာရင် ဘာလို့ အဲဒီလောက် အရှုံးအနိုင် တွက်ရတာလဲ။ ကျွန်တော့်ကို မချစ်ဘူးလား"

မောင်က သူမကို ထွေးပွေ့နှစ်သိမ့်ရန် ကြိုးစားသော်လည်း ချက်ချင်းပင် ရုန်းထွက်ပစ်လိုက်၏။ မောင် မျက်နှာကလေး ငယ်သွားတော့ အနည်းငယ် သနားသွားသော်လည်း မောင် သူမကို ဖုံးကွယ်ထားသည့် ကိစ္စကို လာပြောစဉ်က သူမသူငယ်ချင်း၏ နှုတ်ခမ်းပေါ်မှာ ချိတ်တွယ်ထားသည့် သရော်မော်ကား အပြုံးကို ပြန်သတိရသွားတော့ သူမသွေးများဆူပွက် လာကြပြန်သည်။

"ကိုယ်ပြောဖူးသလား၊ မင်းကိုချစ်ပါတယ်လို့ ကိုယ် ပြောခဲ့ဖူးသလား"

အသားအရေ ပါးလျား ကြည်လင်သော မောင့်မျက်နှာတွင် ဖြတ်ရိုက်ခံလိုက်ရသလို နာကျင်ရိပ်ဖြင့် နီရဲသွားတော့ သူမစကားလွန်သွားပြီဟု ရိပ်မိသွားသည်။ မောင်က သူမမျက်နှာကို မယုံ နိုင်သလိုကြည့်၏။

အို... မဟုတ်ဘူး မောင် ရယ်။ ကိုယ် မပြောသင့်ဘူး နော်။ အသံမထွက်သော ရင်ထဲက စကားတွေကို မောင် ဘယ်ကြားပါ့မလဲ။ လှည့်ထွက်သွားသော မောင့်ကို စကားတစ်ခွန်ဖြင့်ဖြစ်စေ တောင်းပန်သင့်သော်လည်း သူမနှုတ်ခမ်းများ တင်းတင်း စေ့လျက်သာ ရှိနေခဲ့သည်။ မခွဲနိုင်ဘူးတဲ့လား မောင်။ ကိုယ့်ကို မခွဲနိုင်ဘူးဆိုတဲ့ မောင်ကပဲ စကားလေး တစ်ခွန်းအတွက် နှစ်ပေါင်းများစွာ ထားခဲ့ရက်သလား။

မင်းကိုချစ်တယ်လို့ ပြောခဲ့ဖူးသလားတဲ့။ ဟုတ် မှန်ပေမယ့် သိပ်ရက်စက်တဲ့ စကားဖြစ်ခဲ့သည်။ မ ပြောတာ သိပ်မှန်ပါသည်။ မ အရယ်အပြုံး၊ စကားတွေကို သာယာနေသမျှ အဲဒါတွေရဲ့ အဖြေကို အချစ်လို့ ကျွန်တော် ထင်ခဲ့သည်။ အချစ်စစ်ဆိုတာ စကားလုံးတွေနဲ့ ဖော်ကျူးစရာ မလိုပါဘူးလေလို့ ကျွန်တော် ယုံခဲ့သည်။

နောက်ဆုံးတော့...။ နောက်ဆုံးတော့ စကားလုံး တစ်လုံးအကြည့် တစ်ချက်နဲ့တောင် မကို ပြန်လည်မချေပရဲတဲ့ ကျွန်တော် ဟိုးအဝေး ကြီးကိုလွင့်ခဲ့သည်။ တွေးတောရင်းဖြင့် ခေါင်းကို စိတ်ပျက်ညည်းညူစွာ ခါယမ်း ပစ်လိုက်သောအခါ မက သူ့ကို နားမလည်နိုင်သလိုကြည့်၏။ နှစ်ပေါင်းများစွာ သူ့ နှလုံးသား တစ်ခုလုံးတွင် နေရာ အပြည့်ယူထားနိုင်ခဲ့သော မိန်းမတစ်ယောက် အဖြစ် ကျေနပ်စွာ လက်ခံနိုင် လောက်အောင် မက လှပဆဲ ဖြစ်သည်။ ကော့တေးခွက် ပေါ်တွင် တင်ထားလက်စ ဖြစ်သော သံပရာသီးစိတ်ကလေးကို လက်လှမ်းမိသော အခါ မက တားသည်။

"ရပါတယ် ကိုယ် မသောက်ချင်သေးဘူး"

ရှေ့မျက်နှာစာမှ မြင်နေရသော စားပွဲထက်သို့သာ စိုက်ကြည့်လျက် ပြောစရာစကား များရှားပါးသွားပြန်သည်။ တစ်ခုခုပြောရန် အားယူလိုက်တိုင်း တင်းတင်းစေ့ထားသော မ နှုတ်ခမ်းများကို မြင်ရသောအခါ စကားလုံးများ ပျောက်ဆုံးကုန်သည်။ မ ကို ပြောပြချင်သော စကားများ ရင်ထဲတွင် ရှိသော်လည်း ဘယ်နေရာက စရမည်မှန်း မသိအောင် ပြည့်ကျပ်နေသည်။

"အဆင်ပြေရဲ့လား"

"ဘာကိုပြောတာလဲ"

သူ့အား ပြန်လည်မေး ခွန်းထုတ်သည်ကို မကြိုက်ဟန်ဖြင့် မျက်မှောင်ကြုတ် ကြည့်သောဟန်သည် ဆရာမ တစ်ယောက်အဖြစ် အသား ကျခဲ့သော မ၏ ကိုယ်ပိုင်ဟန် ဖြစ်သည်။ တကယ်တော့ ကျောင်းသား တစ်ယောက်မှာလည်း မရှင်းတဲ့ သင်ခန်းစာ တွေအတွက် ပြန်ပြီးမေးခွန်း ထုတ်ခွင့်ရှိတာပဲမဟုတ်လား။ သူ၏ ကလန်ကဆန်လုပ်လိုသော စိတ်ဓာတ်က ပြန်ပြောရန် တွန်းအားပေးသော်လည်း မ မျက်နှာပေါ်မှ အပြုံးကို ခဏဖြစ်ဖြစ် ထပ်မြင်ချင် သေးသော စိတ်ဓာတ်က အနိုင် ရသွားသည်။

"မဟုတ်ပါဘူး။ ကျွန်တော် တကယ်မရှင်းလို့ပါ"

"အစစအရာရာပေါ့"

"အဲဒီလိုဆိုရင်တော့ တစ်ခုကလွဲလို့ အားလုံး အဆင်ပြေပါတယ်"

သူ၏ ဆိုလိုရင်းကို သဘောပေါက် နားလည်ဟန်ဖြင့် မ ပြုံးပြန်သည်။ ဘာ ဟန်ဆောင်မှုမှ မပါဘဲ ပြုံးရယ်လိုက်လျှင် အလွန်လှသော မရဲ့နှုတ်ခမ်းတွေက ဘာကြောင့်များ အမြဲတမ်း တင်းစေ့ထားခဲ့ပါသလဲ မမ။

ဖန်ခွက်ကို ကိုင်ကာ လက်သည်းနှင့် အကြောင်းမဲ့ ကုတ်ခြစ်နေသော မ လက်သွယ်သွယ်ကလေးတွေကို ဆွဲယူ နမ်းရှိုက်ပစ်လိုက်ချင် စိတ်ကိုချုပ်တည်း လိုက်သော အခါ သူ့ရင်ထဲမွန်းကျပ်လာ သည်။ ဒီဝေဒနာဟာ မ နဲ့ ပတ်သက်မှ ပထမဆုံးခံစား ဖူးသောဝေဒနာဖြစ်သည်။ ချစ်သူ သက်တမ်းတစ်လျှောက်လုံး မ လက်ကလေးကို လူလစ်ရင် ဆုပ်ကိုင်ထားခွင့်မှအပ ဘာမှမရခဲ့သော သူ့ကို သူငယ်ချင်းများက လှောင်ပြောင် ရယ်မောတတ်သည်ပဲ။ ဈေးသွားရန် အဖော်လိုသည့်အခါ၊ ညဥ့်နက်သန်းခေါင် ကျူရှင်မှ ပြန်ရသည့် အခါတွေမှာ ဖုန်းဆက် ခေါ်လိုက်တိုင်း တစ်ခေါက် တစ်ခါမှမငြင်းမိဘဲ အမြဲတမ်းရောက်လာခဲ့တဲ့ ကောင်ကို မ နှလုံးသားရဲ့ ဘယ်နေရာမှာ မ ထားခဲ့ပါသလဲ။ ဘယ်အခွင့်အရေးမှ မတောင်းဆိုခဲ့ဖူးဘဲ မ ပြောသမျှ အမြဲခေါင်းညိတ် နားလည်ပေးခဲ့တဲ့ ကျွန်တော့်ကို ဒီလောက် ရက်စက်ခဲ့တဲ့ မ ကို နည်းနည်းလေးမှ မုန်းမေ့လို့မရတဲ့ အဖြစ်ဟာ ဘယ်လောက် ရယ်စရာကောင်းတဲ့ အဖြစ်ပါလဲ။ ဒီလိုနဲ့ပဲ... ဒီလိုနဲ့ပဲ မရယ်...။

"အိုကေ၊ ဘာမှပြော စရာမရှိရင် ကိုယ်ပြန်တော့မယ်"

"............"

"ကျွန်တော်..."

မှန်တံခါး အပြင်ဘက်ရှိ မြင်ကွင်း အလွန်ေ၀၀ါးနေတာ မိုးတွေ သည်းနေသောကြောင့်ပဲ ဖြစ်နိုင်ပါသည်။

-------------------------------ပြီးပါပြီ-----------------------------------------

တိုက်ဆိုင်လို့ မဟုတ် နှစ်သက်လို့ အောက်တိုဘာ ၂၀၀၈ ရွှေအမြုတေး မဂ္ဂဇင်းကနေ ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။

မ .... ညညဆို ကျွန်တော့်အိပ်မက်တွေ အထီးကျန် (အပိုင်း -၁)

စာရေးဆရာ ဝေဟံ ရေးသော ဝတ္တုတိုဖြစ်ပါတယ်။ ကျွန်တော်နှစ်သက်မိ၍ ပြန်လည်ခံစား ဖော်ပြပေးခြင်း ဖြစ်ပါသည်။

အမြှုပ်တွေ အပေါ်က ဖုံးလွှမ်းနေသဖြင့်သာ အငွေ့ မထွက်ဟန်ရှိသော ကော်ဖီတစ်ခွက်သည် သူမရှေ့တွင် (သူမလိုပင်) တိတ်ဆိတ်စွာ ရှိနေသည်။ အပြင်မှာ မိုးတွေ သည်းနေသောကြောင့် လည်းကောင်း၊ အနည်းငယ် စိုစွတ်နေသော အ၀တ်အစားများကြောင့် လည်းကောင်း၊ ချမ်းစိမ့် လာသော်လည်း ဘာကြောင့်မှန်းမသိ ကော်ဖီကို မသောက် ဖြစ်သေးချေ။ ဘာကိုများ စောင့်စားမိပါလိမ့်။ ကော်ဖီသောက်ခြင်း ဆိုတာဟာ သူမ တစ်ယောက်တည်း ဖြင့်ပြီးမြောက် နိုင်သောအရာပဲ မဟုတ်လား။


အမြဲတမ်းလိုလို နောက်ကျတတ်သော ယောက်ျား တစ်ယောက်ကို ဘာကြောင့်များ မိုက်မဲစွာ စောင့်နေမိပါသလဲ။ ဟင့်အင်း။ မောင့်ကို ဒီနေ့တွေ့ရမှ ဖြစ်မည်။ မောင် မရှိတဲ့ ကာလများအတွင်း မောင့်ကို သူမ မည်မျှ မြတ်နိုးခဲ့ကြောင်း သေချာလာခဲ့သည်။ မောင့် မျက်နှာလေးကို စိုက်ကြည့်ရင်းပြောဖို့ ရည်ရွယ်ထား သောစကားများစွာ သူမရင်ထဲမှာ ရှိပါသည်။ ဒါတွေဟာ သူမ ဆီပြန်လာဖို့ ဆွဲဆောင်တာမဟုတ်ဘဲ ရင်ထဲက စကားတွေသာ ဖြစ်ကြောင်း မောင် ယုံကြည်မယ် ဆိုရင်ပေါ့လေ။ တစ်ချိန်တုန်းကတော့ သူမ အမြဲလို ထိုင်တတ်သော ကော်ဖီဆိုင်တွင် သူမရှေ့မှ အမြဲလို နေရာယူပြီး စောင့်ကြည့်တတ်သော မျက်ဝန်းညို ညိုလေးများကို ဟက်ဟက် ပက်ပက် ရယ်မော ပစ်ခဲ့ဖူးသည်။ ကော်ဖီတစ်ခွက်ကို ရှေ့ချရင်း စာရေး စာဖတ်လုပ်ကာ စိတ်ထွက်ပေါက်ကို ရှာတတ်ကာစ အချိန်တွေတုန်းကတော့ ထိုမျက်ဝန်း ကလေးများသည် သူမကို မြတ်နိုးရိပ်များ တစ်ဖိတ်ဖိတ်လက် နေခဲ့ပါသည်။ ဆယ်စုနှစ် ထက်ဝက်စာ ကာလကြာပြီး နောက် ထိုမျက်ဝန်းလေးတွေ သူမအနားမှာ မရှိတော့တာ ကတော့ သင်္ခါရတရားပဲ ဖြစ်သည်။ ချိန်းထားသည့် အချိန်ကို ဆယ်မိနစ်ခန့် လွန်သွားသောအခါ မစောင့်သင့်တော့ပြီဟု စိတ်မြန်လက်မြန် ဆုံးဖြတ်ကာ ပြန်ရန် မတ်တတ် ထရပ်လိုက်လေသည်။ (မောင့်ကို သိပ်ချစ်သည်မှာ မှန်သော်လည်း အရှုံးအနိုင် တွက်တတ်တဲ့စိတ်က ကိုယ့် ရင်ထဲမှာ ရှိနေတုန်းပဲ)
ထိုစဉ်မှာပဲ သူမနောက်မှ ခပ်သုတ်သုတ် ၀င်လာသော ခြေသံနှင့်အတူ ရင်းနှီးပြီးသား မောင့်ကိုယ်နံ့ကလေးကို ရမိသည်။ စောစောက စိတ်တိုထားသော အရှိန်ဖြင့် မျက်နှာကို တင်းထားမိသော်လည်း မောင်နှင့် သူမကြားတွင် ထိုသို့သော ပတ်သက်မှုမျိုး မရှိတော့သည်ကို ရုတ်ချည်းသတိရသွားလေသည်။

(၂)

သူမနှင့် တွေ့ဆုံလျှင် ပြောမည်ဟု ကြိုတင် စဉ်းစားထားသော စကားလုံးများသည် အကြိမ်ကြိမ် ရင်ခုန်ခဲ့ဖူးသော အကြည့်စူးစူးတို့တွင် ကျဆုံး သွားပြန်သည်။ ခေါင်းမော့ကာ သူမ မျက်လုံးများထံသို့ ရင်ဆိုင်ရန် အားယူမိသော်လည်း တကယ်တမ်းတော့ သူ့ရှေ့တည့်တည့်မှ စားပွဲဆီသို့သာ စိုက်ကြည့်နေဖြစ်သည်။ နဖူးဆီသို့ ၀ဲကျနေသော ဆံပင်များကြားမှ ခိုးကြည့်မိသောအခါ တင်းတင်းစေ့ထားသော ဆိုးဆေးမတင်သည့် နှုတ်ခမ်းပါး တစ်စုံကို ဦးစွာ မြင်ရ၏။ အိပ်မက်ထဲထိ လိုက်ပါ နှောင့်ယှက်ခဲ့သော မ၏ နှုတ်ခမ်းတို့သည်သူ့ဘ၀ တစ်ခုလုံးကို ဆုတ်ဖြဲပစ်နိုင်သော စကားလုံးတို့ တည်နေရာလည်း ဖြစ်သေးသည်။

"ဘာလို့ နောက်ကျ နေတာလဲ"

ပထမဆုံး စပြောလာသော စကားမှာပင် မမ ဘာမှ မပြောင်းလဲသေးပါလားဟု သူ သေချာသွားတော့သည်။

"ကားလမ်းတွေ ပိတ်နေလို့ပါ"

ပြောနေကျ ရိုရိုကျိုးကျိုး အသံပါမသွားစေရန် အတတ်နိုင်ဆုံး ထိန်းသေးသော်လည်း မအောင်မြင်ကြောင်း သူသိသည်။ ဒါပဲပေါ့။ ဝေးကွာနေသော ကာလရှည် တစ်လျှောက်လုံး ဘယ်မိန်းမကိုမှ စိတ်ကစားလို့ မရအောင် ထိန်းချုပ်ထားနိုင်ခဲ့သော သီတာမေ ရဲ့အစွမ်းတွေ။ အို... ဒါတွေကို ပြောပြလို့လည်း ယုံမှာ မဟုတ်ပါဘူး။ မမရဲ့မျက်လုံး တွေက သူ့ကိုကြည့်သမျှ သံသယတွေ အမြဲ ဖုံးလွှမ်း ထားတာပဲ မဟုတ်လား။

"ဘာပြုံးတာလဲ"

"ကျွန်တော် ပြုံးခွင့် မရှိဘူးလား"

ရုတ်တရက် ဖြစ်ပေါ်လာသော မခံချင်စိတ်ဖြင့် ပြန်ဖြေလိုက်မိသော်လည်း ဒီလို မပြောသင့်ဘူး ထင်သည်။ သူ့ အထင်မှန်ကြောင်းကို မမပြုံးသော အပြုံးတွင် တွေ့ရလေသည်။
နှုတ်ခမ်းပါးလေး တွန့်ကွေးသွားရုံမျှ အပြုံးဖြစ်သော်လည်း ခါးသီးသောအဓိပ္ပာယ် များစွာပါဝင်ကြောင်း သူ နားလည်၏။ မင်း မရင့်ကျက်သေးပါလားဟု မှတ် ချက်ပြုလိုဟန်ရှိသော၊ အရမ်း ကလေးဆန်ပါလားဟု လှောင်ပြောင်သရော်ရိပ် အပြည့်ရှိသော ထိုအပြုံးကို သူမနှင့် ချစ်သူဘ၀ကတည်းက ကြိမ်ဖန်များစွာ လက်ခံ ရရှိဖူးသည်။ ချစ်သူဟူသော အသုံးအနှုန်းကို သတိပြုမိ သွားသောအခါ သူ့ရင်ထဲတွင် စူးစူးရှရှ နာကျင်လာသည်။ ဒီအသုံးအနှုန်းဟာ ကျွန်တော် တစ်ဖက်သတ် သုံးစွဲနေခဲ့ရတာများလား။ ကျွန်တော့်ကို တကယ်ပဲ မချစ်ခဲ့ဘူးလား မမရယ်။ အတွေးများစွာဖြင့် သူမကို ကူကယ်ရာမဲ့စွာ လှမ်းကြည့်မိတော့ သူ့ကို လုံးဝ စိတ်ဝင်စားဟန် မရှိဘဲ မီနူးထဲမှာ တစ်စုံတစ်ခုကို ရှာဖွေနေသည်ကို တွေ့ရ၏။ နှစ်ပေါင်းများစွာ မိန်းမတစ်ယောက်ရှေ့ ဒူးထောက်နေ ခဲ့ရလောက်အောင် ညံ့ဖျင်းလှသော သူ့ကိုယ်သူ ပထမဆုံး အကြိမ် မုန်းတီးမိတော့သည်။

(၃)

သူမရှေ့တွင် အပြစ်ရှိ သော ကလေးငယ် တစ်ယောက်လို တွန့်ဆုတ်ဟန်ရှိသော မောင့်ကို မြင်ရသော အခါ စောင့်ဆိုင်းရစဉ်က ခံစားရသော ဒေါသများသည် လွယ်ကူစွာ ပျော်ဝင် သွားကြသည်။ တကယ်ဆို အပြစ်ရှိတာ ကိုယ်ပါ မောင်ရယ်။ ကိုယ် မှားယွင်းခဲ့တာ၊ တွေဝေခဲ့တာ။
ပတ်ဝန်းကျင်ကဆိုတဲ့ စကားတွေကို ယိုင်နဲ့လွယ်လွန်းခဲ့တာ။ တကယ်ဆို ကိုယ်တို့နှစ်ယောက် တည်ဆောက်ရမယ့် ဘ၀ဟာ ကိုယ်တို့နှစ်ယောက်နဲ့ပဲ သက်ဆိုင်တာ မဟုတ်လား။ ဘာကြောင့် တခြားလူ အမြင်ကို ဂရုစိုက်ရမှာလဲ။
မောင်နှင့် ဝေးကွာနေစဉ် ကာလတစ်လျှောက်လုံး ရင်ထဲတွင် ပဲ့တင်ထပ်မြဲ စကားတို့သည် အသံအဖြစ် စီးဆင်းရန်အတွက်မူ နှောင့်နှေးလျက်ရှိ၏။ ပြောစရာ စကားတစ်ခုကိုမှ ရှာမရသော အခါ စားပွဲပေါ်က မီနူးကို ဖွင့်မိသည်။ တစ်ခုခုသောက် ရရင် ကောင်းမှာပဲ။

Tequilla Sunrise, Black Russian, Screw Driver ဟင့်အင်း ပြင်းလွန်း တယ်။

"Gin Fizz တစ်ခွက်"

သူမ တစ်စုံတစ်ရာ ပြောရန်ပြင်တော့ သူမ ဘာပြောမည်ကို ကြိုတင် ရိပ်မိဟန်ရှိသော မောင်က ၀င်ပြောသည်။

"သံပရာသီးကို အစိတ်လိုက်ပဲ ယူခဲ့"

မတွေ့ရတာကြာပြီ ဖြစ်သော်လည်း သူမအကြိုက်ကို မောင် မှတ်မိဆဲပါလားဟု ကြည်နူးစွာ မောင့်ကိုကြည့်တော့ မောင် ပြုံးသည်။

"ကျွန်တော် ဟိုမှာ တစ်ယောက်တည်းနေတုန်းက မကြာခဏ သောက်ဖြစ်တယ်။ ကိုယ့်ဟာကိုယ် စပ်သောက်တာဆိုတော့..."

ရှေ့ဆက်ပြောရမည့် စကားကို ပြောသင့်မပြောသင့် ချိန်ဆနေဟန်ရှိ၏။

"မ စပ်သလောက် မကောင်းဘူး"

ဒီလိုအပြောတွေ ဒီလို အပြုံးတွေနဲ့ပဲ မောင် သူမကို မချစ်ဘဲ မနေနိုင်အောင် ဆွဲဆောင်နိုင်ခဲ့တာပေါ့။ သူမ ကြိုတင် စိတ်ကူးယဉ်ခဲ့သော ကိုယ့်ထက် အသက်ကြီး ကိုယ့်ထက် ပညာတတ် တည်တည်ငြိမ်ငြိမ် ယောက်ျား တစ်ယောက်၏ ပုံရိပ်သည် သူမထက် အသက်လေးနှစ်မျှ ငယ်သော သာမန်မေဂျာတစ် ခုမှကောင်လေးတစ်ယောက် ဖြစ်သော မောင်နှင့်တွေ့သော အခါ လွင့်ပြယ်စပြု၏။

ယောက်ျား တစ်ယောက်ကို တော်ရုံနှင့် အထင်မကြီး တတ်သောသူမ၊ ပတ်ဝန်းကျင်မှ သူမ သူငယ်ချင်းများကပင် သူမနောက်မှ အမြဲလို လိုက်ပါနေတတ် သောမောင့်ကိုမြင်လျှင် ချစ်စရာလေးဟု မှတ်ချက်ပြုကြတော့ သူမ ကိုယ်တိုင်လည်း မောင့်ကို သိပ်ချစ်မိနေကြောင်း ၀န်ခံရတော့သည်။

ဦးနှောက်နှင့် စဉ်းစားလျှင် ဘယ်လိုမှ လက်ခံနိုင်ဖွယ်ရာမမြင်သော မောင့်ကို အချစ်တစ်ခုတည်းနှင့် ဇွတ်မှိတ် ဆုံးဖြတ်ခဲ့ခြင်းသည် သူမ၏ အကြီးဆုံးအမှားဖြစ် ဟန်တူသည်။ လေးနှစ် ဟူသော အသက်ကွာဟမှုသည် တချို့သော လူတွေအတွက် အကြောင်းမဟုတ်သော်လည်း ရှိရင်းစွဲ အသက်အရွယ်ထက် လူကြီးဆန်ချင်သော သူမနှင့် ဘယ်တော့မှ ရင့်ကျက်သည့်ပုံ မပေါက်သော မောင်တို့တွင်တော့ ကြီးမားသောပြဿနာ ဖြစ်သည်။ မောင့်ကို လက်ခံ လိုက်မိခြင်းအတွက် ကိုယ်ရင်ဆိုင်ရသော ဖိအားတွေကို မောင် ကိုယ်ချင်းစာပါရဲ့လား။ ကလေးကို မုန့်ပေးကြိုက်တာဟု စသလိုလိုနှင့် အတည်ပြောကြသော စကားတင်းများ၊ အပြစ်တင်ငြူစူသော မျက်လုံးများ လက်ညှိုးများ သူမ ဘယ်လို ရင်ဆိုင်ခဲ့ရမလဲဆိုတာ မောင်တွေးမိပါ့မလား။ အို... တကယ်တော့ မောင် သူမကို နားမလည်ခဲ့ပါဘူး။

May 12, 2009

ဆရာလည်း မကယ်နိုင်

အင်း .....ဒီနှစ်တော့ ဆယ်တန်းအောင်မှကို ဖြစ်မယ်။ မအောင် ရင်လည်း အမေက ပြောတယ် ကျောင်းဆက် မထားတော့ဘူးတဲ့။ မအောင်ခဲ့ရင် ကိုယ့်စရိတ် နဲ့ကိုယ် ကျောင်းတက်ရမယ်နဲ့တူတယ်။ ဒါပင်မဲ့ ဘယ်မိဘက ပစ်ထားမှာလဲ။ အောင်စေချင်လို့ ဒီလိုမျိုးပြောတာ နေမှာပေါ့။ အဲ့ဒီအချိန်တုံးက အဲ့လိုမျိုးလုံးဝ မတွေးမိဘူးလေ။ ခုမှ.........။

ကျွန်တော်က ဆယ်တန်းပထမနှစ်ကို ကျလို့ ဒုတိယနှစ်ကို အဖေတာဝန်ကျတဲ့ ပင်းလောင်းမှာပြောင်းတက်တာ။ ဆယ်တန်း ဒုတိယနှစ် ဆိုတော့ ကျောင်းဖြေပဲ ရှိသေးတာပေါ့။ ကျောင်းတက်လိုက်၊ ကျူရှင်တက်လိုက်နဲ့ပေါ့။ Mon To Fri မနက်အစောကြီးက စထွက်တာ ညမှပြန်ရောက်တယ်။ ဒါစာသင်နှစ် တစ်နှစ်လုံးဆိုပါတော့။

ပင်လောင်းမှာက အရမ်းအေးတာ။ ဆောင်းတွင်းဆို ရေတောင်းခဲတယ်။ ပင်လောင်းအအေးက တောင်ကြီးထက် ကိုအေးတာ။ မယုံရင် တောင်ကြီးသားတွေကို မေးကြည့်ပါလား။ ဘယ်လောက်အေးလဲဆိုရင် မနက်စောစော ရေသောက်ဖို့ မပြောနဲ့ မျက်နှာသစ်ဖို့တောင် ဒီအတိုင်းမသစ်နိုင်ဘူး။ ရေနွေးလေး နည်းနည်းစပ်ပြီးမှ သစ်နိုင်တယ်။ မနက်စောစော ရေအိမ်သွား လို့ကတော့ အမျိုးသမီးတွေအတွက် တော်တော်ဒုက္ခရောက် တယ်လို့တော့ အမေကပြောတာပဲ။ ဒီကောင်ကလည်း စပ်စပ်စုစု “ ဘာဖြစ်လို့လဲ အမေ” လိုမေးတော့ အိမ်သာ ထဲကရေတွေ ခဲနေလို့တဲ့ဗျ။


မနက် လေးနာရီလေးဆယ့်ငါးဆို အိပ်ရာထ ကျောင်းဝတ်စုံလဲပြီး ၅နာရီဆို အိမ်ကထွက်တယ်။ လမ်းလျှောက်သွားရတာ ကျူရှင်ကို ရောက်ရင် ၆နာရီထိုးပြီ။ ၆နာရီဆို ကျူရှင်ကလည်းစပြီ။ ကျူရှင်ပြီးရင် ကျောင်းသွား ၊ ကျောင်းကပြန်ရင် ကျူရှင်ကို ပြန်ဝင် ၊ညကျမှ အိမ်ကိုပြန်ရောက်တယ်။ ဒါကျွန်တော် နေ့တိုင်းပုံမှန် လုပ်နေကျအလုပ်ပဲ။

တစ်နေ့ ကျူရှင်ဆရာနဲ့ ကျနော်တို့ သူငယ်ချင်းတစ်ဖွဲ့ စကားလက်ဆုံပြောဖြစ်ကြတယ်။ ပြောဖြစ်တဲ့ အကြောင်းကလဲ နာနာဘာဝ (သရဲ) အကြောင်း.....။ ကျနော်တို့ကို ဆရာကပြောတယ် “ နာနာဘာဝဆိုတာ ကြောက်စရာမလိုဘူး။ သူ့တို့ခြောက်တယ်ဆိုတာ လူတွေကို ကြောက်အောင်လို့ ခြောက်တာမဟုတ်ဘူး။ ကျနော်တို့ဆီက အမျှလိုချင်လို့ လိုက်ကပ်နေတာ” တဲ့။ ဆရာကဖက်ပြောသေးတယ် “တကယ်လို့ ကြုံခဲ့ရင်လည်း မကြောက်ကြပဲ အမျှပေးဝေ လိုက်ပါ၊ ကုသိုလ်ရပါတရ်” တဲ့။ ကျနော်တိုလည်း ဆရာပြောတုံးကတော့ သူ့တို့ကို (နာနာဘာဝ) တွေကို သနားသွားကြတာပေါ့။ ဟုတ်ပါတယ်လေ ဒါကြောက်စရာမှ မဟုတ်တာ ကောင်ရောင်း ကောင်းဝယ် လုပ်စား အဲ့ မှားလို့ ကောင်းတာလုပ်တာပဲလေ အမျှပေးလိုက်မယ်လို့ တွေးထားလိုက်တယ်။

တိုက်တိုက်ဆိုင်ဆိုင် တပ်ထဲက ဆရာကြီးတစ်ယောက်ကို သရဲခြောက်လိုက်လို့တဲ့။ ဘယ်နားမှာလဲမေးတော့ ကျနော်တို့အိမ် မျက်စောင်းထိုးနားက သစ်ပင်လေးနှစ်ပင်ကတဲ့.....။

အဲဒီနောက်ပိုင်း ကျူရှင်သွားရင် သစ်ပင်လေးနှစ်ပင်ကို သတိထားလာမိတယ်။ အဲဒီနားရောင်ရင်လည်း ရသမျှ ဘုရားစာကို ရွတ်တော့တာပဲ။ သစ်ပင်လေးနှစ်ပင်ကို ကျော်မှပဲ သက်ပြင်းချ သီချင်းဆိုနိုင်တော့တယ်။ ကြောက်တာကြောက်တာ........။ ဒီလိုနဲ့ နေလာတာ တစ်နေ့တော့....................................

မနက် ၅နာရီဆိုတာကလဲ စောကြီးရှိသေးတယ်။ အေးကလည်းအေး အလင်းရောင်ကလည်း မရောက်သေးတော့ အမှောင်လမ်းထဲမှာပေါ့။ ကျနော်က သွားနေကျဆိုတော့ ဒီလမ်းဒီလမ်းတွေကို မျက်လုံးမှိတ်ပြီး လျှောက်ရင်တောင်း အလွတ်ရနေပြီ။ အဲ .... သစ်ပင်နှစ်ပင် ရှေ့နားလည်းရောက်ရော ကြက်သီးတွေ ထလာတယ်။ အဲဒါနဲ့ ဖြေးဖြေးလေး လျှောက်ရင်း ဘာပြောကောင်မလဲ ဘုရားစာတွေ ရွတ်တော့တာပေါ့။ ဘုရား စာရွတ်နေရင်း နားထဲမှာ သတိထားလိုက်မိတဲ့ အသံတစ်သံ...........

“ရှပ်......ရှပ်.........ရှပ် ” ဘာသံပါလိမ့်။

လွယ်အိတ်နဲ့ပေါင် ထိတဲ့ အသံများလာလို့ ထင်ပြီး လွယ်အိတ်လေးကို မသိမသာလေး ကိုင်ပြီး ပေါင်နဲ့ ခွာလိုက်တယ်။

“ရှပ်......ရှပ်.........ရှပ် ” ကြားနေရတုံးပဲဗျ။

ဪ ငါ့ဖိနပ် ကများလာဆိုပြီး ကိုယ့်ခြေထောက်ကို ကိုယ် သတိထားပြီလျှောက်ကြည့် လိုက်တယ်။ ဘာမှမထူးခြားလာဘူး။ ကြားနေရတုံးပဲ။

အဲလိုနဲ့ ကျနော်ရပ်လိုက်တယ်။
“ရှပ်......ရှပ်.........ရှပ် ” အသံလည်းရပ်သွားတယ်။
ပြန်လျှောက်ကြည့်တယ် ပြန်ကြားနေရပြန်တယ်။
“ရှပ်......ရှပ်.........ရှပ် ” (ခြေသံ)

ဟာ သေချာပြီ ဒါနောက်ကနေ တစ်ယောက်ယောက်လိုက်လာတာပဲ ဆိုပြီး လှည့်ကြည့်လိုက်တော့ ........ဘာမှမတွေ့ရဘူး။ တစ်ယောက်ထဲဆိုတော့ လူကလည်းပိုပြီး ကြောက်လာတယ်။ အသံကလည်းခုထိကို ကြားနေရတုံး။

ကျနော်ဘာလုပ်ရမလဲ။ ထွက်ပြေးရမှာလား။ ရှူးရှူး ပဲ ပေါက်လိုက်ရမလား (သရဲဆို ကျင်ငယ်ကို ကြောက်တယ်လို့ ကြားဖူးထားတာကို) အဲဒီအချိန်မှာပဲ ဆရာပြောတဲ့ စကားကိုသတိရလိုက်တယ်။ အမျှပေးဖို့ကိစ္စ။ အား...ဟုတ်ပြီပေါ့ သူ ကျနော်နောက်ကို လိုက်လာတာ အမျှလိုချင်လို့ပဲဖြစ်ရမယ်။ ငါအမျှပေးလိုက်မယ် ဆိုပြီး စဉ်းစားလိုက်တော့...........

ငါ အမျှပေးလိုက်လို့ ကြီးတော်သားက ကောင်းကောင်းမွန်မွန်ယူသွားရင်ကောင်းသာ၊ အဲ့လိုမှမဟုတ်ပဲ ကြီးတော်သားက ငါ့နား နားမှာ အသက်နက်ကြီးနဲ့
-----------သာဓု------သာဓု-------------သာဓု ---------
ဆိုပြီးလာလုပ်လိုက်ရင်း အဲ့ဒီနေရာမှာတင် မေ့ပြီး သေသွားနိုင်တယ်။

ကဲ...ဒီတော့ မဖြစ်သေးပါဘူး ဆရာရေ.... ဆရာပေးခိုင်းတဲ့ အမျှလည်း မပေးနိုင်တော့ဘူး။ ကျနော်ပေးနိုင်တာ တစ်ခုပဲရှိတော့တယ် ဆိုပြီး နောက်ကိုလုံးဝမကြည့်ပဲ ငါနဲ့ကို ကိုင်တုတ်တော့ပေါ့။

ငါ့..........................................သား ငါကကြောက်ပါတယ်ဆိုနေမှ ငါနောက်ကနေလိုက်နေရလား။
မင်း အ.......................................!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
လူလည်း ကြောက်ကြောက်နဲ့လွတ်တာ အရုပ်တွေကော အနတွေကော တကုန်တော့တာပဲ။
အဲ...... ပြောလို့လဲပြီးရော ဘာသံမှကို မကြားရတော့ဘူး။ ရှေ့နာရောက်တော့ လူသံကြားလိုက်ရတာနဲ့ ပိုပြီးအားတက်သွားတယ်။

ကျူရှင်ရောက်တော့ ဆရာကိုပြန်ပြောပြတော့ ဆရာလည်း ကျနော်ကိုကြည့်ပြီး ရယ်တော့တာပေါ့။ ဒါ ကျနော် ဘဝမှာ ပထမဆုံးအကြိမ် သရဲအခြောက်ခံရခြင်းပါ။ တိုက်ဆိုင်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ခုချိန်ထိလည်း သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့စကားပြောဖြစ်ရင် ဒီအကြောင်းလေးကို အမြဲ ပြောပြဖြစ်ပါတယ်။

ခုလည်း ကျနော့် သူငယ်ချင်း ညီအစ်ကို မောင်နှမ တွေကို ပြောပြချင်လို့ ပို့စ်အဖြစ်ဖော်ပြလိုက်ပါတယ်ဗျာ........


ချစ်ခင်လေးစားစွာဖြင့်
ရီနိုမာန်

May 10, 2009

လူခုနှစ်ယောက် နှင့် တွေ့ဆုံခြင်း

ဒီနေ့ အမေများနေ့ Sunday လည်းဖြစ်တော့ ဘယ်မှ မသွားဘူး ဆိုပြီး နေနေတာ။ မနေ့ညကလည်း လေးနာရီလောက်မှ အိပ်တာဆိုတော့ ၁၀နာရီလောက်မှ အိပ်ရာကထတယ်။ အဲ့ဒါနဲ့ မျက်နှာသစ် ကော်ဖီသောက်ရင်း Online တက်တော့ မကြီး ရောင်ပြန် နဲ့ စတွေ့တော့တာပဲ။ မကြီးက သူ့မှာ ကွဲနေတယ်တဲ့ (အသည်း)။ ရုပ်ရှင် သွားကြည့်မယ် လိုက်မလားတဲ့။ ကျနော်ကလည်း ကိုယ့်မကြီးလိုခင်လို့ ကိုယ့်အတွင်းရေးတွေကို ပြောပြလိုက်တယ်။ မကြီးကလည်းပြောပါတယ် အဲ့ဒါ အရေးမကြီးဘူး လူသာလာခဲ့လို့ပြောတယ်။ မကြီးက ကျနော် အတွင်းရေး ကို မပြောပါနဲ့လို့ပြောထားတာကို သူကလည်း စိတ်ချရတယ်။ လုံးဝအပြောပါဘူး။ အဲ့ဒီအချိန်မှာပဲ အဆိပ်ခွက်က ဘယ်လိုသိသွားလည်း မသိဘူး ထပြီး အပူကပ်တော့တာပဲ။ အဲ့ဒီကနေစပြီး ထူးဆန်းသော လူခုနှစ်ယောက် တွေ့ဆုံခြင်း ဖြစ်လာရတော့တာပါပဲ။

ပထမတော့ Horbour Front MRT Persenger service ချိန်းကြတယ်။ နောက်ပြောရင်းပြောရင်း နဲ့ Ang Mo Kio MRT Persenger service ကိုပြောင်းသွားပြန်ရော။ နောက်ဆုံးတော့Orchid MRT persenger service ကို အတည်ပြုလိုက်ကြတယ်။ ၂နာရီခွဲ တွေ့ကျမယ်ပေါ့ဆိုပြီး လုပ်နေတုံး ဖိုးစိန် တစ်ယောက် သူ့ကိုမခေါ်လို့ဆိုပြီး ရန်လိုက်တွေ့နေတာ့တယ်ဗျာ။ သူ့ရဲ့ မေတ္တာပို့ခြင်းကိုလည်း ကောင်းကောင်းကြီး ခံလိုက်ရတယ်။ တော်သေးတယ် သူပို့တဲ့မေတ္တာက သိပ်မထိရောက်လိုက်လို့ အခုလိုအမှတ်တရ ဒီပို့လေးကို ရေးနေနိုင်တာပါ။ ကျေးဇူးတင်ပါတယ် သယ်ရင်းကြီး ဖိုးစိန်ရေ........

၁) စတွေ့ပါပြီ ထူးစမ်းသော လူခုနှစ်ယောက်ထဲ က မကြီး (မေတ္တာရောင်ပြန်) ကို စတွေ့လိုက်ရပါပြီ။ အရင်တုံးက ဓါတ်ပုံပဲ မြင်ဖူးတာ ခုတော့ မျက်ဝါ ထင်ထင် တွေ့လိုက်ရပါပြီ။ စတွေ့ကတည်းက ဖုန်းနဲ့နား နဲ့ ကပ်ထားတာ နောက်ဆုံး အိမ်ပြန်တဲ့ထိပါပဲ။

၂) ရောက်လာတဲ့လူကတော့ ညီလေး အဆိပ်ခွက် ပါ။ သူ့ကတော့ တရုတ်ပေါက်စလေးအတိုင်းပါပဲ။ သိပ်မကြာခင်မှာပဲ ရုပ်ရှင်လက်မှတ် သွားဝယ်ရတဲ့ တာဝန်ကို သူပဲ ထမ်းဆောင်သွားပါတယ်။

၃) ညီလေး အဆိပ်ခွက် သွားပြီမကြာခင်မှာပဲ ညီမလေး မိုးခါး ( ထာဝရကြယ်စင် )ရောက်လာပါတယ်။ သူမ ဘလော့ဂ်လေးမှာ တင်ထားတဲ့ ရေသူမ ကားထဲက ရေသူမလေးများ ရောက်လာသလား တောင်ထင်မိပါတယ်။ ရေသူမလေး နဲ့ တော်တော်ကို တူတာ ငါးမြီး မပါတာကလွဲရင်ပေါ့။

၎) သူငယ်ချင်း အဖော်နှစ်ယောက်နဲ့ အတူရောက်လာတဲ့ ဂျပန် သွားမယ်ဆိုတဲ့ ဂျပန်ကောင်လေး ရောက်လာပါတယ်။

၅) အဖြစ်နဲ့ရောက်လာတဲ့ သူကတော့ တောင်ပေါ်သား ပဲဖြစ်ပါတယ်။ တောင်ပေါ်သား ဆိုတာသိမလား အပြောတက်ဘူး။ မကြီးရောင်ပြန်ရဲ့ Gtalk Message မှာ (တောင်ပေါ်သားရယ် မ လို့ ခေါ်ပြီး ရည်းစားစကားပြောနေပါသည်) လို့ရေးထားတဲ့ တောင်ပေါ်သားလေ။ မကြီး ရောင်ပြန် ပြောပြခြင်းဖြစ်ပါသည်။

၆) ကျန်တဲ့လူတွေက သူ့ကို ဦးရှင်ကြီး လို့ခေါ်တဲ့ ကိုလဂွန်းအိမ် ပါ။ ရင်ဘက်နဲ့ရေးတဲ့ ကဗျာပိုင်ရှင်လို့လဲ ပြောတယ်။ သူ့ ဘလော့ဂ် ကို အရင်က ဝင်လို့ရတယ် ခုဒီညနေ ပြန်လာတော့ ဝင်လို့မရတော့ဘူး။ သူ့လည်း ပါးလုံး နဲ့ နေဒေးသစ် လိုဖြစ်ပြီးနဲ့ တူပါတယ်ဗျာ။

ရ) ယောက်မြှောက် ဖြစ်တဲ့ သူကတော့ ဟိုတစ်လောကမှ လက်လက်ဆက်ဆက် အသည်းကွဲ ထားတဲ့ ကြယ်ဖြူစင်ပါ။ သူ့ကို ဘယ်သူကလဲ မသိဘူး နာမည်ပေးထားတာ အစားနောက်၊ အသွားနောက် ကြယ်ဖြူစင်တဲ့။ ကြယ်ဖြူစင်နဲ့ အတူ သူမရဲ့ ညီမလေးကိုလည်း ပွဲထုတ်လို့လားပါတယ်။

ကျွန်တော် ဘလော့ဂ်လေးမှာ တွေ့ခြင်းဆုံး (၁၀) ယောက် Tag လေးကို မတက်ခ် ခံရပင်မဲ့ တွေ့ဖူးသွားတဲ့ ညီအစ်ကိုမောင်နှမ (၇) ယောက် ကို တော့ အပြင်မှာခင်မင်ခွင့် ရလိုက်ရတဲ့အတွက် အရမ်းကိုဝမ်းသာရပါတယ်။ ကျွန်တော် သတိထားလိုက်မိတာတစ်ခုတော့ ရှိလိုက်တယ်။ အဲ့ဒါ ကတော့ အားလုံးကိုယ်ဆီမှာ ရိုင်းစိုင်းတဲ့ အမူအရာများ ကိုမတွေ့ရသလို တစ်ဦးနဲ့တစ်ဦး ဟိုးအရင်ကတည်းက ခင်လာကျတဲ့ မောင်နှမတွေလိုပဲ ပျော်စရာကောင်းတဲ့ အမေများနေ့ အမှတ်တရ မောင်နှမရှစ်ယောက်တွေ့ ဆုံတဲ့ ပွဲလေးပါပဲဗျာ။ ကျန်တဲ့ ညီအစ်ကို မောင်နှမတွေ ကိုလည်း အခွင့်အရေးရခဲ့ရင် တွေ့ချင်ပါသေးတယ်ဗျာ။

အမှတ်တရပုံလေးများ ဖေါ်ပြပေးလိုက်ပါတယ်။



ရုပ်ရှင်ရုံက အထွက်မှာ ရိုက်ထားတာပါ။
Ree Noe Mann ၊ လဂွန်းအိမ် ၊ တောင်ပေါ်သား ၊ အဆိပ်ခွက် ၊ ထာဝရကြယ်စင် ၊ မေတ္တာရောင်ပြန် နှင့် ကြယ်ဖြူစင်
တောင်ပေါ်သား ၊ မိုးခါး ၊ မကြီးရောင်ပြန် ၊ ကြယ်ဖြူစင်ညီမ၊ ကြယ်ဖြူစင် ၊ အဆိပ်ခွက် နှင့် ကျနော်








မကြီး ရောင်ပြန် တစ်ပုဂံ ကုန်သွားလို့ ဘာထပ်စားရမလဲ လို့ပြောနေတယ်ဗျ။

မိုးခါး ကတော့ဆွဲ သာ ဆွဲ လုံးဝ ဂရုမစိုက်ဘူး ဆိုပြီး ခေါင်းတောင်းမဖော်တော့ ဘူးဗျ
ကြယ်ဖြုစင် က ဟီးဟီး တဲ့ စားကြပါအုံးလားတဲ့ (သူမ ပြုံးပြနေသည် သတိတော့ ထားပါ)

May 9, 2009

အမေကို လွမ်းတယ်

နှလုံးသွေးခြင်း ထပ်တူပါ အမေ။
အမေပေးတဲ့ နှလုံးသွေးနဲ့
သား အမေ့ကို လွမ်းတယ် အမေ။
အမေ့ကို လွမ်းတဲ့ သားရဲ့ ရင်ခုံသံတွေ
အမေ နားဆင်ဖို့ပါ အမေ။

အဝေးရောက် သား
အမေ့ကို လွမ်းနေတယ် အမေ။
စိတ်ခြင်းထပ် နှလုံးသွေးခြင်းဆက်လို့
အမေလည်း သားကိုလွမ်းနေတယ်ဆိုတာ
သားသိပါတယ် အမေ။

သနပ်ခါး ရေကြဲလေးနဲ့ အမေ့မျက်နှာ
သား အမြဲမြင်ရောင် နေမိတယ် အမေ။
အလုပ်တွေ ဘယ်လေက်များစေ
တစ်ချက်လေး မညှိုးတဲ့ အမေ့မျက်နှာ
သားအတွက် အင်အားတွေပါအမေ။

ငယ်ငယ်က ကြားနေကြ
အမေ ဗိုင်းငင်၊ ချည်ချ သံ
ယက်ကန်းစင်က အမေ့လက်ခတ်သံ
သားအတွက် ထာဝရ ချိုတဲ့
ဂီတ စီးချက် တွေပါ အမေ။

သားကြီးမို့ သားငယ်ဖို့
သမီးလေးနဲ့ သမီးထွေး
တူညီသော မေတ္တာ ဖြန့်ဝေ
အေမြတဲ့ အမေ့ရင်ခွင်ကို
သား အမြန်ဆုံး ပြန်လာမယ်အမေ။

အခုများတော့ ဝေးတစ်မြေ
အလွမ်းတွေနဲ့ သားတစ်ယောက်
အမေ့အတွက် ဆုမွန်ကောင်းများ တောင်းလို့
သား ကန်တော့ပါတယ် အမေ။

ကိုဆန်းဝင်းဆီ မှ ပြန်လည်ခံစားဖေါ်ပြသည်။

စိတ်

အ ချစ် စိတ် ကို
ရင် မှာ ခံ စား
နေ လို ပူ လား
လ လို အေး လား
ဝေ ခွဲ မ ရ
တွေး ဝေ ခဲ့ ရ

ရိုး သား နေ တဲ့
ငါ့ ရဲ့ စိတ် ကို
ဝင် ရောက် နှောက် ယှက်
ပြောင်း လဲ တာ လည်း
မင်း ပါ ပဲ နော်

မင်း ရဲ့ နှုတ် ထွတ်
ပျား ရည် တ မျှ
ချို ကြည် အေး သော
စ ကား သံ ထဲ
မူး မေ့ လွှင့် မျော
လှည့် စား တိုင်း လည်း
ခံ ခဲ့ ရ တာ
ငါ ပါ ပဲ ကွာ

ထွက် သက် နောက် ဆုံး
အ သိ တစ် ချက်
ငါ့ ရဲ့ ဘ ဝ
ငါ့ အ ချစ် က
ရောက် ရှိ နေ ခဲ့
မင်း ရဲ့ အိတ် ထဲ
အ ရုပ် က လေး
အ ဖြစ် နဲ့ ပေါ့

May 8, 2009

American Idol season 8

အချိန်တွေ တစ်ပတ်ပြီးတစ်ပတ် ကုန်လာတာအမျှ ဒီ American Idol အစီအစဉ်လေးကလည်း
နောက်ထပ်နှစ်ပတ်သာ ကျန်ပါတော့တယ်။ Top 13 ကနေစလာခဲ့တာ ခုဆို သုံးယောက်သာ
ကျန်ပါတော့တယ်။ သုံးယောက်လုံးကလည်း သူ့ဟာနဲ့သူ ကောင်းနေကြတာပါပဲ။


Top 3 မပြောခင် ဒီတစ်ပတ်မှာ နှုတ်ဆက်သွားသူကတော့ Allison ဖြစ်ပါတယ်။
မိန်းကလေး ၆ဦးထဲမှ အသက်အငယ်ဆုံးနဲ့ နောက်ဆုံးကျန်ခဲ့ပြီး Top 4 ထိပါလာခဲ့တဲ့
သူလေးပါ။ သူမသည်လည်း သီချင်းဆိုကောင်းသူ တစ်ဦးပါ။ ဘက်မလိုက်တဲ့ အားပေးမှုကြောင့်ကျန်တဲ့ သုံးယောက်က သူမထက် ပရိသတ် အားပေးမှုလွန်ကဲစွာ
ရရှိသွားခြင်းကြောင့် ဒီတစ်ပတ်မှာ လက်ပြနှုတ်ဆက်သွားရသူဘွဲ့ကို လက်ဝယ်ရရှိသွားရပါတယ်။

ကျန်ရှိနေသေးတဲ့ သုံးယောက်ကတော့ နောက်လာမဲ့တစ်ပတ်မှာ ဒိုင်းလူကြီးများ ရွေးချယ်တဲ့
သီချင်းတစ်ပုဒ်ရယ် သူ့တို့ ကိုယ်တိုင်နှစ်သက်တဲ့ သီချင်းနှစ်ပုဒ်ကို သီဆိုရမှာဖြစ်ပါတယ်။
အဲ့ဒီသုံးယောက်ထဲမှ နှစ်ယောက်က လာမဲ့ 21/05/09 မှာ Final သီဆိုရမှာဖြစ်ပါတယ်။
221/05/09 မှာ ဘယ်သူများ Who Will Be Next American Idol ? ဖြစ်မလဲဆိုတာတော့
စောင့်ကြည့်ရအုံးမှာပဲဗျို့။
သူုက Kris ပါ။


သူကတော့ Danny






သူက Adam


ဒီသုံးယောက်က Top 3 သုံးယောက်ပါ။

တွေးတက်ပါ့

မြန်မာပြည်မှာ နေရတာ ကောင်းတယ်။ မန်ကျည်းယို၊ ဇီးယို၊ မက်မန်းပေါင်း၊
ဂွေးသီးချဉ်စပ်၊

ရှောက်ပေါင်း ဘာစားမလဲ စားချင်တာစား။ လက်တွန်းလှည်းထဲထည့် အဖုံးမပါ ဘာမပါနဲ့
လေဓာတ်

ရေဓာတ် နေဓာတ်ကို သဘာဝကျကျ ရယူထားတဲ့ မြန်မာကြိုက် သွားရည်စာလေးတွေ။ ဘာ

မဆလာတွေသုံး၊ ဘာ အရောင်တင်မှုန့်တွေသုံး၊ ဘာ ငံပြာရည်တွေ သုံးထားလည်းတော့
မသိဘူး။

ချဉ်ငန်စပ် ရောင်းနေတဲ့လူရဲ့ ချွေးစက်တွေတောင် ပါချင်ပါဦးမှာ။ ဘယ်လောက်
သဘာဝနဲ့

နီးစပ်သလဲ။ နိုင်ငံခြားမှာ ရလို့လား။

တွေဝေမနေနဲ့ တရုတ်တန်းသွား တုတ်ထိုးလေး

စားကြည့်လိုက်ဦး။ ဝက်တစ်ကောင်လုံး အမွှေးတောင် စားမရလို့ ချန်ထားရတာ။ ဘာနဲ့
သေလို့

သေမှန်းမသိတဲ့ ဝက်တွေလည်း ပါချင်ပါဦးမှာပဲ။ အရသာ ရှိလေစွ။ မနေ့က တနေ့က

ရောင်းမကုန်တဲ့ အသားတွေလည်း ရောထည့် မူးမူးနဲ့ တွယ်သာ တွယ်လိုက်။ ဘာမှတောင်

သိလိုက်မှာ မဟုတ်ဘူး။ တုတ်ထိုးစားပြီး အဆီတစ်နေရင် လမ်းဘေးက ဖျော်ရည်လေး

ဝယ်သောက်လိုက်ဦး။ ဟိုကိုင်ဒီကိုင် ကိုင်ထားတဲ့ လက်လေးနဲ့ အားပါးတရ
ညှစ်ဖျော်ထားတဲ့

သံပုရာသီး ဖျော်ရည်လေးကို ဘာရေနဲ့ လုပ်ထားမှန်း မသိတဲ့ ရေခဲနဲ့ ခပ်ဆဆမွှေ၊

အခါတစ်သောင်းလောက် ဆေးထားပြီးသား ခွက်ဆေးရည်နဲ့ ဆေးထားတဲ့ ဖန်ခွက်မှာထည့်။

မော့ပေရော့ လတ်လတ်ဆတ်ဆတ်။ တော်ပြီလား ကြံရည်လေးလည်း သောက်သွားဦး။

ယင်ကောင်က တလောင်းလောင်းနဲ့ အဖတ်စစ်တဲ့ အဝတ်က ဘယ်နှစ်ရက် မလျှော်ဘဲထားတဲ့

လက်နှီးစုတ်မှန်း မသိဘူး။ ကြံတွေ ဘယ်က ယူလာသလဲ ဆိုတာလည်း ကြည့်လိုက်ဦး

ခြေနင်းပတ်မှာ ပိုးလိုးပက်လက်။ မြေဓာတ်ကို အပြည့်အဝ ယူထားတာ။ ရလား စင်္ကာပူမှာ။

ကြာပါတယ် အဆင်ပြေတုန်း လက်သုပ်စုံလေးပါ ဆွဲလိုက်။ ကားတွေက ဘေးနားမှာ တဝီဝီ၊

လက်တဝါးစာ ထိုင်ခုံပေါ်က ကျွံထွက်နေတဲ့ဖင် ကားနဲ့ မချိတ်မိရင် ကံကောင်း။ အမယ်

ငရုတ်ဆီတွေများ ဘယ်သူက တားထားထား စားနေကြတာက တရွှဲရွှဲနဲ့ နီရဲနေတာပဲ။

နယ်ဖတ်နေတဲ့ လက်ကြီး ကြည့်ပြန်တော့ ဂျုံနယ်သမား လိုပဲ။ တခါနယ်ပြီးတိုင်း
ပလုံဆို

ဘေးနားက ရေပုံးခပ်စုတ်စုတ်ထဲ လက်ကို ဆင်းစိမ်လိုက်သေးတယ်။ ပြီးရင် ဂျီးဗလပွနဲ့

လက်နှီးစုတ်ကို သုတ်တယ်။ ကံကောင်းရင် အန်တီ နှံ့နှံ့လေး နယ်ပေးနော်။ ဒါမှ

စားကောင်းတာဆိုတဲ့ သောက်ပျင်းထူထူ မိန်းမတွေကို စားရင်းသောက်ရင်း
ငေးလို့ရသေးတယ်။

ဒါပေမယ့်လည်း အဲလိုနေရာတွေ သိပ်ကြာကြာမနေနဲ့။ လူဗွက်ပေါက်နေတဲ့ လမ်းတလျှောက်

ကြော်လှော်နေကြတဲ့ ဆီပူအိုးတွေ ဆီပူအိုးတွေဆိုတာ။ ဖိုင်နယ်ဒစ်စတီနေရှင်း
နောက်ဆက်တွဲတွေ

မြန်မာပြည်မှာ ရိုက်ကောင်း ရိုက်နေရဦးမယ်။ အိမ်ပြန်တဲ့အခါလည်း
လမ်းလျှောက်ပြန်ဖို့တော့

မစဉ်းစားနဲ့။ ကားပေါ်ကနေ ပြစ်ခနဲ ထွေးလိုက်တဲ့ ကွမ်းသွေးတွေ သလိပ်ဖတ်တွေ
ထိနေမယ်။

လိုင်းကားလေးနဲ့ပြန်။ ကားနဲ့ ပြန်တယ်ဆိုပြီးတော့ ဟိုဟိုဒီဒီ
လျှောက်မကိုင်နဲ့ဦး၊ သူများရဲ့

ပီကေဖတ်တွေ၊ ချွဲတွေ လက်မှာ ပေကုန်မယ်။ အိမ်ပြန်ရောက်ရင် ညဘက် အင်စတန့်

ကော်ဖီလေးလည်း သောက်လိုက်ဦး။ ဘာဓာတ်တွေ ဘယ်လိုအချိုးနဲ့ ပါနေမှန်းတော့ မသိဘူး။

သောက်ကောင်းတာပဲ။ သေကာမှ သေရော။ ကြော်ငြာထားတာတွေကလည်း အလွန်။ မျိုမချပါနဲ့

ငုံထားပါ ဆိုလား ဘာလား။ ထားတော့ ကော်ဖီမကြိုက်ရင် ဘီယာဆိုင်သွား။ အိမ်မှာနေလဲ

မီးပျက်နေမှာပဲ။ မထူးဘူး လင်းလင်းချင်းချင်း ရှိတဲ့ ဘီယာဆိုင်လေးသွားပြီး
အချိန်ဖြုန်းလိုက်။

တစ်ခွက် ၇၀၀ သောက်လိုက်စမ်းပါ ၆ခွက်လောက်တော့။ ဘာအရေးလဲ။ အသားကင်တွေ စားရင်

ကင်ဆာဖြစ်တယ်ဆိုတာ မိုးလုံးပြည့် မုသာဝါဒတွေပဲ ဖြစ်မှာပဲ။ ဒီတော့ ဝက်နံကင်လေး၊

ကြက်ဖင်ဆီဖူးကင်လေး၊ ငါးကင်လေး နဲ့ ဆွဲပစ်လိုက်။ အချိန်မတော် ပြန်လာလို့ အိမ်က

တံခါးမဖွင့်ပေးဘူးလား။ အနှိပ်ခန်း သွားအိပ်လို့ ရသေးတယ်။ မှိုလိုပေါက်နေတာ
ဘာအရေးလဲ။

ဝါသနာပါရင် ဝါသနာပါရင်.. အင်း အခန်းထဲ ထမင်းဟင်း မှာစားလို့ ရသေးတယ်လို့
ပြောမလို့။ ကဲ

အိမ်ပြန်ရောက်ပြီး စာအုပ်လေးဖတ်ရင်း ခံတွင်းလေးဟာလာရင် လက်ဖက်သုတ်လေး
ဝါးချင်ဝါးလို့

ရသေးတယ်။ အောင်မလေး ဆိုးဆေးတွေ စိမ်ဆေးတွေဆိုတာ အခုမှ ကြောက်နေကြတာ ကိုယ့်လူ။

တမြန်နှစ်က ကျုပ်ကြီးတော်ကြီး သေတုန်းက ဘာမှန်းတောင် မသိလိုက်ဘူး။ ဒီလိုပဲ ဘာမှ

မသိသေးတော့ သေရိုးသေစဉ်ပေါ့။ မြေချတော့တောင် သူကြိုက်တတ်တဲ့ လက်ဖက်လေး

ထည့်ပေးလိုက်သေးတယ်။ လက်ဖက်သားလေးတွေဆိုတာ ဝင်းလို့။ အညွန့်လေးတွေဆိုတာ

တောင့်လို့ ကော့လို့။ အလောင်းပြန်တူးပြီး တရားစွဲရ အခုဆို
နိုင်ချင်နိုင်ဦးမှာပ။ ဘာအရေးလဲ။

ကိုယ်ကြိုက်တာလေးစားပြီး သေသွားတာ ကျေနပ်စရာကြီး မဟုတ်ဘူးလား။ နိုင်ငံခြားမှာ

အဆင့်ဆင့် စစ်ဆေးမှုတွေနဲ့ စည်းကမ်းတွေက တင်းကျပ်၊ စနစ်တွေက မြင့်မား
ခင်ဗျားတို့

စားချင်တာ စားရလို့လား။ တစ်နေ့ထမင်း တစ်နေ့ဟင်း ကိုယ်တိုင် ဈေးသွားပြီး
ဝယ်ကြည့်လိုက်ဦး။

Wet Market ဆိုတာကို ဗွက်မားကတ်လို့ နာမည်တော့ တလွဲတွေ လာမပေးကြနဲ့။

သားဈေးငါးဈေးသွားတာ ဟန်လုပ်ဖို့မှ မလိုတာ။ အသက်လေး အောင့်တတ်ရင်

ခြေဖျားလေးထောက်ပြီး သွားတတ်ရင်၊ နားသည်းခံနိုင်ရင် လတ်လတ်ဆတ်ဆတ် အကုန်ရတယ်။

ဘယ်လောက်ကောင်းတဲ့ ရွှေနိုင်ငံလဲ။ မြန်မာပြည်မှာ နေရတာ ကောင်းတယ်။
ဆက်ရေးချင်ပေမယ့်

မီးပျက်နေလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်တယ်။ ဒါလေးဖတ်ပြီး မြန်မာပြည်
ပြန်လာချင်စိတ်တွေ

ပေါက်သွားရင် ချက်ချင်းသာ ပြန်လာခဲ့။ သတင်းစာထဲမှာ ဖတ်လိုက်ရတာ ရှိပါတယ်။ ဘာတဲ့

မြန်မာပြည်မှာ အလုပ်အကိုင်အတွက် မပူနဲ့တဲ့။ အင်း နာဂစ်မှာ သေသွားတဲ့ လယ်သမားတွေ

အများကြီးပဲ။ ဆီလီကွန်ဗဲလီက အလုပ်ပြုတ်လာလို့ပဲ ဖြစ်ဖြစ်၊ စင်္ကာပူ ကနေ

အပြီးပြန်လာလို့ပဲဖြစ်ဖြစ် လယ်ထဲဆင်းပြီး ကောက်စိုက်လို့ ရနေသေးတာပဲ။
အလုပ်ဟူသမျှ

ဂုဏ်ရှိစွတဲ့။ ဒါတွေလည်း အလုပ်ပဲလေ။ အဲအဲ တစ်ခုပဲ ဝင်လာရင်တော့ 10% လေး
ဆောင်ဖို့သာ

ရှာလာခဲ့။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အမှုပတ်နေမယ်။ ဒါက ကွိုင်ရှိတယ်လေ ဟုတ်တယ်ဟုတ်။


ကျွန်တော်ရေးထားတာ မဟုတ်ကြောင်းဝန်ခံပါသည်။

May 7, 2009

စမ်းသပ်ကြည့်ပါ

သူငယ်ချင်းတို့ 
ဒါဆိုဒီမေးခွန်းလေးတွေဖြေကြည့်လိုက်နော်။
မေးခွန်းတွေကိုကြိုတော့မကြည့်ရဘူးနော်။
ကိုယ်ရွေးလိုက်တဲ့အဖြေရဲ့ ဘေးကရေးထားတဲ့နံပါတ်တွေအတိုင်းဆက်ဖြေသွားရုံပါ။
မေးခွန်းတိုင်းဖြေဖို့ မလိုပါဘူး
၁။ သွားချင်တဲ့နေရာတစ်ခုရွေးပါ။
(A) ပေကျင်း - မေးခွန်းနံပါတ် ၂ ကိုဖြေပါ
(B) တိုကျို - မေးခွန်းနံပါတ် ၃ ကိုဖြေပါ
(C) ပဲရစ် - မေးခွန်းနံပါတ် ၄ ကိုဖြေပါ

၂။ စိတ်ထိခိုက်စရာကောင်းတဲ့ရုပ်ရှင်တွေကြည့်တဲ့အခါငိုတတ်သလား?
(A) ငိုတတ်တယ် - မေးခွန်းနံပါတ် ၄ ကိုဖြေပါ
(B) မငိုတတ်ဘူး - မေးခွန်းနံပါတ် ၃ ကိုဖြေပါ

၃။ သင်ဟာချစ်သူနဲ့ ချိန်းထားတယ်၊
ပြောထားတဲ့အချိန်ထက်တစ်နာရီလောက်နောက်ကျနေတာတောင်သူကရောက်မလာသေးဘူး၊
ဒါဆိုသင်ဘာလုပ်မလဲ?
(A) နောက်ထပ်နာရီဝက်တော့ထပ်စောင့်လိုက်မယ် - မေးခွန်းနံပါတ် ၄ ကိုဖြေပါ
(B) ချက်ချင်းပဲပြန်တော့မယ် - မေးခွန်းနံပါတ် ၅ ကိုဖြေပါ
(C) လာတဲ့အထိစောင့်မှာပေါ့ - မေးခွန်းနံပါတ် ၆ ကိုဖြေပါ

၎။ တစ်ယောက်ထဲရုပ်ရှင်သွားကြည့်တတ်လား?
(A) အင်း - မေးခွန်းနံပါတ် ၅ ကိုဖြေပါ
(B) ဟင့်အင်း - မေးခွန်းနံပါတ် ၆ ကိုဖြေပါ

၅။ ပထမဆုံးချိန်းတွေ့ ချိန်မှာ သူကသူ့ ကိုနမ်းဖို့ တောင်းဆိုလာရင် ဘာလုပ်မလဲ?
(A) မနမ်းပါဘူး - မေးခွန်းနံပါတ် ၆ ကိုဖြေပါ
(B) သူ့ လက်ခုံကိုဖွဖွလေးနမ်းမယ် - မေးခွန်းနံပါတ် ၇ ကိုဖြေပါ
(C) ကိုယ့်ချစ်သူပဲ၊ နမ်းမှာပေါ့ - မေးခွန်းနံပါတ် ၈ ကိုဖြေပါ

၆။ သင်ကဟာသဥာဏ်ရွှင်တဲ့သူလား
(A) ဟုတ်တယ် - မေးခွန်းနံပါတ် ၇ ကိုဖြေပါ
(B) မဟုတ်ဘူး - မေးခွန်းနံပါတ် ၈ ကိုဖြေပါ

၇။ သင်ဟာဘယ်အရာမဆိုဦးဆောင်နိုင်စွမ်းရှိသူလား
(A) ထင်ပါတယ် - မေးခွန်းနံပါတ် ၉ ကိုဖြေပါ
(B) မဟုတ်ပါဘူး - မေးခွန်းနံပါတ် ၁၀ ကိုဖြေပါ

၈။ တကယ်လို့ သင့်မှာရွေးချယ်ခွင့်ရှိရင် ဘယ်လိုလူအဖြစ်မွေးဖွားလာခဲ့ချင်သလဲ
(A) ယောင်္ကျားအဖြစ် - မေးခွန်းနံပါတ် ၉ ကိုဖြေပါ
(B) မိန်းမအဖြစ် - မေးခွန်းနံပါတ် ၁၀ ကိုဖြေပါ
(C) ဘာဖြစ်ဖြစ်ပါ - TYPE D ( အဖြေတစ်ခါတည်းကြည့်လို့ ရပါပြီ )

၉။ တစ်ပြိုင်တည်းမှာချစ်သူတစ်ယောက်ထက်ပိုထားဖူးသလား။
(A) ထားဖူးတယ် - TYPE B ( အောက်မှအဖြေကိုကြည့်ပါ )
(B) မထားဖူးပါ - TYPE A ( အောက်မှအဖြေကိုကြည့်ပါ )

၁၀။ သင်ဟာလိမ္မာပါးနပ်သူလို့ ထင်ပါသလား။
(A) ထင်ပါတယ် - TYPE D ( အောက်မှအဖြေကိုကြည့်ပါ )
(B) မထင်ပါဘူး - TYPE C ( အောက်မှအဖြေကိုကြည့်ပါ )

အဖြေ
TYPE A: Congratulations!
သင်ဟာတစ်ဖက်သားအပေါ်အရမ်းကိုဆွဲဆောင်မှုရှိပါတယ်၊ ချစ်သူရဲ
့မျက်လုံးထဲမှာသင်ဟာချစ်စဖွယ်အလှကိုပိုင်ဆိုင်ထားသူအဖြစ်ရှိနေမှာပါ
သင်ဟာချောမောလှပရုံတင်မက ဟာသဥာဏ်ရှိသူ၊ ကိုယ်ရည်ကိုယ်သွေးရှိသူဖြစ်ပါတယ်။
ပညာတတ်ပုဂ္ဂိုလ်ဖြစ်ပြီးလူတွေကိုဘယ်လိုပေါင်းသင်းရမယ်၊
အချိန်ကိုဘယ်လိုခွဲဝေအသုံးချရမယ်ဆိုတာကောင်းကောင်းသိသူပါ။
ဒါကြောင့်သင်ဟာလူတွေကြားမှာအမြဲတမ်းထင်ပေါ်နေမှာပါ။

TYPE B: Quite good!
သင်ဟာဆန့် ကျင်ဘက်အပေါ်အလွယ်တကူတော့ဆွဲဆောင်နိုင်ပါလိမ့်မယ်။
ဒါပေမဲ့သင့်အပေါ်လွယ်လွယ်ကူကူချစ်မိသွားဖို့ တော့သိပ်မဖြစ်နိုင်ပါဘူး။
သင့်ရဲ့ ဟာသဥာဏ်ကလူတွေကိုပျော်ရွှင်မှုရစေမှာပါ။ သင့်ချစ်သူကလဲသင်နဲ
့အတူရှိရတာပျော်နေပါလိမ့်မယ်။

TYPE C: Not bad!
သင်ဟာဆန့် ကျင်ဘက်လူအပေါ်အလွယ်တကူမဆွဲဆောင်နိုင်ပါဘူးတဲ့။ ဒါပေမဲ့သူတို
့ရဲ့ စိတ်ထဲမှာသင်ရှိနေတာကောင်းတယ်လို
့ထင်ရလောက်အောင်သင့်မှာကောင်းကွက်လေးတွေတော့ရှိပါသေးတယ်။သင်ဟာရိုးသားဖြူစင်ဖို
့တော့လိုပါလိမ့်မယ်။ ပြီးတော့အမြင်မှန်ဖို့လဲလိုမှာပါ။
သူငယ်ချင်းတွေကတော့သင်ဟာခင်မင်စရာကောင်းတယ်လို့ ထင်ကြမှာပါ။

TYPE D: Oh!
သင်ဟာတစ်ဖက်သားအပေါ်မှာလုံးဝကိုဆွဲဆောင်မှုမရှိပါဘူးတဲ့။
သင်ဟာဗဟုသုတလဲသိပ်မကြွယ်ဝသူပါ။ ကိုယ်ပိုင်အရည်အချင်းလဲသိပ်မရှိပါဘူး။
ချစ်သူအပေါ်မှာလဲရိုင်းပျစော်ကားတာမျိုးမလုပ်သင့်ပါဘူး။ ပြီးတော့ သင်ဟာဆန်
့ကျင်ဘက်တွေကြားမှာသိပ်ပြီးမထင်ပေါ်သူပါ။

နေညိုရင့် ဆီမှ ဖေါ်ပြပေးထားခြင်း ဖြစ်ပါသည်။
နှစ်သက်လိမ့် မယ်လို့ မျှော်လင့်ပါတယ်ဗျာ

May 6, 2009

မေမေ အတွက်


အမေ.... ဘာလိုလိုနဲ့ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထား ကြတဲ့ အမေများနေ့ကို ရောက်တော့မယ်။

အမေ.... ဝမ်းထဲမှာ ၉လ လုံးလုံး ရှိနေခဲ့တဲ့ သားကို ဒုက္ခလို့ မသက်မှတ်ခဲ့တာ သားသိတယ်။

အမေ.... သားပူစာတဲ့ အခါ မဝယ်ပေးနိုင်ပင်မဲ့ အကုန်လုံး ဝယ်ပေးချင်နေမှန်း သားသိတယ်။

အမေ.... သားဆယ်တန်းအောင်တော့ အမေ မပြုံးပင်မဲ့ ရင်ထဲမှာ ဘယ်လောက်ဝမ်းသာနေမှန်း သားသိတယ်။

အမေ.... သားအိမ်က ထွက်ခါနီး သားပြောတဲ့ စကားကြောင့် အမေ ပြုံးပင်မဲ့ ရင်ထဲမကောင်းဘူးဆိုတာ သားသိတယ်။

အမေ.... သားအတွက်နဲ့ စိတ်ဆင်းရဲပြီး မျက်ရည်မကျရပင်မဲ့ သားအကြောင်းတွေးပြီး မျက်ရည်ခဏခဏ ကျနေမယ်ဆိုတာ သားသိတယ်။

အမေ.... မနက်တိုင်း သားအတွက် ဘုရားမှာ ဆုတောင်းပေးနေမယ်ဆိုတာ သားသိတယ်။

အမေ.... အနီးကပ် ပြုစုချင်ပင်မဲ့ အခွင့်မသာ တဲ့ သားကို နားလည်ပေးနေမယ်ဆိုတာ သားသိတယ်။

အမေ.... သားလွမ်းသလို အမေလည်း သားကို လွမ်းနေမယ်ဆိုတာ သားသိတယ်။

အမေ... ဘယ်ဘဝက ဝဋ်ကျွေးတွေလဲမသိဘူး အမေနဲ့ခွဲနေရတာ ၉နှစ်တောင် ရှိပြီ အမေရယ်။

အမေ..... ဝဋ်ကျွေး ရှိခဲ့ရင်လည်း ဒီဘဝ ဒီမျှနဲ့ ကျေပါတော့လို့ သားဆုတောင်းနေတယ် အမေ။

May 4, 2009

အိမ်သစ်တက် မင်္ဂလာ

အင်း.......ဘာလိုလိုနဲ့ အိမ်လေးဆောက်ထားတာ တစ်လတောင်ရှိတော့မယ်။
မြန်မာတစ်ယောက် ဖြစ်ပြန်တော့ မြန်မာမှုလေးတော့ ပြုရအုံးမှာပေါ့။
ကလေးမွေးပြီးတော့လည်း ကလေးကမွန်တက် ၊
မင်္ဂလာဆောင်ပြီးတော့လည်း ဘက်ချလား နိုက် ဆိုလားဘာလားပဲ၊
အဲ့လို နဲ့ အိမ်လေး တစ်လုံးကို ဆောက်ပြီးတော့လည်း အိမ်သစ်တက်ပွဲ ဆိုတာရှိလားပြန်ရော။
မလုပ်လို့လဲ မဖြစ်ပြန်ဘူးလေ။ ရှေ့ထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့ ဆိုပြီး ရှေ့ စကား
ကရှိခဲ့ပြန်တာကိုး။
ကိုယ်က သူများအိမ်ပဲ လိုက်စွဲ နေတာ ကြာတော့ ရှက်လာတယ်။
အိမ်သစ် တက်ပွဲလေးနဲ့ မတူ ထမင်းကျွေးမယ်လို့ စဉ်းစားလိုက်တယ်။
ကိုယ့်ကိုတိုင်ကလည်း ချက်ကျွေးချင်တာ။
ခက်တာက ကိုယ်တိုင်လည်းကောင်းကောင်း မချက်တက်တော့ အဆင်ပြေအောင်တော့ ချက်မယ်လေးဆိုပြီး
ချက်လိုက်တယ်။ မစားခင်ကြိုပြောထားမယ်နော် ကောင်းကောင်းမကောင်းကောင်း အိမ်ရှင် ကျေနပ်အောင်
တော့အဝစားသွားရမယ်ဗျာ။
ကျွန်တော်မှာ စားစေချင်လွန်းလို့ ကိုယ်တိုင်ချက်ထားရတာ။ ကျွန်တော်နဲ့ နေတဲ့အဖေါ်ကတောင်
မေးယူရတယ်။ ဘာစိတ်ကူးပေါက်ပြီး ချက်နေရတာလဲတဲ့။ ကျွန်တော်ကလည်း ပြန်ပြောလိုက်ပါတယ်
" ငါ့ရဲ့ မမြင်ဖူးသေးတဲ့ သူငယ်ချင်းမောင်နှမတွေကို ကျွေးချင်လိုလို့ " ........................

တစ်ခုတော့ ကြိုတောင်းပန်ထားမယ်နော်။ အိုးခွက်ပုဂံ က ပြည့်ပြည့် စုံစုံ မရှိတော့ လှလှပပမပြင်ကျွေးနိုင်တာ
ခွင့်လွတ်ပါဗျာ။ အားနားစရာတော့ မလိုဘူးကိုယ့်အိမ်လို သဘောထားပြီး စွဲသာစွဲ လုံးဝဂရုမစိုက်နဲ့။

ဒါက ဝက်နားရွက်သုပ်။ ဝက်ရောဂါတွေဖြစ်နေတယ်ဆိုပြီး ကြောက်လို့ မစားပဲ မနေကြနဲ့အုံး။
ဒီဝက် ဒီရောဂါတွေ မဖြစ်ခင်ကတည်းက ဝက်ပါ ဟဲ ဟဲ..........
ပဲသီးပင်ပေါက်ကြော်လေးပါ။ အပေါ့အငံကတော့ အတော်ပဲ။ ကျွန်တော်က အငံစားတော့ ကိုယ်မောင်နှမတွေ
မစားနိုင်ကြမှာစိုးလို့ ပေါ့ပေါ့လေးချက်ထားတယ်။
ဖြစ်သလို ဟင်းချို ပါ။ ဟင်းသီးဟင်းရွက် များများခက်ချင်ပင်မဲ့ ရှိတာလေပဲ ထည့်လိုက်ရတယ်။ အရေသောက်ပါမှ ထမင်းကပိုစားလို့ကောင်းမှာလေ။
ဒါကြောင့် ဖြစ်သလို မြန်မြန်လေးချက်လိုက်ရတာပါ။
ကဲ ထမင်းပွဲလေးကတော့ ပြင်ပြီးသွားပြီ။ လက်ဆေးစရာမလိုဘူး။ ဇွန်တက်ထားတယ် တခါတည်းစားယုံပဲ။
ထမင်း နဲတယ်ဆိုပြီးတော့ စိတ်တော့ မကောက်လိုက်ပါနဲ့ဗျာ လိုက်ပွဲ အဆင်သင့်ပါ။ ဟော့ဒီမှာ...........
ကိုယ့် ညီကိုမောင်နှမတွေကို ဒီ လောက်လေးနဲ့ ဧည့်ခံရတာ အားမလိုအားမရ ဖြစ်ရပါတယ်။
တက်နိုင်ရင် ဟိုတယ်တစ်ခုခုမှာ လိုက်ကျွေးချင်တာပါ။ ခုလို စင်ကာပူမှာ စီးပွားရေး ကျဆင်းနေချိန်မှာ
ကျွန်တော်လို Work Permit နဲ့ အလုပ်လုပ်နေတဲ့ လူတစ်ယောက်အနေနဲ့ ဒီလောက်လေးပဲ ဧည့်ခံတာကို
လာရောက်သုံးဆောင် သွားကြတဲ့ ကျွန်တော့် ညီကိုမောင်နှမ အားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်ဗျာ။